< ယေဇကျေလ 48 >

1 မြေ​ယာ​၏​မြောက်​ဘက်​ရှိ​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ်​မှ အ​ရှေ့​ဘက်​ရှိ​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း​နှင့်​ဟာ​ဇ​ရေ​နန်​မြို့၊ ထို​မှ​တစ်​ဆင့်​ဒ​မာ​သက်​ပြည်​နှင့်​ဟာ​မတ်​ပြည်​နယ်​ခြား​အ​ထိ​ဖြစ်​၏။ လူ​မျိုး​အ​နွယ်​တစ်​နွယ်​လျှင်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ​နယ်​မြေ​တစ်​ခု​ကျ​စီ၊ မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​စေ​ရ​မည်။ ဒန် အာ​ရှာ န​ဿ​လိ မ​နာ​ရှေ ဧ​ဖ​ရိမ် ရု​ဗင် ယု​ဒ
Perbatasan tanah di sebelah utara memanjang ke timur, mulai dari Laut Tengah ke arah kota Hetlon, jalan masuk ke Hamat, kota Hazar-Enan, sampai ke perbatasan di antara kota Damsyik dan kota Hamat. Suku-suku berikut ini masing-masing harus mendapat satu bagian dari tanah yang meluas dari perbatasan timur menuju ke barat sampai ke Laut Tengah, dalam urutan sebagai berikut dari utara ke selatan: Dan, Asyer, Naftali, Manasye, Efraim, Ruben, Yehuda.
2
3
4
5
6
7
8 ယု​ဒ​ပြည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​နယ်​စပ်​အ​တွင်း အ​ထူး​နယ်​မြေ​တစ်​ခု​ရှိ​ရ​မည်။ ထို​နယ်​မြေ​သည်​အ​နံ​ရှစ်​မိုင်​ရှိ​၍​အ​လျား​မှာ​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​ခွဲ​ဝေ​ပေး​သည့်​နယ်​မြေ​တို့​၏​အ​လျား​အ​တိုင်း​ဖြစ်​ရ​မည်။ ဗိ​မာန်​တော်​သည်​ထို​နယ်​မြေ​တွင်​ရှိ​ရ​မည်။
Bagian berikut dari tanah itu harus dipisahkan untuk penggunaan khusus. Panjangnya harus 12,5 kilometer dari batas utara sampai ke selatan. Batas-batas timur dan barat harus sama panjangnya dengan bagian-bagian yang diberikan kepada suku-suku Israel. Rumah TUHAN akan didirikan di bagian itu.
9 ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​လျား​ရှစ်​မိုင်၊ အ​နံ​ခြောက်​မိုင်​ရှိ​ရ​မည်။-
Sebagian dari daerah itu dikhususkan bagi TUHAN, yaitu sebidang tanah di bagian pusat, panjangnya 12,5 kilometer dan lebarnya 10 kilometer.
10 ၁၀ ထို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​တွင်​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဝေ​စု​ရှိ​စေ​ရ​မည်။ ထို​ဝေ​စု​မြေ​သည်​မြောက်​ဘက်​မှ​တောင်​ဘက်​သို့​သုံး​မိုင်​ကျယ်​၍ အ​ရှေ့​ဘက်​မှ​အ​နောက်​ဘက်​သို့​ရှစ်​မိုင်​ရှိ​ရ​မည်။ ဤ​နယ်​မြေ​၏​အ​လယ်​၌​ထာ​ဝရ​ဘု​ရား​၏​ဗိ​မာန်​တော်​တည်​ရှိ​ရ​မည်။-
Di bagian tengah tanah itu akan didirikan Rumah TUHAN. Para imam harus mendapat bagian dari daerah yang suci itu. Bagian mereka ialah 12,5 kilometer dari sisi timur ke barat, dan lima kilometer dari sisi utara ke selatan.
11 ၁၁ ဤ​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​သည်​ဇာ​ဒုတ်​၏​သား​မြေး​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့​အ​တွက်​ဖြစ်​ရ​မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ​ထမ်း​ဆောင်​ခဲ့​ကြ​၏။ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မှောက်​မှား​လမ်း​လွဲ​ကြ​သော​အ​ခါ သူ​တို့​သည်​လေ​ဝိ​အနွယ်​ဝင်​တို့​ကဲ့​သို့​လမ်း​မ​လွဲ​ကြ။-
Daerah yang khusus itu akan menjadi milik imam-imam keturunan Zadok. Mereka telah melayani TUHAN dengan setia dan tidak seperti orang Lewi yang sesuku dengan mereka, yang turut berbuat dosa bersama dengan orang-orang Israel lainnya.
