< ယေဇကျေလ 41 >
1 ၁ ထိုနောက်ထိုလူသည်ငါ့အားသန့်ရှင်းရာ ဌာနတည်းဟူသော ဗိမာန်တော်အလယ်ခန်း သို့ခေါ်ဆောင်သွားကာ ဗိမာန်တော်မုခ်ပေါက် လမ်းကိုတိုင်းတာ၍ကြည့်၏။ ထိုလမ်းသည် ထုဆယ်ပေ၊-
Then the man brought me into the temple's holy place and measured the doorposts—six cubits in width on either side.
2 ၂ အနံတစ်ဆယ့်ခုနစ်ပေရှိ၏။ ယင်း၏ဝဲယာ နံရံများသည်ထုရှစ်ပေစီရှိ၏။ အလယ် ခန်းကိုတိုင်းတာကြည့်သောအခါအလျား ခြောက်ဆယ့်ရှစ်ပေ၊ အနံသုံးဆယ့်လေးပေ ရှိသည်ကိုတွေ့ရ၏။
The width of the doorway was ten cubits; the wall on each side was five cubits in length. Then the man measured the dimensions of the holy place—forty cubits in length and twenty cubits in width.
3 ၃ ထိုနောက်သူသည်အတွင်းဆုံးအခန်းသို့ ဝင်၏။ ထိုအခန်းအဝင်လမ်းကိုတိုင်းတာ ကြည့်ရာထုသုံးပေ၊ အနံဆယ်ပေရှိလေ သည်။ ဝဲယာရှိနံရံများမှာထုတစ်ဆယ့် နှစ်ပေရှိသတည်း။-
Then the man went into the very holy place and measured the posts of the doorway—two cubits, and the doorway was six cubits in width. The walls on either side were seven cubits in width.
4 ၄ ထိုသူသည်ဤအခန်းကိုတိုင်း၍ကြည့် ၏။ ယင်းသည်အလျားအနံသုံးဆယ့်လေး ပေစီရှိ၏။ ထိုနောက်သူသည်ငါ့အား``ဤ အခန်းကားအလွန်သန့်ရှင်းရာဌာန တော်ပင်တည်း'' ဟုဆို၏။
Then he measured the room's length—twenty cubits. Its width—twenty cubits to the front of the temple hall. Then he said to me, “This is the most holy place.”
5 ၅ ထိုလူသည်ဗိမာန်တော်အဆောက်အအုံ အတွင်းနံရံ၏ထုကိုတိုင်း၍ကြည့်ရာ ဆယ်ပေရှိ၏။ ထိုနံရံကိုကပ်၍ဗိမာန် တော်ပတ်လည်၌အကျယ်ခုနစ်ပေရှိ အခန်းငယ်များရှိ၏။-
Then the man measured the wall of the house—it was six cubits thick. The width of each side room around the house was four cubits in width.
6 ၆ ထိုအခန်းများသည်အထပ်သုံးထပ်ရှိ ၍တစ်ထပ်လျှင် အခန်းငယ်ပေါင်းသုံးဆယ် စီရှိ၏။ ဗိမာန်တော်ဘက်မှနံရံများသည် တစ်ထပ်နှင့်တစ်ထပ်ထုချင်းမတူကြ။ အောက် ထပ်နံရံကအထက်ထပ်နံရံထက်ပို၍ ထူ၏။ ဤနည်းအားဖြင့်အခန်းငယ်များ ကိုနံရံနှင့်ချိတ်ဆက်၍ဆောက်မည့်အစား၊ ထုထည်ကြီးသောနံရံချွန်းပေါ်တွင် တင်၍ဆောက်လုပ်ထားလေသည်။-
There were side rooms on three levels, one room above another, thirty rooms on each level. There were ledges around the wall of the house, to support all of the side rooms, for there was no support put in the wall of the house.
7 ၇ သို့ဖြစ်၍အောက်ထပ်မှအလယ်ထပ်သို့ လည်းကောင်း၊ အလယ်ထပ်မှအထက်ထပ် သို့လည်းကောင်းသွားလာနိုင်ကြ၏။ ဗိမာန် တော်နံရံပတ်လည်မှအခန်းများ၏ရှေ့ တွင်လှေကားကျယ်နှစ်ခုရှိ၏။ ထိုအခန်း ရှိနေခြင်းကြောင့်ဗိမာန်တော်နံရံများ ၏ထုထည်ကိုအောက်ဆုံးမှအထက်ဆုံး အထိတစ်ညီတည်းဟုထင်မှတ်ရ၏။-
So the side rooms widened and went around going up, for the house went around higher and higher all around; the rooms widened as the house went up, and a stairway went up to the highest level, through the middle level.
