< ဧဇရ 10 >
1 ၁ ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
以斯拉祷告,认罪,哭泣,俯伏在 神殿前的时候,有以色列中的男女孩童聚集到以斯拉那里,成了大会,众民无不痛哭。
2 ၂ ထိုအခါဧလံသားချင်းစုမှယေဟေလ၏ သား ရှေကနိကဧဇရအား``အကျွန်ုပ်တို့သည် လူမျိုးခြားအမျိုးသမီးများနှင့်ထိမ်းမြား စုံဖက်ခြင်းအားဖြင့် ဘုရားသခင်ကိုသစ္စာ ဖောက်ကြပါပြီ။ သို့သော်လည်းဣသရေလ အမျိုးသားတို့အတွက် မျှော်လင့်စရာရှိ ပါသေး၏။-
属以拦的子孙、耶歇的儿子示迦尼对以斯拉说:“我们在此地娶了外邦女子为妻,干犯了我们的 神,然而以色列人还有指望。
3 ၃ ယခုအကျွန်ုပ်တို့သည်ထိုမိန်းမများနှင့် သားသမီးများကိုစွန့်ကြပါမည်ဟု အကျွန်ုပ် တို့၏ဘုရားသခင်အားကျိန်ဆိုကတိပြု ရကြမည်။ ဘုရားသခင်၏အမိန့်တော်များ ကိုရိုသေလေးစားကြသောအရှင်နှင့် အခြား သူများအကြံပေးသည့်အတိုင်း အကျွန်ုပ် တို့ပြုကြပါမည်။ ဘုရားသခင်၏တရား တော်ပြဋ္ဌာန်းသည့်အတိုင်းပြုပါမည်။-
现在当与我们的 神立约,休这一切的妻,离绝她们所生的,照着我主和那因 神命令战兢之人所议定的,按律法而行。
4 ၄ ဤအမှုကိုအရှင်တာဝန်ယူဆောင်ရွက် တော်မူပါ။ အကျွန်ုပ်တို့သည်အရှင်အား ဝိုင်းဝန်းကူညီကြပါမည်။ သို့ဖြစ်၍ရဲရင့် စွာဆောင်ရွက်တော်မူပါ'' ဟုပြော၏။
你起来,这是你当办的事,我们必帮助你,你当奋勉而行。”
5 ၅ ထို့ကြောင့်ဧဇရသည်ယဇ်ပုရောဟိတ်တို့ ၏ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်တို့၏ ခေါင်းဆောင်များ၊ ပြည်သူတို့၏ခေါင်းဆောင် များအားရှေကနိပေးသည့်အကြံအတိုင်း ဆောင်ရွက်ပါမည်ဟူသောသစ္စာကတိကို ပြုစေ၏။-
以斯拉便起来,使祭司长和利未人,并以色列众人起誓说,必照这话去行;他们就起了誓。
6 ၆ ထိုနောက်သူသည်ဗိမာန်တော်ရှေ့မှထသွား၍ ဧလျာရှိပ်၏သားယောဟနန်၏အခန်းသို့ သွားပြီးလျှင် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာ သူတို့သစ္စာမဲ့မှုကြောင့်တစ်ညဥ့်လုံးမစား မသောက်ဘဲညဉ်းတွားမြည်တမ်းလျက်နေ၏။
以斯拉从 神殿前起来,进入以利亚实的儿子约哈难的屋里,到了那里不吃饭,也不喝水;因为被掳归回之人所犯的罪,心里悲伤。
7 ၇ ထိုနောက်ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ အပေါင်းတို့သည် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူခေါင်းဆောင်များ၏အမိန့်အရ ယေရုရှလင်မြို့သို့သုံးရက်အတွင်းလာ ရောက်စုရုံးကြရမည်ဖြစ်ကြောင်း၊ ယင်း သို့လာရောက်ရန်ပျက်ကွက်သူများသည် မိမိတို့တွင်ရှိသမျှသောဥစ္စာပစ္စည်းများ ကိုအသိမ်းခံရကာ ဣသရေလအမျိုး သားအသိုင်းအဝိုင်းမှထုတ်ပယ်ခြင်း ကိုခံကြရမည်ဖြစ်ကြောင်းကို ယေရု ရှလင်မြို့နှင့်ယုဒပြည်တစ်လျှောက်လုံး ၌ကြေညာကြ၏။-