12 ၁၂ သို့​ဖြစ်​၍​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​နှင့်​ကပ်​လျက်​ရှိ​သော​သီး​သန့်​နယ်​မြေ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ ထို​နယ်​မြေ​သည်​အ​သန့်​ရှင်း​အ​မြင့်​မြတ်​ဆုံး​ဖြစ်​လိမ့်​မည်။-
Sebab itu kepada keturunan Zadok itu harus diberikan tanah khusus di samping tanah yang akan diberikan kepada orang Lewi. Dan tanah khusus itu sangat suci.
13 ၁၃ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လည်း​ယဇ်​ပု​ရော​ဟိတ်​တို့​၏​မြေ​တောင်​ဘက်​တွင်​အ​ထူး​မြေ​ယာ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​၏​မြေ​သည်​လည်း​အ​လျား​ရှစ်​မိုင်၊ အ​နံ​သုံး​မိုင်​ရှိ​ရ​မည်။-
Tanah orang-orang Lewi itu panjangnya 12,5 kilometer dari timur ke barat, dan lebarnya 5 kilometer dari utara ke selatan dan letaknya sejajar dengan tanah para imam.
14 ၁၄ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ထား​သည့်​နယ်​မြေ​သည်​အ​ကောင်း​ဆုံး​ဖြစ်​၍​ထို​မြေ​၏​တစ်​စိတ်​တစ်​ဒေ​သ​ကို​မျှ​ရောင်း​ချ​ခြင်း၊ သို့​မ​ဟုတ်​လဲ​လှယ်​ခြင်း၊ အ​ခြား​သူ​တစ်​စုံ​တစ်​ယောက်​၏​နာ​မည်​သို့​ပြောင်း​ပေး​ခြင်း​တို့​ကို​မ​ပြု​ရ။ ထို​မြေ​သည်​သန့်​ရှင်း​မြင့်​မြတ်​၍​ထာ​ဝ​ရ​ဘု​ရား​ပိုင်​တော်​မူ​သော​မြေ​ဖြစ်​သ​တည်း။
Sejengkal pun dari tanah itu tak boleh mereka jual atau mereka tukarkan; bagian yang paling baik dari tanah Israel tidak boleh pindah ke tangan orang lain, sebab tanah itu sudah dikhususkan bagi TUHAN dan menjadi milik-Nya.
15 ၁၅ အ​လျား​ရှစ်​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​ကျန်​မြေ​ကွက်​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြေ​မ​ဟုတ်။ လူ​တို့​အ​ထွေ​ထွေ​အ​သုံး​ပြု​ရန်​အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​နေ​ထိုင်​ကာ​ထို​မြေ​ကို​အ​သုံး​ချ​နိုင်​ကြ​၏။ ဤ​မြေ​၏​အ​လယ်​တွင်​မြို့​ကို​တည်​ဆောက်​ရ​မည်။-
Di sebelah selatan dari tanah khusus itu, masih ada sisa yang panjangnya 12,5 kilometer, dan lebarnya dua setengah kilometer. Bagian itu tidak suci dan boleh dipakai rakyat untuk tempat tinggal dan untuk padang rumput, di bagian tengahnya harus dibangun sebuah kota.
16 ၁၆ ထို​မြို့​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍​တစ်​ဘက်​စီ​နှစ်​ထောင့်​ငါး​ရာ​နှစ်​ဆယ်​ကိုက်​ရှိ​ရ​မည်။-
Kota itu harus berbentuk persegi empat, setiap sisinya berukuran dua seperempat kilometer.
17 ၁၇ မြို့​၏​အ​ရှေ့​အ​နောက်၊ တောင်​မြောက်​အ​ရပ်​လေး​မျက်​နှာ​တို့​တွင်​အ​နံ​ကိုက်​တစ်​ရာ့​လေး​ဆယ်​ရှိ​သော​မြေ​ကွက်​လပ်​တစ်​ခု​စီ​ရှိ​ရ​မည်။-
Di sekeliling seluruh kota itu harus ada tanah lapang yang lebarnya 125 meter.
