< ယေဇကျေလ 5 >

1 ``အ​ချင်း​လူ​သား၊ ဋ္ဌား​ထက်​ထက်​တစ်​လက် ကို​ယူ​၍​သင်​၏​မုတ်​ဆိတ်​နှင့်​ဆံ​ပင်​ကို​ရိတ် လော့။ ထို​နောက်​ယင်း​တို့​ကို​ချိန်​ခွင်​တွင်​ထည့် ၍ အ​ညီ​အ​မျှ​သုံး​စု​ခွဲ​လော့။-
တဖန်တုံ ၊ အချင်းလူသား ၊ ထက် သောထား တည်းဟူသော၊ ဆတ္တာသည် ၏သင်တုန်း ကိုယူ ၍ ၊ ကိုယ် ဆံပင် နှင့် မုတ်ဆိတ် ကို ရိတ် ပြီးမှ ၊ ချိန်ခွင် နှင့် ချိန်၍ အစုစုခွဲ ထားလော့။
2 တစ်​စု​ကို​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ​ထား သည့်​ကာ​လ​ကုန်​ဆုံး​ချိန်​၌​မြို့​ထဲ​မှာ​မီး​ရှို့ လော့။ အ​ခြား​တစ်​စု​ကို​ယူ​၍ မြို့​ထဲ​၌​လှည့် လည်​ကာ​ဋ္ဌား​ဖြင့်​အ​ပိုင်း​ပိုင်း​ဖြတ်​လော့။ ကျန်​တစ်​စု​ကို​လေ​ထဲ​သို့​လွှင့်​လော့။ ငါ သည်​ထို​အ​စု​ကို​လိုက်​၍​ဋ္ဌား​ဖြင့်​တိုက် ခိုက်​မည်။-
မြို့ ကို ဝိုင်း ထားရာ ကာလ စေ့ သောအခါ ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့ လော့။ တစု ကိုထား နှင့် ခုတ် ဖြတ်လော့။ တစု ကို လေ တိုက်ရာ၌ လွှင့် လော့။ ငါသည်လည်း ထို အစုနောက် သို့ ထား ကိုလွှတ် လိုက်မည်။
3 ဆံ​ပင်​အ​နည်း​ငယ်​ကို​သင်​၏​အ​ဝတ်​အ မြိတ်​နား​၌​ထုပ်​၍​သိမ်း​ဆည်း​ထား​လော့။-
အနည်းငယ် ကိုလည်း ယူ ၍ ကိုယ် အဝတ် နှင့် ထုပ် လော့။
4 ထို​နောက်​အ​နည်း​ငယ်​ကို​ယူ​၍​မီး​ရှို့​လော့။ ထို​ဆံ​ပင်​များ​မှ​မီး​သည်​ဣသ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သို့​ပျံ့​နှံ့​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
ထိုအနည်းငယ်အချို့ကိုလည်း ယူ ပြန် ၍ မီးရှို့ လော့။ ထိုမီး သည် ဣသရေလ အမျိုး ကို နှံ့ပြား လိမ့်မည်ဟု မိန့်တော်မူ၏။
5 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​လော့။ ငါ​သည်​ထို​မြို့​ကို​နိုင်​ငံ အ​ပေါင်း​ခြံ​ရံ​စေ​ကာ​ကမ္ဘာ​၏​အ​လယ် ဗ​ဟို​တွင်​ထား​ရှိ​၏။-
တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤပုံသည် ယေရုရှလင် မြို့ဖြစ်၏။ ပတ်လည် ၌ ရှိသောတိုင်း ပြည်များတို့အလယ် မှာ ထိုမြို့ ကို ငါထား ၍ ၊
6 သို့​ရာ​တွင်​ထို​မြို့​သူ​မြို့​သား​တို့​သည်​ငါ ၏​အ​မိန့်​များ​ကို​လွန်​ဆန်​လျက် အ​ခြား နိုင်​ငံ​သား​များ​ထက်​ပို​၍​ယုတ်​မာ​ကြ​ပြီ။ သူ​တို့​သည်​ပတ်​ဝန်း​ကျင်​ရှိ​တိုင်း​ပြည်​များ မှ​လူ​တို့​ထက်​ပင်​ပို​၍ ငါ​၏​ပ​ညတ်​တို့​ကို ပယ်​ကြ​လေ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​သည်​ငါ​၏​အ​မိန့်​များ​ကို​ပစ်​ပယ်​လျက် ငါ​၏​ပ​ညတ်​တော်​များ​ကို​လည်း​မ​စောင့် ထိန်း​ကြ။-
ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့သည် ငါ ၏စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည်သာ၍မတရားသဖြင့် လွန်ကျူးကြပြီ။ ထို ပညတ်တရားတော်လမ်းသို့ မ လိုက် ဘဲ ငြင်းပယ် ကြပြီ။
7 အ​ချင်း​ယေ​ရု​ရှ​လင်​မြို့၊ ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။ သင်​သည်​ပတ်​ဝန်း​ကျင်​၌​ရှိ​သည့်​လူ​မျိုး တို့​ထက်​ပင်​ပို​၍​ဒုက္ခ​ပေး​၏။ ငါ​၏​ပ​ညတ် များ​နှင့်​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ ကြ။ သင်​သည်​ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့ ၏​အ​ဆင့်​ကို​ပင်​မ​မီ​ပေ။-
သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင် တို့သည် ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့်ကျင် သောကြောင့်၎င်း ၊ ငါ ၏စီရင် ချက်လမ်းသို့ မ လိုက် ၊ ငါ ၏ပညတ် တရား ကိုမ စောင့်ရှောက် ၊ ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့၏ထုံးစံ ဓလေ့သို့လိုက်သောကြောင့်၎င်း ၊
8 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား ယေ​ရု​ရှ​လင်​မြို့၊ ငါ​သည် သင့်​ရန်​သူ​ဖြစ်​၍​လူ​မျိုး​တ​ကာ​တို့​ရှေ့ တွင်​သင့်​အား​အ​ပြစ်​ဒဏ်​စီ​ရင်​မည်။-
ငါ သည်ကိုယ်တိုင် သင့် တဘက် ၌ နေ ၍ ၊ တပါး အမျိုးသား တို့ရှေ့ မှာ သင် ၌ အပြစ် ဒဏ်ကိုစီရင်မည်။
9 ငါ​ရွံ​မုန်း​သော​ရုပ်​တု​များ​ကြောင့်​သင့်​အား ငါ​သည်​အ​ဘယ်​အ​ခါ​က​မျှ​မ​ပေး​စ​ဖူး၊ နောင်​အ​ဘယ်​အ​ခါ​၌​မျှ​လည်း​ပေး​မည် မ​ဟုတ်​သည့်​အ​ပြစ်​ဒဏ်​ကို​ပေး​မည်။-
သင် ပြုဘူးသမျှ သောရွံ့ရှာဘွယ် အမှုတို့ကြောင့် ၊ ငါမ စီရင် စဖူး၊ မ စီရင် လတံ့သော အပြစ် ဒဏ်ကို သင် ၌ စီရင် မည်။
10 ၁၀ ထို့​ကြောင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ​မိဘ​သည်​သား သ​မီး​တို့​ကို​စား​ကြ​လိမ့်​မည်။ သား​သ​မီး တို့​သည်​လည်း​မိ​ဘ​တို့​ကို​စား​ကြ​လိမ့်​မည်။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ​ကျန်​ရစ် သူ​တို့​ကို​လည်း ငါ​သည်​အ​ပြစ်​ဒဏ်​ခတ် လျက်​အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​စေ​မည်။''
