< ယေဇကျေလ 44 >
1 ၁ ထိုလူသည်ငါ့အားဗိမာန်တော်မြေယာ၏ အရှေ့ဘက်ပိုင်း၌ရှိသော အပြင်မုခ်ပေါက် သို့ခေါ်ဆောင်သွား၏။ မုခ်တံခါးသည်ပိတ် လျက်ရှိ၏။-
၁ထိုနောက် ၊ သန့်ရှင်း ရာအရပ်အရှေ့ သို့ မျက်နှာပြု သောပြင် တံခါး သို့ ဆောင် သွား၍ ၊ ထိုတံခါးသည် ပိတ် လျက်ရှိ၏။
2 ၂ ထာဝရဘုရားကငါ့အား``ဤတံခါးကို ပိတ်ထားရမည်။ အဘယ်အခါ၌မျှဖွင့်ရ မည်မဟုတ်။ လူသားမှန်သမျှဤတံခါးကို အသုံးပြုခွင့်မရှိ။ အဘယ်ကြောင့်ဆိုသော် ဣသရေလအမျိုသားတို့၏ဘုရားသခင် ထာဝရဘုရားသည် ထိုတံခါးဖြင့်ဝင်တော် မူခဲ့သောကြောင့်တည်း။-
၂ထာဝရဘုရား ကလည်း ၊ ဤ တံခါး ကိုမ ဖွင့် ဘဲ ပိတ် ထားလျက်ရှိရမည်။ လူ များမ ဝင် ရကြ။ အကြောင်းမူကား ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ဝင် တော်မူသောကြောင့် ပိတ် ထားလျက်ရှိရမည်။
3 ၃ သို့ရာတွင်ယခုနန်းစံလျက်ရှိသည့်မင်းသား သည်ကား ထိုအရပ်သို့သွား၍ငါ၏ရှေ့တော် တွင်သန့်ရှင်းမြင့်မြတ်သည့်စားဖွယ်ခဲဖွယ်ကို စားသောက်နိုင်ခွင့်ရှိ၏။ သူသည်အစွန်ဆုံးရှိ အခန်းကြီးကိုဖြတ်၍ဤတံခါးဖြင့်ဝင် ထွက်သွားလာရန်ဖြစ်၏'' ဟုမိန့်တော်မူ၏။
၃မင်းသား အဘို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရား ရှေ့ တော်၌ စားသောက် ၍ထိုတံခါးဝ မှာ ထိုင် ရ လိမ့်မည်၊ မင်းသားသည် ထိုတံခါးမုတ်ဖြင့် ထွက် ဝင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
4 ၄ ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက် ကိုဖြတ်၍ ဗိမာန်တော်ရှေ့သို့ခေါ်ဆောင်သွား ရာငါရှာကြည့်သော် ထာဝရဘုရား၏ဗိမာန် တော်တွင်ကိုယ်တော်၏တောက်ပသောဘုန်း အသရေတော်နှင့်ပြည့်လျက်နေသည်ကို မြင်ရ၏။ ငါသည်မြေပေါ်သို့ပျပ်ဝပ်လိုက်၏။-
၄ထိုအခါ အိမ် တော်ရှေ့ ၊ မြောက် တံခါး လမ်း ဖြင့် ငါ့ ကိုဆောင်သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထာဝရဘုရား ၏အိမ် တော်ကို ဖြည့် တော်မူသဖြင့် ၊ ငါသည် ပြပ်ဝပ် လျက်နေ၏။
5 ၅ ထာဝရဘုရားကလည်းငါ့အား``အချင်း လူသား၊ သင်မြင်ရကြားရသောအရာမှန် သမျှကိုဂရုပြုလော့။ ငါသည်ဗိမာန်တော် နှင့်ဆိုင်သောစည်းမျဉ်းဥပဒေများကိုသင့် အားပြောမည်။ အဘယ်သူတို့သည်ဗိမာန် တော်သို့ဝင်ထွက်ခွင့်ရှိသည်ကိုသေချာ စွာမှတ်သားလော့။''
