< ယေဇကျေလ 43 >
1 ၁ ထိုလူသည်ငါ့အားအရှေ့ဘက်သို့မျက် နှာမူနေသည့်မုခ်ပေါက်သို့ခေါ်ဆောင်သွား ၏။-
М-а дус ла поартэ, ла поарта динспре рэсэрит.
2 ၂ ထိုအရပ်တွင်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၏တောက်ပသောဘုန်း အသရေတော်သည်အရှေ့အရပ်မှပေါ် ထွက်လာသည်ကိုငါမြင်ရ၏။ ဘုရားသခင်၏အသံတော်သည်ပင်လယ်မြည် ဟည်းသံနှင့်တူ၏။ ကမ္ဘာမြေကြီးသည် လည်းကိုယ်တော်၏ဘုန်းအသရေတော် နှင့်တောက်ပလျက်ရှိ၏။-
Ши ятэ кэ слава Думнезеулуй луй Исраел веня де ла рэсэрит. Гласул Сэу ера ка урлетул унор апе марь ши пэмынтул стрэлучя де слава Са.
3 ၃ ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
Ведения ачаста семэна ку ачея пе каре о авусесем кынд венисем сэ нимическ четатя ши веденииле ачестя семэнау ку ачея пе каре о авусесем лынгэ рыул Кебар. Ши ам кэзут ку фаца ла пэмынт.
4 ၄ တောက်ပသောဘုန်းအသရေတော်သည် အရှေ့မုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော် ထဲသို့ဝင်တော်မူ၏။
Слава Домнулуй а интрат ын касэ пе поарта динспре рэсэрит.
5 ၅ ထာဝရဘုရား၏ဝိညာဉ်တော်သည်ငါ့အား ချီဆောင်တော်မူပြီးလျှင်တံတိုင်းအတွင်း ဝင်းထဲသို့ယူဆောင်သွားတော်မူ၏။ ဗိမာန်တော် သည်ထာဝရဘုရား၏ဘုန်းအသရေတော် ဖြင့်ပြည့်လျက်နေသည်ကိုထိုအရပ်မှမြင် ရ၏။-
Атунч, Духул м-а рэпит ши м-а дус ын куртя динэунтру. Ши каса ера плинэ де слава Домнулуй!
6 ၆ ကူရိုးနှင့်လူသည်ငါ၏အနီးတွင်ရပ်၍ နေစဉ်ဗိမာန်တော်အထဲမှထာဝရ ဘုရားမိန့်တော်မူသံကိုငါကြားရ၏။-
Ам аузит пе чинева ворбинду-мь дин касэ ши ун ом стэтя лынгэ мине.
7 ၇ ကိုယ်တော်က``အချင်းလူသား၊ ဤအရပ် တွင်ငါ၏ရာဇပလ္လင်ရှိ၏။ ငါ၏ခြေနင်း ရာနေရာဖြစ်၏။ ငါသည်ဤအရပ်တွင် ဣသရေလအမျိုးသားတို့နှင့်အတူ ကျိန်းဝပ်တော်မူ၍သူတို့အားထာဝစဉ် အုပ်စိုးတော်မူမည်။ ဣသရေလအမျိုး သားများဖြစ်စေ၊ သူတို့၏ဘုရင်များ ဖြစ်စေ၊ ဝိညာဉ်ဆိုင်ရာပြည့်တန်ဆာ လုပ်ငန်းဖြင့်လည်းကောင်း၊ ဘုရင်တို့၏ အလောင်းများကိုမြင့်သောအရပ်များ တွင် ကိုးကွယ်ခြင်းအားဖြင့်လည်းကောင်း ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော် ကိုနောက်တစ်ဖန်မရှုတ်ချရ။-
Ел мь-а зис: „Фиул омулуй, ачеста есте локул скаунулуй Меу де домние, локул унде вой пуне талпа пичоарелор Меле; аич вой локуи вешник ын мижлокул копиилор луй Исраел! Каса луй Исраел ши ымпэраций лор ну-Мь вор май пынгэри Нумеле Меу чел сфынт прин курвииле лор ши прин трупуриле моарте але ымпэрацилор лор ла моартя лор
8 ၈ ရှင်ဘုရင်များသည်မိမိတို့၏တံခါးတိုင် များနှင့်တံခါးအောက်ခံဘောင်များကိုငါ ၏ဗိမာန်တော်တံခါးတိုင်များ၊ တံခါး အောက်ခံဘောင်များနှင့်ကပ်လျက်ပြုလုပ် ထားကြ၏။ ဤနည်းအားဖြင့်ငါနှင့်သူ တို့၏ကြားတွင်နံရံသာခြား၍နေ၏။ သူတို့သည်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမှုအပေါင်းကိုပြုကျင့်ကာငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ရှုတ်ချကြ၏။ သို့ဖြစ်၍ငါသည်အမျက် ထွက်၍သူတို့အားဖျက်ဆီးတော်မူ၏။-
ка атунч кынд ышь пуняу прагул лор лынгэ прагул Меу, стылпий лор лынгэ стылпий Мей ши ну ера декыт ун зид ынтре Мине ши ей. Аша ау пынгэрит ей Нумеле Меу чел сфынт ку урычуниле пе каре ле-ау сэвыршит, де ачея й-ам мистуит ын мыния Мя.
