< ယေဇကျေလ 47 >
1 ၁ ထိုလူသည်ငါ့အားဗိမာန်တော်အဝင်တံခါး ဝသို့ခေါ်ဆောင်သွား၏။ တံခါးခုံအောက်မှ ရေသည်ယဇ်ပလ္လင်၏တောင်ဘက်ကိုဖြတ်ကာ ဗိမာန်တော်မျက်နှာမူရာအရှေ့ဘက်သို့ စီးဆင်းလျက်နေ၏။-
Depois d'isto me fez voltar á entrada da casa, e eis que sahiam umas aguas debaixo do umbral da casa para o oriente; porque a face da casa olhava para o oriente, e as aguas desciam de debaixo, desde a banda direita da casa, da banda do sul do altar.
2 ၂ ထိုလူသည်ငါ့အားမြောက်တံခါးဖြင့် ဗိမာန်တော်နယ်မြေမှထုတ်ဆောင်ကာအရှေ့ တံခါးသို့ခေါ်ယူသွား၏။ ထိုတံခါး၏ တောင်ဘက်တွင်ချောင်းငယ်တစ်ခုစီးဆင်း လျက်ရှိ၏။-
E elle me tirou pelo caminho da porta do norte, e me fez dar uma volta pelo caminho de fóra, até á porta exterior, pelo caminho que olha para o oriente; e eis que manavam umas aguas desde a banda direita.
3 ၃ ထိုသူသည်ချောင်းအောက်ဘက်မှအရှေ့ဘက် သို့မိမိကူတံဖြင့်ကိုက်ငါးရာခြောက်ဆယ် တိုင်းပြီးနောက်ငါ့အားချောင်းကိုဖြတ်၍ လျှောက်သွားစေ၏။ ရေကားငါ၏ခြေ မျက်စိအထိသာရောက်လေသည်။-
E, saindo aquelle homem para o oriente, tinha na mão um cordel de medir; e mediu mil covados, e me fez passar pelas aguas, aguas que me davam pelos artelhos.
4 ၄ ထို့နောက်သူသည်နောက်ထပ်ကိုက်ငါးရာ ခြောက်ဆယ်တိုင်းပြန်၏။ ထိုနေရာတွင်ရေ သည်ငါ၏ဒူးဆစ်အထိရောက်ရှိလာ၏။ နောက်ကိုက်ငါးရာခြောက်ဆယ်အကွာတွင် ရေသည်ငါ၏ခါးအထိရောက်ရှိ၏။-
E mediu mil covados, e me fez passar pelas aguas, aguas que me davam pelos joelhos; e mediu mais mil, e me fez passar por aguas que me davam pelos lombos.
5 ၅ သူသည်ထပ်မံ၍ကိုက်ငါးရာခြောက်ဆယ် တိုင်းလိုက်သောအခါ ငါဖြတ်ကူး၍မရ သောမြစ်တစ်စင်းသို့ရောက်လာ၏။ ရေအလွန် နက်သဖြင့်ငါသည်ခြေထောက်၍မမီဘဲ လက်ပစ်ကူးရလေသည်။-
E mediu mais mil, e era um ribeiro, que eu não podia passar, porque as aguas eram profundas, aguas que se deviam passar a nado, ribeiro pelo qual não se podia passar.
6 ၆ ထိုသူက``အချင်းလူသား၊ ဤအချင်း အရာအလုံးစုံကိုသေချာစွာမှတ်သား လော့'' ဟုငါ့အားပြော၏။ ထိုနောက်သူသည်ငါ့အားမြစ်ကမ်းပါးသို့ ပြန်လည်ခေါ်ဆောင်သွား၏။-
E me disse: Porventura viste isto, ó filho do homem? Então me levou, e me tornou a trazer á borda do ribeiro.
7 ၇ မြစ်ကမ်းပါးသို့ရောက်သောအခါငါ သည်မြစ်ကမ်းနှစ်ဖက်တွင်သစ်ပင်များ စွာပေါက်လျက်နေသည်ကိုမြင်ရ၏။-
E, tornando eu, eis que á borda do ribeiro havia uma grande abundancia de arvores, de uma e de outra banda.
8 ၈ ထိုလူက ``ဤရေသည်မြေပြင်ကိုဖြတ်၍ အရှေ့ဘက်သို့စီးဆင်းရာယော်ဒန်ချိုင့်ဝှမ်း နှင့်ပင်လယ်သေထဲသို့စီးဆင်းသွားကာ ထိုပင်လယ်ရေငန်ကိုရေချိုဖြစ်စေ၏။-
Então me disse: Estas aguas saem para a Galilea do oriente, e descem á campina, e entram no mar; e, sendo levadas ao mar, sararão as aguas.
