< ယေဇကျေလ 44 >

1 ထို​လူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မြေ​ယာ​၏ အ​ရှေ့​ဘက်​ပိုင်း​၌​ရှိ​သော အ​ပြင်​မုခ်​ပေါက် သို့​ခေါ်​ဆောင်​သွား​၏။ မုခ်​တံ​ခါး​သည်​ပိတ် လျက်​ရှိ​၏။-
And he brought me back by the way of the outer gate of the sanctuary which looked toward the east: and it was locked.
2 ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ဤ​တံ​ခါး​ကို ပိတ်​ထား​ရ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​ဖွင့်​ရ မည်​မ​ဟုတ်။ လူ​သား​မှန်​သ​မျှ​ဤ​တံ​ခါး​ကို အ​သုံး​ပြု​ခွင့်​မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော် ဣ​သ​ရေ​လ​အ​မျို​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ထို​တံ​ခါး​ဖြင့်​ဝင်​တော် မူ​ခဲ့​သော​ကြောင့်​တည်း။-
Then said the Lord unto me, This gate shall remain locked, it shall not be opened, and no man shall enter in by it; because the Lord, the God of Israel, hath entered in by it, therefore shall it remain locked.
3 သို့​ရာ​တွင်​ယ​ခု​နန်း​စံ​လျက်​ရှိ​သည့်​မင်း​သား သည်​ကား ထို​အ​ရပ်​သို့​သွား​၍​ငါ​၏​ရှေ့​တော် တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​စား​ဖွယ်​ခဲ​ဖွယ်​ကို စား​သောက်​နိုင်​ခွင့်​ရှိ​၏။ သူ​သည်​အ​စွန်​ဆုံး​ရှိ အ​ခန်း​ကြီး​ကို​ဖြတ်​၍​ဤ​တံ​ခါး​ဖြင့်​ဝင် ထွက်​သွား​လာ​ရန်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
As for the prince, being the prince, he shall sit in it to eat bread before the Lord: by the way of the porch of that gate shall he enter, and by the way of the same shall he go out.
4 ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက် ကို​ဖြတ်​၍ ဗိ​မာန်​တော်​ရှေ့​သို့​ခေါ်​ဆောင်​သွား ရာ​ငါ​ရှာ​ကြည့်​သော် ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​တွင်​ကိုယ်​တော်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​နှင့်​ပြည့်​လျက်​နေ​သည်​ကို မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ်​သို့​ပျပ်​ဝပ်​လိုက်​၏။-
Then brought he me by the way of the north gate before the house; and I looked, and, behold, the glory of the Lord filled the house of the Lord: and I fell upon my face.
5 ထာ​ဝ​ရ​ဘု​ရား​က​လည်း​ငါ့​အား``အ​ချင်း လူ​သား၊ သင်​မြင်​ရ​ကြား​ရ​သော​အ​ရာ​မှန် သ​မျှ​ကို​ဂ​ရု​ပြု​လော့။ ငါ​သည်​ဗိ​မာန်​တော် နှင့်​ဆိုင်​သော​စည်း​မျဉ်း​ဥ​ပ​ဒေ​များ​ကို​သင့် အား​ပြော​မည်။ အ​ဘယ်​သူ​တို့​သည်​ဗိ​မာန် တော်​သို့​ဝင်​ထွက်​ခွင့်​ရှိ​သည်​ကို​သေ​ချာ စွာ​မှတ်​သား​လော့။''
And the Lord said unto me, Son of man, direct thy mind, and see with thy eyes, and hear with thy ears all that I am speaking with thee concerning all the ordinances of the house of the Lord, and of all its laws; and direct thy mind to the entrance of the house, with every place of egress of the sanctuary.
6 ``ပုန်​ကန်​တတ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား မိ​မိ​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သည်​ဆက်​လက်​သည်း​ခံ​လျက်​နေ​တော့ မည်​မ​ဟုတ်​ကြောင်း​ဆင့်​ဆို​လော့။-
And thou shalt say to the rebellious, to the house of Israel, Thus hath said the Lord Eternal, Ye have done enough with all your abominations, O house of Israel!
