< ဧ​ဇ​ရ 3 >

1 သတ္တ​မ​လ​သို့​ရောက်​သော​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​မြို့​ရွာ​များ တွင်​အ​တည်​တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​နောက်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင် စု​ဝေး​ကြ​လျက်၊-
Als nun der siebte Monat herangekommen war – die Israeliten befanden sich bereits in ihren Ortschaften –, da kam das Volk wie ein Mann in Jerusalem zusammen.
2 ယော​ဇ​ဒက်​၏​သား​ယော​ရှု​နှင့်​အ​ဖော်​ယဇ်​ပု​ရော ဟိတ်​များ၊ ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့်​တ​ကွ သူ​၏​ဆွေ​မျိုး​သား​ချင်း​များ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​စီ​ရင်​သည့် ပ​ညတ်​ကျမ်း​တွင်​ပါ​ရှိ​သော​ညွှန်​ကြား​ချက် များ​အ​တိုင်း ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​နိုင် ရန်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-
Da machten sich Jesua, der Sohn Jozadaks, mit seinen Genossen, den Priestern, und Serubbabel, der Sohn Sealthiels, mit seinen Genossen daran, den Altar des Gottes Israels wieder aufzubauen, um Brandopfer auf ihm darzubringen, wie es im Gesetz Moses, des Mannes Gottes, vorgeschrieben war;
3 သူ​တို့​သည်​ထို​ပြည်​တွင်​နေ​ထိုင်​သူ​အ​ခြား အ​မျိုး​သား​တို့​ကို​ကြောက်​သော်​လည်း ယဇ် ပ​လ္လင်​ကို​အ​ဟောင်း​၌​ပင်​ပြန်​လည်​တည်​ဆောက် ကြ​လေ​သည်။ ထို​နောက်​နံ​နက်​နှင့်​ညဥ့်​ဦး​တွင် ပူ​ဇော်​နေ​ကျ​ဖြစ်​သည့်​မီး​ရှို့​ရာ​ယဇ်​တို့​ကို စ​တင်​ပူ​ဇော်​ကြ​၏။-
und zwar errichteten sie den Altar auf seinem alten Unterbau; denn wenn sie auch in Angst vor den heidnischen Bewohnern der (umliegenden) Landschaften waren, brachten sie doch dem HERRN Brandopfer auf ihm dar, und zwar Brandopfer am Morgen und am Abend.
4 သူ​တို့​သည်​စည်း​မျဉ်း​သတ်​မှတ်​ချက်​များ​ရှိ သည့်​အ​တိုင်း တဲ​နေ​ပွဲ​ကို​ကျင်း​ပ​ကြ​၏။ နေ့ စဉ်​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း​ပူ​ဇော် ကြ​၏။-
Dann begingen sie das Laubhüttenfest vorschriftsgemäß und brachten dabei Brandopfer Tag für Tag in richtiger Zahl nach der Verordnung der für jeden einzelnen Tag bestimmten Opfer dar,
5 ထို့​အ​ပြင်​သူ​တို့​သည်​အ​မြဲ​ပူ​ဇော်​ရ​သည့် တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​ကောင်း၊ လ​ဆန်း​နေ့​ပွဲ​တော်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ အ​ခြား​ပွဲ​နေ့ များ​၌​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​မိ​မိ​တို့​စေ​တ​နာ အ​လျောက်​ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ ကို​လည်း​ကောင်း​တင်​လှူ​ပူ​ဇော်​ကြ​လေ သည်။-
danach auch das tägliche Brandopfer und die Opfer (für die Sabbate und) für die Neumonde und für alle heiligen Festzeiten des HERRN sowie für jeden, der dem HERRN eine freiwillige Gabe darbrachte.
6 ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည် ဆောက်​ရန်​အ​စ​မ​ပြု​ရ​သေး​သော်​လည်း သတ္တ​မ လ၊ ပ​ထ​မ​နေ့​၌​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား စ​တင်​ပူ​ဇော်​ကြ​ကုန်​၏။
Am ersten Tage des siebten Monats hatten sie angefangen, dem HERRN Brandopfer darzubringen, obgleich damals der Grundstein zum Tempel des HERRN noch nicht gelegt war.
7 ပြည်​သူ​တို့​သည်​ပန်း​ရန်​များ​နှင့်​လက်​သ​မား များ​ကို​ပေး​ချေ​ရန်​ငွေ​ပေး​လှူ​ကြ​၏။ ပေ​ရ​သိ ဘု​ရင်​ကု​ရု​မင်း​ခွင့်​ပြု​ချက်​အ​ရ​လေ​ဗ​နုန် တော​မှ သစ်​က​တိုး​များ​ကို ယုပ္ပေ​ဆိပ်​အ​ရောက် စုံ​မျော​စေ​ခြင်း​ငှာ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​သား များ​ထံ​သို့​အ​စား​အ​စာ၊ စ​ပျစ်​ရည်​နှင့် သံ​လွင်​ဆီ​တို့​ကို​ပေး​ပို့​ကြ​၏။-
Dann aber gaben sie den Steinhauern und Zimmerleuten Geld, außerdem Speise, Trank und Öl den Sidoniern und Tyriern, damit sie Zedernstämme vom Libanon auf dem Meere nach Japho brächten, wozu der König Kores von Persien ihnen die Erlaubnis erteilt hatte.
