< ယေဇကျေလ 42 >
1 ၁ ထိုလူသည်ငါ့အားတံတိုင်းအပြင်ဝင်း အတွင်းသို့ခေါ်ဆောင်ကာဗိမာန်တော်မြောက် ဘက်၌ရှိသောအဆောက်အအုံသို့ခေါ် ဆောင်သွား၏။ ထိုအဆောက်အအုံသည် အလျားတစ်ရာခုနစ်ဆယ်ပေ၊ အနံရှစ် ဆယ့်ငါးပေရှိ၍ဗိမာန်တော်အနောက် ဘက်၌ရှိသည့်အဆောက်အအုံနှင့် မဝေးချေ။-
Y sacóme al patio de afuera hacia el norte, y trájome a la cámara que estaba delante del espacio que quedaba delante del edificio de hacia el norte.
Por delante de la puerta del norte la longitud era de cien codos, y la anchura de cincuenta codos,
3 ၃ ယင်းသည်တစ်ဖက်ဗိမာန်တော်နှင့်ယှဉ်၍သုံး ဆယ့်လေးပေကျယ်သောမြေကွက်လပ်ကို လည်းကောင်း၊ တံတိုင်းအပြင်ဝင်း၏နောက် ဘက်မှကျောက်သမံတလင်းခင်းလမ်းကို လည်းကောင်းမျက်နှာမူ၍နေ၏။ ထိုအဆောက် အအုံကိုအဆင့်ဆင့်မြင့်တက်လာသော မြေပြင်သုံးဆင့်အပေါ်တွင်တည်ဆောက် ထားလေသည်။-
Contra los veinte codos que estaban en el patio de adentro, y contra el solada que estaba en el patio de afuera, donde estaban las cámaras, las unas en frente de las otras, de tres en tres.
4 ၄ မြောက်ဘက်၌ယင်းကိုယှဉ်လျက်နေသည့် လမ်းတစ်သွယ်ရှိ၏။ ထိုလမ်းသည်အလျား ပေတစ်ရာခုနစ်ဆယ်၊ အနံတစ်ဆယ့်ခုနစ် ပေရှိ၏။ ထိုမြောက်ဘက်၌ပင်လျှင်ထို အဆောက်အအုံသို့ဝင်ရန်အပေါက်များ ရှိလေသည်။-
Y delante de las cámaras el paseadero de diez codos de anchura, a la parte adentro, hacia el un codo; y sus puertas hacia el norte.
5 ၅ အမြင့်ပိုင်းတွင်ရှိသည့်အခန်းများသည် အလယ်ပိုင်းနှင့်အနိမ့်ပိုင်းတွင်ရှိသည့် အခန်းများထက်ပို၍ကျဉ်း၏။ အဘယ် ကြောင့်ဆိုသော်ထိုအခန်းတို့ကိုနောက်သို့ ဆုတ်၍ဆောက်လုပ်ထားသောကြောင့်ဖြစ်၏။-
Y las cámaras más altas eran más estrechas; porque las cámaras más altas quitaban de las otras, de las bajas y de las de en medio del edificio.
6 ၆ မြေပြင်သုံးဆင့်စလုံး၌ရှိသောအခန်း တို့သည်မြေပြန့်ကုန်းမြင့်များပေါ်တွင်တည် ဆောက်ထားသဖြင့်ယင်းတို့သည်တံတိုင်း အပြင်ဝင်းအတွင်းမှအခြားအဆောက် အအုံများမှာကဲ့သို့ကျောက်တိုင်များ မရှိချေ။-
Porque eran de tres en tres; y no tenían columnas como las columnas de los patios: por tanto eran más estrechas que las de abajo, y las del medio desde la tierra.
7 ၇ အနိမ့်ပိုင်းတွင်ရှိသည့်အဆောက်အအုံ ၏နံရံသည်အလျားတစ်ဝက်မှာရှစ်ဆယ့် ငါးပေဖြစ်၏။ ကျန်သောရှစ်ဆယ့်လေးပေ တွင်အခန်းများရှိ၏။ ဗိမာန်တော်နှင့်ကပ် လျက်ရှိသောဘက်တွင် ပေတစ်ရာ့ခုနစ်ဆယ် ရှိသည်။ အဆင့်ထိပ်ဆုံးမြေပြင်တွင်အဆောက် အအုံတစ်လျှောက်လုံး၌အခန်းများရှိ၏။-
Y el muro que estaba afuera delante de las cámaras, hacia el patio afuera delante de las cámaras, era de longitud de cincuenta codos.
Porque la longitud de las cámaras del patio de afuera era de cincuenta codos; y delante de la delantera del templo había cien codos.
9 ၉ ဤအခန်းများအောက်အဆောက်အအုံ၏ အရှေ့စွန်းပိုင်းတံတိုင်းအပြင်ဝင်းအစ ပြုသည့်နေရာ၌တံတိုင်းအပြင်ဝင်းသို့ ထွက်ပေါက်ရှိ၏။ ဗိမာန်တော်တောင်ဘက်အပြင်တံတိုင်းတစ် လျှောက် ဗိမာန်တော်အပြင်ဝင်းနှင့်ဆက်၍ တံတိုင်းနံရံ၏ဆန့်ကျင်ဘက်တွင် အဆောက် အအုံများရှိလေသည်။-
Y abajo de las cámaras estaba la entrada del templo del oriente, entrando en él del patio de afuera.