၅ထာဝရဘုရား ကလည်း၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု ၍ မှတ် လော့။ ထာဝရဘုရား ၏ အိမ် တော်အဘို့ ငါစီရင် ထုံးဖွဲ့ချက် ပညတ် တရားရှိသမျှ တို့ကို နားထောင် လော့။ အိမ် တော်ဝင် ရာတံခါးဝနှင့် သန့်ရှင်း ရာဌာနမှ ထွက် ရာတံခါးဝရှိသမျှ တို့ကို စေ့စေ့မှတ် လော့။
6 ၆ ``ပုန်ကန်တတ်သောဣသရေလအမျိုးသား တို့အား မိမိတို့ပြုကျင့်လျက်ရှိသည့်စက် ဆုပ်ရွံရှာဖွယ်အမှုတို့ကိုငါအရှင်ထာဝရ ဘုရားသည်ဆက်လက်သည်းခံလျက်နေတော့ မည်မဟုတ်ကြောင်းဆင့်ဆိုလော့။-
၆ပုန်ကန် တတ်သောသူ ဣသရေလ အမျိုးသား တို့ အား အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဣသရေလ အမျိုးသား တို့၊
7 ၇ ဆီဥနှင့်သွေးကိုငါ့အားပူဇော်ချိန်၌သူ တို့သည်အရေဖျားလှီးမင်္ဂလာမခံသူ လူမျိုးခြားများ၊ ငါ၏စကားကိုနားမ ထောင်သူများအားဗိမာန်တော်ထဲသို့ဝင် ခွင့်ပြုလျက်ငါ၏ဗိမာန်တော်ကိုညစ်ညမ်း စေကြ၏။ သို့ဖြစ်၍ငါ၏လူမျိုးတော် သည်မိမိတို့၏စက်ဆုပ်ဖွယ်ရာအကျင့် များအားဖြင့်ငါ၏ပဋိညာဉ်တော်ကို ချိုးဖောက်ကြလေပြီ။-
၇သင်တို့သည် ငါ့ ဘောဇဉ် တည်းဟူသောဆီဥ နှင့် အသွေး ကို ပူဇော် သောအခါ ၊ ငါ့ ဗိမာန် ကိုညစ်ညူး စေခြင်းငှါ ၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကို မခံ သောကိုယ် ရှိသောတပါး အမျိုးသားတို့ကို ငါ ၏သန့်ရှင်း ရာဌာနထဲသို့ သွင်း ၍နေရာ ချသဖြင့် ၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုများကို ပြုမိသည်ဖြစ်၍၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ စက်ဆုပ် ရွံရှာဘွယ်သောအမှုများ အားဖြင့် ငါ့ ပဋိညာဉ် ကို ဖျက် ကြပြီ။
8 ၈ သူတို့သည်ငါ၏ဗိမာန်တော်တွင်သန့်ရှင်း မြင့်မြတ်သည့်ဝတ်တို့ကိုတာဝန်ယူ၍ ဆောင်ရွက်မည့်အစားလူမျိုးခြားတို့ အားဆောင်ရွက်စေကြ၏။
၈ငါ ၏သန့်ရှင်း ရာဌာနကို မ စောင့် ။ ထိုဌာန၌ စောင့် သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထား ကြပြီ။
9 ၉ ``အရေဖျားလှီးမင်္ဂလာမခံသူလူမျိုး ခြားများ၊ ငါ၏စကားကိုမနာခံသူများ၊ ဣသရေလအမျိုးသားတို့နှင့်အတူနေ ထိုင်သူလူမျိုးခြားများပင်ဖြစ်စေကာမူ ငါ၏ဗိမာန်တော်သို့ဝင်ရကြမည်မဟုတ် ကြောင်းငါအရှင်ထာဝရဘုရားမိန့်ဆို ၏'' ဟုမိန့်တော်မူ၏။
