< ယေဇကျေလ 40 >
1 ၁ နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-
No vigésimo quinto ano de nosso cativeiro, no princípio do ano, aos dez do mês, aos catorze anos depois que a cidade foi ferida, naquele mesmo dia veio sobre mim a mão do SENHOR, e me levou para lá.
2 ၂ ဗျာဒိတ်ရူပါရုံတွင်ငါ့အားဘုရားသခင်သည် ဣသရေလပြည်သို့ခေါ်ဆောင်တော်မူ၍ မြင့်သောတောင်ပေါ်တွင်ချထားတော်မူ၏။ ထိုတောင်၏တောင်ဘက်၌မြို့တစ်မြို့နှင့်တူသောအဆောက်အအုံများကိုငါမြင်ရ၏။-
Em visões de Deus me levou à terra de Israel, e me pôs sobre um monte muito alto, sobre o qual havia como um edifício de uma cidade ao sul.
3 ၃ ကိုယ်တော်သည်ငါ့အားထိုမြို့အနီးသို့ခေါ်ဆောင်သွားတော်မူသောအခါ ငါသည်ကြေးဝါကဲ့သို့တောက်ပြောင်လျက်နေသောလူတစ်ယောက်ကိုမြင်ရ၏။ သူသည်ပေကြိုးနှင့်တိုင်းတာရန် ကူလုံးတို့ကိုကိုင်ကာမြို့တံခါးဝတွင်ရပ်လျက်နေ၏။
E havendo me levado ali, eis um homem cuja aparência era como a aparência de bronze, e [tinha] um cordel de linho em sua mão, e uma cana de medir; e ele estava em pé à porta.
4 ၄ ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
E aquele homem me falou: Filho do homem, olha com teus olhos, ouve com teus ouvidos, e põe teu coração em tudo quanto eu te mostrar, pois foste trazido aqui para que eu te mostrasse. Anuncia, pois, à casa de Israel tudo o que vires.
5 ၅ ငါမြင်ရသောအရာမှာဗိမာန်တော်ဖြစ်၏။ ထိုဗိမာန်တော်ကိုတံတိုင်းကာရံထား၏။ ကူလုံးကိုကိုင်ထားသောလူသည်ထိုဆယ်ပေရှည်သောကူလုံးဖြင့်တံတိုင်းကိုတိုင်းထွာကြည့်၏။ တံတိုင်းသည်အမြင့်ဆယ်ပေ၊ ထုဆယ်ပေရှိ၏။-
E eis, um muro fora do templo ao redor; e na mão daquele homem uma cana de medir de seis côvados, [cada côvado] de um côvado e um palmo; e mediu a largura do edifício de uma cana, e a altura, de outra cana.
6 ၆ ထိုနောက်သူသည်အရှေ့အရပ်သို့မျက်နှာမူနေသည့်တံခါးသို့သွား၍လှေကားကိုတက်ပြီးလျှင် အပေါ်ဆုံးအထစ်မှတံခါးဝကိုတိုင်းကြည့်ရာအမြင့်ဆယ်ပေရှိသည်ကိုတွေ့ရ၏။-
Então ele veio à porta que estava voltada para o oriente, subiu por seus degraus, e mediu o umbral da porta de uma cana de largura, e o outro umbral de outra cana de largura.
7 ၇ တံခါး၏အလွန်တွင်လမ်းကြားတစ်ခုရှိ၏။ ထိုလမ်း၏ဝဲယာတွင်အစောင့်တပ်သားများအတွက် အခန်းသုံးခန်းစီရှိ၏။ ထိုအခန်းတိုင်းပင်စတုရန်းပုံသဏ္ဌာန်ရှိ၍နံရံတစ်ခုလျှင်ဆယ်ပေရှည်၏။ အခန်းတစ်ခုနှင့်တစ်ခုအကြားမှနံရံသည်ထုရှစ်ပေရှိ၏။ ဤအခန်းများအလွန်၌ဆယ်ပေရှည်သောလမ်းကြားတစ်ခုရှိ၏။ ထိုလမ်းသည်ဗိမာန်တော်ကိုမျက်နှာမူလျက်နေသည့်အခန်းကြီးတစ်ခုသို့သွားရာလမ်းဖြစ်၏။-
E [cada] câmara tinha uma cana de comprimento, e uma cana de largo; e entre as câmaras eram cinco côvados; e o umbral da porta junto ao pórtico da porta por dentro, uma cana.
