< ယေဇကျေလ 46 >
1 ၁ အရှင်ထာဝရဘုရားက``တံတိုင်းအတွင်း ဝင်းသို့ဝင်ရာအရှေ့မုခ်ပေါက်ကိုအလုပ် လုပ်သောရက်ခြောက်ရက်ပတ်လုံးပိတ်ထား ရမည်။ သို့ရာတွင်ထိုမုခ်ပေါက်ကိုဥပုသ် နေ့နှင့်လဆန်းနေ့၌ဖွင့်ထားရမည်။-
Ainsi parle le Seigneur Dieu: "La porte du parvis intérieur, qui fait face à l’Orient, restera fermée les six jours ouvrables, mais elle s’ouvrira le jour du Sabbat, et le jour de la Néoménie elle sera également ouverte.
2 ၂ နန်းစံနေဆဲမင်းသားသည်ထိုတံခါးဖြင့် တံတိုင်းအပြင်ဝင်းကနေ၍ မုခ်ပေါက်အတွင်း ၌ရှိသောအခန်းထဲသို့ဝင်ရမည်။ သူသည် မိမိ၏မီးရှို့ရာယဇ်များနှင့်မိတ်သဟာ ယဇ်များကိုယဇ်ပုရောဟိတ်တို့ပူဇော်နေ ကြစဉ် မုခ်ပေါက်တိုင်များအနီးတွင်ရပ်၍ နေရမည်။ သူသည်တံခါးဝတွင်ရှိခိုးဝတ် ပြုပြီးနောက်အပြင်သို့ပြန်၍ထွက်ရမည်။ တံခါးကိုမူညနေအထိမပိတ်ဘဲထား ရမည်။-
Le prince arrivera du dehors par le vestibule de cette porte et se tiendra près du poteau de la porte, tandis que les pontifes offriront son holocauste et son rémunératoire; puis, il se prosternera sur le seuil de la porte et se retirera. La porte toutefois ne se refermera pas avant le soir.
3 ၃ ဥပုသ်နေ့နှင့်လဆန်းနေ့ကျရောက်တိုင်း လူအပေါင်းတို့သည်တံခါးရှေ့မှနေ၍ ထာဝရဘုရားအားဦးညွှတ်ရှိခိုးရကြ မည်။-
Les jours de Sabbat et de Néoménie, la population du pays se prosternera à l’entrée de cette même porte, devant l’Eternel.
4 ၄ ဥပုသ်နေ့၌မင်းသားသည်ထာဝရဘုရား ၏ထံတော်သို့မီးရှို့ရန်ယဇ်များအဖြစ် ဖြင့် အပြစ်အနာအဆာကင်းသောသိုး ငယ်ခြောက်ကောင်နှင့်သိုးထီးတစ်ကောင် ကိုယူဆောင်ခဲ့ရမည်။-
Voici l’holocauste que le prince présentera à l’Eternel: le jour du Sabbat, six agneaux sans défaut et un bélier sans défaut;
5 ၅ သူသည်သိုးထီးတစ်ကောင်စီနှင့်အတူ ဘောဇဉ်ပူဇော်သကာအဖြစ်မုန့်ညက် တင်းဝက်၊ သိုးငယ်တစ်ကောင်စီနှင့်အတူ မိမိပေးလှူလိုသမျှကိုယူဆောင်ခဲ့ရ မည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာ ငါးဆယ်သားကျယူဆောင်ခဲ့ရမည်။-
comme oblation, une êpha pour le bélier, et pour les agneaux une oblation selon ses moyens, plus un hin d’huile par êpha.
6 ၆ လဆန်းနေ့၌သူသည်အပြစ်အနာအဆာ ကင်းသည့်နွားသိုးပျိုတစ်ကောင်၊ သိုးငယ် ခြောက်ကောင်နှင့်အတူ သိုးထီးတစ်ကောင် ကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာ အဖြစ်မုန့်ညက်တင်းဝက်နှင့်နွားသိုးပျို တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တင်း ဝက်နှင့်သိုးထီးတစ်ကောင်ကိုလည်းကောင်း၊ သိုးငယ်များနှင့်အတူမိမိပေးလှူလို သမျှကိုပူဇော်ရမည်။ မုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာငါး ဆယ်သားကိုပေးလှူရမည်။-
Le jour de la Néoménie, il offrira un jeune taureau sans défaut, six agneaux et un bélier, qui seront sans défaut.
Il joindra, comme oblation, une êpha pour le taureau et une êpha pour le bélier, et, pour les agneaux, ce que lui permettront ses ressources, plus, un hin d’huile par êpha.
8 ၈ မင်းသားသည်မိမိဝင်လမ်းအတိုင်းမုခ် ပေါက်မှထွက်ရမည်။
Quand le prince viendra, c’est par le vestibule de la porte qu’il entrera, et par le même chemin qu’il sortira.
