< ယေဇကျေလ 46 >

1 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``တံ​တိုင်း​အ​တွင်း ဝင်း​သို့​ဝင်​ရာ​အ​ရှေ့​မုခ်​ပေါက်​ကို​အ​လုပ် လုပ်​သော​ရက်​ခြောက်​ရက်​ပတ်​လုံး​ပိတ်​ထား ရ​မည်။ သို့​ရာ​တွင်​ထို​မုခ်​ပေါက်​ကို​ဥ​ပုသ် နေ့​နှင့်​လ​ဆန်း​နေ့​၌​ဖွင့်​ထား​ရ​မည်။-
'Thus said the Lord Jehovah: The gate of the inner court that is looking eastward is shut the six days of work, and on the day of rest it is opened, and in the day of the new moon it is opened;
2 နန်း​စံ​နေ​ဆဲ​မင်း​သား​သည်​ထို​တံ​ခါး​ဖြင့် တံ​တိုင်း​အ​ပြင်​ဝင်း​က​နေ​၍ မုခ်​ပေါက်​အ​တွင်း ၌​ရှိ​သော​အ​ခန်း​ထဲ​သို့​ဝင်​ရ​မည်။ သူ​သည် မိ​မိ​၏​မီး​ရှို့​ရာ​ယဇ်​များ​နှင့်​မိတ်​သ​ဟာ ယဇ်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​ပူ​ဇော်​နေ ကြ​စဉ် မုခ်​ပေါက်​တိုင်​များ​အ​နီး​တွင်​ရပ်​၍ နေ​ရ​မည်။ သူ​သည်​တံ​ခါး​ဝ​တွင်​ရှိ​ခိုး​ဝတ် ပြု​ပြီး​နောက်​အ​ပြင်​သို့​ပြန်​၍​ထွက်​ရ​မည်။ တံ​ခါး​ကို​မူ​ည​နေ​အ​ထိ​မ​ပိတ်​ဘဲ​ထား ရ​မည်။-
and come in hath the prince the way of the porch of the gate at the outside, and he hath stood by the post of the gate, and the priests have made his burnt-offering, and his peace-offerings, and he hath bowed himself by the opening of the gate, and hath gone forth, and the gate is not shut till the evening.
3 ဥ​ပုသ်​နေ့​နှင့်​လ​ဆန်း​နေ့​ကျ​ရောက်​တိုင်း လူ​အ​ပေါင်း​တို့​သည်​တံ​ခါး​ရှေ့​မှ​နေ​၍ ထာ​ဝရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး​ရ​ကြ မည်။-
And bowed themselves have the people of the land at the opening of that gate, on sabbaths, and on new moons, before Jehovah.
4 ဥ​ပုသ်​နေ့​၌​မင်း​သား​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ထံ​တော်​သို့​မီး​ရှို့​ရန်​ယဇ်​များ​အ​ဖြစ် ဖြင့် အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​သော​သိုး ငယ်​ခြောက်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-
'And the burnt-offering that the prince bringeth near to Jehovah on the day of rest [is] six lambs, perfect ones, and a ram, a perfect one.
5 သူ​သည်​သိုး​ထီး​တစ်​ကောင်​စီ​နှင့်​အ​တူ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​မုန့်​ညက် တင်း​ဝက်၊ သိုး​ငယ်​တစ်​ကောင်​စီ​နှင့်​အ​တူ မိ​မိ​ပေး​လှူ​လို​သ​မျှ​ကို​ယူ​ဆောင်​ခဲ့​ရ မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ ငါး​ဆယ်​သား​ကျ​ယူ​ဆောင်​ခဲ့​ရ​မည်။-
And the present [is] an ephah for a ram, and for the lambs a present, the gift of his hand, and of oil a hin for an ephah.
