< ဧဇရ 5 >
1 ၁ ပရောဖက်ဟ္ဂဲနှင့်ဣဒေါသားပရောဖက်ဇာခရိတို့သည် ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်သူယုဒအမျိုးသားတို့အား ဣသရေလအမျိုးသားတို့ဘုရားသခင်၏ဗျာဒိတ်တော်ကိုပြန်ကြားကြ၏။-
Тада Агеј пророк и Захарија, син Идов, пророк пророковаху Јудејцима који беху у Јудеји и у Јерусалиму у име Бога Израиљевог.
2 ၂ ရှာလသေလ၏သားဇေရုဗဗေလနှင့်ယောဇဒက်၏သားယောရှုတို့သည် ထိုဗျာဒိတ်စကားများကိုကြားသောအခါယေရုရှလင်မြို့၊ ဗိမာန်တော်ကိုပြန်လည်စတင်တည်ဆောက်ကြလေသည်။ ပရောဖက်နှစ်ပါးတို့သည်သူတို့အားဝိုင်းဝန်းကူညီကြ၏။
И уста Зоровавељ, син Салатилов и Исус син Јоседеков, и почеше опет зидати дом Божји у Јерусалиму, и беху с њима пророци Божји помажући им.
3 ၃ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်၏ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် ချက်ချင်းပင်ယေရုရှလင်မြို့သို့သွား၍``ဤဗိမာန်တော်ကိုတည်ဆောက်မွမ်းမံရန် သင်တို့အားအဘယ်သူအမိန့်ပေးပါသနည်း'' ဟုမေးမြန်းကြ၏။-
У то време дође к њима Татнај управитељ с ове стране реке, и Сетар-Воснај и другови њихови, и рекоше им овако: Ко вам је дао власт да зидате ту кућу и да оправљате те зидове?
4 ၄ သူတို့သည်ဗိမာန်တော်တည်ဆောက်မှုတွင် ပါဝင်ကူညီကြသူတို့၏အမည်များကိုတောင်းယူကြ၏။-
Тада им одговорисмо именујући људе који грађаху ту грађевину.
5 ၅ သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်းဆောင်များအားစောင့်ထိန်းကြည့်ရှုလျက်နေတော်မူသဖြင့် ပေရသိအရာရှိတို့သည်ဒါရိမင်းထံသို့စာရေးအကြောင်းကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံတစ်ရာပြန်လည်မရမချင်းမည်သို့မျှအရေးယူဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ်ကြ၏။-
Али беше око Божје на старешинама јудејским, те им не забранише докле не отиде ствар до Дарија и донесу одговор о том.
6 ၆ သူတို့သည်မင်းကြီးထံသို့အစီရင်ခံစာပေးပို့ကြ၏။
А ово је препис од књиге који посла цару Дарију Тантај, управитељ с ове стране реке и Сетар-Воснај с друговима својим Афарсашанима који беху с ове стране реке.
7 ၇ ထိုအစီရင်ခံစာတွင်``ဧကရာဇ်မင်းဒါရိထံသို့အစီရင်ခံအပ်ပါသည်။ အရှင်သည်ငြိမ်းချမ်းစွာစိုးစံတော်မူနိုင်ပါစေသော။
Послаше му књигу, а у њој беше написано овако: Дарију цару свако добро.
8 ၈ ``အကျွန်ုပ်တို့သည်ယုဒပြည်သို့သွားရောက်ကြရာ ကြီးမြတ်သောဘုရားသခင်၏ဗိမာန်တော်ကို ကျောက်တုံးကြီးများဖြင့်တည်ဆောက်၍ ကျောက်နံရံများပေါ်တွင်သစ်သားယက်မများကပ်လျက်လုပ်ဆောင်နေကြသည်ကိုတွေ့မြင်ရကြောင်း အရှင်မင်းကြီးအားလျှောက်ထားအစီရင်ခံအပ်ပါသည်။ တည်ဆောက်မှုကိုလုံ့လဖြင့်လုပ်ဆောင်ကြသောကြောင့် တိုးတက်အောင်မြင်လျက်ရှိပါသည်။
Да је на знање цару да дођосмо у јудејску земљу к дому Бога великог, који зидају од великог камена, и дрвље мећу у зидове, и посао се брзо ради и напредује у рукама њиховим.
9 ၉ ``ထိုနောက်အကျွန်ုပ်တို့သည်ပြည်သူ့ခေါင်းဆောင်များအား ထိုဗိမာန်ကိုအဘယ်သူ၏အမိန့်ခွင့်ပြုချက်အရပြန်လည်တည်ဆောက်ကြသည်ကိုမေးမြန်းပါသည်။-
И запитасмо тамошње старешине рекавши им: Ко вам је дао власт да зидате тај дом и да оправљате те зидове?