他们通告犹大和耶路撒冷被掳归回的人,叫他们在耶路撒冷聚集。
凡不遵首领和长老所议定、三日之内不来的,就必抄他的家,使他离开被掳归回之人的会。
9 ၉ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများတွင်နေထိုင် သူယောကျာ်းအပေါင်းတို့သည် သုံးရက်အတွင်း နဝမလနှစ်ဆယ်ရက်နေ့၌ ယေရုရှလင် မြို့ဗိမာန်တော်ရှေ့တံတိုင်းသို့လာရောက် စုဝေးကြ၏။ ထိုအခါ၌မိုးသည်းထန် စွာရွာလျက်နေ၏။ လူအပေါင်းတို့သည် ရာသီဥတုအခြေအနေကြောင့်လည်း ကောင်း၊ အစည်းအဝေးအရေးကြီးမှု ကြောင့်လည်းကောင်းတုန်လှုပ်လျက်နေ ကြ၏။
于是,犹大和便雅悯众人,三日之内都聚集在耶路撒冷。那日正是九月二十日,众人都坐在 神殿前的宽阔处;因这事,又因下大雨,就都战兢。
10 ၁၀ ယဇ်ပုရောဟိတ်ဧဇရသည်ထ၍ ထိုသူတို့ အားမိန့်ခွန်းမြွက်ကြား၏။ ဧဇရက``သင်တို့ သည်သစ္စာမဲ့ကြလေပြီ။ လူမျိုးခြားအမျိုး သမီးများနှင့်ထိမ်းမြားစုံဖက်ကာ ဣသ ရေလအမျိုးအားအပြစ်သင့်စေကြ လေပြီ။-
祭司以斯拉站起来,对他们说:“你们有罪了;因你们娶了外邦的女子为妻,增添以色列人的罪恶。
11 ၁၁ သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
现在当向耶和华—你们列祖的 神认罪,遵行他的旨意,离绝这些国的民和外邦的女子。”
12 ၁၂ လူတို့ကလည်း``အရှင်အမိန့်ရှိသည့်အတိုင်း အကျွန်ုပ်တို့ပြုပါမည်'' ဟုပြန်လည်ဟစ် အော်ပြောဆိုကြ၏။-
会众都大声回答说:“我们必照着你的话行,
13 ၁၃ သို့ရာတွင်သူတို့ကဆက်လက်၍``ဤလူအုပ် သည်အလွန်ကြီးမား၍ မိုးသည်လည်းသည်း ထန်စွာရွာလျက်ရှိပါ၏။ အကျွန်ုပ်တို့သည် လဟာပြင်တွင် ဤသို့ရပ်လျက်မနေနိုင် ကြပါ။ အကျွန်ုပ်တို့အမြောက်အမြားပင် ထိုအပြစ်ကိုကူးလွန်ခဲ့ကြသည်ဖြစ်၍ ဤအမှုကိစ္စကိုတစ်ရက်နှစ်ရက်နှင့်ဆောင် ရွက်၍ပြီးမည်မဟုတ်ပါ။-
只是百姓众多,又逢大雨的时令,我们不能站在外头,这也不是一两天办完的事,因我们在这事上犯了大罪;
14 ၁၄ ထို့ကြောင့်အကျွန်ုပ်တို့၏အုပ်ချုပ်ရေးမှူး များသည် ယေရုရှလင်မြို့တွင်နေ၍ ဤ အမှုကိစ္စကိုတာဝန်ယူဆောင်ရွက်ကြ ပါစေ။ ထိုနောက်အကျွန်ုပ်တို့မြို့ရွာများ တွင် လူမျိုးခြားအမျိုးသမီးများနှင့် စုံဖက်နေထိုင်သူအပေါင်းတို့သည် မိမိ တို့မြို့ရွာခေါင်းဆောင်များ၊ တရားသူ ကြီးများနှင့်အတူချိန်းချက်သော အချိန်တွင်လာရောက်လျက် ဤအမှု နှင့်စပ်လျဉ်း၍ဘုရားသခင်၏အမျက် တော်ကိုပြေငြိမ်းအောင်ပြုကြပါစေ'' ဟုပြောကြားကြ၏။-
