< ယေဇကျေလ 6 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
Maganar Ubangiji ta zo mini cewa,
2 ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​တောင်​များ​ကို​ကြည့်​၍ သူ​တို့​အား ငါ​၏​အ​မိန့်​တော်​ကို​ဆင့်​ဆို​လော့။-
“Ɗan mutum, ka kafa idonka a kan duwatsun Isra’ila; ka yi annabci a kansu
3 ဣ​သ​ရေ​လ​တောင်​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန်​ပြော​ကြား လော့။ တောင်​ကြီး​တောင်​ငယ်​များ၊ မြစ်​များ၊ ချိုင့် ဝှမ်း​များ​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​ပြန်​ကြား​လော့။ ငါ​သည်​လူ တို့​ရုပ်​တု​များ​ကိုး​ကွယ်​ရာ​မြင့်​သော​အ​ရပ် ဌာ​န​များ​ကို​ဖျက်​ဆီး​ရန်​ဋ္ဌား​ကို​စေ​လွှတ် မည်။-
ka ce, ‘Ya ku duwatsun Isra’ila, ku ji maganar Ubangiji Mai Iko Duka. Ga abin da Ubangiji Mai Iko Duka ya ce wa duwatsu da tuddai, ga rafuffuka da kuma kwaruruka. Ina shirin kawo takobi a kanku, kuma zan hallaka masujadanku.
4 ယဇ်​ပလ္လင်​တို့​ကို​ဆွဲ​ချ​ဖျက်​ဆီး​၍​နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ခွက်​တို့​ကို​ချိုး​ဖဲ့​မည်။ လူ​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု များ​ရှေ့​တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-
Za a ragargaza bagadanku a kuma farfasa bagadanku na ƙone turare; zan kuma kashe mutanenku a gaban gumakanku.
5 ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ အ​လောင်း​များ​ကို သူ​တို့​၏​ရုပ်​တု​များ​ရှေ့ တွင်​ကြဲ​ဖြန့်​မည်။ သူ​တို့​၏​အ​ရိုး​များ​ကို ယဇ်​ပလ္လင်​များ​ပတ်​လည်​တွင်​ကြဲ​ဖြန့်​မည်။-
Zan shimfiɗa gawawwakin Isra’ilawa a gaban gumakansu, in kuma watsar da ƙasusuwanku kewaye da bagadanku.
6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​မြို့​အ​ပေါင်း လူ​သူ​ကင်း​မဲ့​လျက် ဝတ်​ပြု​ကိုး​ကွယ်​ရာ​မြင့် သော​အ​ရပ်​များ​ကို​ဖြို​ဖျက်​သ​ဖြင့် ထို​သူ တို့​၏​ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​များ​သည် ပျက်​စီး​ယို​ယွင်း၊ အ​စိတ်​စိတ်​အ​မြွှာ​မြွှာ ကျိုး​ပဲ့​ကြ​ကုန်​လျက် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ခွက်​တို့​သည်​လည်း​ကြေ​မွ​ကာ ထို​သူ​တို့​ပြု လုပ်​သ​မျှ​သော​အ​ရာ​တို့​သည်​ပျောက်​ပျက် ကုန်​လိမ့်​မည်။-
Duk inda kuke zama, garuruwa za su zama kango, za a kuma ragargaza masujadai, saboda bagadanku su rurrushe su zama kango, a kuma farfasa gumakanku su lalace, za a rurrushe bagadan ƙone turarenku, a kuma shafe dukan abin da kuka yi.
7 နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​အ​သတ်​ခံ​ရ ကြ​လိမ့်​မည်။ ဤ​သည်​ကား​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​ကြောင်း​သိ​ရ​ကြ​လိမ့်​မည်။
Za a kashe mutanenku a cikinku, za ku kuwa sani ni ne Ubangiji.
8 ``ငါ​သည်​လူ​အ​ချို့​တို့​ကို​ဋ္ဌား​ဘေး​မှ​လွတ် မြောက်​စေ​၍ အ​ပြည်​ပြည်​နိုင်​ငံ​အ​ရပ်​ရပ် သို့​ပျံ့​လွင့်​သွား​စေ​မည်။-
“‘Amma zan bar waɗansu, gama waɗansunku za su tsere wa takobi sa’ad da aka watsar da ku a cikin ƙasashe da al’ummai.