6 လ​ဆန်း​နေ့​၌​သူ​သည်​အပြစ်​အ​နာ​အ​ဆာ ကင်း​သည့်​နွား​သိုး​ပျို​တစ်​ကောင်၊ သိုး​ငယ် ခြောက်​ကောင်​နှင့်​အ​တူ သိုး​ထီး​တစ်​ကောင် ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ အ​ဖြစ်​မုန့်​ညက်​တင်း​ဝက်​နှင့်​နွား​သိုး​ပျို တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တင်း ဝက်​နှင့်​သိုး​ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ သိုး​ငယ်​များ​နှင့်​အ​တူ​မိ​မိ​ပေး​လှူ​လို သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ မုန့်​ညက်​တင်း တစ်​ဝက်​လျှင်​သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး ဆယ်​သား​ကို​ပေး​လှူ​ရ​မည်။-
And on the day of the new moon a bullock, a son of the herd, a perfect one, and six lambs and a ram, they are perfect.
7
And with an ephah for a bullock, and an ephah for a ram, he prepareth a present, and for the lambs as his hand attaineth, and of oil a hin for an ephah.
8 မင်း​သား​သည်​မိ​မိ​ဝင်​လမ်း​အ​တိုင်း​မုခ် ပေါက်​မှ​ထွက်​ရ​မည်။
'And in the coming in of the prince, the way of the porch of the gate he cometh in, and by its way he goeth out.
9 ``မည်​သည့်​ပွဲ​နေ့​၌​မ​ဆို​ထာ​ဝ​ရ​ဘု​ရား အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​လူ​တို့​လာ​ရောက် ကြ​ရာ​တွင်​မြောက်​တံ​ခါး​မှ​ဝင်​သူ​တို့​သည် ကိုး​ကွယ်​ဝတ်​ပြု​ပြီး​လျှင်​တောင်​တံ​ခါး​မှ ထွက်​ရ​ကြ​မည်။ တောင်​တံ​ခါး​မှ​ဝင်​ကြ​လျှင် မြောက်​တံ​ခါး​မှ​ထွက်​ရ​ကြ​မည်။ အ​ဘယ် သူ​မျှ​မိ​မိ​လာ​လမ်း​အ​တိုင်း​မ​ပြန်​ရ​ကြ။ လူ​တိုင်း​ပင်​မိ​မိ​တို့​ဝင်​ရာ​တံ​ခါး​ဖြင့်​မ ပြန်​ဘဲ​တည့်​တည့်​သွား​၍​ထွက်​ရ​ကြ​မည်။-
And in the coming in of the people of the land before Jehovah at appointed times, he who hath come in the way of the north gate to bow himself, goeth out the way of the south gate, and he who hath come in the way of the south gate, goeth out by the way of the north gate: he doth not turn back the way of the gate by which he came in, but over-against it he goeth out.
10 ၁၀ မင်း​သား​သည်​လူ​များ​ဝင်​သည့်​အ​ခါ​ဝင် ၍​သူ​တို့​ထွက်​သည့်​အ​ခါ​ထွက်​ရ​မည်။-
And the prince in their midst in their coming in cometh in, and in their going out he goeth out.
11 ၁၁ ပွဲ​နေ့​များ​၌​ပြု​မြဲ​ပွဲ​တော်​များ​မှာ​ပူ​ဇော် သည့်​နွား​ထီး​တစ်​ကောင်​နှင့်​သိုး​ထီး​တစ်​ကောင် လျှင်​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ် ဝက်၊ သိုး​ငယ်​တစ်​ကောင်​နှင့်​အ​တူ​ကိုး​ကွယ် ဝတ်​ပြု​သူ​ပေး​လှူ​လို​သ​မျှ​ကို​ပူ​ဇော်​ရ​မည်။ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မုန့်​ညက်​တင်း​တစ်​ဝက် လျှင် သံ​လွင်​ဆီ​တစ်​ပိ​ဿာ​ငါး​ဆယ်​သား​ကို လည်း​ပူ​ဇော်​ရ​မည်။
'And in feasts, and in appointed times, the present is an ephah for a bullock, and an ephah for a ram, and for lambs the gift of his hand, and of oil a hin for an ephah.
