< ယေဇကျေလ 43 >

1 ထို​လူ​သည်​ငါ့​အား​အ​ရှေ့​ဘက်​သို့​မျက် နှာ​မူ​နေ​သည့်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား ၏။-
Afterward he brought me to the gate, even the gate that looketh toward the east.
2 ထို​အ​ရပ်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ ၏​ဘု​ရား​သ​ခင်​၏​တောက်​ပ​သော​ဘုန်း အ​သ​ရေ​တော်​သည်​အ​ရှေ့​အ​ရပ်​မှ​ပေါ် ထွက်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ ဘု​ရား​သ​ခင်​၏​အ​သံ​တော်​သည်​ပင်​လယ်​မြည် ဟည်း​သံ​နှင့်​တူ​၏။ ကမ္ဘာ​မြေ​ကြီး​သည် လည်း​ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​တောက်​ပ​လျက်​ရှိ​၏။-
And, behold, the glory of the God of Israel came from the way of the east: and his voice was like the sound of many waters; and the earth shined with his glory.
3 ဤ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ဖျက်​ဆီး​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား ကြွ​လာ​တော်​မူ​ချိန်​၌​ငါ​မြင်​ခဲ့​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့်​ခေ​ဗာ​မြစ်​အ​နီး​၌ ငါ​မြင်​ခဲ့​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​နှင့် တူ​၏။ သို့​ဖြစ်​၍​ငါ​သည်​မြေ​ပေါ်​သို့​ဝမ်း လျား​မှောက်​လှဲ​ချ​ပျပ်​ဝပ်​၏။-
And it was according to the appearance of the vision which I saw, even according to the vision that I saw when I came to destroy the city; and the visions were like the vision that I saw by the river Chebar; and I fell upon my face.
4 တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော်​သည် အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော် ထဲ​သို့​ဝင်​တော်​မူ​၏။
And the glory of Jehovah came into the house by the way of the gate whose prospect is toward the east.
5 ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ဆောင်​တော်​မူ​ပြီး​လျှင်​တံ​တိုင်း​အ​တွင်း ဝင်း​ထဲ​သို့​ယူ​ဆောင်​သွား​တော်​မူ​၏။ ဗိ​မာန်​တော် သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ဖြင့်​ပြည့်​လျက်​နေ​သည်​ကို​ထို​အ​ရပ်​မှ​မြင် ရ​၏။-
And the Spirit took me up, and brought me into the inner court; and, behold, the glory of Jehovah filled the house.
6 ကူ​ရိုး​နှင့်​လူ​သည်​ငါ​၏​အ​နီး​တွင်​ရပ်​၍ နေ​စဉ်​ဗိ​မာန်​တော်​အ​ထဲ​မှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သံ​ကို​ငါ​ကြား​ရ​၏။-
And I heard one speaking unto me out of the house; and a man stood by me.
7 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​အ​ရပ် တွင်​ငါ​၏​ရာ​ဇ​ပလ္လင်​ရှိ​၏။ ငါ​၏​ခြေ​နင်း ရာ​နေ​ရာ​ဖြစ်​၏။ ငါ​သည်​ဤ​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​အ​တူ ကျိန်း​ဝပ်​တော်​မူ​၍​သူ​တို့​အား​ထာ​ဝ​စဉ် အုပ်​စိုး​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​များ​ဖြစ်​စေ၊ သူ​တို့​၏​ဘု​ရင်​များ ဖြစ်​စေ၊ ဝိ​ညာဉ်​ဆိုင်​ရာ​ပြည့်​တန်​ဆာ လုပ်​ငန်း​ဖြင့်​လည်း​ကောင်း၊ ဘု​ရင်​တို့​၏ အ​လောင်း​များ​ကို​မြင့်​သော​အ​ရပ်​များ တွင် ကိုး​ကွယ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော် ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-
And he said unto me, Son of man, [this is] the place of my throne, and the place of the soles of my feet, where I will dwell in the midst of the children of Israel for ever. And the house of Israel shall no more defile my holy name, neither they, nor their kings, by their whoredom, and by the dead bodies of their kings [in] their high places;
8 ရှင်​ဘု​ရင်​များ​သည်​မိ​မိ​တို့​၏​တံ​ခါး​တိုင် များ​နှင့်​တံ​ခါး​အောက်​ခံ​ဘောင်​များ​ကို​ငါ ၏​ဗိ​မာန်​တော်​တံ​ခါး​တိုင်​များ၊ တံ​ခါး အောက်​ခံ​ဘောင်​များ​နှင့်​ကပ်​လျက်​ပြု​လုပ် ထား​ကြ​၏။ ဤ​နည်း​အား​ဖြင့်​ငါ​နှင့်​သူ တို့​၏​ကြား​တွင်​နံ​ရံ​သာ​ခြား​၍​နေ​၏။ သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သော အ​မှု​အ​ပေါင်း​ကို​ပြု​ကျင့်​ကာ​ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ရှုတ်​ချ​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​မျက် ထွက်​၍​သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​၏။-
in their setting of their threshold by my threshold, and their door-post beside my door-post, and there was [but] the wall between me and them; and they have defiled my holy name by their abominations which they have committed: wherefore I have consumed them in mine anger.
