< ယေဇကျေလ 47 >

1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး ဝ​သို့​ခေါ်​ဆောင်​သွား​၏။ တံ​ခါး​ခုံ​အောက်​မှ ရေ​သည်​ယဇ်​ပလ္လင်​၏​တောင်​ဘက်​ကို​ဖြတ်​ကာ ဗိ​မာန်​တော်​မျက်​နှာ​မူ​ရာ​အ​ရှေ့​ဘက်​သို့ စီး​ဆင်း​လျက်​နေ​၏။-
斯てかれ我を室の門に携へかへりしが室の閾の下より水の東の方に流れ出るあり室の面は東にむかひをりその水下より出で室の右の方よりして壇の南より流れ下る
2 ထို​လူ​သည်​ငါ့​အား​မြောက်​တံ​ခါး​ဖြင့် ဗိ​မာန်​တော်​နယ်​မြေ​မှ​ထုတ်​ဆောင်​ကာ​အ​ရှေ့ တံ​ခါး​သို့​ခေါ်​ယူ​သွား​၏။ ထို​တံ​ခါး​၏ တောင်​ဘက်​တွင်​ချောင်း​ငယ်​တစ်​ခု​စီး​ဆင်း လျက်​ရှိ​၏။-
彼北の門の路より我を携へいだして外面をまはらしめ東にむかふ外の門にいたらしむるに水門の右の方より流れ出づ
3 ထို​သူ​သည်​ချောင်း​အောက်​ဘက်​မှ​အ​ရှေ့​ဘက် သို့​မိ​မိ​ကူ​တံ​ဖြင့်​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​ပြီး​နောက်​ငါ့​အား​ချောင်း​ကို​ဖြတ်​၍ လျှောက်​သွား​စေ​၏။ ရေ​ကား​ငါ​၏​ခြေ မျက်​စိ​အ​ထိ​သာ​ရောက်​လေ​သည်။-
その人東に進み手に度繩を持て一千キユビトを度り我に水をわたらしむるに水踝骨にまでおよぶ
4 ထို့​နောက်​သူ​သည်​နောက်​ထပ်​ကိုက်​ငါး​ရာ ခြောက်​ဆယ်​တိုင်း​ပြန်​၏။ ထို​နေ​ရာ​တွင်​ရေ သည်​ငါ​၏​ဒူး​ဆစ်​အ​ထိ​ရောက်​ရှိ​လာ​၏။ နောက်​ကိုက်​ငါး​ရာ​ခြောက်​ဆယ်​အ​ကွာ​တွင် ရေ​သည်​ငါ​၏​ခါး​အ​ထိ​ရောက်​ရှိ​၏။-
彼また一千を度り我を渉らしむるに水膝にまでおよぶ而してまた一千を度り我を渉らしむるに水腰にまで及ぶ
5 သူ​သည်​ထပ်​မံ​၍​ကိုက်​ငါး​ရာ​ခြောက်​ဆယ် တိုင်း​လိုက်​သော​အ​ခါ ငါ​ဖြတ်​ကူး​၍​မ​ရ သော​မြစ်​တစ်​စင်း​သို့​ရောက်​လာ​၏။ ရေ​အ​လွန် နက်​သ​ဖြင့်​ငါ​သည်​ခြေ​ထောက်​၍​မ​မီ​ဘဲ လက်​ပစ်​ကူး​ရ​လေ​သည်။-
彼また一千を度るに早わが渉るあたはざる河となり水高くして泅ぐほどの水となり徒渉すべからざる河とはなりぬ
6 ထို​သူ​က``အ​ချင်း​လူ​သား၊ ဤ​အ​ချင်း အ​ရာ​အ​လုံး​စုံ​ကို​သေ​ချာ​စွာ​မှတ်​သား လော့'' ဟု​ငါ့​အား​ပြော​၏။ ထို​နောက်​သူ​သည်​ငါ့​အား​မြစ်​ကမ်း​ပါး​သို့ ပြန်​လည်​ခေါ်​ဆောင်​သွား​၏။-
彼われに言けるは人の子よ汝これを見とめたるやと乃ち河の岸に沿て我を將かへれり
7 မြစ်​ကမ်း​ပါး​သို့​ရောက်​သော​အ​ခါ​ငါ သည်​မြစ်​ကမ်း​နှစ်​ဖက်​တွင်​သစ်​ပင်​များ စွာ​ပေါက်​လျက်​နေ​သည်​ကို​မြင်​ရ​၏။-