8 ၈ ထိုလူသည်ဤအခန်းကြီးကိုတိုင်းတာကြည့်ရာအနံတစ်ဆယ့်သုံးပေ ရှိသည်ကိုတွေ့ရ၏။ ထိုအခန်း၏အစွန်ဆုံးနံရံများသည်ထုသုံးပေစီရှိ၏။-
Também mediu o pórtico da porta por dentro, uma cana.
Então mediu o pórtico da porta, de oito côvados, e seus pilares de dois côvados; e o pórtico da porta por dentro.
10 ၁၀ (မုခ်ပေါက်လမ်းကြား၏ဝဲယာတွင်ရှိသောအစောင့်တပ်သားတို့၏အခန်းသုံးခန်းစီသည် အရွယ်ပမာဏချင်းတူညီကြ၏။ ယင်းတို့ကိုပိုင်းခြားထားသည့်နံရံများသည်လည်းထုချင်းတူညီကြ၏။)
E as câmaras pequenas da porta do oriente eram três de um lado e três do outro; todas as três de uma mesma medida; também os pilares de um lado e do outro [tinham] uma mesma medida.
11 ၁၁ ထိုနောက်သူသည်ကြားလမ်း၏အနံကိုတိုင်းကြည့်ရာ စုစုပေါင်းနှစ်ဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။ မုခ်ပေါက်လမ်းတစ်လျှောက်လုံးကားတစ်ဆယ့်ခြောက်ပေရှိသတည်း။-
E mediu a largura da entrada da porta, de dez côvados; o comprimento do portal era de treze côvados.
12 ၁၂ အစောင့်တပ်သားတို့၏အခန်းတစ်ခုစီရှေ့တွင်အမြင့်လက်မနှစ်ဆယ်၊ အကျယ်လက်မနှစ်ဆယ်ရှိသောတံတိုင်းရှိ၏။ (ထိုအခန်းတို့သည်အလျားဆယ်ပေ၊ အနံဆယ်ပေရှိသတည်း။-)
E o espaço de diante das câmaras pequenas era de um côvado de um lado, e de um côvado do outro lado; e cada câmara tinha seis côvados de um lado, e seis côvados do outro.
13 ၁၃ ထိုနောက်ထိုလူသည်အခန်းငယ်တစ်ခု၏နောက်ဘက်နံရံမှမုခ်ပေါက်လမ်းကိုဖြတ်၍ အစွန်းအခန်းငယ်နောက်ဘက်နံရံအထိတိုင်းတာရာလေးဆယ့်နှစ်ပေရှိသည်ကိုတွေ့ရ၏။-
Então mediu a porta desde o teto da uma câmara pequena até o teto da outra, vinte e cinco côvados de largura, porta contra porta.
14 ၁၄ အစွန်းဆုံး၌ရှိသောအခန်းမှထွက်လျှင် တံတိုင်းအတွင်းရှိဗိမာန်တော်အပြင်ဘက်သို့ရောက်ရှိလေသည်။ ထိုအခန်းကိုတိုင်းထွာ၍ကြည့်ရာသုံးဆယ့်လေးပေကျယ်သည်ကိုတွေ့ရ၏။-
Também fez [medição com] os pilares de sessenta côvados, o pilar do pátio ao redor da porta.
15 ၁၅ မုခ်ပေါက်ဝမှနေ၍အစွန်ဆုံးအခန်းအထိ စုစုပေါင်းရှစ်ဆယ့်ငါးပေရှိသတည်း။-
E desde a dianteira da porta de entrada até a dianteira do pórtico da porta interior havia cinquenta côvados.
16 ၁၆ အခန်းအားလုံး၏အပြင်နံရံတိုင်း၊ အတွင်းနံရံတိုင်းတို့၌ပြူတင်းပေါက်ငယ်များရှိ၏။ လမ်းကြားသို့မျက်နှာမူလျက်နေသောအတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထုထားလေသည်။
Havia também janelas estreitas nas câmaras pequenas, e em seus pilares por dentro ao redor da porta, e assim também nos pórticos; e as janelas estavam ao redor por dentro; e em [cada] poste havia palmeiras.
