< ဧ​ဇ​ရ 5 >

1 ပ​ရော​ဖက်​ဟ္ဂဲ​နှင့်​ဣ​ဒေါ​သား​ပ​ရော​ဖက်​ဇာ​ခ​ရိ​တို့​သည် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ကြ​၏။-
फिर नबी या'नी हज्जे नबी और ज़करियाह बिन 'इद्दूउन यहूदियों के सामने जो यहूदाह और येरूशलेम में थे, नबुव्वत करने लगे; उन्होंने इस्राईल के ख़ुदा के नाम से उनके सामने नबुव्वत की।
2 ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ​နှင့်​ယော​ဇ​ဒက်​၏​သား​ယော​ရှု​တို့​သည် ထို​ဗျာ​ဒိတ်​စ​ကား​များ​ကို​ကြား​သော​အ​ခါ​ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​ကို​ပြန်​လည်​စ​တင်​တည်​ဆောက်​ကြ​လေ​သည်။ ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်​သူ​တို့​အား​ဝိုင်း​ဝန်း​ကူ​ညီ​ကြ​၏။
तब ज़रुब्बाबुल बिन सियालतिएल और यशू'अ बिन यूसदक़ उठे, और ख़ुदा के घर को जो येरूशलेम में है बनाने लगे; और ख़ुदा के वह नबी उनके साथ होकर उनकी मदद करते थे।
3 ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​၏​ဘု​ရင်​ခံ​တာ​တ​နဲ၊ ရှေ​သာ​ဗော​ဇ​နဲ​နှင့်​သူ​တို့​၏​လုပ်​ဖော်​ဆောင်​ဘက်​အ​ရာ​ရှိ​များ​သည် ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍``ဤ​ဗိ​မာန်​တော်​ကို​တည်​ဆောက်​မွမ်း​မံ​ရန် သင်​တို့​အား​အ​ဘယ်​သူ​အ​မိန့်​ပေး​ပါ​သ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-
उन्हीं दिनों दरिया पार का हाकिम, तत्तने और शतर — बोज़ने और उनके साथी उनके पास आकर उनसे कहने लगे कि किसके फ़रमान से तुम इस घर को बनाते, और इस फ़सील को पूरा करते हो?
4 သူ​တို့​သည်​ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင် ပါ​ဝင်​ကူ​ညီ​ကြ​သူ​တို့​၏​အ​မည်​များ​ကို​တောင်း​ယူ​ကြ​၏။-
तब हम ने उनसे इस तरह कहा कि उन लोगों के क्या नाम हैं, जो इस 'इमारत को बना रहे हैं?
5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​စောင့်​ထိန်း​ကြည့်​ရှု​လျက်​နေ​တော်​မူ​သ​ဖြင့် ပေ​ရ​သိ​အ​ရာ​ရှိ​တို့​သည်​ဒါ​ရိ​မင်း​ထံ​သို့​စာ​ရေး​အ​ကြောင်း​ကြား​ရန်​နှင့် ထို​မင်း​ထံ​မှ​အ​မိန့်​တစ်​စုံ​တစ်​ရာ​ပြန်​လည်​မ​ရ​မ​ချင်း​မည်​သို့​မျှ​အ​ရေး​ယူ​ဆောင်​ရွက်​ခြင်း​မ​ပြု​ရန်​ဆုံး​ဖြတ်​ကြ​၏။-
लेकिन यहूदियों के बुज़ुर्गों पर उनके ख़ुदा की नज़र थी; इसलिए उन्होंने उनको न रोका जब तक कि वह मुआ'मिला दारा तक न पहुँचा, और फिर इसके बारे में ख़त के ज़रिए' से जवाब न आया।
6 သူ​တို့​သည်​မင်း​ကြီး​ထံ​သို့​အ​စီ​ရင်​ခံ​စာ​ပေး​ပို့​ကြ​၏။
उस ख़त की नक़ल जो दरिया पार के हाकिम तत्तने और शतर — बोज़ने और उसके अफ़ारसकी साथियों ने जो दरिया पार थे, दारा बादशाह को भेजा,
7 ထို​အ​စီ​ရင်​ခံ​စာ​တွင်``ဧ​က​ရာဇ်​မင်း​ဒါ​ရိ​ထံ​သို့​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ အ​ရှင်​သည်​ငြိမ်း​ချမ်း​စွာ​စိုး​စံ​တော်​မူ​နိုင်​ပါ​စေ​သော။
उन्होंने उसके पास एक खत भेजा जिसमें यूँ लिखा था: “दारा बादशाह की हर तरह सलामती हो!