我歸るに河の岸の此方彼方に甚だ衆多の樹々生ひ立るあり
8 ထို​လူ​က ``ဤ​ရေ​သည်​မြေ​ပြင်​ကို​ဖြတ်​၍ အ​ရှေ့​ဘက်​သို့​စီး​ဆင်း​ရာ​ယော်​ဒန်​ချိုင့်​ဝှမ်း နှင့်​ပင်​လယ်​သေ​ထဲ​သို့​စီး​ဆင်း​သွား​ကာ ထို​ပင်​လယ်​ရေ​ငန်​ကို​ရေ​ချို​ဖြစ်​စေ​၏။-
彼われに言ふこの水東の境に流れゆきアラバにおち下りて海に入る是海に入ればその水すなはち醫ゆ
9 ထို​ချောင်း​စီး​ဆင်း​ရာ​အ​ရပ်​တိုင်း​၌​တိ​ရစ္ဆာန် နှင့်​ငါး​အ​မျိုး​မျိုး​တို့​ကို​တွေ့​ရှိ​ရ​လိမ့်​မည်။ ယင်း​သည်​ပင်​လယ်​သေ​၏​ရေ​ကို​ရေ​ချို ဖြစ်​စေ​လိမ့်​မည်။ မိ​မိ​စီး​ဆင်း​ရာ​အ​ရပ် တိုင်း​၌​သက်​ရှိ​သတ္တဝါ​များ​အား​အ​သက် ရှင်​သန်​စေ​လိမ့်​မည်။-
凡そ此河の往ところには諸の動くところの生物みな生ん又甚だ衆多の魚あるべし此水到るところにて醫すことをなせばなり此河のいたる處にては物みな生べきなり
10 ၁၀ အင်္ဂေ​ဒိ​စိမ့်​စမ်း​မှ​အ​စ​ပြု​၍​ဧ​နေ​ဂ​လိမ် စိမ့်​စမ်း​တိုင်​အောင်​ပင်​လယ်​နား​တစ်​လျှောက် လုံး​တွင်​ရေ​လုပ်​သား​တို့​နေ​ထိုင်​ကြ​လျက် မိ​မိ​တို့​ပိုက်​ကွန်​များ​ကို​လှန်း​ကြ​လိမ့်​မည်။ မြေ​ထဲ​ပင်​လယ်​တွင်​တွေ့​ရှိ​ရ​သည့်​ငါး အ​မျိုး​မျိုး​တို့​ကို​ဤ​အ​ရပ်​တွင်​လည်း တွေ့​ရှိ​ရ​လိမ့်​မည်။-
漁者その傍に立んエンゲデよりエネグライムまでは網を張る處となるべしその魚はその類にしたがひて大海の魚のごとく甚だ多からん
11 ၁၁ သို့​ရာ​တွင်​ပင်​လယ်​သေ​ကမ်း​ခြေ​ဒေ​သ​ရှိ ရွှံ့​ဗွက်​များ​နှင့်​ရေ​အိုင်​များ​၌​မူ​ကား​ရေ မ​ချို​ဘဲ​ဆား​ထွက်​လိမ့်​မည်။-
但しその澤地と濕地とは愈ることあらずして鹽地となりをるべし
12 ၁၂ ထို​ချောင်း​ကမ်း​နှစ်​ဘက်​တို့​တွင်​စား​စ​ရာ အ​ပင်​အ​မျိုး​မျိုး​ပေါက်​လိမ့်​မည်။ ထို​သစ်​ပင် များ​သည်​အ​ဘယ်​အ​ခါ​မျှ​အ​ရွက်​ညှိုး နွမ်း​ကြ​လိမ့်​မည်​မ​ဟုတ်။ အ​သီး​လည်း အ​ဘယ်​အ​ခါ​မျှ​ပြတ်​လပ်​ကြ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ပင်​တို့​သည်​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​သည့်​ချောင်း​မှ​ရေ​ကို​ရ​ရှိ ကြ​သ​ဖြင့်​လ​စဉ်​လတိုင်း​အ​သီး​သစ် များ​ကို​သီး​ကြ​လိမ့်​မည်။ ထို​အ​ပင်​များ ၏​အ​သီး​သည်​စား​ဖွယ်​ဖြစ်​၍​ယင်း တို့​၏​အ​ရွက်​များ​ကို​လူ​တို့​၏​အ​နာ ပျောက်​ကင်း​စေ​ရန်​အ​သုံး​ပြု​လိမ့်​မည်'' ဟု​ငါ့​အား​ပြော​၏။