၁၀သင် ၏အလယ် ၌ အဘ တို့သည် သား တို့ကို စား ကြလိမ့်မည်။ သား တို့သည်လည်း အဘ တို့ကိုစား ကြ လိမ့်မည်။ သင် ၌ အပြစ်ဒဏ် ကို စီရင် ၍ ၊ ကျန်ကြွင်း သမျှ ကို အရပ်ရပ် တို့က လာသောလေ ရှေ့မှာ ငါလွှင့် မည်။
11 ၁၁ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မှာ``သင်​တို့​သည်​ဆိုး​ညစ်​စက်​ဆုပ်​ဖွယ်​သော အ​မှု​အ​ပေါင်း​ကို​ပြု​လျက် ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​သ​ဖြင့် ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​သည်​နှင့်​အ​ညီ သင်​တို့​အား​သ​နား​ညှာ​တာ​မှု​မ​ရှိ​ဘဲ သုတ်​သင်​ပစ်​မည်။-
၁၁ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ အသက် ရှင်သည်အတိုင်း ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုအရာအပေါင်း တို့နှင့် ငါ ၏သန့်ရှင်း ရာ ဌာနကို သင်သည်ညစ်ညူး စေသောကြောင့် ၊ ငါ သည် လည်း သင့် ကိုမ နှမြော ၊ မ စုံမက် ဘဲမျက်နှာ လွှဲမည်။
12 ၁၂ သင်​တို့​အ​နက်​သုံး​ပုံ​တစ်​ပုံ​သော​လူ​တို့ မြို့​တွင်း​၌​အ​နာ​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခြင်း ဘေး​တို့​ဖြင့်​သေ​ကြ​လိမ့်​မည်။ အ​ခြား​သုံး ပုံ​တစ်​ပုံ​မှာ​မြို့​ပြင်​၌​ဋ္ဌား​ဘေး​သင့်​၍​သေ ကြ​လိမ့်​မည်။ ကျန်​သုံး​ပုံ​တစ်​ပုံ​ကို​မူ​လေ တွင်​လွင့်​စင်​သွား​စေ​လျက်​ငါ​သည်​ဋ္ဌား​ဖြင့် လိုက်​လံ​တိုက်​ခိုက်​မည်။
၁၂သင် ၏သုံးစု တို့တွင် ၊ တစုသည်နာ ဘေးဖြင့် သေ ၍ ၊ သင် ၏အလယ် ၌ မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ရ လိမ့်မည်။ တစု သည်သင့် ပတ်လည် ၌ ထား ဘေးဖြင့် လဲ ၍ သေရလိမ့်မည်။ တစု ကိုအရပ်ရပ် တို့က လာသောလေ ရှေ့မှာငါလွှင့် ၍ ၊ သူ့ နောက် သို့ ထား ကို လွှတ် လိုက် မည်။
13 ၁၃ ``သင်​သည်​ငါ​စိတ်​မ​ပြေ​မ​ချင်း​ငါ​၏ အ​မျက်​ဒေါ​သ​ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​၏ သစ္စာ​မဲ့​မှု​အ​တွက်​အ​မျက်​ထွက်​လျက် ဤ သို့​မိန့်​တော်​မူ​ကြောင်း​ကို သင်​သည်​ဤ​အ​မှု အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​သိ​ရှိ​နား​လည် လိမ့်​မည်။-
၁၃ထိုသို့ ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ ဒေါသ အရှိန် ကို သူ တို့အပေါ် မှာ တည်စေပြီးမှ၊ ငါ့ စိတ် ပြေ လိမ့်မည်။ သူ တို့၌ ငါ့ဒေါသ စိတ်အလို ကိုပြည့်စုံစေသောအခါ ၊ ငါ ထာဝရဘုရား သည် စိတ် အားကြီး၍ မိန့် တော်မူကြောင်း ကို သူတို့သိရ ကြလိမ့်မည်။
