< ယေဇကျေလ 45 >
1 ၁ ဣသရေလအနွယ်အပေါင်းတို့အားမြေယာ ကိုခွဲဝေပေးပြီးနောက် ထာဝရဘုရားအဖို့ မြေတစ်ကွက်ကိုမြင့်မြတ်သန့်ရှင်းသောနယ် မြေအဖြစ်သီးသန့်ထားရမည်။ ယင်းသည် အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။ ထိုနယ်မြေတစ်ခုလုံးသည်မြင့်မြတ်သန့် ရှင်းလိမ့်မည်။-
你們拈鬮分地為業,要獻上一分給耶和華為聖供地,長二萬五千肘,寬一萬肘。這分以內,四圍都為聖地。
2 ၂ ဗိမာန်တော်အတွက်စတုရန်းရှစ်ရာလေး ဆယ်ပေရှိသောမြေကွက်ပါဝင်ရမည်။ ထို မြေကွက်ပတ်လည်တွင်အနံရှစ်ဆယ့်လေး ပေရှိသောမြေလပ်ရှိရမည်။-
其中有作為聖所之地,長五百肘,寬五百肘,四面見方。四圍再有五十肘為郊野之地。
3 ၃ အလွန်သန့်ရှင်းမြင့်မြတ်သည့်ဌာနတည်း ဟူသောဗိမာန်တော်တည်ရှိမည်။-
要以肘為度量地,長二萬五千肘,寬一萬肘。其中有聖所,是至聖的。
4 ၄ ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။-
這是全地的一分聖地,要歸與供聖所職事的祭司,就是親近事奉耶和華的,作為他們房屋之地與聖所之聖地。
5 ၅ ကျန်မြေကွက်တစ်ဝက်တွင်ဗိမာန်တော် ဝေယျာဝစ္စကိုဆောင်ရွက်ရသူလေဝိအနွယ် ဝင်တို့အတွက်မြို့များတည်ဆောက်ရန်ဖြစ် ရမည်။
又有一分,長二萬五千肘,寬一萬肘,要歸與在殿中供職的利未人,作為二十間房屋之業。
6 ၆ မြို့တစ်မြို့တည်ရန်အတွက်အလျားရှစ်မိုင်၊ အနံရှစ်မိုင်ရှိသောမြေယာကိုလည်းဖယ် ထားရမည်။ ထိုမြေယာသည်သန့်ရှင်းမြင့် မြတ်သည့်နယ်မြေနှင့်ကပ်လျက်နေပြီးလျှင် ဣသရေလအမျိုးသားတို့နေထိုင်ရန် အတွက်ဖြစ်ရမည်။
也要分定屬城的地業,寬五千肘,長二萬五千肘,挨着那分聖供地,要歸以色列全家。
7 ၇ နန်းစံနေဆဲမင်းသားအတွက်မြေယာတစ် ကွက်ကိုလည်းဖယ်ထားရမည်။ ယင်းသည်သန့် ရှင်းမြင့်မြတ်သည့်နယ်မြေ၏အနောက်ဘက် နယ်နိမိတ်မှအနောက်ဘက်သို့လားသော်မြေ ထဲပင်လယ်အထိ၊ အရှေ့ဘက်သို့လားသော် တိုင်းပြည်၏အရှေ့နယ်နိမိတ်အထိဖြစ်ရ မည်။ ယင်း၏အလျားသည်ဣသရေလအမျိုး နွယ်တစ်နွယ်အတွက်သတ်မှတ်ထားသည့်နယ် မြေ၏အလျားအတိုင်းဖြစ်ရမည်။-
歸王之地要在聖供地和屬城之地的兩旁,就是聖供地和屬城之地的旁邊,西至西頭,東至東頭,從西到東,其長與每支派的分一樣。
8 ၈ ဤနယ်မြေသည်နန်းစံနေဆဲဖြစ်သောမင်း သား၏ဝေစုဖြစ်စေရမည်။ သို့မှသာလျှင် သူသည်ပြည်သူတို့အားနှိပ်စက်ကလူမပြု တော့ဘဲဣသရေလအနွယ်အသီးသီးတို့ အားကြွင်းကျန်သည့်မြေယာများကိုပိုင် ဆိုင်ခွင့်ပေးလိမ့်မည်။