9 ၉ ထိုချောင်းစီးဆင်းရာအရပ်တိုင်း၌တိရစ္ဆာန် နှင့်ငါးအမျိုးမျိုးတို့ကိုတွေ့ရှိရလိမ့်မည်။ ယင်းသည်ပင်လယ်သေ၏ရေကိုရေချို ဖြစ်စေလိမ့်မည်။ မိမိစီးဆင်းရာအရပ် တိုင်း၌သက်ရှိသတ္တဝါများအားအသက် ရှင်သန်စေလိမ့်မည်။-
E será que toda a creatura vivente que nadar por onde quer que entrarem estes dois ribeiros viverá, e haverá muitissimo peixe; porque lá chegarão estas aguas, e sararão, e viverá tudo por onde quer que entrar este ribeiro.
10 ၁၀ အင်္ဂေဒိစိမ့်စမ်းမှအစပြု၍ဧနေဂလိမ် စိမ့်စမ်းတိုင်အောင်ပင်လယ်နားတစ်လျှောက် လုံးတွင်ရေလုပ်သားတို့နေထိုင်ကြလျက် မိမိတို့ပိုက်ကွန်များကိုလှန်းကြလိမ့်မည်။ မြေထဲပင်လယ်တွင်တွေ့ရှိရသည့်ငါး အမျိုးမျိုးတို့ကိုဤအရပ်တွင်လည်း တွေ့ရှိရလိမ့်မည်။-
Será tambem que os pescadores estarão em pé junto a elle, desde Engedi até En-eglaim; haverá tambem logares para estender as redes: o seu peixe, segundo a sua especie, será como o peixe do mar grande, em multidão excessiva.
11 ၁၁ သို့ရာတွင်ပင်လယ်သေကမ်းခြေဒေသရှိ ရွှံ့ဗွက်များနှင့်ရေအိုင်များ၌မူကားရေ မချိုဘဲဆားထွက်လိမ့်မည်။-
Porém os seus charcos e os seus lamaceiros não sararão; serão deixados para sal
12 ၁၂ ထိုချောင်းကမ်းနှစ်ဘက်တို့တွင်စားစရာ အပင်အမျိုးမျိုးပေါက်လိမ့်မည်။ ထိုသစ်ပင် များသည်အဘယ်အခါမျှအရွက်ညှိုး နွမ်းကြလိမ့်မည်မဟုတ်။ အသီးလည်း အဘယ်အခါမျှပြတ်လပ်ကြလိမ့်မည် မဟုတ်။ ထိုအပင်တို့သည်ဗိမာန်တော်မှ စီးဆင်းလာသည့်ချောင်းမှရေကိုရရှိ ကြသဖြင့်လစဉ်လတိုင်းအသီးသစ် များကိုသီးကြလိမ့်မည်။ ထိုအပင်များ ၏အသီးသည်စားဖွယ်ဖြစ်၍ယင်း တို့၏အရွက်များကိုလူတို့၏အနာ ပျောက်ကင်းစေရန်အသုံးပြုလိမ့်မည်'' ဟုငါ့အားပြော၏။
E junto ao ribeiro, á sua borda, de uma e de outra banda, subirá toda a sorte de arvore que dá fructo para se comer: não cairá a sua folha, nem perecerá o seu fructo: nos seus mezes produzirá novos fructos, porque as suas aguas saem do sanctuario; e o seu fructo servirá de comida e a sua folha de remedio
13 ၁၃ အရှင်ထာဝရဘုရားက``ဣသရေလ လူမျိုးဆယ့်နှစ်ပါးအတွက်မြေယာနယ် နိမိတ်သတ်မှတ်ပေးရမည်။ မြေယာနယ် နိမိတ်များမှာအောက်ပါအတိုင်းဖြစ်၏။ ယောသပ်အနွယ်ဝင်တို့သည်အခြား အနွယ်အသီးသီးတို့ထက်နှစ်ဆပို၍ ရရှိစေရမည်။-
Assim diz o Senhor Jehovah: Este será o termo conforme o qual tomareis a terra em herança, segundo as doze tribus de Israel: José terá duas partes.
14 ၁၄ ငါသည်သင်တို့၏ဘိုးဘေးများအားဤ ပြည်ကိုပေးအပ်မည်ဟုကျိန်ဆိုကတိ ထားခဲ့သည့်အတိုင်း ယခုသင်တို့သည် ယင်းကိုညီမျှစွာခွဲဝေယူကြလော့။
E vós a herdareis, tanto um como o outro; terra sobre a qual levantei a minha mão, para a dar a vossos paes: assim que esta mesma terra vos cairá a vós em herança.