17 ၁၇ ထိုလူသည်ငါ့အားမုခ်ပေါက်ကိုဖြတ်၍ဗိမာန်တော်အပြင်တံတိုင်းထဲသို့ခေါ်ဆောင်သွား၏။ အပြင်တံတိုင်းကိုကပ်၍ဆောက်လုပ်ထားသောအခန်းပေါင်းသုံးဆယ်ရှိ၏။ ထိုအခန်းများ၏ရှေ့တွင်ကျောက်များခင်းထားသောအကွက်ရှိလေသည်။ တံတိုင်းအပြင်၏မြေမျက်နှာပြင်သည်တံတိုင်းအတွင်းရှိမြေမျက်နှာပြင်ထက်နိမ့်၏။
Então me levou ao átrio exterior, e eis que havia [nele] câmaras, e um pavimento feito no pátio ao redor; trinta câmaras havia naquele pavimento.
E o pavimento ao lado das portas era equivalente ao comprimento das portas ( [este era] o pavimento inferior).
19 ၁၉ ဗိမာန်တော်တံတိုင်းအတွင်းရှိဝင်းသို့ရောက်နိုင်သော မြေမျက်နှာပြင်မြင့်သည့်နေရာတွင်မုခ်ပေါက်တစ်ခုရှိ၏။ ထိုလူသည်အတွင်းမုခ်ဦးပေါက်နှင့်အပြင်မုခ်ဦးပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ တစ်ရာခြောက်ဆယ့်ရှစ်ပေရှိသည်ကိုတွေ့ရ၏။
E mediu a largura desde a dianteira da porta inferior até a dianteira do pátio interior pelo lado de fora: cem côvados pelo oriente e pelo norte.
20 ၂၀ ထိုနောက်သူသည်တံတိုင်းအပြင်ရှိဝင်းသို့သွားရာ မြောက်မုခ်ပေါက်လမ်းကိုတိုင်းတာကြည့်၏။-
E quanto à porta que estava voltada para o norte no átrio exterior, mediu seu comprimento e sua largura.
21 ၂၁ လမ်း၏ဝဲယာသုံးခန်းစီရှိသောအစောင့်တပ်သားတို့၏အခန်းများ၊ ထိုအခန်းတို့ကိုပိုင်းခြားထားသည့်နံရံများနှင့်အဝင်ခန်းတို့သည် အရှေ့မုခ်ပေါက်မှာကဲ့သို့ပင်အတိုင်းအတာတူညီ၏။ ထိုလမ်းသည်အလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
E suas câmaras pequenas eram três de um lado, e três de outro; e seus pilares e seus pórticos eram da mesma medida da primeira porta: cinquenta côvados era seu comprimento, e a largura era de vinte e cinco côvados.
22 ၂၂ အဝင်ခန်းပြူတင်းပေါက်များနှင့်ထွင်းထုထားသည့်စွန်ပလွံပင်ပုံများသည်လည်းအရှေ့မုခ်ပေါက်မှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်တံခါးသို့လှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ အစွန်းဆုံးရှိအဝင်ခန်းသည်တံတိုင်းအပြင်ဝင်းကိုမျက်နှာမူလျက်နေ၏။-
E suas janelas, e seu pórtico, e suas palmeiras, eram da medida da porta que estava voltada para o oriente; e subiam a ela por sete degraus; e seus alpendres eram diante deles.
23 ၂၃ အရှေ့ဘက်မှာကဲ့သို့ပင်တံတိုင်းအပြင်ဝင်းကိုဖြတ်၍ ဤမြောက်ဘက်မုခ်ပေါက်နှင့်တည့်တည့်၌တံတိုင်းအတွင်းရှိဝင်းသို့ဝင်ရန်မုခ်ပေါက်တစ်ခုရှိလေသည်။ ထိုသူသည်မုခ်ပေါက်နှစ်ခု၏အကွာအဝေးကိုတိုင်း၍ကြည့်ရာ တစ်ရာခုနစ်ဆယ်ပေရှိသည်ကိုတွေ့ရ၏။
E havia uma porta do pátio interior que ficava em frente da porta ao norte; e assim também [outra] ao oriente; e mediu de porta a porta cem côvados.
24 ၂၄ ထိုနောက်ထိုသူသည်ငါ့အားတောင်မျက်နှာသို့ခေါ်ဆောင်သွားရာ ငါတို့သည်ထိုအရပ်တွင်အခြားမုခ်ပေါက်တစ်ခုကိုမြင်ရကြ၏။ သူသည်ထိုမုခ်ပေါက်၏အတွင်းနံရံနှင့်အဝင်ခန်းကိုတိုင်းတာကြည့်၏။ ယင်းတို့သည်အခြားမုခ်ပေါက်နှင့်အဆောင်များနည်းတူပင်ဖြစ်၏။-
Então me levou em direção ao sul, e eis que havia uma porta para o sul; e mediu seus pilares e seu pórtico, conforme a estas medidas.