這地在以色列中必歸王為業。我所立的王必不再欺壓我的民,卻要按支派將地分給以色列家。
9 ၉ အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
主耶和華如此說:「以色列的王啊,你們應當知足,要除掉強暴和搶奪的事,施行公平和公義,不再勒索我的民。這是主耶和華說的。
10 ၁၀ ``လူတိုင်းပင်အလေးမှန်တင်းမှန်ကိုအသုံး ပြုရကြမည်။
「你們要用公道天平、公道伊法、公道罷特。
11 ၁၁ ``ကုန်ခြောက်ကိုခြင်တွယ်သည့်ဧဖာသည် အရည်ကိုခြင်တွယ်သည့်ဗတ်နှင့်တူညီရမည်။ ဟောမဲကိုအမှီပြု၍ခြင်တွယ်ရသည်။ တစ်ဟောမဲတွင်တစ်ဆယ်ဧဖာသို့မဟုတ် တစ်ဆယ်ဗက်ရှိသတည်း။
伊法與罷特大小要一樣。罷特可盛賀梅珥十分之一,伊法也可盛賀梅珥十分之一,都以賀梅珥的大小為準。
12 ၁၂ ``သင်တို့၏အလေးများသည်အောက်ပါ အတိုင်းဖြစ်ရမည်။ နှစ်ဆယ်ဂေရာသည်တစ်ကျပ်၊ခြောက်ဆယ်ကျပ် သည်တစ်မာနေဖြစ်၏။
舍客勒是二十季拉;二十舍客勒,二十五舍客勒,十五舍客勒,為你們的彌那。
13 ၁၃ ``သင်တို့သည်ပူဇော်သကာများဆက်သရာ တွင်အောက်ပါအခြေခံမူကိုအသုံးပြုရ ကြမည်။ ဂျုံဆန်သို့မဟုတ်မုယောဆန်ကို ပေးလှူသောအခါသင်တို့ရိတ်သိမ်း၍ရ ရှိသည့် ဂျုံဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊မုယော ဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊သံလွင် ဆီကိုသင်တို့၏သံလွင်ပင်များမှထွက်ရှိ သမျှ၏တစ်ရာပုံတစ်ပုံကိုပေးလှူရမည်။ (ယင်းကိုဗတ်ဖြင့်ချိန်တွယ်ရမည်။ ဆယ်ဗတ် လျှင်တစ်ဟောမဲ၊ သို့မဟုတ်တစ်ကောရရှိ၏။) ဣသရေလပြည်၊ ရေများသောစားကျက် များမှ သိုးအကောင်နှစ်ရာလျှင်တစ်ကောင် ကျပူဇော်ရမည်။ ``သင်တို့၏အပြစ်များမှဖြေလွှတ်ကြစေ ရန်ဘောဇဉ်ပူဇော်သကာများမီးရှို့ရာယဇ် နှင့်မိတ်သဟာယအတွက်တိရစ္ဆာန်များကို ယူဆောင်လာရမည်။ ဤကားငါအရှင် ထာဝရဘုရား၏အမိန့်တော်ဖြစ်၏။
「你們當獻的供物乃是這樣:一賀梅珥麥子要獻伊法六分之一;一賀梅珥大麥要獻伊法六分之一。
你們獻所分定的油,按油的罷特,一柯珥油要獻罷特十分之一(原來十罷特就是一賀梅珥)。
從以色列滋潤的草場上每二百羊中,要獻一隻羊羔。這都可作素祭、燔祭、平安祭,為民贖罪。這是主耶和華說的。
16 ၁၆ ``ပြည်သူအပေါင်းတို့သည်ဤပူဇော်သကာ များကိုနန်းစံနေဆဲမင်းသားထံသို့ယူ ဆောင်သွားရကြမည်။-
此地的民都要奉上這供物給以色列中的王。
17 ၁၇ လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။
王的本分是在節期、月朔、安息日,就是以色列家一切的節期,奉上燔祭、素祭、奠祭。他要預備贖罪祭、素祭、燔祭,和平安祭,為以色列家贖罪。」
