< ယေဇကျေလ 5 >
1 ၁ ``အချင်းလူသား၊ ဋ္ဌားထက်ထက်တစ်လက် ကိုယူ၍သင်၏မုတ်ဆိတ်နှင့်ဆံပင်ကိုရိတ် လော့။ ထိုနောက်ယင်းတို့ကိုချိန်ခွင်တွင်ထည့် ၍ အညီအမျှသုံးစုခွဲလော့။-
“And you, son of man, take a sharp weapon for yourself, take the barber’s razor for yourself, and you have caused [it] to pass over your head, and over your beard, and you have taken weighing scales for yourself, and apportioned them.
2 ၂ တစ်စုကိုယေရုရှလင်မြို့ကိုဝိုင်းရံထား သည့်ကာလကုန်ဆုံးချိန်၌မြို့ထဲမှာမီးရှို့ လော့။ အခြားတစ်စုကိုယူ၍ မြို့ထဲ၌လှည့် လည်ကာဋ္ဌားဖြင့်အပိုင်းပိုင်းဖြတ်လော့။ ကျန်တစ်စုကိုလေထဲသို့လွှင့်လော့။ ငါ သည်ထိုအစုကိုလိုက်၍ဋ္ဌားဖြင့်တိုက် ခိုက်မည်။-
You burn a third part with fire in the midst of the city, at the fullness of the days of the siege; and you have taken the third part, you strike with a weapon around it; and the third part you scatter to the wind, and I draw out a weapon after them.
3 ၃ ဆံပင်အနည်းငယ်ကိုသင်၏အဝတ်အ မြိတ်နား၌ထုပ်၍သိမ်းဆည်းထားလော့။-
And you have taken there a few in number—and have bound them in your skirts;
4 ၄ ထိုနောက်အနည်းငယ်ကိုယူ၍မီးရှို့လော့။ ထိုဆံပင်များမှမီးသည်ဣသရေလအမျိုး သားတစ်ရပ်လုံးသို့ပျံ့နှံ့သွားလိမ့်မည်'' ဟု မိန့်တော်မူ၏။
and you take of them again, and have cast them into the midst of the fire, and have burned them in the fire—out of it comes forth a fire to all the house of Israel.”
5 ၅ အရှင်ထာဝရဘုရားက``ယေရုရှလင် မြို့ကိုကြည့်လော့။ ငါသည်ထိုမြို့ကိုနိုင်ငံ အပေါင်းခြံရံစေကာကမ္ဘာ၏အလယ် ဗဟိုတွင်ထားရှိ၏။-
Thus said Lord YHWH: “This [is] Jerusalem, I have set her in the midst of the nations, And the lands [are] around her.
6 ၆ သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။-
And she changes My judgments into wickedness more than the nations, And My statutes more than the lands that [are] around her, For they have kicked against My judgments, And My statutes—they have not walked in them.”
7 ၇ အချင်းယေရုရှလင်မြို့၊ ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။ သင်သည်ပတ်ဝန်းကျင်၌ရှိသည့်လူမျိုး တို့ထက်ပင်ပို၍ဒုက္ခပေး၏။ ငါ၏ပညတ် များနှင့်အမိန့်တော်များကိုမလိုက်နာ ကြ။ သင်သည်ပတ်ဝန်းကျင်ရှိလူမျိုးတို့ ၏အဆင့်ကိုပင်မမီပေ။-
Therefore, thus said Lord YHWH: “Because of your multiplying above the nations that [are] around you, You have not walked in My statutes, And you have not done My judgments, According to the judgments of the nations that [are] around you, you have not done.”
8 ၈ သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ယေရုရှလင်မြို့၊ ငါသည် သင့်ရန်သူဖြစ်၍လူမျိုးတကာတို့ရှေ့ တွင်သင့်အားအပြစ်ဒဏ်စီရင်မည်။-
Therefore, thus said Lord YHWH: “Behold, I [am] against you, even I, And I have done judgments in your midst, Before the eyes of the nations.
9 ၉ ငါရွံမုန်းသောရုပ်တုများကြောင့်သင့်အား ငါသည်အဘယ်အခါကမျှမပေးစဖူး၊ နောင်အဘယ်အခါ၌မျှလည်းပေးမည် မဟုတ်သည့်အပြစ်ဒဏ်ကိုပေးမည်။-
And I have done in you that which I have not done, And the like of which I do not do again, Because of all your abominations.