9 ၉ ``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-
Mais quand viendra le peuple du pays devant l’Eternel, lors des solennités, celui qui sera venu par la porte du Nord pour se prosterner sortira par la porte du Midi, et celui qui sera entré par la porte du Midi sortira par la porte du Nord: on ne repassera point par la même porte par où l’on sera venu, mais on sortira du côté opposé.
10 ၁၀ မင်းသားသည်လူများဝင်သည့်အခါဝင် ၍သူတို့ထွက်သည့်အခါထွက်ရမည်။-
Ainsi du prince: confondu parmi eux, avec eux il entrera, et ils sortiront ensemble.
11 ၁၁ ပွဲနေ့များ၌ပြုမြဲပွဲတော်များမှာပူဇော် သည့်နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင် လျှင်ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ် ဝက်၊ သိုးငယ်တစ်ကောင်နှင့်အတူကိုးကွယ် ဝတ်ပြုသူပေးလှူလိုသမျှကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာမုန့်ညက်တင်းတစ်ဝက် လျှင် သံလွင်ဆီတစ်ပိဿာငါးဆယ်သားကို လည်းပူဇော်ရမည်။
Aux fêtes et aux solennités, l’oblation sera d’une êpha par taureau et d’une êpha par bélier, et pour les agneaux selon ses moyens personnels, plus un hin d’huile par êpha.
12 ၁၂ ``မီးရှို့ရာယဇ်နှင့်မိတ်သဟာယယဇ်တည်း ဟူသောပူဇော်သကာကိုနန်းစံနေဆဲမင်း သားသည် မိမိအလိုအလျောက်ထာဝရ ဘုရားအားဆက်သလိုသောအခါ သူ့ အတွက်အရှေ့မုခ်ပေါက်ကိုဖွင့်၍ပေးရမည်။ သူသည်လည်းဥပုသ်နေ့မှာကဲ့သို့ပင်ပူဇော် သကာကိုဆက်သရမည်။ သူပြန်လည်ထွက် ခွာသွားသောအခါတံခါးကိုတစ်ဖန် ပြန်၍ပိတ်ထားရမည်'' ဟုမိန့်တော်မူ၏။
Si le prince veut offrir un hommage holocauste ou rémunératoire comme don volontaire au Seigneur, on lui ouvrira la porte qui regarde l’Orient; on présentera son holocauste ou son rémunératoire comme on fait au jour du Sabbat; puis, il se retirera, et l’on fermera la porte après qu’il sera sorti.
13 ၁၃ ထာဝရဘုရားက``နံနက်တိုင်းအပြစ် အနာအဆာကင်းသောတစ်နှစ်သားသိုး ငယ်တစ်ကောင်ကိုထာဝရဘုရားအား ပူဇော်ရမည်။ ဤပူဇော်သကာကိုနေ့စဉ် နေ့တိုင်းပြုလုပ်ရမည်။-
Tu offriras aussi un agneau d’un an, sans défaut, comme holocauste quotidien à l’Eternel; chaque matin tu en offriras un.
14 ၁၄ မုန့်ညက်ငါးပေါင်ကိုလည်းနံနက်တိုင်း ပူဇော်ဆက်သရမည်။ ယင်းနှင့်ရောစပ်ရန် သံလွင်ဆီငါးဆယ်သားကိုလည်းပူဇော် ရမည်။ ထာဝရဘုရားအားဆက်ကပ်သည့် ဤပူဇော်သကာနှင့်ဆိုင်သောဥပဒေ များသည်ထာဝစဉ်အာဏာတည်စေရ မည်။-
Pour oblation, tu y joindras, chaque matin, un sixième d’êpha, plus un tiers de hin d’huile pour détremper la farine; oblation à l’Eternel, prescription à jamais invariable.
15 ၁၅ နံနက်၌ထာဝရဘုရားအားသိုးငယ်၊ မုန့်ညက်နှင့်သံလွင်ဆီတို့ကိုအစဉ်အမြဲ ဆက်ကပ်ကြစေ'' ဟုမိန့်တော်မူ၏။
On offrira cet agneau, avec l’oblation et l’huile, chaque matin comme holocauste permanent."
16 ၁၆ အရှင်ထာဝရဘုရားက``အကယ်၍နန်း စံနေဆဲမင်းသားသည်မိမိ၏သားတစ် ယောက်အားမိမိပိုင်မြေယာတစ်ကွက်ကို ပေးအပ်လျှင်ထိုမြေယာကိုထိုသား အမြဲပိုင်စေ၊-
Ainsi parle le Seigneur Dieu: "Si le prince fait un présent à quelqu’un de ses fils, ce sera son héritage, qui passera à ses enfants: il leur appartient par droit d’hérédité.