25 ၂၅ ဤမုခ်ပေါက်မှအခန်းများတွင် အခြားမုခ်ပေါက်များမှအဆောင်များမှာကဲ့သို့ပင်ပြူတင်းပေါက်များရှိ၏။ မုခ်ပေါက်-သည်စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
E também tinha janelas, assim com havia janelas no seu pórtico em redor; o comprimento era de cinquenta côvados, e a largura de vinte e cinco côvados.
26 ၂၆ ယင်းကိုလှေကားခုနစ်ထစ်ဖြင့်တက်ရ၏။ ထိုမုခ်ပေါက်၏အဝင်ခန်းသည်လည်းအပြင်ဝင်းကိုမျက်နှာမူ၍နေ၏။ လမ်းကြားကိုမျက်နှာမူလျက်ရှိသည့်အတွင်းနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။-
E suas subidas eram de sete degraus, com seu pórtico diante deles; e tinha palmeiras de um lado e do outro em seus pilares.
27 ၂၇ ဤအရပ်၌လည်းတံတိုင်းအတွင်းဝင်းသို့ဝင်ရာမုခ်ပေါက်တစ်ခုရှိ၏။ ထိုသူသည်ဤမုခ်ပေါက်နှင့်ပထမမုခ်ပေါက်အကွာအဝေးကိုတိုင်းတာကြည့်ရာ ပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။
Também havia uma porta no pátio interior voltada para o sul; e mediu de porta a porta para o sul, cem côvados.
28 ၂၈ ထိုသူသည်တောင်မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
Então ele me levou ao pátio interior pela porta do sul; e mediu a porta do sul conforme a estas medidas.
29 ၂၉ ထိုမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည်အခြားမုခ်ပေါက်များမှာကဲ့သို့ပင်ဖြစ်၏။ ဤမုခ်ပေါက်ရှိအခန်းများ၌လည်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
E suas câmaras pequenas, e seus pilares e seu pórtico eram conforme a estas medidas; e também tinham janelas ao redor de seus alpendres; o comprimento era de cinquenta côvados, e de a largura de vinte e cinco côvados.
E o pórtico em redor era de vinte e cinco côvados de comprimento e cinco côvados de largura.
31 ၃၁ ယင်းတွင်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူနေသောအဝင်ခန်းရှိ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်းထား၏။ ဤမုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
E seu pórtico estava no pátio externo, com palmeiras em seus pilares; e suas subidas eram de oito degraus.
32 ၃၂ ထိုလူသည်အရှေ့မုခ်ပေါက်ကိုဖြတ်၍ ငါ့အားတံတိုင်းအတွင်းဝင်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်မုခ်ပေါက်ကိုတိုင်းတာ၍ ကြည့်ရာအခြားမုခ်ပေါက်များ၏ပမာဏအတိုင်းပင်တွေ့ရ၏။-
Depois me levou ao pátio interior, para o oriente, e mediu a porta conforme a estas medidas;
33 ၃၃ ယင်းမုခ်ပေါက်ရှိအစောင့်တပ်သားတို့၏အခန်းများ၊ အဝင်ခန်းနှင့်အတွင်းနံရံများသည် အခြားမုခ်ပေါက်များမှာကဲ့သို့ပင်အတိုင်းအတာရှိကြ၏။ မုခ်ပေါက်ပတ်လည်နှင့်အဝင်ခန်း၌ပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
Assim como suas câmaras pequenas, seus pilares, e seu pórtico, conforme a estas medidas; e também tinha suas janelas ao redor de seu pórtico; o comprimento era de cinquenta côvados, e a largura de vinte e cinco côvados.
34 ၃၄ အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ပေါက်လမ်းကြားတစ်လျှောက်ရှိနံရံများတွင် စွန်ပလွံပင်ပုံများကိုထွင်းထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
E seu pórtico estava no pátio externo, com palmeiras em seus postes de um lado e do outro; e suas subidas eram de oito degraus.