၉အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင် နေ၍၊ အရေဖျား လှီးခြင်းကို မခံသောစိတ် နှင့် အရေဖျား လှီးခြင်းကိုမခံသော ကိုယ် ရှိ သောတပါး အမျိုးသားသည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ မ ဝင် ရ။
10 ၁၀ ထာဝရဘုရားကငါ့အားရုပ်တုများကိုကိုး ကွယ်သူဣသရေလအမျိုးသားတို့နှင့်အတူ ငါ့အားစွန့်ပယ်ကြသောလေဝိအနွယ်ဝင် တို့သည်အပြစ်ပေးခြင်းကိုခံရကြမည်။-
၁၀ဣသရေလ အမျိုးသားတို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွှဲ ပြီးလျှင်၊ မိမိ တို့ရုပ်တု များနောက်သို့ လိုက် သွား သောအခါ၊ ငါ့ ထံမှ ထွက်၍လမ်းလွှဲ သော လေဝိ သားတို့ သည်လည်း ကိုယ် အပြစ် ကိုခံရ ကြမည်။
11 ၁၁ သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-
၁၁သို့ရာတွင် ၊ ငါ ၏သန့်ရှင်း ရာဌာနနှင့်ဆိုင်သော အမှု စောင့်ဖြစ်၍၊ ဗိမာန် တော်၌တံခါး တို့ကို စောင့် လျက် ၊ အမှု တော်ကို ဆောင်ရွက်လျက်နေရကြမည်။ မီးရှို့ ရာယဇ် နှင့် လူ များပူဇော်သော ယဇ်ကောင် တို့ကိုသတ် ၍၊ လူများ ကိုယ်စားအမှု တော်ကို ဆောင်ရွက်ရကြမည်။
12 ၁၂ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးသား တို့အားရုပ်တုကိုးကွယ်မှုတွင်ဦးစီးခေါင်း ဆောင်ပြုကာအပြစ်ကူးလွန်စေခဲ့ကြသဖြင့် အပြစ်ဒဏ်ခံရကြမည်ဖြစ်ကြောင်းငါ အရှင်ထာဝရဘုရားသည်ကျိန်ဆို၏။-
၁၂သူတို့သည် ရုပ်တု တို့ရှေ့မှာ လူများအမှု ကို ဆောင်ရွက်သဖြင့် ၊ ဣသရေလ အမျိုး ထိမိ ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်းဖြစ်ဘူးသောကြောင့် ၊ သူ တို့ တဘက် ၌ငါကျိန်ဆို ၍၊ သူတို့သည် ကိုယ် အပြစ် ကို ခံရ ကြမည် ။
13 ၁၃ သူတို့သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ ၏အမှုတော်ကိုမဆောင်ရွက်ရကြ။ သန့်ရှင်း မြင့်မြတ်ရာတစ်စုံတစ်ခုအနားသို့မျှ လည်းမချဉ်းမကပ်ရကြ။ အလွန်သန့်ရှင်း ရာဌာနတော်သို့လည်းမဝင်ရကြ။ ဤ အပြစ်ဒဏ်ကားသူတို့ပြုခဲ့သည့်စက်ဆုပ် ဖွယ်ရာအမှုများအတွက်ဖြစ်၏။-
၁၃ယဇ်ပုရောဟိတ် လုပ်၍ ငါ့ ထံသို့ မ ချဉ်းကပ် ရကြ။ အလွန် သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်း သောအရာတို့ကို မချဉ်းကပ် ရကြ။ ကိုယ် အရှက်ကွဲ ခြင်း၊ ကိုယ်ပြု မိသော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုခံရ ကြမည်။