17 ၁၇ သို့သော်မင်းသားသည်မိမိ၏မြေကွက် တစ်ကွက်ကိုကျေးကျွန်တစ်ယောက်ယောက် အားပေးပါမူ ထိုကျေးကျွန်လွတ်လပ်ခွင့် ရချိန်ရောက်သောအခါ ယင်းမြေကွက် သည်မင်းသား၏လက်သို့ပြန်လည်ရောက် ရှိစေ။ ထိုမြေသည်မင်းသား၏မြေဖြစ် သဖြင့်သူနှင့်သူ၏သားများက သာလျှင်အစဉ်အမြဲပိုင်နိုင်၏။-
Mais s’il fait un présent, sur son héritage, à l’un de ses esclaves; il lui appartiendra jusqu’à l’année d’émancipation, où il fera retour au prince: c’est à ses enfants seuls que son héritage doit appartenir.
18 ၁၈ ငါ၏လူမျိုးတော်ဝင်တို့ပိုင်မြေယာများ ကိုသိမ်းယူခြင်းအားဖြင့် သူတို့အားမ နှင်ထုတ်နိုင်စေရန်မင်းသားသည်မိမိ၏ သားတို့အားမိမိပိုင်မြေယာမှသာပေး ရမည်။ ငါ၏လူမျိုးတော်သည်မိမိပိုင် မြေမှမခွဲခွာစေရ'' ဟုမိန့်တော်မူ၏။
Mais que le prince ne se saisisse pas du patrimoine du peuple pour le spolier de son bien; c’est de son domaine seul qu’il fera hériter ses fils, afin que nul d’entre mon peuple ne soit évincé de sa possession."
19 ၁၉ ထိုနောက်ထိုလူသည်တံတိုင်းအတွင်းဝင်း ၏တောင်ဘက်တံခါးအနီး၌ရှိသောအခန်း များ၏အဝင်ဝသို့ငါ့အားခေါ်ဆောင်သွား ၏။ ဤအခန်းများသည်သန့်ရှင်းမြင့်မြတ် သည့်အခန်းများဖြစ်၍ယဇ်ပုရောဟိတ် တို့အဖို့သီးသန့်ထားလေသည်။ ထိုသူ ကငါ့အားအခန်းများ၏အနောက်သို့ ညွှန်ပြလျက်၊-
Ensuite, il me conduisit par l’entrée qui était à côté de la porte vers les salles consacrées, réservées aux pontifesfaisant face au Nord, et il y avait là un emplacement tout à l’extrémité, vers l’Ouest.
20 ၂၀ ဤအရပ်ကားယဇ်ပုရောဟိတ်တို့အပြစ် ဖြေရာယဇ်၊ သို့မဟုတ်ဒုစရိုက်ဖြေရာ ယဇ်ကိုပူဇော်ရန်အသားများကိုပြုတ် ရာ၊ မုန့်ညက်ပူဇော်သကာကိုဖုတ်ရာအရပ် ဖြစ်၏။ လူတို့ဘေးအန္တရာယ်မဖြစ်ကြ စေရန်သန့်ရှင်းမြင့်မြတ်သည့်အရာမှန် သမျှကိုတံတိုင်းအပြင်ဝင်းသို့မထုတ် ကြခြင်းဖြစ်၏'' ဟုဆို၏။
Il me dit: "Voici l’emplacement où les pontifes feront bouillir les délictifs et les expiatoires, où ils cuiront les oblations, pour éviter de les transporter dans le parvis extérieur et d’en communiquer la sainteté au peuple."
21 ၂၁ ထိုနောက်သူသည်တံတိုင်းအပြင်ဝင်းသို့ ခေါ်ဆောင်သွားရာထောင့်လေးထောင့်တစ်ခု စီတွင်ဝင်းခြံငယ်တစ်ခုစီရှိသည်ကို ငါ့အားပြ၏။ ဝင်းခြံငယ်တစ်ခုစီသည် အလျားခြောက်ဆယ့်ရှစ်ပေ၊ အနံငါး ဆယ်ပေရှိ၍၊-
Puis, il me fit sortir dans le parvis extérieur et me fit passer auprès des quatre angles du parvis; or, il y avait une courette à chaque angle du parvis.
Aux quatre angles du parvis étaient des courettes fermées, ayant quarante coudées de long et trente de large; même mesure pour les quatre courettes dans les angles.
23 ၂၃ ကျောက်နံရံဖြင့်ကာထားလေသည်။ ထို နံရံကိုမှီ၍မီးဖိုများကိုဆောက်လုပ် ထား၏။-
Il y avait une assise de pierres tout autour des quatre, et des fourneaux étaient aménagés au-dessous des assises à l’entour.
24 ၂၄ ထိုလူက``ဤမီးဖိုတို့ကား လူတို့ပူဇော်သည့် ယဇ်ကောင်များကိုဗိမာန်တော်အစေခံတို့ ပြုတ်သည့်မီးဖိုများဖြစ်၏'' ဟုငါ့အား ပြောပြ၏။
Et il me dit: "Ce sont ici les locaux des chefs de cuisine, où les serviteurs de la maison doivent faire cuire les sacrifices du peuple."