8 ``အ​ကျွန်ုပ်​တို့​သည်​ယု​ဒ​ပြည်​သို့​သွား​ရောက်​ကြ​ရာ ကြီး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​တည်​ဆောက်​၍ ကျောက်​နံ​ရံ​များ​ပေါ်​တွင်​သစ်​သား​ယက်​မ​များ​ကပ်​လျက်​လုပ်​ဆောင်​နေ​ကြ​သည်​ကို​တွေ့​မြင်​ရ​ကြောင်း အ​ရှင်​မင်း​ကြီး​အား​လျှောက်​ထား​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ တည်​ဆောက်​မှု​ကို​လုံ့​လ​ဖြင့်​လုပ်​ဆောင်​ကြ​သော​ကြောင့် တိုး​တက်​အောင်​မြင်​လျက်​ရှိ​ပါ​သည်။
बादशाह को मा'लूम हो कि हम यहूदाह के सूबा में ख़ुदा — ए — ताला के घर को गए; वह बड़े बड़े पत्थरों से बन रहा है और दीवारों पर कड़ियाँ धरी जा रही हैं, और काम ख़ूब मेहनत से हो रहा है और उनके हाथों तरक़्क़ी पा रहा है।
9 ``ထို​နောက်​အ​ကျွန်ုပ်​တို့​သည်​ပြည်​သူ့​ခေါင်း​ဆောင်​များ​အား ထို​ဗိ​မာန်​ကို​အ​ဘယ်​သူ​၏​အ​မိန့်​ခွင့်​ပြု​ချက်​အ​ရ​ပြန်​လည်​တည်​ဆောက်​ကြ​သည်​ကို​မေး​မြန်း​ပါ​သည်။-
तब हम ने उन बुज़ुर्गों से सवाल किया और उनसे यूँ कहा, 'कि तुम किस के फ़रमान से इस घर को बनाते, और इस दीवार को पूरा करते हो?
10 ၁၀ ထို​တည်​ဆောက်​မှု​ကို​ခေါင်း​ဆောင်​သူ​များ​၏​အ​မည်​များ​ကို​လည်း အ​ရှင့်​ထံ​အ​ကြောင်း​ကြား​နိုင်​ရန်​အ​ကျွန်ုပ်​တို့​တောင်း​ယူ​ကြ​ပါ​သည်။-
और हम ने उनके नाम भी पूछे, ताकि हम उन लोगों के नाम लिख कर हुज़ूर को ख़बर दें कि उनके सरदार कौन हैं।
11 ၁၁ သူ​တို့​က`ငါ​တို့​သည်​မိုး​မြေ​ရှင်​ဘု​ရား​သ​ခင်​အ​စေ​ခံ​များ​ဖြစ်​၍ ရှေး​နှစ်​ပေါင်း​များ​စွာ​က​ပင်​တန်​ခိုး​ကြီး​မား​သည့် ဣ​သ​ရေ​လ​ဘု​ရင်​တစ်​ပါး​တည်​ဆောက်​မွမ်း​မံ​ထား​ခဲ့​သည့်​ဗိ​မာန်​တော်​ကို ပြန်​လည်​တည်​ဆောက်​မွမ်း​မံ​ကြ​ခြင်း​ဖြစ်​ပါ​သည်။-
और उन्होंने हम को यूँ जवाब दिया कि हम ज़मीन — ओ — आसमान के ख़ुदा के बन्दे हैं, और वही घर बना रहे हैं जिसे बने बहुत बरस हुए, और जिसे इस्राईल के एक बड़े बादशाह ने बना कर तैयार किया था।
12 ၁၂ သို့​ရာ​တွင်​ငါ​တို့​သည်​မိုး​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ငါ​တို့​အား​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​လက်​သို့​အပ်​တော်​မူ​လေ​သည်။ ဗိ​မာန်​တော်​သည်​လည်း​ပြို​ပျက်​၍​ပြည်​သူ​တို့​သည် ဗာ​ဗု​လုန်​မြို့​သို့​ပြည်​နှင်​ဒဏ်​သင့်​ကြ​ရ​ပါ​၏'' ဟု​ပြော​ကြား​ကြ​ပါ​သည်။-
लेकिन जब हमारे बाप — दादा ने आसमान के ख़ुदा को ग़ुस्सा दिलाया, तो उसने उनको शाह — ए — बाबुल नबूकदनज़र कसदी के हाथ में कर दिया; जिसने इस घर को उजाड़ दिया, और लोगों को बाबुल को ले गया।