7 ဆီ​ဥ​နှင့်​သွေး​ကို​ငါ့​အား​ပူ​ဇော်​ချိန်​၌​သူ တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ လူ​မျိုး​ခြား​များ၊ ငါ​၏​စ​ကား​ကို​နား​မ ထောင်​သူ​များ​အား​ဗိ​မာန်​တော်​ထဲ​သို့​ဝင် ခွင့်​ပြု​လျက်​ငါ​၏​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​၏။ သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော် သည်​မိ​မိ​တို့​၏​စက်​ဆုပ်​ဖွယ်​ရာ​အ​ကျင့် များ​အား​ဖြင့်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကို ချိုး​ဖောက်​ကြ​လေ​ပြီ။-
In your having brought the sons of the stranger, uncircumcised in heart, and uncircumcised in flesh, to be in my sanctuary, to pollute it, even my house, while you were offering my food, the fat and the blood: so that they broke my covenant because of all your abominations.
8 သူ​တို့​သည်​ငါ​၏​ဗိ​မာန်​တော်​တွင်​သန့်​ရှင်း မြင့်​မြတ်​သည့်​ဝတ်​တို့​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက်​မည့်​အ​စား​လူ​မျိုး​ခြား​တို့ အား​ဆောင်​ရွက်​စေ​ကြ​၏။
And [because] ye have not kept the charge of my holy things; but ye have set [those unworthy ones] as keepers of my charge in my sanctuary at your own pleasure.
9 ``အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​လူ​မျိုး ခြား​များ၊ ငါ​၏​စ​ကား​ကို​မ​နာ​ခံ​သူ​များ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ​နေ ထိုင်​သူ​လူ​မျိုး​ခြား​များ​ပင်​ဖြစ်​စေ​ကာ​မူ ငါ​၏​ဗိ​မာန်​တော်​သို့​ဝင်​ရ​ကြ​မည်​မ​ဟုတ် ကြောင်း​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို ၏'' ဟု​မိန့်​တော်​မူ​၏။
Thus hath said the Lord Eternal, No son of the stranger, uncircumcised in heart, or uncircumcised in flesh, shall enter into my sanctuary, of all the sons of the stranger that are in the midst of the children of Israel.
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​ရုပ်​တု​များ​ကို​ကိုး ကွယ်​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ငါ့​အား​စွန့်​ပယ်​ကြ​သော​လေ​ဝိ​အ​နွယ်​ဝင် တို့​သည်​အ​ပြစ်​ပေး​ခြင်း​ကို​ခံ​ရ​ကြ​မည်။-
But as respecteth the Levites that were gone away far from me, when Israel went astray, who went astray away from me, after their idols, they shall surely bear their iniquity;
11 ၁၁ သူ​တို့​သည်​ဗိ​မာန်​တော်​တံ​ခါး​မှူး​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ ဗိ​မာန်​တော်​၏​ဝေ​ယျာ​ဝစ္စ​ကို ဆောင်​ရွက်​သူ​များ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ငါ ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​သည်​မီး​ရှို့​ရာ​ပူ​ဇော်​သကာ​နှင့်​ယဇ်​ပူ​ဇော်​ရန် အ​တွက်​လူ​တို့​ပေး​အပ်​ကြ​သည့်​တိ​ရစ္ဆာန်​များ သတ်​နိုင်​ခွင့်​ရှိ​၏။ ထို​မှ​တစ်​ပါး​လည်း​သူ​တို့ သည်​အ​ကူ​အ​ညီ​ပေး​ရန်​အ​တွက်​ဗိ​မာန် တော်​တွင်​ရှိ​နေ​ရ​ကြ​မည်။-
And they shall be in my sanctuary, servants, appointed to watch at the gates of the house, and to be servants for the house: these are they that shall slay the burnt-offerings and the sacrifices for the people, and they shall stand before them to do the service for them.
12 ၁၂ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အမျိုး​သား တို့​အား​ရုပ်​တု​ကိုး​ကွယ်​မှု​တွင်​ဦး​စီး​ခေါင်း ဆောင်​ပြု​ကာ​အ​ပြစ်​ကူး​လွန်​စေ​ခဲ့​ကြ​သ​ဖြင့် အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည်​ဖြစ်​ကြောင်း​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ကျိန်​ဆို​၏။-
Because that they used to serve them before their idols, and have been unto the house of Israel as a stumbling-block of iniquity; therefore have I lifted up my hand against them, saith the Lord Eternal, and they shall bear their iniquity;
13 ၁၃ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​ဖြင့်​ငါ ၏​အ​မှု​တော်​ကို​မ​ဆောင်​ရွက်​ရ​ကြ။ သန့်​ရှင်း မြင့်​မြတ်​ရာ​တစ်​စုံ​တစ်​ခု​အ​နား​သို့​မျှ လည်း​မ​ချဉ်း​မ​ကပ်​ရ​ကြ။ အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​သို့​လည်း​မ​ဝင်​ရ​ကြ။ ဤ အ​ပြစ်​ဒဏ်​ကား​သူ​တို့​ပြု​ခဲ့​သည့်​စက်​ဆုပ် ဖွယ်​ရာ​အ​မှု​များ​အ​တွက်​ဖြစ်​၏။-
And they shall not come near unto me, to officiate as priests unto me, nor to come near to any of my holy things, to the most holy things; but they shall bear their shame, yea, for their abominations which they have committed.