不如为全会众派首领办理。凡我们城邑中娶外邦女子为妻的,当按所定的日期,同着本城的长老和士师而来,直到办完这事, 神的烈怒就转离我们了。”
15 ၁၅ မေရှုလံနှင့်လေဝိအနွယ်ဝင်ရှဗ္ဗသဲတို့၏ ထောက်ခံမှုကိုရသော အာသဟေလ၏သား ယောနသန်နှင့်တိကဝ၏သားယဟာဇိ တို့ကလွဲ၍ အခြားအဘယ်သူမျှထို အကြံကိုမကန့်ကွက်ကြ။
惟有亚撒黑的儿子约拿单,特瓦的儿子雅哈谢阻挡这事,并有米书兰和利未人沙比太帮助他们。
16 ၁၆ ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူတို့ သည် ထိုအကြံကိုသဘောတူလက်ခံကြ သဖြင့် ပုရောဟိတ်ဧဇရသည် သားချင်းစု ခေါင်းဆောင်များအနက်လူအချို့ကိုရွေး ချယ်ကာသူတို့၏အမည်များကိုမှတ်တမ်း တင်ထား၏။ ထိုသူတို့သည်လူမျိုးခြား အမျိုးသမီးများနှင့် အိမ်ထောင်ပြုသူတို့ ၏အမှုများကိုဒသမလတစ်ရက်နေ့ ၌စတင်၍ စုံစမ်းစစ်ဆေးကြရာသုံးလ အတွင်းပြီးဆုံးလေသည်။
被掳归回的人如此而行。祭司以斯拉和些族长按着宗族都指名见派;在十月初一日,一同在座查办这事,
18 ၁၈ လူမျိုးခြားများနှင့်အိမ်ထောင်ကျသူများ စာရင်းမှာအောက်ပါအတိုင်းဖြစ်၏။ သားချင်းစုအလိုက်ယဇ်ပုရောဟိတ်များ ယောရှုသားချင်းစုနှင့်သူ၏ညီများ။ ယောဇ ဒက်၏သားများဖြစ်ကြသောမာသေယ၊ ဧလျေဇာ၊ ယာရိပ်နှင့်ဂေဒလိ။-
在祭司中查出娶外邦女子为妻的,就是耶书亚的子孙约萨达的儿子,和他弟兄玛西雅、以利以谢、雅立、基大利;
19 ၁၉ သူတို့သည်မိမိတို့ဇနီးများနှင့်ကွာရှင်း ပါမည်ဟုကတိပြုကြပြီးလျှင် မိမိတို့ အပြစ်များအတွက်သိုးထီးတစ်ကောင်ကို ယဇ်ပူဇော်ကြ၏။
他们便应许必休他们的妻。他们因有罪,就献群中的一只公绵羊赎罪。
20 ၂၀ ဣမေရသားချင်းစုမှဟာနန်နှင့်ဇေဗဒိ။
音麦的子孙中,有哈拿尼、西巴第雅。
21 ၂၁ ဟာရိမ်သားချင်းစုမှ မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလနှင့်သြဇိ။
哈琳的子孙中,有玛西雅、以利雅、示玛雅、耶歇、乌西雅。
22 ၂၂ ပါရှုရသားချင်းစု မှဧလိသြနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်နှင့်ဧလာသ။
巴施户珥的子孙中,有以利约乃、玛西雅、以实玛利、拿坦业、约撒拔、以利亚撒。
23 ၂၃ ယောဇဗဒ်၊ ရှိမိ၊ ကေလာယ (ခေါ်) ကေလိတ၊ ပေသာဟိ၊ ယုဒနှင့်ဧလျေဇာ။
利未人中,有约撒拔、示每、基拉雅(基拉雅就是基利他),还有毗他希雅、犹大、以利以谢。
24 ၂၄ ဧလျာရှိပ်။ ဗိမာန်တော်အစောင့်တပ်သားများ ရှလ္လုံ၊ တေလင်နှင့်ဥရိ။
歌唱的人中有以利亚实。守门的人中,有沙龙、提联、乌利。