8 ၈ ငါသည်ဗိမာန်တော်ပတ်လည်တွင်လှေကား ထစ်မြေပြန့်ရှိသည်ကိုတွေ့မြင်ရ၏။ ယင်း သည်ပတ်ဝန်းကျင်မြေရာထက်ဆယ်ပေ ပို၍မြင့်ပြီးလျှင် ဗိမာန်တော်နံရံတွင် ဆောက်လုပ်ထားသည့်အခန်းများ၏အုတ် မြစ်နှင့်တပြေးတည်းဖြစ်၍နေလေသည်။ ထိုအခန်းများ၏အပြင်နံရံသည်ရှစ်ပေ ထူ၏။ လှေကားထစ်မြေပြန့်နှင့်ယဇ်ပုရော ဟိတ်တို့၏အခန်းများစပ်ကြားဗိမာန် တော်ပတ်လည်တွင်သုံးဆယ့်လေးပေ ကျယ်သောမြေလွတ်ရှိ၏။ ဗိမာန်တော်၏ မြောက်ဘက်၌ရှိအခန်းများသို့ဝင်ရန် တံခါးတစ်ပေါက်၊ တောင်ဘက်၌ရှိသော အခန်းများသို့ဝင်ရန်တံခါးတစ်ပေါက် ရှိ၏။ ဗိမာန်တော်ပတ်လည်၌ရှိသော လှေကားထစ်မြေပြန့်သည်အနံရှစ် ပေရှိသတည်း။
Then I saw a raised part all around the house, the foundation for the side chambers; it measured a full stick in height—six cubits.
The width of the wall of the side rooms on the outside was five cubits. There was an open space to the outside of these rooms in the sanctuary.
On the other side of this open space were the priests' outer side rooms; this space was twenty cubits in width all around the sanctuary.
There were doors into the side rooms from another open space—one doorway was on the north side, and the other on the south side. The width of this open area was five cubits all around.
12 ၁၂ ဗိမာန်တော်အနောက်ဘက်မြေလွတ်အစွန်း တွင်အဆောက်အအုံတစ်ခုရှိ၏။ ယင်း သည်အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံ တစ်ရာတစ်ဆယ့်ခုနစ်ပေရှိ၏။ ထိုအဆောက် အအုံ၏နံရံတစ်လျှောက်လုံးသည်ထု ရှစ်ပေရှိ၏။
The building that faced the courtyard on the west side was seventy cubits in width. Its wall measured five cubits thick all around, and it was ninety cubits in length.
13 ၁၃ ထိုလူသည်ဗိမာန်တော်အပြင်ပိုင်းကိုတိုင်း တာ၍ကြည့်၏။ ယင်းသည်အလျားပေတစ် ရာခုနစ်ဆယ်ရှိ၏။ ဗိမာန်တော်ကျောဘက် မှနေ၍မြေလွတ်ကိုဖြတ်ကာအနောက် ဘက်ဗိမာန်တော်အစွန်းဆုံးအပိုင်းအထိ ပေတစ်ရာခုနစ်ဆယ်ရှိ၏။-
Then the man measured the sanctuary—one hundred cubits in length. The separated building, its wall, and the courtyard also measured one hundred cubits in length.
14 ၁၄ ဝဲယာမှမြေလွတ်အပါအဝင်ဗိမာန်တော် မျက်နှာစာကိုဖြတ်၍တိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိလေသည်။-
The width of the front of the courtyard in front of the sanctuary was also one hundred cubits.
15 ၁၅ ထိုလူသည်ဝဲယာရှိစင်္ကြံများအပါအဝင် ဗိမာန်တော်၏အနောက်ဘက်ကိုတိုင်းတာ ကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကို တွေ့ရ၏။ ဗိမာန်တော်မုခ်ဦးခန်း၊ ခန်းမဆောင်ကြီးနှင့် အလွန်သန့်ရှင်းရာဌာနတော်တို့၏နံရံ များကို၊-
Then the man measured the length of the building behind the sanctuary, to its west, and the galleries on either side—one hundred cubits. The holy place and the portico,
16 ၁၆ ကြမ်းပြင်မှပြူတင်းပေါက်များအထိ သစ် သားမှန်ကွက်ပုံများဖြင့်တပ်ဆင်ထား၏။ ဤပြူတင်းပေါက်များကိုလည်း ဖုံးအုပ်၍ ထားနိုင်၏။-
the inner walls and the windows, including the narrow windows, and the galleries all around on three levels, were all paneled in wood.
17 ၁၇ ဗိမာန်တော်အတွင်းနံရံများကားတံခါး ပေါက်အထက်အထိ
Above the entryway to the inner sanctuary and spaced along the walls there was a measured pattern.