14 ၁၄ ဗိ​မာန်​တော်​တွင်​အ​စေ​ခံ​များ​သာ​လုပ်​ဆောင် အပ်​သော​အ​မှု​ခပ်​သိမ်း​ကို​ဆောင်​ရွက်​ရန်​သူ တို့​အား​ငါ​ခန့်​ထား​မည်'' ဟု​မိန့်​တော်​မူ​၏။
And I will appoint them to be keepers of the charge of the house, for all the service thereof, and for all that shall be done therein.
15 ၁၅ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ရာ​တွင်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ငါ့​အား ကျော​ခိုင်း​သွား​ကြ​သော​အ​ခါ​ဇာ​ဒုတ်​၏​သား မြေး​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​တို့ သည်​ဆက်​လက်​၍​ဗိ​မာန်​တော်​တွင်​ငါ​၏​အ​မှု တော်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​ခဲ့​ကြ​၏။ သို့ ဖြစ်​၍​သူ​တို့​သည်​ယ​ခု​ငါ​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​ရ​သူ​များ​ဖြစ်​ကြ​မည်။ ငါ ၏​အ​ထံ​တော်​သို့​ဝင်​၍​ယဇ်​ကောင်​များ​၏ ဆီ​ဥ​နှင့်​သွေး​ကို​ပူ​ဇော်​ရ​ကြ​မည်။-
But the priests the Levites, the sons of Zadok, that kept the charge of my sanctuary when the children of Israel went astray from me, —these are they that shall come near unto me to minister unto me, and they shall stand before me to offer unto me the fat and the blood, saith the Lord Eternal:
16 ၁၆ သူ​တို့​သာ​လျှင်​ငါ​၏​ဗိ​မာန်​တော်​သို့​ဝင် ပြီး​လျှင်​ငါ​၏​ယဇ်​ပလ္လင်​တွင်​အ​မှု​တော် ဆောင်​၍ ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး​ကွယ် မှု​ကို​ဦး​ဆောင်​ရ​မည်။-
These are they that shall enter into my sanctuary, and these shall come near to my table, to minister unto me; and they shall keep my charge.
17 ၁၇ သူ​တို့​သည်​မုခ်​ပေါက်​မှ​ဗိ​မာန်​တော်​၏​တံ​တိုင်း အ​တွင်း​သို့ ဝင်​သော​အ​ခါ​ပိတ်​ချော​ထည်​ကို ဝတ်​ဆင်​ရ​ကြ​မည်။ တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း ထဲ​၌​သော်​လည်း​ကောင်း၊ ဗိ​မာန်​တော်​ထဲ​၌ သော်​လည်း​ကောင်း တာ​ဝန်​ထမ်း​ဆောင်​နေ​စဉ် မည်​သည့်​သိုး​မွေး​ထည်​ကို​မျှ​မ​ဝတ်​မ​ဆင် ရ​ကြ။-
And it shall come to pass, that, when they enter in at the gates of the inner court, they shall clothe themselves with linen garments; and there shall no wool come upon them, when they minister in the gates of the inner court, and within the house.
18 ၁၈ ချွေး​မ​ထွက်​စေ​ရန်​ပိတ်​ချော​ခေါင်း​ပေါင်း​ကို ပေါင်း​၍​ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်​ဆင်​ရ ကြ​မည်။ ခါး​ပတ်​ကို​မ​ဝတ်​ရ​ကြ။-
Linen bonnets shall be upon their heads, and linen breeches shall be upon their loins: they shall not gird themselves with any thing that causeth sweat.