9 ၉ ယခုအခါသူတို့သည်ပြည့်တန်ဆာလုပ် ငန်းဖြင့် အခြားဘုရားများအားကိုးကွယ် မှုကိုရပ်စဲ၍ဘုရင်တို့၏အလောင်းများ ကိုဖယ်ရှားရကြမည်။ ယင်းသို့ပြုပါမူ ငါသည်သူတို့ထံတွင်ထာဝစဉ်ကျိန်းဝပ် တော်မူမည်'' ဟုမိန့်တော်မူ၏။
Акум вор депэрта де ла Мине курвииле лор ши трупуриле моарте але ымпэрацилор лор ши вой локуи вешник ын мижлокул лор.
10 ၁၀ ထိုနောက်ထာဝရဘုရားကဆက်လက်၍ ``အချင်းလူသား၊ ဣသရေလအမျိုး သားတို့သည်မိမိတို့ပြုသောမကောင်း မှုများအတွက်ရှက်ကြောက်ခြင်းငှာ ဗိမာန်တော်ပုံစံကိုသူတို့အားဖော်ပြ၍ လေ့လာစေလော့။-
Ту ынсэ, фиул омулуй, аратэ Темплул ачеста касей луй Исраел; ей сэ-й мэсоаре планул ши сэ рошяскэ де нелеӂюириле лор.
11 ၁၁ အကယ်၍သူတို့သည်မိမိတို့အကျင့်ဆိုး များအတွက်အကယ်ပင်ရှက်ကြောက်လာ ကြပါမူဗိမာန်တော်ပုံသဏ္ဌာန်၊ အဝင် အထွက်အပေါက်များ၊ အစီအစဉ်အလုံး စုံ၊ ဗိမာန်တော်၏ဥပဒေများနှင့်စည်းမျဉ်း သတ်မှတ်ချက်အပေါင်းကိုရှင်းပြလော့။ သူတို့ပြင်နိုင်ရန်နှင့်လိုက်နာနိုင်ရန်ယင်း တို့ကိုရေးသားလော့။-
Дакэ вор роши де тоатэ пуртаря лор, аратэ-ле кипул касей ачестея, ынтокмиря ей, ешириле ши интрэриле ей, тоате плануриле ши тоате леӂиле ей; зугрэвеште-ле-о суб окь, ка сэ пэзяскэ тоате плануриле ей, тоате порунчиле ей ши тоате орындуириле ей ши сэ факэ ынтокмай дупэ еле.
12 ၁၂ ဗိမာန်တော်ဆိုင်ရာဥပဒေသကားဗိမာန် တော်တည်ဆောက်ထားရာတောင်ထိပ်တစ်ခု လုံးသည်သန့်ရှင်းမြင့်မြတ်၏ဟူ၍ဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
Ачаста есте леӂя привитоаре ла касэ. Пе вырфул мунтелуй, тот локул пе каре-л ва купринде еа есте прясфынт. Ятэ, ачаста есте леӂя асупра касей.
13 ၁၃ ဗိမာန်တော်ကိုတိုင်းသည့်စံကိုပင်အသုံးပြု ၍တိုင်းထွာကြည့်ရာယဇ်ပလ္လင်၏အတိုင်းအ တာများမှာဤသို့တည်း။ ယဇ်ပလ္လင်၏အောက် ခြေဖိနပ်ပတ်လည်၌အနက်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောရေစီးမြောင်း ရှိ၏။ ထိုမြောင်း၏အပြင်နှုတ်ခမ်းသည်ဆယ် လက်မထူ၏။-
Ятэ мэсуриле алтарулуй ын коць; фиекаре кот ера ку о палмэ май лунг декыт котул обишнуит. Темелия ера ыналтэ де ун кот ши латэ де ун кот, ши первазул димпрежур авя о лэциме де ун лат де мынэ; ачаста ера проптяуа алтарулуй.