18 ၁၈ အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။-
主耶和華如此說:「正月初一日,你要取無殘疾的公牛犢,潔淨聖所。
19 ၁၉ ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် ကောင်၏သွေးအနည်းငယ်ကိုယူ၍ ဗိမာန် တော်တံခါးတိုင်များ၊ ယဇ်ပလ္လင်၏ထောင့် လေးထောင့်နှင့် တံတိုင်းအတွင်းရှိဝင်းသို့ ဝင်ရာတံခါးတိုင်များကိုသုတ်ရမည်။-
祭司要取些贖罪祭牲的血,抹在殿的門柱上和壇磴臺的四角上,並內院的門框上。
20 ၂၀ မည်သူမဆိုအမှုမဲ့အမှတ်မဲ့သော်လည်း ကောင်း၊ မသိနားမလည်သဖြင့်သော်လည်း ကောင်းအပြစ်ကူးလွန်မိခဲ့လျှင်ထိုသူ အပြစ်ဖြေရန်အတွက်ထိုလဆန်းခုနစ် ရက်နေ့၌ဤနည်းအတိုင်းပင်ပြုရမည်။ ဤ နည်းအားဖြင့်သင်သည်ဗိမာန်တော်ကိုသန့် စင်စွာထားရှိရမည်။
本月初七日也要為誤犯罪的和愚蒙犯罪的如此行,為殿贖罪。
21 ၂၁ ပထမလ၊ လဆန်းတစ်ဆယ့်လေးရက်နေ့ ၌ပသခါပွဲတော်ကိုစတင်ကျင်းပရမည်။ လူတိုင်းပင်တဆေးမဲ့မုန့်ကိုခုနစ်ရက်တိုင် တိုင်စားရကြမည်။-
「正月十四日,你們要守逾越節,守節七日,要吃無酵餅。
22 ၂၂ ပွဲတော်ပထမနေ့၌နန်းစံနေဆဲမင်းသား သည်မိမိ၏အတွက်နှင့်လူအပေါင်းတို့ အတွက်အပြစ်ဖြေရာယဇ်အဖြစ်နွားထီး တစ်ကောင်ကိုပူဇော်ရမည်။-
當日,王要為自己和國內的眾民預備一隻公牛作贖罪祭。
23 ၂၃ သူသည်ခုနစ်ရက်ပတ်လုံးနေ့စဉ်နေ့တိုင်း ထာဝရဘုရားအားအပြစ်အနာဆာကင်း သည့်နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ် ကောင်ကိုမီးရှို့ရာယဇ်အဖြစ်ဖြင့်လည်းကောင်း၊ ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-
這節的七日,每日他要為耶和華預備無殘疾的公牛七隻、公綿羊七隻為燔祭。每日又要預備公山羊一隻為贖罪祭。
24 ၂၄ ယဇ်ပူဇော်သောနွားထီးတစ်ကောင်နှင့်သိုးထီး တစ်ကောင်လျှင်မုန့်ညက်တင်းဝက်၊ သံလွင်ဆီ တစ်ပိဿာငါးဆယ်သားကိုလည်းပူဇော်ရ မည်။
他也要預備素祭,就是為一隻公牛同獻一伊法細麵,為一隻公綿羊同獻一伊法細麵,每一伊法細麵加油一欣。
25 ၂၅ ``သတ္တမလ၊ လဆန်းဆယ့်ငါးရက်နေ့၌အစ ပြုသောသကေနေပွဲတော်အတွက်မင်းသား သည်ပွဲတော်ရက်ခုနစ်ရက်တိုင်တိုင်နေ့စဉ် အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မုန့်ညက်နှင့် သံလွင်ဆီပူဇော်သကာတို့ကိုယခင်ကနည်း အတိုင်းပူဇော်ရမည်'' ဟုမိန့်တော်မူ၏။
七月十五日守節的時候,七日他都要如此行,照逾越節的贖罪祭、燔祭、素祭,和油的條例一樣。」