19 ၁၉ လူ​များ​ရှိ​ရာ​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မ​ထွက် မီ​သူ​တို့​သည်​မိ​မိ​တို့​တာ​ဝန်​ထမ်း​ဆောင်​စဉ် က​ဝတ်​ဆင်​ထား​သည့်​အ​ဝတ်​များ​ကို​ချွတ်​၍ သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ခန်း​များ​တွင်​ထား ခဲ့​ရ​ကြ​မည်။ လူ​တို့​အား​ဘေး​အန္တ​ရာယ်​မ​ပေး ရန်​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​ဝတ်​အ​ထည်​များ ကို​အခြား​အ​ဝတ်​များ​နှင့်​လဲ​၍​ဝတ်​ရ​ကြ မည်။
And when they go forth into the outer court, into the outer court to the people: then shall they put off their garments wherein they have ministered, and they shall lay them down in the holy chambers; and they shall put on other garments, and they shall not mingle among the people with their garments.
20 ၂၀ ``သူ​တို့​သည်​မိ​မိ​တို့​၏​ဦး​ခေါင်း​ကို​မ​ရိတ်​ရ ကြ။ ဆံ​ပင်​ရှည်​အောင်​လည်း​မ​ထား​ရ​ကြ။ သင့် တော်​လျောက်​ပတ်​သ​လောက်​သာ​အ​ရှည်​ထား ရ​မည်။-
And their heads shall they not shave close, nor suffer their hair to grow long: they shall only crop [the hair of] their heads.
21 ၂၁ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တံ​တိုင်း​အ​တွင်း ရှိ​ဝင်း​သို့​မ​ဝင်​မီ​စ​ပျစ်​ရည်​ကို​မ​သောက် ရ​ကြ။-
And wine shall none of the priests drink when they enter into the inner court.
22 ၂၂ အ​ဘယ်​ယဇ်​ပု​ရော​ဟိတ်​မျှ​ကွာ​ရှင်း​ထား သည့်​အ​မျိုး​သ​မီး​နှင့်​မ​ထိမ်း​မြား​ရ။ ဣ သ​ရေ​လ​အ​ပျို​စင် သို့​မ​ဟုတ်​အ​ခြား​ယဇ် ပု​ရော​ဟိတ်​တစ်​ဦး​၏​မု​ဆိုး​မ​နှင့်​သာ​လျှင် ထိမ်း​မြား​ရ​မည်။ အ​ခြား​မု​ဆိုး​မ​နှင့်​မ ထိမ်း​မြား​ရ။
And a widow, or one that is divorced from her husband shall they not take to themselves as wives; but only virgins of the seed of the house of Israel; but whatever widow it may be, the [common] priests may take.
23 ၂၃ ``ယဇ်​ပု​ရော​ဟိတ်​တို့​သည်​သန့်​ရှင်း​မြင့်​မြတ် သော​အ​ရာ​နှင့်​မ​သန့်​ရှင်း​မ​မြင့်​မြတ်​သော အ​ရာ​တို့​ကွာ​ခြား​ပုံ၊ ဘာ​သာ​ရေး​အ​ရ​သန့် စင်​သော​အ​ရာ​နှင့်​မ​သန့်​စင်​သော​အ​ရာ​ကွာ ခြား​ပုံ​ကို​လူ​တို့​အား​သင်​ကြား​ပေး​ရ​မည်။-
And my people shall they teach the difference between the holy and profane, and that between the unclean and the clean shall they make known unto them.
24 ၂၄ အ​မှု​အ​ခင်း​တစ်​စုံ​တစ်​ရာ​ပေါ်​ပေါက်​လာ သော​အ​ခါ သူ​တို့​သည်​ငါ​၏​ပ​ညတ်​များ အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။ ဘာ​သာ​ရေး ပွဲ​လမ်း​သ​ဘင်​များ​ကို ငါ​၏​ဥ​ပ​ဒေ​စည်း မျဉ်း​နှင့်​အ​မိန့်​များ​အ​ရ​ကျင်း​ပ​ရ​ကြ မည်။ ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့် နေ့​အ​ဖြစ်​ဖြင့်​စောင့်​ထိန်း​ရ​ကြ​မည်။
And in a controversy shall they stand up to judge, according to my ordinances shall they decide it: and my laws and my statutes at all my festivals shall they observe, and my sabbaths shall they sanctify.