18 ၁၈ မြို့​ကို​တည်​ပြီး​နောက်​သန့်​ရှင်း​မြင့်​မြတ်​သည့်​နယ်​မြေ​၏​တောင်​ဘက်​တွင်​ကပ်​လျက်​နေ​သော​မြေ​ယာ​မှာ​အ​ရှေ့​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​နှင့်​အ​နောက်​ဘက်​တွင်​အ​လျား​သုံး​မိုင်၊ အ​နံ​နှစ်​မိုင်​ရှိ​သော​မြေ​တို့​သည်​မြို့​သူ​မြို့​သား​တို့​ထွန်​ယက်​စိုက်​ပျိုး​ရန်​အ​တွက်​ဖြစ်​ရ​မည်။-
Di sebelah timur dan barat kota itu ada tanah lapang yang masing-masing berukuran lima kali dua setengah kilometer. Kedua tanah lapang itu harus dipakai untuk tanah pertanian oleh penduduk kota.
19 ၁၉ ထို​မြို့​တွင်​နေ​ထိုင်​သော​အ​ဘယ်​အ​နွယ်​ဝင်​များ​ပင်​ဖြစ်​စေ​ကာ​မူ​ထို​မြေ​ယာ​တွင်​ထွန်​ယက်​စိုက်​ပျိုး​နိုင်​ကြ​၏။-
Orang-orang dari semua suku Israel yang mendiami kota itu boleh mengerjakan tanah itu.
20 ၂၀ သို့​ဖြစ်​၍​သီး​သန့်​ထား​ရ​မည့်​အ​လယ်​နယ်​မြေ​တစ်​ခု​လုံး​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ဖြစ်​၍ တစ်​ဘက်​စီ​တွင်​ရှစ်​မိုင်​ရှိ​လိမ့်​မည်။ ထို​နယ်​မြေ​အ​တွင်း​၌​မြို့​တည်​ရှိ​မည်။
Jadi, seluruh daerah itu, termasuk tanah yang khusus dan tanah untuk kota, berbentuk persegi empat berukuran 12,5 kilometer pada setiap sisinya.
21 ၂၁ ဗိ​မာန်​တော်၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​မြို့​အ​တွက်​သတ်​မှတ်​ထား​သော​မြေ​ယာ​၏​အ​ရှေ့​ဘက်​နှင့်​အ​နောက်​ဘက်​တို့​တွင် ကျန်​ရှိ​နေ​သော​မြေ​ယာ​ကို​နန်း​စံ​နေ​ဆဲ​မင်း​သား​က​ပိုင်​ဆိုင်​သည်။ ထို​မြေ​ယာ​သည်​အ​ရှေ့​ဘက်​တွင်​အ​ရှေ့​နယ်​နိ​မိတ်​သို့​လည်း​ကောင်း၊ အ​နောက်​ဘက်​တွင်​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက်​၍၊ ဤ​မြေ​ယာ​မြောက်​ဘက်​၌​ရှိ​သော​ယု​ဒ​၏​နယ်​မြေ​နှင့်​တောင်​ဘက်​၌​ရှိ​သော​ဗင်္ယာ​မိန်​၏​နယ်​မြေ​စပ်​ကြား​တွင်​ရှိ​သ​တည်း။
Tanah di sebelah barat dan timur dari daerah khusus yang disediakan untuk Rumah TUHAN, para imam, orang Lewi dan kota itu, adalah untuk penguasa yang memerintah. Di sebelah timur tanah itu meluas sampai ke perbatasan timur, dan di sebelah barat sampai ke Laut Tengah, dan terletak di antara tanah Yehuda dan tanah Benyamin.
22 ၂၂
23 ၂၃ ဤ​အ​ထူး​နယ်​မြေ​၏​တောင်​ဘက်​၌​အ​ခြား​အ​နွယ်​တို့​သည်​အ​ရှေ့​နယ်​စပ်​မှ​အ​နောက်​မြေ​ထဲ​ပင်​လယ်​အ​ထိ မြေ​ယာ​တစ်​ခု​စီ​ကို​မြောက်​မှ​တောင်​သို့​အောက်​ပါ​အ​စီ​အ​စဉ်​အ​တိုင်း​ရ​ရှိ​ရ​ကြ​မည်။ ဗင်္ယာ​မိန် ရှိ​မောင် ဣသ​ခါ ဇာ​ဗု​လုန် ဂဒ်
Tanah yang ada di sebelah selatan dari daerah khusus itu, adalah untuk suku-suku yang lainnya. Luas tanah itu mulai dari perbatasan timur ke arah barat sampai ke Laut Tengah, dan dibagi menurut susunan ini dari utara ke selatan: Benyamin, Simeon, Isakhar, Zebulon, Gad.