河の傍その岸の此旁彼旁に食はるる果を結ぶ諸の樹生そだたんその葉は枯ずその果は絕ず月々新しき果をむすぶべし是その水かの聖所より流れいづればなりその果は食となりその葉は藥とならん
13 ၁၃ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ လူ​မျိုး​ဆယ့်​နှစ်​ပါး​အ​တွက်​မြေ​ယာ​နယ် နိ​မိတ်​သတ်​မှတ်​ပေး​ရ​မည်။ မြေ​ယာ​နယ် နိ​မိတ်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ ယော​သပ်​အ​နွယ်​ဝင်​တို့​သည်​အ​ခြား အ​နွယ်​အ​သီး​သီး​တို့​ထက်​နှစ်​ဆ​ပို​၍ ရ​ရှိ​စေ​ရ​မည်။-
主ヱホバかく言たまふ汝らイスラエルの十二の支派の中に地を分ちてその產業となさしむるにはその界を斯さだむべしヨセフは二分を得べきなり
14 ၁၄ ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား​ဤ ပြည်​ကို​ပေး​အပ်​မည်​ဟု​ကျိန်​ဆို​က​တိ ထား​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင်​တို့​သည် ယင်း​ကို​ညီ​မျှ​စွာ​ခွဲ​ဝေ​ယူ​ကြ​လော့။
汝ら各々均しく之を獲て產業とすべし是は我が手をあげて汝らの先祖等に與へし者なり斯この地汝らに歸して產業とならん
15 ၁၅ ``မြောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင်​လယ် မှ​အ​စ​ပြု​၍​အ​ရှေ့​ဘက်​ဟေ​သ​လုန်​မြို့၊ ဟာ​မတ်​တောင်​ကြား​လမ်း၊ ဇေ​ဒဒ်​မြို့။-
地の界は左のごとし北は大海よりヘテロンの路をへてゼダデの方にいたり
16 ၁၆ ဗေ​ရော​သာ​မြို့၊ သိ​ဗ​ရိမ်​မြို့​တို့​ကို​ဖြတ်​၍ တိ​ကုန်​မြို့​တွင်​ဆုံး​လေ​သည်။ (ဗေ​ရော​သာ နှင့်​သိ​ဗ​ရိမ်​မြို့​တို့​သည်​ဒ​မာ​သက်​ပြည် နှင့်​ဟာ​မတ်​ပြည်​စပ်​ကြား​တွင်​ရှိ​၍ ဟာ​လာ ဟတ္တိ​ကုန်​မြို့​မှာ​ဟော​ရန်​နယ်​စပ်​တွင်​ရှိ​၏။-)
ハマテ、ベロクにいたりダマスコの界とハマテの界の間なるシブライムにいたりハウランの界なるハザルハテコンにいたる
17 ၁၇ သို့​ဖြစ်​၍​မြောက်​ဘက်​နယ်​နိ​မိတ်​သည်​မြေ ထဲ​ပင်​လယ်​မှ​အ​ရှေ့​ဘက် ဟာ​ဇ​ရေ​နုန်​မြို့ အ​ထိ​ရှိ​၍​ဒ​မာ​သက်​နှင့်​ဟာ​မတ်​ပြည် နယ်​ခြား​ဒေသ​များ​၏​တောင်​ဘက်​တွင်​တည် ရှိ​သ​တည်း။
海よりの界はダマスコの界のハザルエノンにいたる北の方においてはハマテその界たり北の方は是のごとし