9 ယ​ခု​အ​ခါ​သူ​တို့​သည်​ပြည့်​တန်​ဆာ​လုပ် ငန်း​ဖြင့် အ​ခြား​ဘု​ရား​များ​အား​ကိုး​ကွယ် မှု​ကို​ရပ်​စဲ​၍​ဘု​ရင်​တို့​၏​အ​လောင်း​များ ကို​ဖယ်​ရှား​ရ​ကြ​မည်။ ယင်း​သို့​ပြု​ပါ​မူ ငါ​သည်​သူ​တို့​ထံ​တွင်​ထာ​ဝ​စဉ်​ကျိန်း​ဝပ် တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
Now let them put away their whoredom, and the dead bodies of their kings, far from me; and I will dwell in the midst of them for ever.
10 ၁၀ ထို​နောက်​ထာ​ဝရ​ဘု​ရား​က​ဆက်​လက်​၍ ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​မိ​မိ​တို့​ပြု​သော​မ​ကောင်း မှု​များ​အ​တွက်​ရှက်​ကြောက်​ခြင်း​ငှာ ဗိ​မာန်​တော်​ပုံ​စံ​ကို​သူ​တို့​အား​ဖော်​ပြ​၍ လေ့​လာ​စေ​လော့။-
Thou, son of man, show the house to the house of Israel, that they may be ashamed of their iniquities; and let them measure the pattern.
11 ၁၁ အ​ကယ်​၍​သူ​တို့​သည်​မိ​မိ​တို့​အ​ကျင့်​ဆိုး များ​အ​တွက်​အ​ကယ်​ပင်​ရှက်​ကြောက်​လာ ကြ​ပါ​မူ​ဗိ​မာန်​တော်​ပုံ​သဏ္ဌာန်၊ အ​ဝင် အ​ထွက်​အ​ပေါက်​များ၊ အ​စီ​အ​စဉ်​အ​လုံး စုံ၊ ဗိ​မာန်​တော်​၏​ဥ​ပ​ဒေ​များ​နှင့်​စည်း​မျဉ်း သတ်​မှတ်​ချက်​အ​ပေါင်း​ကို​ရှင်း​ပြ​လော့။ သူ​တို့​ပြင်​နိုင်​ရန်​နှင့်​လိုက်​နာ​နိုင်​ရန်​ယင်း တို့​ကို​ရေး​သား​လော့။-
And if they be ashamed of all that they have done, make known unto them the form of the house, and the fashion thereof, and the egresses thereof, and the entrances thereof, and all the forms thereof, and all the ordinances thereof, and all the forms thereof, and all the laws thereof; and write it in their sight; that they may keep the whole form thereof, and all the ordinances thereof, and do them.
12 ၁၂ ဗိ​မာန်​တော်​ဆိုင်​ရာ​ဥ​ပ​ဒေ​သ​ကား​ဗိ​မာန် တော်​တည်​ဆောက်​ထား​ရာ​တောင်​ထိပ်​တစ်​ခု လုံး​သည်​သန့်​ရှင်း​မြင့်​မြတ်​၏​ဟူ​၍​ဖြစ် သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
This is the law of the house: upon the top of the mountain the whole limit thereof round about shall be most holy. Behold, this is the law of the house.