9 သူ​တို့​သည်​ထို​အ​ရပ်​များ​တွင်​ပြည်​နှင်​ဒဏ် ခံ​ရ​သူ​များ​ကဲ့​သို့​နေ​ရ​ကြ​လိမ့်​မည်။ ထို အ​ခါ​လွတ်​မြောက်​လာ​သူ​တို့​သည်​ငါ့​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​၏​သစ္စာ​မဲ့ သော​စိတ်​နှ​လုံး​ဖြင့်​ငါ့​အား​စွန့်​ပယ်​ကာ ရုပ်​တု တို့​ကို​ငါ့​ထက်​ပို​၍​မြတ်​နိုး​ကြ​သည့်​အ​တွက် ငါ​သည်​အ​ဘယ်​မျှ​ဝမ်း​နည်း​ကြောင်း​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်။ ထို​နောက်​သူ တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် ယုတ်​မာ​မှု​များ​အ​တွက် မိ​မိ​တို့​ကိုယ်​ကို စက်​ဆုပ်​ရွံ​ရှာ​လာ​ကြ​လိမ့်​မည်။-
Sa’an nan a cikin al’ummai inda aka kai ku zaman bauta, waɗanda suka a tsere za su tuna da ni, yadda raina ya ɓaci ta wurin zukatansu marasa imani, waɗanda suka rabu da ni, da kuma ta wurin idanunsu, waɗanda suka yi sha’awace-sha’awacen gumakansu. Za su ji ƙyamar kansu saboda mugayen abubuwan da suka aikata.
10 ၁၀ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ငါ​ကြို​တင်​သ​တိ​ပေး​ချက်​များ​သည် အ​ချည်း​နှီး​ကြုံး​ဝါး​ချက်​များ​မ​ဟုတ် ကြောင်း​ကို​လည်း​ကောင်း သူ​တို့​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
Za su kuwa san cewa ni ne Ubangiji; ba a banza na ce zan kawo musu wannan masifa ba.
11 ၁၁ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​တို့​ကြောင့် လက်​နှစ်​ဘက် ကို​ရိုက်​၍​ခြေ​ကို​ဆောင့်​ကာ​ဝမ်း​နည်း​ပူ​ဆွေး လျက်​ငို​ကြွေး​ကြ​လော့။ သူ​တို့​သည်​စစ်​ပွဲ​တွင် လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့်​လည်း​ကောင်း သေ​ရ​ကြ​လိမ့်​မည်။-
“‘Ga abin da Ubangiji Mai Iko Duka ya ce ku tafa hannuwanku tare ku kuma taka ƙafafunku ku yi ihu ku ce, “Kaito!” Saboda dukan mugaye da kuma abubuwan banƙyama na gidan Isra’ila, gama za su mutu ta wurin takobi, yunwa da annoba.
12 ၁၂ ရပ်​ဝေး​သို့​ရောက်​နေ​သူ​များ​သည်​ဖျား​နာ​၍ သေ​ရ​ကြ​လျက် အ​နီး​၌​ရှိ​နေ​သူ​တို့​မူ​ကား စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ မ​သေ​ဘဲ ကျန်​ရစ်​သူ​တို့​သည်​အ​စာ​ငတ်​၍​သေ​ရ ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။-
Wanda yake da nisa zai mutu da annoba, shi da yake kusa kuma zai mutu ta takobi, wanda kuma ya tsira aka kuma bari zai mutu da yunwa. Ta haka zan aukar da fushina a kansu.
13 ၁၃ လူ​သေ​ကောင်​တို့​သည်​ရုပ်​တု​များ​အ​ကြား နှင့်​ယဇ်​ပလ္လင်​များ​ပတ်​လည်​၌​လည်း​ကောင်း၊ မြင့်​သော​တောင်​ကုန်း​များ​နှင့်​တောင်​ထိပ်​များ ၌​လည်း​ကောင်း၊ စိမ်း​လန်း​သော​သစ်​ပင်​များ​နှင့် ဝက်​သစ်​ချပင်​ကြီး​ရှိ​သ​မျှ​အောက်​၌​လည်း ကောင်း၊ ရုပ်​တု​တို့​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရာ​ဌာ​န​ရှိ​သ​မျှ​တို့​၌​လည်း​ကောင်း ပျံ့​နှံ့​၍​နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်။-
Za su kuwa san cewa ni ne Ubangiji, sa’ad da gawawwakin mutanensu suna kwance a kusa da gumakansu da kewaye da bagadansu, a kowane kan tudu mai tsawo da kuma a kan dukan kan duwatsu, a ƙarƙashin kowane inuwar itace da kuma kowane oak mai ganye, wuraren da suke ƙone turare masu ƙanshi wa dukan gumakansu.
14 ၁၄ ငါ​သည်​လက်​ကို​ဆန့်​၍​သူ​တို့​၏​ပြည်​ကို ဖျက်​ဆီး​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​အ​ရပ်​မှန်​သ​မျှ​ကို​ချမ်း​သာ မ​ပေး​ဘဲ တောင်​ဘက်​တော​ကန္တာ​ရ​မှ​သည် မြောက်​ဘက်​ဒိ​ဗ​လတ်​မြို့​သို့​တိုင်​အောင်​လူ သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
Zan kuma miƙa hannuna a kansu in mai da ƙasarsu kango daga hamadan Dibila, a duk inda suke zama. Sa’an nan za su san cewa ni ne Ubangiji.’”

< ယေဇကျေလ 6 >