25 ၂၅ ``ယဇ်​ပု​ရော​ဟိတ်​သည်​လူ​သေ​အ​လောင်း ကို​တို့​ထိ​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ဘာ​သာ ရေး​အ​ရ​ညစ်​ညမ်း​အောင်​မ​ပြု​ရ။ သို့​ရာ​တွင် သူ​သည်​မိ​မိ​၏​မိဘ၊ သား​သ​မီး၊ ညီ​အစ်​ကို၊ လင်​မ​ရှိ​သော​နှ​မ၊ အစ်​မ​တို့​၏​အ​လောင်း ကို​မူ​တို့​ထိ​နိုင်​လေ​သည်။-
And to a dead person shall they not come to defile themselves; but on father, or on mother, or on son, or on daughter, on brother, or on sister that hath had no husband, may they defile themselves.
26 ၂၆ ယင်း​သို့​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​ပြီး​နောက် သူ​သည်​ခု​နစ်​ရက်​မျှ​ဆိုင်း​ငံ့​လျက်​နေ​ရ မည်။-
And after he is become clean, —they shall reckon unto him seven days, —
27 ၂၇ ထို​နောက်​ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း သို့​ဝင်​၍​မိ​မိ​၏​သန့်​စင်​မှု​အ​တွက်​ယဇ်​ကို ပူ​ဇော်​ရ​မည်။ သို့​မှ​သာ​လျှင်​သူ​သည်​ဗိ​မာန် တော်​တွင်​ပြန်​၍​အ​မှု​တော်​ထမ်း​ဆောင်​နိုင် မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
Then shall he on the day that he cometh into the sanctuary, into the inner court, to minister in the sanctuary, offer his sin-offering, saith the Lord Eternal.
28 ၂၈ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ငါ​ပေး အပ်​သည့်​အ​ရာ​များ​အ​နက်​ယဇ်​ပု​ရော​ဟိတ် တို့​ခံ​ယူ​ရ​မည့်​ဝေ​စု​မှာ​ယဇ်​ပု​ရော​ဟိတ်​ရာ ထူး​ပင်​ဖြစ်​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည် တွင်​မြေ​ယာ​ပိုင်​ဆိုင်​ခွင့်​မ​ရှိ​စေ​ရ။ ငါ့​ကို သာ​လျှင်​သူ​တို့​လို​အပ်​သည်။-
And it shall be unto them as an inheritance, I am their inheritance: and any possession shall you not give them in Israel, I am their possession.
29 ၂၉ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဘော​ဇဉ်​ပူ​ဇော်​သကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ် တို့​ကို​စား​သုံး​ကြ​ရ​မည်။ ထို​မှ​တစ်​ပါး​လည်း သူ​တို့​သည်​ဣ​သ​ရေ​လ​ပြည်​တွင် ငါ​၏​အ​တွက် သီး​သန့်​ထား​သ​မျှ​သော​အ​ရာ​မှန်​သ​မျှ​ကို ရ​ရှိ​ကြ​လိမ့်​မည်။-
The meat-offering, and the sin-offering, and the trespass-offering—these shall they eat; and every devoted thing in Israel shall belong to them.
30 ၃၀ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ကောက်​ဦး​စ​ပါး အ​ကောင်း​ဆုံး​နှင့်​ငါ့​အား​ဆက်​သ​သည့်​အ​ခြား ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့် မည်။ လူ​တို့​သည်​မုန့်​များ​ကို​ဖုတ်​သည့်​အ​ခါ တိုင်း​ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​ဦး​ဆုံး​ဖုတ် သည့်​မုန့်​ကို​ပူ​ဇော်​သကာ​အ​ဖြစ်​ပေး​လှူ​ရ​ကြ မည်။ ထို​အ​ခါ​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​သည် သူ​တို့​၏​အိမ်​များ​အ​ပေါ်​သို့​သက်​ရောက် လိမ့်​မည်။-
And the first of all kinds of first-fruits of all, and every kind of heave-offering of every thing of all your heave-offerings, shall belong to the priests; and the first of your dough shall you give to the priest, to cause a blessing to rest on thy house.
31 ၃၁ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​အ​လို​အ​လျောက် ဖြစ်​စေ၊ သား​ရဲ​ကိုက်​၍​သေ​သော​ငှက်​သို့​မ ဟုတ်​တိ​ရစ္ဆာန်​၏​အသား​ကို​ဖြစ်​စေ​မ​စား ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။
Any thing that hath died of itself, or that is torn, whether it be fowl or beast, shall the priests not eat.

< ယေဇကျေလ 44 >