A la larga del muro del patio hacia el oriente delante de la lonja, y delante del edificio estaban las cámaras.
11 ၁၁ အခန်းများ၏ရှေ့တွင်မြောက်ဘက်မှာကဲ့ သို့ပင်လမ်းတစ်သွယ်ရှိ၏။ ထိုအခန်းတို့ ၏အတိုင်းအတာ၊ ပုံပန်းသဏ္ဌာန်နှင့်တံခါး ပေါက်များသည်မြောက်ဘက်ရှိအခန်းများ အတိုင်းပင်ဖြစ်၏။-
Y el paseadero que estaba delante de ellas era semejante al de las cámaras que estaban hacia el norte: conforme a su longitud asimismo su anchura, y todas sus salidas, conforme a sus puertas, y conforme a sus entradas.
12 ၁၂ ဤအဆောက်အအုံ၏တောင်ဘက်ပိုင်း ရှိအခန်းများအောက်တွင်တံတိုင်းအစ ပြုသည့်အရှေ့စွန်း၌တံခါးတစ်ခုရှိ၏။
Y conforme a las puertas de las cámaras que estaban hacia el mediodía a la puerta que salía al principio del camino, del camino delante del muro hermoso, que estaba hacia el oriente a los que entran.
13 ၁၃ ထိုသူကငါ့အား``ဤအဆောက်အအုံနှစ် ခုစလုံးသည်သန့်ရှင်းမြင့်မြတ်၏။ ထာဝရ ဘုရား၏ရှေ့တော်သို့ဝင်ရသူယဇ်ပုရော ဟိတ်တို့သည်ထိုအဆောက်အအုံများထဲ ၌အလွန်သန့်ရှင်းမြင့်မြတ်သောပူဇော် သကာများကိုစားသောက်ရကြ၏။ ထို အခန်းများသည်သန့်ရှင်းမြင့်မြတ်သဖြင့် ယဇ်ပုရောဟိတ်တို့သည်ဘောဇဉ်ပူဇော် သကာ၊ အပြစ်ဖြေရာယဇ်နှင့်ဒုစရိုက် ဖြေရာယဇ်တည်းဟူသောအလွန်သန့်ရှင်း မြင့်မြတ်သည့်ပူဇော်သကာများကိုထား ကြသည်။-
Y díjome: Las cámaras del norte, y las del mediodía, que están delante de la lonja, son cámaras santas, en las cuales los sacerdotes que se acercan a Jehová comerán las santas ofrendas: allí pondrán las santas ofrendas, y el presente, y la expiación, y el sacrificio por el pecado; porque el lugar es santo.
14 ၁၄ ယဇ်ပုရောဟိတ်များသည်ဗိမာန်တော်ထဲ သို့ရောက်ရှိကြပြီးနောက်တံတိုင်းအပြင် ဝင်းသို့ပြန်၍ထွက်လိုကြသောအခါ မိမိ တို့ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက် နေစဉ်ဝတ်ဆင်ထားသောသန့်ရှင်းမြင့်မြတ် သည့်အဝတ်တို့ကို ဤအခန်းများတွင်ချွတ် ထားခဲ့ရကြ၏။ သူတို့သည်လူတို့စုဝေး ရာအရပ်သို့ထွက်ခွာ၍မသွားမီအဝတ် များကိုလဲရကြလေသည်။
Cuando los sacerdotes entraren, no saldrán del lugar santo al patio de afuera: mas allí dejarán sus vestimentos con que ministrarán, porque son santos; y vestirse han otros vestidos, y así se allegarán a lo que es del pueblo.
15 ၁၅ ထိုလူသည်ဗိမာန်တော်အတွင်းပိုင်းအကျယ် အဝန်းကိုတိုင်းတာပြီးနောက် ငါ့အားအရှေ့ တံခါးမှခေါ်ဆောင်ကာအပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။-
Y acabó las medidas de la casa de adentro, y sacóme por el camino de la puerta que miraba hacia el oriente, y lo midió todo en derredor.
16 ၁၆ သူသည်ကူရိုးကိုယူ၍အပြင်ပိုင်းကို တိုင်းရာရှစ်ရာလေးဆယ်ပေရှိလေသည်။-
Midió el lado oriental con la caña de medir, quinientas cañas de la caña de medir al derredor.
17 ၁၇ ထိုနောက်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အနောက် ပိုင်းတို့ကိုတိုင်းတာ၏။ ယင်းတို့အားလုံး အလျားပေရှစ်ရာလေးဆယ်စီရှိကြ၏။-
Midió el lado del norte, quinientas cañas de la caña de medir al derredor.
Midió el lado del mediodía, quinientas cañas de la caña de medir.
Rodeó al lado del occidente, y midió quinientas cañas de la caña de medir.
20 ၂၀ သို့ဖြစ်၍တံတိုင်းသည်စတုရန်းပေရှစ်ရာ လေးဆယ်ရှိသောမြေကိုကာရံ၍ထားလေ သည်။ ဤတံတိုင်းကသန့်ရှင်းသောအရပ်နှင့် မသန့်ရှင်းသောအရပ်တို့ကိုပိုင်းခြား၍ ထားသတည်း။
A los cuatro lados lo midió: tuvo el muro todo al derredor quinientas cañas de longitud, y quinientas cañas de anchura, para hacer apartamiento entre el santuario, y el lugar profano.