10 ၁၀ ထို့ကြောင့်ယေရုရှလင်မြို့ရှိမိဘသည်သား သမီးတို့ကိုစားကြလိမ့်မည်။ သားသမီး တို့သည်လည်းမိဘတို့ကိုစားကြလိမ့်မည်။ သင်တို့အနက်အသက်မသေဘဲကျန်ရစ် သူတို့ကိုလည်း ငါသည်အပြစ်ဒဏ်ခတ် လျက်အရပ်တကာသို့ပျံ့လွင့်စေမည်။''
Therefore fathers eat sons in your midst, And sons eat their fathers, And I have done judgments in you, And have scattered all your remnant to every wind.
11 ၁၁ အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
Therefore, [as] I live,” a declaration of Lord YHWH, “Because you have defiled My sanctuary With all your detestable things, And with all your abominations, Therefore I also diminish you, And My eye does not pity, and I do not spare.
12 ၁၂ သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
Your third part dies by pestilence, And are consumed by famine in your midst, And the third part fall by sword around you, And the third part I scatter to every wind, And I draw out a sword after them.
13 ၁၃ ``သင်သည်ငါစိတ်မပြေမချင်းငါ၏ အမျက်ဒေါသဒဏ်ကိုအပြည့်အဝခံ ရလိမ့်မည်။ ငါထာဝရဘုရားသည်သင်၏ သစ္စာမဲ့မှုအတွက်အမျက်ထွက်လျက် ဤ သို့မိန့်တော်မူကြောင်းကို သင်သည်ဤအမှု အရာများဖြစ်ပျက်ချိန်၌သိရှိနားလည် လိမ့်မည်။-
And My anger has been completed, And I have caused My fury to rest on them, And I have been comforted, And they have known that I, YHWH, have spoken in My zeal, In My completing My fury on them.
14 ၁၄ ပတ်ဝန်းကျင်ရှိလူမျိုးအပေါင်းတို့သည် သင်၏အနီးတွင်ဖြတ်သန်းသွားလာကြ သောအခါ သင်၏ပျက်စီးမှုကိုကြည့်၍ မဲ့ရွဲ့ပြကာသင့်အားရှောင်၍သွားကြ လိမ့်မည်။
And I give you for a ruin, And for a reproach among nations that [are] around you, Before the eyes of everyone passing by.
15 ၁၅ ``ငါသည်သင့်အားအမျက်ဒေါသပြင်း စွာထွက်၍ နာကျင်စွာအပြစ်ဒဏ်ခတ်သော အခါ ပတ်ဝန်းကျင်မှလူမျိုးတကာတို့ သည်ထိတ်လန့်ကြလျက် သင့်အားစက်ဆုပ် သည့်အမူအရာဖြင့်ကြည့်၍သတိပေး လျက်ပြက်ရယ်ပြုကြလိမ့်မည်။-
And it has been a reproach and a reviling, An instruction and an astonishment, To nations that [are] around you, In My doing judgments in you, In anger and fury, and in furious reproofs, I, YHWH, have spoken.
16 ၁၆ ငါသည်သင့်အားရိက္ခာဖြတ်၍ငတ်မွတ်စေ မည်။ သင်သည်မြားချက်ဒဏ်ကဲ့သို့ပြင်းပြ စွာဖျက်ဆီးမည့်ငတ်မွတ်ခြင်းဝေဒနာကို ခံရလိမ့်မည်။ ငါသည်သင့်ကိုဖျက်ဆီးမည်။-
In My sending the evil arrows of famine among them, That have been for destruction, That I send to destroy you, And I am adding famine on you, And I have broken your staff of bread.
17 ၁၇ သင်၏သားသမီးများကိုသေစေရန်တောရဲ တိရစ္ဆာန်များနှင့်အစာခေါင်းပါးခြင်းဘေး ကိုလည်းကောင်း၊ သင့်အားဖျက်ဆီးရန်အနာ ရောဂါဘေး၊ အကြမ်းဖက်မှုနှင့်စစ်မက်အန္တ ရာယ်ကိုလည်းကောင်းငါစေလွှတ်မည်။ ဤ ကားငါထာဝရဘုရား၏အမိန့်တော်ပင် တည်း'' ဟူ၍ဖြစ်၏။
And I have sent famine and evil beasts on you, And they have bereaved you, And pestilence and blood pass over on you, And I bring a sword in against you, I, YHWH, have spoken!”