18 ၁၈ ``အ​ရှေ့​ဘက်​နယ်​နိ​မိတ်​ကား​ဒ​မာ​သက် ပြည်​နှင့်​ဟော​ရန်​ပြည်​စပ်​ကြား​မှ​ပင်​လယ် သေ​ကမ်း​ပေါ်​ရှိ​တာ​မာ​မြို့​အ​ထိ​ဖြစ်​၍ ယော်​ဒန်​မြစ်​အ​နောက်​ဘက်​တွင်​ရှိ​သော ဣ​သ​ရေ​လ​ပြည်​နှင့်​အ​ရှေ့​ဘက်​တွင်​ရှိ သော​ဂိ​လဒ်​ပြည်​တို့​၏​နယ်​ခြား​အ​မှတ် အ​သား​ဖြစ်​၏။
東の方はハウラン、ダマスコ、ギレアデとイスラエルの地との間にヨルダンあり汝らかの界より東の海までを量るべし東の方は斯のごとし
19 ၁၉ ``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။
南の方はタマルよりメリボテカデシにおよび河に沿て大海にいたる南の方は是のごとし
20 ၂၀ ``အ​နောက်​ဘက်​နယ်​နိ​မိတ်​မှာ​မြေ​ထဲ​ပင် လယ်​ဖြစ်​၍ မြောက်​ဘက်​ရှိ​ဟာ​မတ်​တောင် ကြား​လမ်း​၏​အ​နောက်​ဘက်​သို့​တိုင်​အောင် ဖြစ်​၏။
西の方は大海にしてこの界よりハマテにおよぶ西の方は是のごとし
21 ၂၁ ``ထို​နယ်​မြေ​ကို​သင်​တို့​အ​နွယ်​စု​များ ခွဲ ဝေ​ယူ​ကြ​လော့။-
汝らイスラエルの支派にしたがひて此地を汝らの中にわかつべし
22 ၂၂ ယင်း​သည်​သင်​တို့​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ကြ ရ​မည့်​မြေ​ယာ​ဖြစ်​၏။ ထို​အ​ရပ်​တွင်​သင်​တို့ နှင့်​အ​တူ​နေ​ထိုင်​လျက်​သား​သ​မီး​များ ရ​ရှိ​နေ​ကြ​သူ​လူ​မျိုး​ခြား​များ​သည်​လည်း သင်​တို့​မြေ​ယာ​ခွဲ​ဝေ​ရာ​တွင်​ဝေ​စု​ခံ​ယူ ရ​ကြ​မည်။ သူ​တို့​အား​တင်း​ပြည့်​ဣ​သ​ရေ​လ ပြည်​သား​များ​အ​ဖြစ်​ဖြင့်​မှတ်​ယူ​ကာ ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​မြေ​ယာ ဝေ​စု​များ​ကို​ခံ​ယူ​စေ​ရ​မည်။-
汝ら籤をもて之を汝らの中に分ち又汝らの中にをりて汝らの中に子等を擧けたる異邦人の中に分ちて產業となすべし斯る人は汝らにおけることイスラエルの子孫の中に生れたる本國人のごとし彼らも汝らと共に籤をひきてイスラエルの支派の中に產業を得べし
23 ၂၃ ယင်း​သို့​သော​လူ​မျိုး​ခြား​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နေ​ထိုင်​ရာ​အ​ရပ်​အ​သီး​သီး​မှ အ​နွယ်​ဝင်​တို့​နှင့်​အ​တူ​မြေ​ယာ​ဝေ​စု များ​ကို​ခံ​ယူ​ခွင့်​ရှိ​စေ​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော် မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
異邦人にはその住ところの支派の中にて汝ら之に產業を與ふべし主ヱホバこれを言たまふ

< ယေဇကျေလ 47 >