15 ၁၅ ``မြောက်ဘက်နယ်နိမိတ်မှာမြေထဲပင်လယ် မှအစပြု၍အရှေ့ဘက်ဟေသလုန်မြို့၊ ဟာမတ်တောင်ကြားလမ်း၊ ဇေဒဒ်မြို့။-
E este será o termo da terra, da banda do norte: desde o mar grande, caminho de Hethlon, até á entrada de Zedad;
16 ၁၆ ဗေရောသာမြို့၊ သိဗရိမ်မြို့တို့ကိုဖြတ်၍ တိကုန်မြို့တွင်ဆုံးလေသည်။ (ဗေရောသာ နှင့်သိဗရိမ်မြို့တို့သည်ဒမာသက်ပြည် နှင့်ဟာမတ်ပြည်စပ်ကြားတွင်ရှိ၍ ဟာလာ ဟတ္တိကုန်မြို့မှာဟောရန်နယ်စပ်တွင်ရှိ၏။-)
Hamath, Berotha, Sibraim, que estão entre o termo de Damasco e entre o termo de Hamath: Hazer-hattichon, que está junto ao termo de Havran.
17 ၁၇ သို့ဖြစ်၍မြောက်ဘက်နယ်နိမိတ်သည်မြေ ထဲပင်လယ်မှအရှေ့ဘက် ဟာဇရေနုန်မြို့ အထိရှိ၍ဒမာသက်နှင့်ဟာမတ်ပြည် နယ်ခြားဒေသများ၏တောင်ဘက်တွင်တည် ရှိသတည်း။
E o termo será desde o mar Hazer-enon, o termo de Damasco, e o norte, que olha para o norte, e o termo de Hamath: e este será o termo do norte.
18 ၁၈ ``အရှေ့ဘက်နယ်နိမိတ်ကားဒမာသက် ပြည်နှင့်ဟောရန်ပြည်စပ်ကြားမှပင်လယ် သေကမ်းပေါ်ရှိတာမာမြို့အထိဖြစ်၍ ယော်ဒန်မြစ်အနောက်ဘက်တွင်ရှိသော ဣသရေလပြည်နှင့်အရှေ့ဘက်တွင်ရှိ သောဂိလဒ်ပြည်တို့၏နယ်ခြားအမှတ် အသားဖြစ်၏။
E o termo do oriente, entre Hauran, e Damasco, e Gilead, e a terra de Israel será o Jordão; desde o termo do norte até ao mar do oriente medireis: e este será o termo do oriente.
19 ၁၉ ``တောင်ဘက်နယ်နိမိတ်သည်တာမာမြို့မှ အနောက်တောင်ဘက်ရှိကာဒေရှမေရိဘ စိမ့်စမ်းသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ရှိအီဂျစ်ပြည်နယ်စပ်ကိုလိုက် ၍မြေထဲပင်လယ်သို့လည်းကောင်းရောက် ရှိ၏။
E o termo do sul, ao sul será desde Tamar, até ás aguas da contenda de Cades, junto ao ribeiro, até ao mar grande: e este será o termo do sul ao sul.
20 ၂၀ ``အနောက်ဘက်နယ်နိမိတ်မှာမြေထဲပင် လယ်ဖြစ်၍ မြောက်ဘက်ရှိဟာမတ်တောင် ကြားလမ်း၏အနောက်ဘက်သို့တိုင်အောင် ဖြစ်၏။
E o termo do occidente será o mar grande, desde o termo do sul até a entrada de Hamath: este será o termo do occidente.
21 ၂၁ ``ထိုနယ်မြေကိုသင်တို့အနွယ်စုများ ခွဲ ဝေယူကြလော့။-
Repartireis pois esta terra entre vós, segundo as tribus de Israel.
22 ၂၂ ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
Será, porém, que a sorteareis para vossa herança, e para a dos estrangeiros que peregrinam no meio de vós, que gerarão filhos no meio de vós; e vos serão como naturaes entre os filhos de Israel; comvosco entrarão em herança, no meio das tribus de Israel.
23 ၂၃ ယင်းသို့သောလူမျိုးခြားအပေါင်းတို့သည် မိမိတို့နေထိုင်ရာအရပ်အသီးသီးမှ အနွယ်ဝင်တို့နှင့်အတူမြေယာဝေစု များကိုခံယူခွင့်ရှိစေရမည်။ ဤကား ငါအရှင်ထာဝရဘုရားမြွက်ဟတော် မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
E será que na tribu em que peregrinar o estrangeiro ali lhe dareis a sua herança, diz o Senhor Jehovah.