18 ၁၈ စွန်ပလွံပင်ပုံများ၊ ခေရုဗိမ်ရုပ်ပုံများကို ထုလုပ်၍တန်ဆာဆင်ထားလေသည်။ အခန်း ပတ်လည်တစ်လျှောက်လုံးဦးစွာစွန်ပလွံ ပင်ပုံ၊ ထိုနောက်ခေရုဗိမ်ရုပ်ပုံ၊ ထိုနောက် စွန်ပလွံပင်ပုံစသည်ဖြင့်ထုလုပ်ထား သတည်း။ ခေရုဗိမ်တစ်ပါးစီတွင်မျက်နှာ နှစ်မျိုးရှိ၏။-
It was decorated with cherubim and palm trees; with a palm tree between each cherub, and each cherub had two faces:
19 ၁၉ လူမျက်နှာနှင့်ခြင်္သေ့မျက်နှာဖြစ်၍ လူမျက် နှာသည်စွန်ပလွံပင်တစ်ပင်ဘက်သို့လှည့် ၍ ခြင်္သေ့မျက်နှာကအခြားစွန်ပလွံပင် တစ်ပင်ဘက်သို့လှည့်၍နေ၏။-
the face of a man looked toward a palm tree on one side, and the face of a young lion looked toward a palm tree on the other side. They were carved all around the entire house.
20 ၂၀ ဤနည်းအတိုင်းနံရံတစ်လျှောက်လုံးတွင် ကြမ်းပြင်မှတံခါးပေါက်အထက်တိုင် အောင်အရုပ်များထွင်းထုလုပ်၍ထား လေသည်။-
From the ground to above the doorway, cherubim and palm trees were carved on the outer wall of the house.
21 ၂၁ သန့်ရှင်းရာဌာန၏တံခါးတိုင်များ သည်လေးထောင့်တိုင်များဖြစ်ကြ၏။ အလွန်သန့်ရှင်းရာဌာနအဝင်ဝ၏ရှေ့ ၌သစ်သားယဇ်ပလ္လင်နှင့်တူသောအရာ တစ်ခုရှိ၏။-
The gate posts of the holy place were square. Their appearance was like the appearance of
22 ၂၂ ထိုအရာသည်ငါးပေမြင့်၍လေးပေကျယ် ၏။ ယင်း၏ထောင့်တိုင်များ၊ အောက်အခြေခံ ဖိနပ်နှင့်နံရံများသည်သစ်သားဖြင့်ပြီး ကြ၏။ ထိုလူက``ဤကားထာဝရဘုရား ၏ရှေ့တော်စားပွဲဖြစ်သည်'' ဟုငါ့အား ဆို၏။
the wooden altar in front of the holy place, which was three cubits high and two cubits in length on each side. Its corner posts, base, and frame were made of wood. Then the man said to me, “This is the table that stands before Yahweh.”
23 ၂၃ သန့်ရှင်းရာဌာနသို့ဝင်ရာလမ်းအဆုံး ၌လည်းကောင်း၊ အလွန်သန့်ရှင်းရာဌာန တော်သို့ဝင်ရာလမ်းအဆုံး၌လည်းကောင်း တံခါးတစ်ခုစီရှိ၏။-
There were double doors for the holy place and the most holy place.
24 ၂၄ ယင်းတို့သည်အလယ်မှဖွင့်ရသောနှစ် ရွက်တံခါးများဖြစ်ကြ၏။-
These doors had two hinged door panels each, two panels for one door and two panels for the other.
25 ၂၅ သန့်ရှင်းရာဌာနသို့ဝင်ရာတံခါးများတွင် လည်းနံရံများကဲ့သို့ပင်စွန်ပလွံပင်ပုံ များနှင့်ခေရုဗိမ်ရုပ်များထုလုပ်၍ထား၏။ ထို့ပြင်မုခ်ဦးခန်းအဝင်တံခါးအပြင် ဘက်၌လည်းသစ်သားဖောင်းရစ်တစ်ခုရှိ၏။-
Carved on them—on the doors of the holy place—were cherubim and palm trees just as the walls were decorated, and there was a wooden roof over the portico at the front.
26 ၂၆ ထိုအခန်းတွင်ဘေးပြူတင်းပေါက်များရှိ၍ နံရံများ၌လည်းစွန်ပလွံပင်ပုံများထု လုပ်ထားလေသည်။ ဗိမာန်တော်၏ဘေးခန်း တွင်လည်း သစ်သားဖောင်းရစ်များရှိသည်။
There were narrow windows and palm trees on either side of the portico. These were the side rooms of the house, and they also had overhanging roofs.