13 ၁၃ ဗိ​မာန်​တော်​ကို​တိုင်း​သည့်​စံ​ကို​ပင်​အ​သုံး​ပြု ၍​တိုင်း​ထွာ​ကြည့်​ရာ​ယဇ်​ပလ္လင်​၏​အ​တိုင်း​အ တာ​များ​မှာ​ဤ​သို့​တည်း။ ယဇ်​ပလ္လင်​၏​အောက် ခြေ​ဖိနပ်​ပတ်​လည်​၌​အ​နက်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​ရေ​စီး​မြောင်း ရှိ​၏။ ထို​မြောင်း​၏​အ​ပြင်​နှုတ်​ခမ်း​သည်​ဆယ် လက်​မ​ထူ​၏။-
And these are the measures of the altar by cubits (the cubit is a cubit and a handbreadth): the bottom shall be a cubit, and the breadth a cubit, and the border thereof by the edge thereof round about a span; and this shall be the base of the altar.
14 ၁၄ ယဇ်​ပလ္လင်​၏​အ​နိမ့်​ဆုံး​အ​ဆင့်​သည်​လေး​ပေ မြင့်​၏။ နောက်​တစ်​ဆင့်​မှာ​ပ​ထ​မ​ဆင့်​၏​အ​နား လေး​ဘက်​စ​လုံး​မှ​လက်​မ​နှစ်​ဆယ်​ခွာ​၍​ထား ပြီး​လျှင်​အမြင့်​ခု​နစ်​ပေ​ရှိ​လေ​သည်။ နောက် တစ်​ဆင့်​သည်​လည်း​ထို​နည်း​တူ​ဒု​တိ​ယ အ​ဆင့်​အ​နား​လေး​ဘက်​စ​လုံး​မှ​လက်​မ နှစ်​ဆယ်​ခွာ​၍​ထား​လေ​၏။-
And from the bottom upon the ground to the lower ledge shall be two cubits, and the breadth one cubit; and from the lesser ledge to the greater ledge shall be four cubits, and the breadth a cubit.
15 ၁၅ ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ဖြစ်​သည့်​ဤ ထိပ်​ဆုံး​အ​ဆင့်​သည်​လည်း​ခု​နစ်​ပေ​မြင့် လေ​သည်။ ယင်း​၏​ထောင့်​လေး​ထောင့်​တို့​သည် ယဇ်​ပလ္လင်​ပေါ်​တွင်​အ​စွန်း​များ​ထွက်​နေ​၏။-
And the upper altar shall be four cubits; and from the altar hearth and upward there shall be four horns.
16 ၁၆ ယဇ်​ပလ္လင်​၏​ထိပ်​သည်​စ​တု​ရန်း​ပုံ​သဏ္ဌာန် ဖြစ်​၍​အ​လျား​အ​နံ​ပေ​နှစ်​ဆယ်​စီ​ရှိ​၏။-
And the altar hearth shall be twelve [cubits] long by twelve broad, square in the four sides thereof.
17 ၁၇ အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။
And the ledge shall be fourteen [cubits] long by fourteen broad in the four sides thereof; and the border about it shall be half a cubit; and the bottom thereof shall be a cubit round about; and the steps thereof shall look toward the east.
18 ၁၈ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ငါ​ပြော​သည်​ကို​နား​ထောင်​လော့။ ယဇ် ပလ္လင်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ​သင်​သည် ယဇ်​ကောင်​များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း၊ ယဇ်​ကောင် များ​၏​သွေး​ဖြင့်​ယဇ်​ပလ္လင်​ကို​ပက်​ဖျန်း​ခြင်း ဖြင့်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ရ​မည်။-
And he said unto me, Son of man, thus saith the Lord Jehovah: These are the ordinances of the altar in the day when they shall make it, to offer burnt-offerings thereon, and to sprinkle blood thereon.