12 ၁၂ ``မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​တည်း ဟူ​သော​ပူ​ဇော်​သ​ကာ​ကို​နန်း​စံ​နေ​ဆဲ​မင်း သား​သည် မိ​မိ​အ​လို​အ​လျောက်​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​လို​သော​အ​ခါ သူ့ အ​တွက်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖွင့်​၍​ပေး​ရ​မည်။ သူ​သည်​လည်း​ဥ​ပုသ်​နေ့​မှာ​ကဲ့​သို့​ပင်​ပူ​ဇော် သကာ​ကို​ဆက်​သ​ရ​မည်။ သူ​ပြန်​လည်​ထွက် ခွာ​သွား​သော​အ​ခါ​တံ​ခါး​ကို​တစ်​ဖန် ပြန်​၍​ပိတ်​ထား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
And when the prince maketh a free-will burnt-offering, or free-will peace-offerings, to Jehovah, then he hath opened for himself the gate that is looking eastward, and he hath made his burnt-offering and his peace-offerings as he doth in the day of rest, and he hath gone out, and he hath shut the gate after his going out.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​က``နံ​နက်​တိုင်း​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး ငယ်​တစ်​ကောင်​ကို​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သကာ​ကို​နေ့​စဉ် နေ့​တိုင်း​ပြု​လုပ်​ရ​မည်။-
'And a lamb, son of a year, a perfect one, thou dost make a burnt-offering daily to Jehovah; morning by morning thou dost make it.
14 ၁၄ မုန့်​ညက်​ငါး​ပေါင်​ကို​လည်း​နံ​နက်​တိုင်း ပူ​ဇော်​ဆက်​သ​ရ​မည်။ ယင်း​နှင့်​ရော​စပ်​ရန် သံ​လွင်​ဆီ​ငါး​ဆယ်​သား​ကို​လည်း​ပူ​ဇော် ရ​မည်။ ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​သည့် ဤ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော​ဥ​ပ​ဒေ များ​သည်​ထာ​ဝ​စဉ်​အာ​ဏာ​တည်​စေ​ရ မည်။-
And a present thou dost make for it morning by morning, a sixth part of the ephah, and of oil a third part of the hin, to temper with the fine flour, a present to Jehovah, by a statute age-during — continually;
15 ၁၅ နံ​နက်​၌​ထာ​ဝ​ရ​ဘု​ရား​အား​သိုး​ငယ်၊ မုန့်​ညက်​နှင့်​သံလွင်​ဆီ​တို့​ကို​အ​စဉ်​အ​မြဲ ဆက်​ကပ်​ကြ​စေ'' ဟု​မိန့်​တော်​မူ​၏။
and prepare ye the lamb, and the present, and the oil, morning by morning, a continual burnt-offering.
16 ၁၆ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​နန်း စံ​နေ​ဆဲ​မင်း​သား​သည်​မိ​မိ​၏​သား​တစ် ယောက်​အား​မိ​မိ​ပိုင်​မြေ​ယာ​တစ်​ကွက်​ကို ပေး​အပ်​လျှင်​ထို​မြေ​ယာ​ကို​ထို​သား အ​မြဲ​ပိုင်​စေ၊-
'Thus said the Lord Jehovah: When the prince giveth a gift to any of his sons, his inheritance it [is], to his sons it [is]; their possession it [is] by inheritance.
17 ၁၇ သို့​သော်​မင်း​သား​သည်​မိ​မိ​၏​မြေ​ကွက် တစ်​ကွက်​ကို​ကျေး​ကျွန်​တစ်​ယောက်​ယောက် အား​ပေး​ပါ​မူ ထို​ကျေး​ကျွန်​လွတ်​လပ်​ခွင့် ရ​ချိန်​ရောက်​သော​အ​ခါ ယင်း​မြေ​ကွက် သည်​မင်း​သား​၏​လက်​သို့​ပြန်​လည်​ရောက် ရှိ​စေ။ ထို​မြေ​သည်​မင်း​သား​၏​မြေ​ဖြစ် သ​ဖြင့်​သူ​နှင့်​သူ​၏​သား​များ​က သာ​လျှင်​အ​စဉ်​အ​မြဲ​ပိုင်​နိုင်​၏။-
And when he giveth a gift out of his inheritance to one of his servants, then it hath been to him till the year of freedom, and it hath turned back to the prince, only the inheritance of his sons is theirs.