14 ၁၄ ဗိမာန်တော်တွင်အစေခံများသာလုပ်ဆောင် အပ်သောအမှုခပ်သိမ်းကိုဆောင်ရွက်ရန်သူ တို့အားငါခန့်ထားမည်'' ဟုမိန့်တော်မူ၏။
၁၄အိမ် တော်ကိုစောင့် ၍၊ အိမ်တော်၌ ခပ်သိမ်း သောအမှု တို့ကို ဆောင်ရွက် စေခြင်းငှါ ငါခန့်ထား မည်။
15 ၁၅ အရှင်ထာဝရဘုရားက``သို့ရာတွင်အခြား ဣသရေလအမျိုးသားအပေါင်းတို့ငါ့အား ကျောခိုင်းသွားကြသောအခါဇာဒုတ်၏သား မြေးလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ သည်ဆက်လက်၍ဗိမာန်တော်တွင်ငါ၏အမှု တော်ကိုသစ္စာရှိစွာဆောင်ရွက်ခဲ့ကြ၏။ သို့ ဖြစ်၍သူတို့သည်ယခုငါ၏အမှုတော် ကိုထမ်းဆောင်ရသူများဖြစ်ကြမည်။ ငါ ၏အထံတော်သို့ဝင်၍ယဇ်ကောင်များ၏ ဆီဥနှင့်သွေးကိုပူဇော်ရကြမည်။-
၁၅ဣသရေလ အမျိုးသား တို့သည် ငါ့ ထံမှ ထွက်၍ လမ်းလွဲ သောအခါ ၊ ငါ ၏သန့်ရှင်း ရာဌာနကို စောင့်နေသော လေဝိ အမျိုးဖြစ်သော ဇာဒုတ် သား ၊ ယဇ်ပုရောဟိတ် တို့သည် ငါ့ အမှု ကိုဆောင်ခြင်းငှါ ငါ့ ထံသို့ ချဉ်းကပ် ရကြ၏။ ငါ့ အား ဆီဥ နှင့် အသွေး ကို ပူဇော် ခြင်းငှါ အရှေ့ မှာရပ် ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 ၁၆ သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။-
၁၆ထိုသူ တို့သည် ငါ ၏သန့်ရှင်း ရာဌာနထဲသို့ ဝင် ၍ ငါ့ အမှု ကိုဆောင်ခြင်းငှါ ၊ ငါ့ စားပွဲ အနားသို့ ချဉ်းကပ် ၍ ငါ့ အမှု စောင့်ဖြစ်ရကြမည်။
17 ၁၇ သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။-
၁၇သူတို့သည် အတွင်း တန်တိုင်း တံခါး အတွင်း သို့ ဝင် သောအခါ ၊ ပိတ် အဝတ် ကိုသာ ဝတ် ရကြမည်။ အတွင်း တန်တိုင်း တံခါး အတွင်း၌ အမှု တော်ကိုဆောင်ရွက်စဉ် ၊ သိုးမွေး အဝတ်ကို မ ဝတ် ရကြ။
18 ၁၈ ချွေးမထွက်စေရန်ပိတ်ချောခေါင်းပေါင်းကို ပေါင်း၍ပိတ်ချောဘောင်းဘီကိုဝတ်ဆင်ရ ကြမည်။ ခါးပတ်ကိုမဝတ်ရကြ။-
၁၈ခေါင်း ပေါ်မှာ ပိတ် ဦးထုပ် ကို ဆောင်း ၍ ၊ ခါး ၌ ပိတ် ပေါင်းဘီ ကိုဝတ် ရကြမည်။ ချွေးထွက် စေသော အဝတ်ကို မ ဝတ် ရကြ။
19 ၁၉ လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
၁၉လူ များရှိရာ ပြင် တန်တိုင်း သို့ ထွက်သွား သောအခါ ၊ အမှုတော်ကို ဆောင် စဉ်တွင်ဝတ်သောအဝတ် ကို ချွတ် ၍ ၊ သန့်ရှင်း သောအခန်း တို့၌ ထား ပြီးလျှင် ၊ အခြား သောအဝတ် ကိုဝတ် ရကြမည်။ အရင်အဝတ် ကိုဝတ်လျက် လူ များတို့ကို မ သန့်ရှင်း စေရကြ။