19 ၁၉ ငါ​၏​ရှေ့​တော်​သို့​ဝင်​၍​အ​မှု​တော်​ဆောင်​သူ များ​မှာ​ဇာ​ဒုတ်​၏​သား​မြေး၊ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​အ​တွက်​နွား​ထီး​ပျို​တစ်​ကောင် ကို​သူ​တို့​အား​ပေး​ရ​မည်။-
Thou shalt give to the priests the Levites that are of the seed of Zadok, who are near unto me, to minister unto me, saith the Lord Jehovah, a young bullock for a sin-offering.
20 ၂၀ သင်​သည်​ထို​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ ၍​ယဇ်​ပလ္လင်​ထိပ်​ထောင့်​ချွန်​များ၊ အ​လယ်​ဆင့် ထောင့်​များ​နှင့်​ယဇ်​ပလ္လင်​ပတ်​လည်​အ​နား​တို့ အ​ပေါ်​မှာ​တင်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင် သည်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​၍​ဆက်​ကပ် ရ​မည်။-
And thou shalt take of the blood thereof, and put it on the four horns of it, and on the four corners of the ledge, and upon the border round about: thus shalt thou cleanse it and make atonement for it.
21 ၂၁ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​သည့် နွား​ကို​ယူ​၍​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သတ် မှတ်​ထား​သည့်​အ​ရပ်​တွင်​မီး​ရှို့​ရ​မည်။-
Thou shalt also take the bullock of the sin-offering, and it shall be burnt in the appointed place of the house, without the sanctuary.
22 ၂၂ နောက်​တစ်​နေ့​၌​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း သည့်​ဆိတ်​ထီး​တစ်​ကောင်​ကို​ယူ​၍​အပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​ရ​မည်။-
And on the second day thou shalt offer a he-goat without blemish for a sin-offering; and they shall cleanse the altar, as they did cleanse it with the bullock.
23 ၂၃ ဤ​အ​မှု​ကို​ပြု​ပြီး​သော​အ​ခါ​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​နွား​ပျို​တစ်​ကောင် နှင့်​သိုး​ထီး​ပျို​တစ်​ကောင်​ကို​ယူ​၍၊-
When thou hast made an end of cleansing it, thou shalt offer a young bullock without blemish, and a ram out of the flock without blemish.
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​တို့​သည်​ထို​ယဇ်​ကောင်​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် ရန်​ဆား​ပက်​၍​မီး​ရှို့​ကြ​လိမ့်​မည်။-
And thou shalt bring them near before Jehovah, and the priests shall cast salt upon them, and they shall offer them up for a burnt-offering unto Jehovah.
25 ၂၅ သင်​သည်​ခု​နစ်​ရက်​တိုင်​တိုင်​နေ့​စဉ်​နေ့​တိုင်း ဆိတ်​ထီး​တစ်​ကောင်၊ နွား​ထီး​တစ်​ကောင်​နှင့်​သိုး ထီး​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ် ဖြင့်​ပူ​ဇော်​ရ​မည်။ ထို​သတ္တ​ဝါ​အား​လုံး​တွင် အ​ပြစ်​အ​နာ​အ​ဆာ​မ​ရှိ​စေ​ရ။-
Seven days shalt thou prepare every day a goat for a sin-offering: they shall also prepare a young bullock, and a ram out of the flock, without blemish.
26 ၂၆ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ခု​နစ်​ရက်​တိုင်​တိုင် ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ပြီး​နောက်​အ​သုံး ပြု​နိုင်​ရန်​အ​သင့်​ထား​ရှိ​ရ​ကြ​မည်။-
Seven days shall they make atonement for the altar and purify it; so shall they consecrate it.
27 ၂၇ သီ​တင်း​တစ်​ပတ်​ကုန်​ဆုံး​သွား​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် လူ​တို့​အ​တွက်​မီး​ရှို့ ပူ​ဇော်​ရာ​ယဇ်​များ၊ မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​စ​တင်​ပူ​ဇော်​ရ​ကြ မည်။ ထို​အ​ခါ​ငါ​သည်​သင်​တို့​အ​ပေါင်း​ကို နှစ်​သက်​တော်​မူ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
And when they have accomplished the days, it shall be that upon the eighth day, and forward, the priests shall make your burnt-offerings upon the altar, and your peace-offerings; and I will accept you, saith the Lord Jehovah.

< ယေဇကျေလ 43 >