14 ၁၄ ယဇ်ပလ္လင်၏အနိမ့်ဆုံးအဆင့်သည်လေးပေ မြင့်၏။ နောက်တစ်ဆင့်မှာပထမဆင့်၏အနား လေးဘက်စလုံးမှလက်မနှစ်ဆယ်ခွာ၍ထား ပြီးလျှင်အမြင့်ခုနစ်ပေရှိလေသည်။ နောက် တစ်ဆင့်သည်လည်းထိုနည်းတူဒုတိယ အဆင့်အနားလေးဘက်စလုံးမှလက်မ နှစ်ဆယ်ခွာ၍ထားလေ၏။-
Де ла темелия де пе пэмынт пынэ ла первазул де жос ерау дой коць ши о лэциме де ун кот; ши де ла первазул чел мик пынэ ла чел маре, ерау патру коць ши ун кот лэциме.
15 ၁၅ ယဇ်ကောင်များကိုမီးရှို့ရာဖြစ်သည့်ဤ ထိပ်ဆုံးအဆင့်သည်လည်းခုနစ်ပေမြင့် လေသည်။ ယင်း၏ထောင့်လေးထောင့်တို့သည် ယဇ်ပလ္လင်ပေါ်တွင်အစွန်းများထွက်နေ၏။-
Алтарул авя о ватрэ де патру коць ши дин ватра алтарулуй се ынэлцау патру коарне.
16 ၁၆ ယဇ်ပလ္လင်၏ထိပ်သည်စတုရန်းပုံသဏ္ဌာန် ဖြစ်၍အလျားအနံပေနှစ်ဆယ်စီရှိ၏။-
Ватра алтарулуй авя о лунӂиме де дойспрезече коць, о лэциме де дойспрезече коць ши ку челе патру латурь але луй фэчя ун пэтрат.
17 ၁၇ အလယ်ဆင့်သည်လည်းစတုရန်းပုံသဏ္ဌာန် ပင်ဖြစ်၍အလျားအနံနှစ်ဆယ့်လေးပေစီ ရှိ၏။ ယင်းအဆင့်ပတ်လည်အနားတွင်အနက် ဆယ်ပေရှိသောဘောင်ရှိ၏။ (ရေစီးမြောင်းသည် လက်မနှစ်ဆယ်ကျယ်သတည်း။) ယဇ်ပလ္လင်သို့ တက်ရန်လှေကားမှာအရှေ့ဘက်၌ရှိ၏။
Первазул авя пайспрезече коць лунӂиме пе пайспрезече коць лэциме, ын челе патру латурь але луй; марӂиня де сус ера де о жумэтате де кот; темелия ера латэ де ун кот де жур ымпрежур ши трептеле ерау ындрептате спре рэсэрит.”
18 ၁၈ အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ငါပြောသည်ကိုနားထောင်လော့။ ယဇ် ပလ္လင်ကိုတည်ဆောက်ပြီးသောအခါသင်သည် ယဇ်ကောင်များကိုမီးရှို့ပူဇော်ခြင်း၊ ယဇ်ကောင် များ၏သွေးဖြင့်ယဇ်ပလ္လင်ကိုပက်ဖျန်းခြင်း ဖြင့်ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။-
Ел мь-а зис: „Фиул омулуй, аша ворбеште Домнул Думнезеу: ‘Ятэ леӂиле ку привире ла алтар пентру зиуа кынд ыл вор фаче ка сэ адукэ пе ел ардерь-де-тот ши сэ стропяскэ сынӂеле.
19 ၁၉ ငါ၏ရှေ့တော်သို့ဝင်၍အမှုတော်ဆောင်သူ များမှာဇာဒုတ်၏သားမြေး၊ လေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များဖြစ်ရမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ သင်သည်အပြစ်ဖြေရာယဇ် ပူဇော်ရန်အတွက်နွားထီးပျိုတစ်ကောင် ကိုသူတို့အားပေးရမည်။-
Сэ дай преоцилор, левицилор каре сунт дин сэмынца луй Цадок ши каре се апропие де Мине ка сэ-Мь служяскэ’, зиче Домнул Думнезеу, ‘ун вицел пентру жертфа де испэшире.