13 ၁၃ ထို့​နောက်​သူ​တို့​က`ဗာ​ဗု​လုန်​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​သည် မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရန် အ​မိန့်​ထုတ်​ဆင့်​တော်​မူ​ပါ​၏။-
लेकिन शाह — ए — बाबुल ख़ोरस के पहले साल ख़ोरस बादशाह ने हुक्म दिया कि ख़ुदा का ये घर बनाया जाए।
14 ၁၄ ထို​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​ယူ​ကာ ဗာ​ဗု​လုန်​မြို့​ဘု​ရား​ဗိ​မာန်​တွင်​ထား​ရှိ​သည့်​ဗိ​မာန်​တော်​ဆိုင်​ရာ​ရွှေ၊ ငွေ​အ​သုံး​အ​ဆောင်​တော်​များ​ကို​ပြန်​လည်​ပေး​အပ်​တော်​မူ​ခဲ့​ပါ​၏။-
और ख़ुदा के घर के सोने और चाँदी के बर्तनों को भी, जिनको नबूकदनज़र येरूशलेम की हैकल से निकाल कर बाबुल के इबादत गाह में ले आया था, उनको ख़ोरस बादशाह ने बाबुल के इबादत गाह से निकाला और उनको शेसबज़्ज़र नामी एक शख़्स को जिसे उसने हाकिम बनाया था सौंप दिया,
15 ၁၅ ကု​ရု​မင်း​သည်​ယု​ဒ​ဘု​ရင်​ခံ​အ​ဖြစ် မိ​မိ​ခန့်​ထား​သည့်​ရှေ​ရှ​ဗာ​ဇာ​အ​မည်​ရှိ​သူ​၏​လက်​သို့ ထို​အ​သုံး​အ​ဆောင်​တော်​များ​ကို​အပ်​နှံ​တော်​မူ​၍ ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ယူ​ဆောင်​သွား​စေ​ပြီး​လျှင် ထို​ဗိ​မာန်​တော်​ကို​နေ​ရာ​ဟောင်း​တွင် ပြန်​လည်​တည်​ဆောက်​ရန်​မိန့်​မှာ​တော်​မူ​ပါ​၏။-
और उससे कहा कि इन बर्तनों को ले और जा, और इनको येरूशलेम की हैकल में रख, और ख़ुदा का मस्कन अपनी जगह पर बनाया जाए।
16 ၁၆ သို့​ဖြစ်​၍​ရှေ​ရှ​ဗာ​ဇာ​သည်​လာ​ရောက်​ပြီး​နောက် ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချ​ပါ​၏။ ထို​ဗိ​မာန်​တော်​တည်​ဆောက်​မှု​မှာ ယ​နေ့​တိုင်​ဆက်​လက်​လုပ်​ကိုင်​လာ​ခဲ့​သော်​လည်း​မ​ပြီး​ပြတ်​သေး​ပါ' ဟု​ပြန်​လည်​ပြော​ကြား​ကြ​ပါ​သည်။
तब उसी शेसबज़्ज़र ने आकर ख़ुदा के घर की जो येरूशलेम में है बुनियाद डाली; और उस वक़्त से अब तक ये बन रहा है, लेकिन अभी तैयार नहीं हुआ।
17 ၁၇ ``ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​စေ​ရန် ကု​ရု​မင်း​အ​မိန့်​တော်​ရှိ​မ​ရှိ​သိ​နိုင်​ရန် အ​ရှင်​မင်း​ကြီး​အ​လို​ရှိ​တော်​မူ​ပါ​လျှင် နန်း​တွင်း​မှတ်​တမ်း​များ​တွင်​ယ​ခု​ရှာ​ဖွေ​၍​ကြည့်​စေ​တော်​မူ​ပါ။ ထို​နောက်​ဤ​အ​မှု​ကို​အ​ရှင်​အ​ဘယ်​သို့​ပြု​စေ​တော်​မူ​လို​သည်​ကို အ​ကျွန်ုပ်​တို့​အား​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။
इसलिए अब अगर बादशाह मुनासिब जाने, तो बादशाह के दौलतख़ाने में जो बाबुल में है, मा'लूमात की जाए कि ख़ोरस बादशाह ने ख़ुदा के इस घर को येरूशलेम में बनाने का हुक्म दिया था या नहीं। और इस मुआ'मिले में बादशाह अपनी मर्ज़ी हम पर ज़ाहिर करे।”

< ဧ​ဇ​ရ 5 >