24 ၂၄
25 ၂၅
26 ၂၆
27 ၂၇
28 ၂၈ ဂဒ်​အ​နွယ်​အား​ပေး​စေ​သည့်​မြေ​ယာ​၏​တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ​ကာ​ဒေ​ရှ​စိမ့်​စမ်း​အ​ထိ​ဖြစ်​၍ ထို​မှ​အ​နောက်​မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​အ​တိုင်း​လိုက်​၍​မြေ​ထဲ​ပင်​လယ်​အထိ​ဖြစ်​၏။
Di sebelah selatan tanah Gad terdapat perbatasan yang mulai dari barat daya Tamar lewat mata air Kades-Meriba, lalu ke arah barat laut sepanjang perbatasan Mesir sampai ke Laut Tengah.
29 ၂၉ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဖော်​ပြ​သော​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​အ​နွယ်​တို့​ပိုင်​ဆိုင်​ခွင့်​ရ​စေ​ရန်​မြေ​ယာ​ဝေ​စု​များ​ကို​ခွဲ​ဝေ​သော​နည်း​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
TUHAN Yang Mahatinggi berkata, "Begitulah tanah itu harus dibagi-bagi kepada suku-suku Israel."
30 ၃၀ ယေ​ရု​ရှ​လင်​မြို့​သို့​ဝင်​ရန်​တံ​ခါး​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏ ။ မြို့​ရိုး​တစ်​ခု​လျှင်​ကိုက်​ပေါင်း​နှစ်​ထောင့်​ငါး​ရာ့​နှစ်​ဆယ်​ရှည်​၍​တံ​ခါး​သုံး​ခု​စီ​ရှိ​၏။ ထို​တံ​ခါး​တို့​ကို​ဣ​သ​ရေ​လ​အ​နွယ်​စု​တို့​၏​နာ​မည်​များ​ဖြင့်​မှည့်​ခေါ်​၍​ထား​လေ​သည်။ မြောက်​မြို့​ရိုး​တွင်​ရု​ဗင်​တံ​ခါး၊ ယု​ဒ​တံ​ခါး၊ လေ​ဝိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​ရှေ့​မြို့​ရိုး​တွင် ယော​သပ်​တံ​ခါး၊ ဗင်္ယာ​မိန်​တံ​ခါး၊ ဒန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ တောင်​မြို့​ရိုး​တွင်​ရှိ​မောင်​တံ​ခါး၊ ဣ​သ​ခါ​တံ​ခါး၊ ဇာ​ဗု​လုန်​တံ​ခါး​ဟူ​၍​လည်း​ကောင်း၊ အ​နောက်​မြို့​ရိုး​တွင်​ဂဒ်​တံ​ခါး၊ အာ​ရှာ​တံ​ခါး၊ န​ဿ​လိ​တံ​ခါး​ဟူ​၍​လည်း​ကောင်း​နာ​မည်​ပေး​ထား​သ​တည်း။
Pintu masuk ke kota Yerusalem semuanya ada dua belas. Keempat temboknya masing-masing berukuran dua seperempat kilometer, dan mempunyai tiga gerbang. Tiap-tiap gerbang dinamakan menurut nama salah satu suku Israel. Gerbang-gerbang di utara dinamakan Ruben, Yehuda dan Lewi; gerbang-gerbang di tembok timur dinamakan Yusuf, Benyamin, serta Dan; yang ada di tembok selatan terdapat nama-nama Simeon, Isakhar dan Zebulon; sedangkan yang di tembok barat diberi nama Gad, Asyer, dan Naftali.
31 ၃၁
32 ၃၂
33 ၃၃
34 ၃၄
35 ၃၅ မြို့​ကို​ကာ​ရံ​ထား​သည့်​မြို့​ရိုး​အ​လျား​စု​စု​ပေါင်း​မှာ​ကိုက်​တစ်​သောင်း​ရှစ်​ဆယ်​ဖြစ်​၏။ ထို​မြို့​ကို​ယ​ခု​မှ​အ​စ​ပြု​၍``ထာ​ဝ​ရ​ဘု​ရား​ဤ​တွင်​စံ​တော်​မူ​သည်'' ဟု​သ​မုတ်​လိမ့်​မည်။ ပ​ရော​ဖက်​ယေ​ဇ​ကျေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။
Seluruh tembok itu panjangnya sembilan kilometer. Dan mulai saat ini orang menamakan kota itu: "TUHAN ADA DI SITU!"

< ယေဇကျေလ 48 >