20 ၂၀ ``သူတို့သည်မိမိတို့၏ဦးခေါင်းကိုမရိတ်ရ ကြ။ ဆံပင်ရှည်အောင်လည်းမထားရကြ။ သင့် တော်လျောက်ပတ်သလောက်သာအရှည်ထား ရမည်။-
၂၀မိမိ တို့ဆံပင် ကိုလည်း မ ရိတ် ရ၊ မ ရှည် စေခြင်းငှါဖြတ် ရမည်။
21 ၂၁ ယဇ်ပုရောဟိတ်တို့သည်တံတိုင်းအတွင်း ရှိဝင်းသို့မဝင်မီစပျစ်ရည်ကိုမသောက် ရကြ။-
၂၁ယဇ်ပုရောဟိတ် သည် အတွင်း တန်တိုင်း ထဲသို့ ဝင် သောအခါ စပျစ်ရည် ကိုမ သောက် ရ။
22 ၂၂ အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။
၂၂မုတ်ဆိုးမ နှင့် မစုံဘက်ရ။ လင်ကွာ သောမိန်းမနှင့် မ စုံဘက် ရ။ ဣသရေလ အမျိုး အပျိုကညာ နှင့် သော်၎င်း၊ ယဇ်ပုရောဟိတ် ၏မယား ဖြစ် ဘူးသော မုတ်ဆိုးမ နှင့်သော်၎င်းစုံဘက် ရမည်။
23 ၂၃ ``ယဇ်ပုရောဟိတ်တို့သည်သန့်ရှင်းမြင့်မြတ် သောအရာနှင့်မသန့်ရှင်းမမြင့်မြတ်သော အရာတို့ကွာခြားပုံ၊ ဘာသာရေးအရသန့် စင်သောအရာနှင့်မသန့်စင်သောအရာကွာ ခြားပုံကိုလူတို့အားသင်ကြားပေးရမည်။-
၂၃ငါ ၏လူ တို့သည် သန့်ရှင်း သောအရာ၊ မ သန့်ရှင်းသောအရာတို့ကို၎င်း၊ စင်ကြယ် သောအရာ၊ မ စင်ကြယ်သောအရာတို့ကို၎င်းပိုင်းခြား ၍သိစေခြင်းငှါသွန်သင် ရကြမည်။
24 ၂၄ အမှုအခင်းတစ်စုံတစ်ရာပေါ်ပေါက်လာ သောအခါ သူတို့သည်ငါ၏ပညတ်များ အရစီရင်ဆုံးဖြတ်ရကြမည်။ ဘာသာရေး ပွဲလမ်းသဘင်များကို ငါ၏ဥပဒေစည်း မျဉ်းနှင့်အမိန့်များအရကျင်းပရကြ မည်။ ဥပုသ်နေ့ကိုသန့်ရှင်းမြင့်မြတ်သည့် နေ့အဖြစ်ဖြင့်စောင့်ထိန်းရကြမည်။
၂၄တရားတွေ့ မှုကိုစီရင်လျှင်၊ ငါ ၏ဓမ္မသတ် အတိုင်း စီရင် ရကြမည်။ ငါ ၏ဓမ္မပွဲ တို့ကို ဆောင်ရွက်လျှင်၊ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို၎င်း ၊ ငါ ၏ဥပုသ် နေ့တို့ကို၎င်းစောင့်ရှောက် ရကြမည်။
25 ၂၅ ``ယဇ်ပုရောဟိတ်သည်လူသေအလောင်း ကိုတို့ထိခြင်းအားဖြင့် မိမိကိုယ်ကိုဘာသာ ရေးအရညစ်ညမ်းအောင်မပြုရ။ သို့ရာတွင် သူသည်မိမိ၏မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မရှိသောနှမ၊ အစ်မတို့၏အလောင်း ကိုမူတို့ထိနိုင်လေသည်။-
၂၅အသေကောင် ကိုချဉ်း ၍ ကိုယ်ကိုမ ညစ်ညူး စေရ။ သို့ရာတွင် ၊ ကိုယ်မိ ဘ ၊ သား သမီး ၊ ညီအစ်ကို ၊ လင် မ နေ သောနှမ အတွက် ကိုယ်ကို ညစ်ညူး စေရသော အခွင့်ရှိ၏။