18 ၁၈ ငါ​၏​လူ​မျိုး​တော်​ဝင်​တို့​ပိုင်​မြေ​ယာ​များ ကို​သိမ်း​ယူ​ခြင်း​အား​ဖြင့် သူ​တို့​အား​မ နှင်​ထုတ်​နိုင်​စေ​ရန်​မင်း​သား​သည်​မိ​မိ​၏ သား​တို့​အား​မိ​မိ​ပိုင်​မြေ​ယာ​မှ​သာ​ပေး ရ​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​ပိုင် မြေ​မှ​မ​ခွဲ​ခွာ​စေ​ရ'' ဟု​မိန့်​တော်​မူ​၏။
And the prince doth not take of the inheritance of the people to oppress them, out of their possession, out of his own possession he doth cause his sons to inherit, so that My people are not scattered each from his possession.'
19 ၁၉ ထို​နောက်​ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း ၏​တောင်​ဘက်​တံ​ခါး​အ​နီး​၌​ရှိ​သော​အ​ခန်း များ​၏​အ​ဝင်​ဝ​သို့​ငါ့​အား​ခေါ်​ဆောင်​သွား ၏။ ဤ​အ​ခန်း​များ​သည်​သန့်​ရှင်း​မြင့်​မြတ် သည့်​အ​ခန်း​များ​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ် တို့​အ​ဖို့​သီး​သန့်​ထား​လေ​သည်။ ထို​သူ က​ငါ့​အား​အ​ခန်း​များ​၏​အ​နောက်​သို့ ညွှန်​ပြ​လျက်၊-
And he bringeth me in through the entrance that [is] by the side of the gate, unto the holy chambers, unto the priests, that are looking northward, and lo, there [is] a place in their two sides westward.
20 ၂၀ ဤ​အ​ရပ်​ကား​ယဇ်​ပု​ရော​ဟိတ်​တို့​အ​ပြစ် ဖြေ​ရာ​ယဇ်၊ သို့​မ​ဟုတ်​ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​ရန်​အ​သား​များ​ကို​ပြုတ် ရာ၊ မုန့်​ညက်​ပူ​ဇော်​သကာ​ကို​ဖုတ်​ရာ​အ​ရပ် ဖြစ်​၏။ လူ​တို့​ဘေး​အန္တ​ရာယ်​မ​ဖြစ်​ကြ စေ​ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ရာ​မှန် သ​မျှ​ကို​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထုတ် ကြ​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။
And he saith unto me, 'This [is] the place where the priests do boil the guilt-offering and the sin-offering, where they bake the present, so as not to bring [it] out unto the outer court, to sanctify the people.'
21 ၂၁ ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့ ခေါ်​ဆောင်​သွား​ရာ​ထောင့်​လေး​ထောင့်​တစ်​ခု စီ​တွင်​ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​ရှိ​သည်​ကို ငါ့​အား​ပြ​၏။ ဝင်း​ခြံ​ငယ်​တစ်​ခု​စီ​သည် အ​လျား​ခြောက်​ဆယ့်​ရှစ်​ပေ၊ အ​နံ​ငါး ဆယ်​ပေ​ရှိ​၍၊-
And he bringeth me out unto the outer court, and causeth me to pass over unto the four corners of the court, and lo, a court in a corner of the court, a court in a corner of the corner.
22 ၂၂
In the four corners of the court [are] perfume courts, forty long, and thirty broad, one measure [is] to the four corners.
23 ၂၃ ကျောက်​နံ​ရံ​ဖြင့်​ကာ​ထား​လေ​သည်။ ထို နံ​ရံ​ကို​မှီ​၍​မီး​ဖို​များ​ကို​ဆောက်​လုပ် ထား​၏။-
And a row [is] round about in them, round about to them four, and made with boilers under the rows round about.
24 ၂၄ ထို​လူ​က``ဤ​မီး​ဖို​တို့​ကား လူ​တို့​ပူဇော်​သည့် ယဇ်​ကောင်​များ​ကို​ဗိ​မာန်​တော်​အ​စေ​ခံ​တို့ ပြုတ်​သည့်​မီး​ဖို​များ​ဖြစ်​၏'' ဟု​ငါ့​အား ပြော​ပြ​၏။
And he saith unto me, 'These [are] the houses of those boiling where the ministrants of the house boil the sacrifice of the people.'

< ယေဇကျေလ 46 >