8 သို့​ဖြစ်​၍​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဗိ​မာန် တော်​တည်​ခဲ့​ရာ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သည့် နှစ်၊ ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော်​တည်​ဆောက်​မှု လုပ်​ငန်း​ကို စ​တင်​လုပ်​ကိုင်​ကြ​လေ​သည်။ ဇေ​ရု​ဗ ဗေ​လ၊ ယော​ရှု​နှင့်​ဆွေ​မျိုး​သား​ချင်း​များ၊ ယဇ် ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​မှ​စ ၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည့်​ပြည် နှင်​ဒဏ်​သင့်​သူ​အ​ပေါင်း​တို့​သည် တည်​ဆောက် မှု​လုပ်​ငန်း​တွင်​ပါ​ဝင်​ကြ​လေ​သည်။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို ကြီး​ကြပ်​ရန်​တာ​ဝန်​ယူ​ကြ​ရ​၏။-
Im zweiten Jahre aber nach ihrer Rückkehr zum Gotteshause in Jerusalem, im zweiten Monat, machten Serubbabel, der Sohn Sealthiels, und Jesua, der Sohn Jozadaks, nebst ihren übrigen Genossen, den Priestern und den Leviten, überhaupt alle, die aus der Verbannung nach Jerusalem zurückgekehrt waren, den Anfang mit dem Bau und bestellten die Leviten von zwanzig Jahren an und darüber zu Aufsehern über die Arbeiten am Tempel des HERRN.
9 လေ​ဝိ​အ​နွယ်​ဝင်​ယော​ရှု​နှင့်​သား​များ (ဟော​ဒ​ဝိ သား​ချင်း​စု​မှ) ကာ​ဒ​မေ​လ​နှင့်​သား​များ​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​ကြီး​ကြပ်​ရန် တာ​ဝန်​ယူ​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ကြ​လေ သည်။ (သူ​တို့​အား​ဟေ​န​ဒဒ်​သား​ချင်း​စု​မှ လေ​ဝိ​အ​နွယ်​ဝင်​များ​က​အ​ကူ​အ​ညီ ပေး​ကြ​၏။)
So standen denn Jesua nebst seinen Söhnen und Genossen, Kadmiel mit seinen Söhnen, die Söhne Hodawjas wie ein Mann da, um die Aufsicht über die Arbeiter am Hause Gottes zu führen, ebenso die Familie Henadad mit ihren Söhnen und Genossen, die Leviten.
10 ၁၀ တည်​ဆောက်​သူ​တို့​သည်​ဗိ​မာန်​တော်​ကို​အုတ် မြစ်​ချ​ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​မိ​မိ​တို့​ဝတ်​လုံ​များ​ကို​ဝတ်​၍ တံ​ပိုး ခ​ရာ​များ​ကို​ကိုင်​ဆောင်​ကာ​နေ​ရာ​ယူ​ကြ​၏။ အာ​သပ်​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ်​ဝင်​တို့ က​လင်း​ကွင်း​များ​ကို​ကိုင်​ကြ​၏။ သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ပေး​ခဲ့​သည့်​ညွှန်​ကြား​ချက်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။-
Als nun die Bauleute den Grund zum Tempel des HERRN legten, nahmen die Priester in ihrer Amtstracht mit Trompeten und die Leviten, die Nachkommen Asaphs, mit Zimbeln Aufstellung, um dem HERRN nach der Anordnung Davids, des Königs von Israel, zu lobsingen.
11 ၁၁ သူ​တို့​က၊ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ထား​ရှိ​တော်​မူ​သော​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​ပါ​၏'' ဟူ​သော​သီ​ချင်း​ကို​ထပ်​ကာ​ထပ်​ကာ​သီ​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​၏။ ဗိ​မာန်​တော်​အုတ်​မြစ်​ကို​ချပြီး​ဖြစ်​သ​ဖြင့် လူ အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ် တော်​ကို​ဟစ်​အော်​ချီး​မွမ်း​ကြ​ကုန်​၏။-
So stimmten sie denn zu Ehren des HERRN das Lob- und Danklied an: »Denn er ist freundlich, und seine Güte währet ewiglich über Israel.« Das ganze Volk erhob dann ein lautes Jubelgeschrei, während man den HERRN pries wegen der Grundsteinlegung zum Tempel des HERRN.
12 ၁၂ ဗိ​မာန်​တော်​ဟောင်း​ကို​မြင်​ဖူး​သော​အ​သက်​ကြီး သူ​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​သား​ချင်း​စု​ဦး​စီး​အ​မြောက်​အ​မြား​တို့​သည် ဤ​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​သည်​ကို​မြင်​သော် အော် ဟစ်​ငို​ကြွေး​ကြ​ကုန်​၏။ သို့​ရာ​တွင်​အ​ခြား​သူ​တို့ က​မူ​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လေ​သည်။-
Viele aber von den Priestern, den Leviten und den Familienhäuptern, nämlich die alten Leute, die den früheren Tempel noch (mit eigenen Augen) gesehen hatten, begannen, als man den Grund zu diesem Hause legte, laut zu weinen, während die Menge ihre Stimmen zu freudigem Jubel erhob.
13 ၁၃ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​သံ​နှင့်​ငို​ကြွေး​သံ​ကို အ​ဘယ်​သူ​မျှ​ခွဲ​ခြား​၍​မ​ရ​ကြ။ လူ​တို့​သည် ကျယ်​စွာ​အော်​ဟစ်​ကြ​သော​ကြောင့် အ​ဝေး​က​ပင် ကြား​ရ​လေ​သည်။
Man konnte aber den Schall des Freudengeschreis von dem lauten Weinen im Volke nicht unterscheiden, denn das Volk erhob ein gewaltiges Jubelgeschrei, so daß der Schall weithin zu hören war.

< ဧ​ဇ​ရ 3 >