10 ၁၀ ထိုတည်ဆောက်မှုကိုခေါင်းဆောင်သူများ၏အမည်များကိုလည်း အရှင့်ထံအကြောင်းကြားနိုင်ရန်အကျွန်ုပ်တို့တောင်းယူကြပါသည်။-
Па их и за имена њихова запитасмо да бисмо ти јавили, и записасмо имена оних који су главари међу њима.
11 ၁၁ သူတို့က`ငါတို့သည်မိုးမြေရှင်ဘုရားသခင်အစေခံများဖြစ်၍ ရှေးနှစ်ပေါင်းများစွာကပင်တန်ခိုးကြီးမားသည့် ဣသရေလဘုရင်တစ်ပါးတည်ဆောက်မွမ်းမံထားခဲ့သည့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်မွမ်းမံကြခြင်းဖြစ်ပါသည်။-
А они нам одговорише овако говорећи: Ми смо слуге Бога небеског и земаљског, и зидамо дом који је био сазидан пре много времена, који је зидао и подигао велики цар Израиљев.
12 ၁၂ သို့ရာတွင်ငါတို့သည်မိုးကောင်းကင်ဘုံရှင်ဘုရားသခင်၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြသဖြင့် ကိုယ်တော်သည်ငါတို့အားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏လက်သို့အပ်တော်မူလေသည်။ ဗိမာန်တော်သည်လည်းပြိုပျက်၍ပြည်သူတို့သည် ဗာဗုလုန်မြို့သို့ပြည်နှင်ဒဏ်သင့်ကြရပါ၏'' ဟုပြောကြားကြပါသည်။-
Али кад оци наши разгневише Бога небеског, даде их у руке Навуходоносору, цару вавилонском Халдејцу, који раскопа овај дом, а народ пресели у Вавилон.
13 ၁၃ ထို့နောက်သူတို့က`ဗာဗုလုန်ဧကရာဇ်ဘုရင်ကုရုသည် မိမိနန်းစံပထမနှစ်၌ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ဆင့်တော်မူပါ၏။-
Али прве године Кира, цара вавилонског, цар Кир заповеди да се сазида овај дом Божји.
14 ၁၄ ထိုမင်းသည်ယေရုရှလင်မြို့ဗိမာန်တော်မှနေဗုခဒ်နေဇာသိမ်းယူကာ ဗာဗုလုန်မြို့ဘုရားဗိမာန်တွင်ထားရှိသည့်ဗိမာန်တော်ဆိုင်ရာရွှေ၊ ငွေအသုံးအဆောင်တော်များကိုပြန်လည်ပေးအပ်တော်မူခဲ့ပါ၏။-
Још и судове дома Божијег златне и сребрне које нам Навуходоносор беше узео из цркве јерусалимске и однео у цркву вавилонску, изнесе их цар Кир из цркве вавилонске, и бише дани по имену Сасавасару, ког постави управитељем,
15 ၁၅ ကုရုမင်းသည်ယုဒဘုရင်ခံအဖြစ် မိမိခန့်ထားသည့်ရှေရှဗာဇာအမည်ရှိသူ၏လက်သို့ ထိုအသုံးအဆောင်တော်များကိုအပ်နှံတော်မူ၍ ယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ယူဆောင်သွားစေပြီးလျှင် ထိုဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ရန်မိန့်မှာတော်မူပါ၏။-
И рече му: Узми ове судове па иди и однеси их у цркву која је у Јерусалиму, и дом Божји нека се сазида на свом месту.
16 ၁၆ သို့ဖြစ်၍ရှေရှဗာဇာသည်လာရောက်ပြီးနောက် ဗိမာန်တော်အုတ်မြစ်ကိုချပါ၏။ ထိုဗိမာန်တော်တည်ဆောက်မှုမှာ ယနေ့တိုင်ဆက်လက်လုပ်ကိုင်လာခဲ့သော်လည်းမပြီးပြတ်သေးပါ' ဟုပြန်လည်ပြောကြားကြပါသည်။
Онда тај Сасавасар дође и постави темељ дому Божијем у Јерусалиму; и од тог времена досад зида се и још није довршен.
17 ၁၇ ``ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်စေရန် ကုရုမင်းအမိန့်တော်ရှိမရှိသိနိုင်ရန် အရှင်မင်းကြီးအလိုရှိတော်မူပါလျှင် နန်းတွင်းမှတ်တမ်းများတွင်ယခုရှာဖွေ၍ကြည့်စေတော်မူပါ။ ထိုနောက်ဤအမှုကိုအရှင်အဘယ်သို့ပြုစေတော်မူလိုသည်ကို အကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ'' ဟုဖော်ပြပါရှိလေသည်။
Ако је дакле угодно цару, нека се потражи у ризници царској у Вавилону је ли цар Кир заповедио да се сазида овај дом Божји у Јерусалиму, и вољу своју о том нека нам цар пошаље.