20 ၂၀ သင်သည်ထိုနွား၏သွေးအနည်းငယ်ကိုယူ ၍ယဇ်ပလ္လင်ထိပ်ထောင့်ချွန်များ၊ အလယ်ဆင့် ထောင့်များနှင့်ယဇ်ပလ္လင်ပတ်လည်အနားတို့ အပေါ်မှာတင်ရမည်။ ဤနည်းအားဖြင့်သင် သည်ယဇ်ပလ္လင်ကိုသန့်စင်စေ၍ဆက်ကပ် ရမည်။-
Сэ ей дин сынӂеле луй ши сэ унӂь челе патру коарне але алтарулуй, челе патру колцурь але первазулуй ши марӂиня каре-л ынконжоарэ; сэ курэцешть астфел алтарул ши сэ фачь испэшире пентру ел.
21 ၂၁ အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်သည့် နွားကိုယူ၍ဗိမာန်တော်အပြင်ဘက်သတ် မှတ်ထားသည့်အရပ်တွင်မီးရှို့ရမည်။-
Сэ ей вицелул пентру испэшире ши сэ-л ардэ ынтр-ун лок ануме лынгэ касэ, афарэ дин Сфынтул Локаш.
22 ၂၂ နောက်တစ်နေ့၌အပြစ်အနာအဆာကင်း သည့်ဆိတ်ထီးတစ်ကောင်ကိုယူ၍အပြစ် ဖြေရာယဇ်အဖြစ်ဖြင့်ပူဇော်ရမည်။-
Ын зиуа а доуа, сэ адучь ка жертфэ де испэшире ун цап фэрэ кусур, ка сэ курэцяскэ алтарул кум л-ау курэцит ку вицелул.
23 ၂၃ ဤအမှုကိုပြုပြီးသောအခါအပြစ် အနာအဆာကင်းသောနွားပျိုတစ်ကောင် နှင့်သိုးထီးပျိုတစ်ကောင်ကိုယူ၍၊-
Дупэ че вей испрэви де фэкут испэширя, сэ адучь ун вицел фэрэ кусур ши ун бербек дин турмэ фэрэ кусур.
24 ၂၄ ထာဝရဘုရားထံသို့ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်တို့သည်ထိုယဇ်ကောင်များကို ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် ရန်ဆားပက်၍မီးရှို့ကြလိမ့်မည်။-
Сэ-й адучь ынаинтя Домнулуй; преоций сэ-й пресаре ку саре ши сэ-й адукэ Домнулуй ка ардере-де-тот.
25 ၂၅ သင်သည်ခုနစ်ရက်တိုင်တိုင်နေ့စဉ်နေ့တိုင်း ဆိတ်ထီးတစ်ကောင်၊ နွားထီးတစ်ကောင်နှင့်သိုး ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ်အဖြစ် ဖြင့်ပူဇော်ရမည်။ ထိုသတ္တဝါအားလုံးတွင် အပြစ်အနာအဆာမရှိစေရ။-
Тимп де шапте зиле, сэ жертфешть ын фиекаре зи ун цап ка жертфэ де испэшире; сэ жертфяскэ ши ун вицел ши ун бербек дин турмэ, амындой фэрэ кусур.
26 ၂၆ ယဇ်ပုရောဟိတ်တို့သည်ခုနစ်ရက်တိုင်တိုင် ယဇ်ပလ္လင်ကိုသန့်စင်စေပြီးနောက်အသုံး ပြုနိုင်ရန်အသင့်ထားရှိရကြမည်။-
Тимп де шапте зиле, вор фаче испэширя ши курэциря алтарулуй ши-л вор сфинци астфел.
27 ၂၇ သီတင်းတစ်ပတ်ကုန်ဆုံးသွားသောအခါ ယဇ်ပုရောဟိတ်တို့သည် လူတို့အတွက်မီးရှို့ ပူဇော်ရာယဇ်များ၊ မိတ်သဟာယယဇ်များ ကိုယဇ်ပလ္လင်ပေါ်တွင်စတင်ပူဇော်ရကြ မည်။ ထိုအခါငါသည်သင်တို့အပေါင်းကို နှစ်သက်တော်မူလိမ့်မည်။ ဤကားငါအရှင် ထာဝရဘုရားမြွက်ဟတော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Дупэ че се вор ымплини ачесте зиле, де ла зиуа а опта ынаинте, преоций сэ адукэ пе алтар ардериле-де-тот ши жертфеле воастре де мулцумире. Ши вэ вой фи биневоитор’, зиче Домнул Думнезеу.”