14 ၁၄ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည် သင်​၏​အ​နီး​တွင်​ဖြတ်​သန်း​သွား​လာ​ကြ သော​အ​ခါ သင်​၏​ပျက်​စီး​မှု​ကို​ကြည့်​၍ မဲ့​ရွဲ့​ပြ​ကာ​သင့်​အား​ရှောင်​၍​သွား​ကြ လိမ့်​မည်။
၁၄ထိုမှတပါး ၊ အနားမှာရှောက်သွား သမျှ သောသူတို့ ရှေ့ တွင် သင့် ကိုလူဆိတ်ညံ ရာ၊ ပတ်လည် ၌နေသော လူ အမျိုးမျိုးတို့၏ ကဲ့ရဲ့ ရာ ဖြစ် စေမည်။
15 ၁၅ ``ငါ​သည်​သင့်​အား​အ​မျက်​ဒေါ​သ​ပြင်း စွာ​ထွက်​၍ နာ​ကျင်​စွာ​အ​ပြစ်​ဒဏ်​ခတ်​သော အ​ခါ ပတ်​ဝန်း​ကျင်​မှ​လူ​မျိုး​တ​ကာ​တို့ သည်​ထိတ်​လန့်​ကြ​လျက် သင့်​အား​စက်​ဆုပ် သည့်​အ​မူ​အ​ရာ​ဖြင့်​ကြည့်​၍​သ​တိ​ပေး လျက်​ပြက်​ရယ်​ပြု​ကြ​လိမ့်​မည်။-
၁၅ဒေါသအမျက်အရှိန်အားဖြင့်သင် ၌ ပြင်းစွာ သော အပြစ် ဒဏ်ကို ငါ စီရင် သောအခါ ၊ ပတ်လည် ၌ နေသော လူ အမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ် လိမ့်မည်။ ထိုသို့ငါ ထာဝရ ဘုရား မိန့် တော်မူ၏။
16 ၁၆ ငါ​သည်​သင့်​အား​ရိက္ခာ​ဖြတ်​၍​ငတ်​မွတ်​စေ မည်။ သင်​သည်​မြား​ချက်​ဒဏ်​ကဲ့​သို့​ပြင်း​ပြ စွာ​ဖျက်​ဆီး​မည့်​ငတ်​မွတ်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​လိမ့်​မည်။ ငါ​သည်​သင့်​ကို​ဖျက်​ဆီး​မည်။-
၁၆သင် တို့ကို ဖျက်ဆီး ခြင်းငှါ မွတ်သိပ် ခြင်း ဘေးတည်းဟူသောမြှား ဆိုးတို့ကို ငါလွှတ် လိုက်သောအခါ ၌၎င်း ၊ သင် တို့တွင် မွတ်သိပ် ခြင်းဘေးကို တိုးပွါး စေ၍ ၊ မုန့် အထောက် အပင့်ကို ငါချိုး သောအခါ ၌၎င်း ၊
17 ၁၇ သင်​၏​သား​သ​မီး​များ​ကို​သေ​စေ​ရန်​တော​ရဲ တိ​ရစ္ဆာန်​များ​နှင့်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ကို​လည်း​ကောင်း၊ သင့်​အား​ဖျက်​ဆီး​ရန်​အ​နာ ရော​ဂါ​ဘေး၊ အ​ကြမ်း​ဖက်​မှု​နှင့်​စစ်​မက်​အန္တ ရာယ်​ကို​လည်း​ကောင်း​ငါ​စေ​လွှတ်​မည်။ ဤ ကား​ငါ​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​ပင် တည်း'' ဟူ​၍​ဖြစ်​၏။
၁၇သင် တို့ကို လုယက် နှိပ်စက်ရသောမွတ်သိပ် ခြင်း ဘေး၊ သားရဲ ဘေးကို ငါလွှတ် လိုက်၍ ၊ ထား ဘေးကိုလည်း ရောက် စေသဖြင့် ၊ နာ ဘေး၊ အသေ သတ်ခြင်းဘေးတို့ သည် လွှမ်းမိုး သောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါ ထာဝရဘုရား သည် မိန့် တော်မူ၏။

< ယေဇကျေလ 5 >