26 ၂၆ ယင်းသို့မိမိကိုယ်ကိုညစ်ညမ်းစေပြီးနောက် သူသည်ခုနစ်ရက်မျှဆိုင်းငံ့လျက်နေရ မည်။-
၂၆သန့်ရှင်း ခြင်းကိုပြုပြီးမှ ခုနစ် ရက် နေ ရမည်။
27 ၂၇ ထိုနောက်ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်း သို့ဝင်၍မိမိ၏သန့်စင်မှုအတွက်ယဇ်ကို ပူဇော်ရမည်။ သို့မှသာလျှင်သူသည်ဗိမာန် တော်တွင်ပြန်၍အမှုတော်ထမ်းဆောင်နိုင် မည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
၂၇သန့်ရှင်း ရာဌာန၌ အမှုတော်ကိုဆောင် ခြင်းငှါ အတွင်း တန်တိုင်း သန့်ရှင်း ရာဌာနထဲသို့ ဝင် သောနေ့ တွင် ၊ အပြစ် ဖြေရာယဇ်ကို ပူဇော် ရမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
28 ၂၈ ``ဣသရေလအမျိုးသားတို့အားငါပေး အပ်သည့်အရာများအနက်ယဇ်ပုရောဟိတ် တို့ခံယူရမည့်ဝေစုမှာယဇ်ပုရောဟိတ်ရာ ထူးပင်ဖြစ်၏။ သူတို့သည်ဣသရေလပြည် တွင်မြေယာပိုင်ဆိုင်ခွင့်မရှိစေရ။ ငါ့ကို သာလျှင်သူတို့လိုအပ်သည်။-
၂၈ထိုအရာသည် ယဇ်ပုရောဟိတ် တို့၏ အမွေ ဥစ္စာ ဖြစ် ရမည်။ ငါ သည်သူ တို့အမွေ ဥစ္စာဖြစ်၏။ ဣသရေလ ပြည်၌ သူ တို့အား အမွေ မြေကို မ ပေး ရ။ ငါ သည်သူ တို့၏ အမွေ မြေဖြစ်၏။
29 ၂၉ ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက်ဖြေရာယဇ် တို့ကိုစားသုံးကြရမည်။ ထိုမှတစ်ပါးလည်း သူတို့သည်ဣသရေလပြည်တွင် ငါ၏အတွက် သီးသန့်ထားသမျှသောအရာမှန်သမျှကို ရရှိကြလိမ့်မည်။-
၂၉ပူဇော် သောမုန့်ညက်နှင့် အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်ကို စား ရကြမည်။ ဣသရေလ အမျိုးသားကျိန်ဆို ၍ ပူဇော်သမျှ တို့ကိုလည်း သိမ်းယူ ရကြမည်။
30 ၃၀ ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-
၃၀အဦး သီးသောအသီးအမျိုးမျိုး နှင့် ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ အလုံးစုံ တို့ကို ယဇ်ပုရောဟိတ် သည် သိမ်းယူ ရမည်။ သူသည်သင့် အိမ် ၌ ကောင်းကြီး မင်္ဂလာကို သက်ရောက် စေခြင်းငှါ ၊ အဦး နယ်သော မုန့်စိမ်း ကို သူ ၌ လှူ ရမည်။
31 ၃၁ ယဇ်ပုရောဟိတ်တို့သည်အလိုအလျောက် ဖြစ်စေ၊ သားရဲကိုက်၍သေသောငှက်သို့မ ဟုတ်တိရစ္ဆာန်၏အသားကိုဖြစ်စေမစား ရကြ'' ဟုမိန့်တော်မူ၏။
၃၁ငှက် ဖြစ်စေ ၊ သား ဖြစ်စေ၊ အလိုလို သေသော အကောင်၊ သားရဲ ကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ် မ စား ရ။