25 ၂၅ ပါရုတ်သားချင်းစုမှ ရာမိ၊ ယေဇိ၊ မာလခိယ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယနှင့်ဗေနာယ။
以色列人巴录的子孙中,有拉米、耶西雅、玛基雅、米雅民、以利亚撒、玛基雅、比拿雅。
26 ၂၆ ဧလံသားချင်းစုမှမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်နှင့်ဧလိယ၊
以拦的子孙中,有玛他尼、撒迦利亚、耶歇、押底、耶利末、以利雅。
27 ၂၇ ဇတ္တုသားချင်းစုမှဧလိသြနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်နှင့်အာဇိဇ။
萨土的子孙中,有以利约乃、以利亚实、玛他尼、耶利末、撒拔、亚西撒。
28 ၂၈ ဗေဗဲသားချင်းစုမှယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲနှင့် အာသလဲ။
比拜的子孙中,有约哈难、哈拿尼雅、萨拜、亚勒。
29 ၂၉ ဗာနိသားချင်းစုများမှမေရှုလ၊ မလ္လုတ်၊ အဒါသ၊ ယာရှုပ်၊ ရှာလနှင့်ရာမုတ်။
巴尼的子孙中,有米书兰、玛鹿、亚大雅、雅述、示押、耶利末。
30 ၃၀ ပါဟတ်မောဘသားချင်းစုမှ အဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ ၊မတ္တနိ၊ ဗေဇလေလ၊ ဗိနွိနှင့် မနာရှေ။
巴哈·摩押的子孙中,有阿底拿、基拉、比拿雅、玛西雅、玛他尼、比撒列、宾内、玛拿西。
31 ၃၁ ဟာရိမ်သားချင်းစုမှ ဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊-
哈琳的子孙中,有以利以谢、伊示雅、玛基雅、示玛雅、西缅、
32 ၃၂ ဗင်္ယာမိန်၊ မလ္လုတ်နှင့်ရှေမရိ။
便雅悯、玛鹿、示玛利雅。
33 ၃၃ ဟာရှုံသားချင်းစုမှမတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေနှင့်ရှိမိ။
哈顺的子孙中,有玛特乃、玛达他、撒拔、以利法列、耶利买、玛拿西、示每。
34 ၃၄ ဗာနိသားချင်းစုမှမာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊ ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲနှင့်ယာသော။
巴尼的子孙中,有玛玳、暗兰、乌益、
38 ၃၈ ဗိနွိသားချင်းစုမှရှိမိ၊ ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊ အဇ ရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ နှင့်ယောသပ်။
巴尼、宾内、示每、
43 ၄၃ နေဗောသားချင်းစုမှ ယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလနှင့်ဗေနာယ။
尼波的子孙中,有耶利、玛他提雅、撒拔、西比拿、雅玳、约珥、比拿雅。
44 ၄၄ ဤသူအပေါင်းတို့သည် လူမျိုးခြားအမျိုး သမီးများနှင့်အိမ်ထောင်ကျသူများဖြစ် ကြ၏။ သူတို့သည်မိမိတို့ဇနီးများကို လည်းကောင်း၊ သူတို့နှင့်ရသောသားသမီး များကိုလည်းကောင်းစွန့်လိုက်ကြ၏။ ဧဇရမှတ်စာပြီး၏။
这些人都娶了外邦女子为妻,其中也有生了儿女的。