35 ၃၅ ထိုနောက်ထိုလူသည်ငါ့အားမြောက်မုခ်ပေါက်သို့ခေါ်ဆောင်သွား၏။ သူသည်ထိုမုခ်ပေါက်ကိုတိုင်းတာကြည့်ရာအခြားမုခ်ပေါက်များနှင့်အတူတူပင်ဖြစ်ကြောင်းတွေ့ရ၏။-
Então me levou à porta do norte, e mediu conforme a estas medidas;
36 ၃၆ ယင်းတွင်အခြားမုခ်ပေါက်များမှာကဲ့သို့အစောင့်တပ်သားများအတွက်အခန်းများ၊ လှပစွာတန်ဆာဆင်ထားသည့်အတွင်းနံရံများ၊ အဝင်ခန်းပြူတင်းပေါက်များရှိ၏။ စုစုပေါင်းအလျားလေးရာရှစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်နှစ်ပေရှိ၏။-
Suas câmaras pequenas, seus pilares, e seus arcos, também tinham janelas ao redor; o comprimento era de cinquenta côvados, e a largura de vinte e cinco côvados.
37 ၃၇ အဝင်ခန်းသည်တံတိုင်းအပြင်ဝင်းသို့မျက်နှာမူ၍နေ၏။ မုခ်ဆောင်လမ်းကြားတစ်လျှောက်ရှိနံရံများတွင်စွန်ပလွံပင်ပုံများထွင်း၍ထား၏။ မုခ်ပေါက်သို့လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
E seus pilares estavam no pátio exterior, com palmeiras em seus pilares de um lado e do outro; e suas subidas eram de oito degraus.
38 ၃၈ တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
E sua câmara e sua porta estavam junto dos pilares das portas, onde lavavam o holocausto.
39 ၃၉ အဝင်ခန်း၏အတွင်း၌တစ်ဖက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိ၏။ တစ်ကောင်လုံးမီးရှို့ပူဇော်ရန်နှင့်အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်များအတွက်၊ တိရစ္ဆာန်များကိုဤစားပွဲများပေါ်တွင်တင်၍သတ်ရကြ၏။-
E no pórtico da porta havia duas mesas da um lado, e outras duas do outro, para nelas degolar o holocausto, o sacrifício pelo pecado, e o [sacrifício] pela culpa.
40 ၄၀ အခန်း၏အပြင်ဘက်၌လည်းမြောက်မုခ်ပေါက်တစ်ဘက်တစ်ချက်တွင်စားပွဲနှစ်လုံးစီရှိသဖြင့်စုစုပေါင်းလေးလုံးရှိ၏။-
E ao lado de fora da subida para a entrada da porta do norte havia duas mesas; e do outro lado que estava no pórtico da porta, havia duas mesas.
41 ၄၁ သို့ဖြစ်၍တိရစ္ဆာန်များကိုသတ်ရန်အခန်းထဲ၌စားပွဲလေးလုံး၊ အပြင်၌လေးလုံး၊ စုစုပေါင်းရှစ်လုံးရှိသတည်း။-
Quatro mesas de um lado, e quatro mesas do outro lado, junto à porta; oito mesas, sobre as quais degolavam.
42 ၄၂ တိုးချဲ့ဆောင်တွင်တစ်ကောင်လုံးမီးရှို့ပူဇော်ရာယဇ်ကောင်များကိုပြင်ဆင်ရန်စားပွဲလေးလုံးမှာကျောက်ကိုဆစ်၍ပြုလုပ်ထားလေသည်။ ထိုစားပွဲများသည်အလျားတူအနံတူလက်မသုံးဆယ်စီရှိ၍ လက်မနှစ်ဆယ်မြင့်၏။ ယင်းတို့အပေါ်တွင်ယဇ်ကောင်များကိုသတ်ရန်ကိရိယာတန်ဆာများကိုတင်ထား၏။-
E as quatro mesas para o holocausto eram de pedras lavradas, de um côvado e meio de comprimento, e um côvado e meio de largura, e um côvado de altura; sobre elas eram postos os instrumentos com que degolavam a oferta de queima e o sacrifício.
43 ၄၃ ထိုစားပွဲများတွင်အထူသုံးလက်မရှိသောအနားပတ်များတပ်ထား၏။ ယဇ်ပူဇော်ရန်အသားများကိုထိုစားပွဲများပေါ်တွင်တင်ထားရ၏။
E havia ganchos de um palmo, dispostos por dentro ao redor; e sobre as mesas a carne da oferta.
44 ၄၄ ထိုနောက်ထိုသူသည်အတွင်းဝင်းသို့ငါ့ကိုခေါ်ဆောင်သွား၏။ မြောက်မုခ်ပေါက်၏နံဘေးတံတိုင်းအတွင်းဝင်း၌အခန်းတစ်ခုရှိ၏။ ထိုအခန်းသည်တောင်ဘက်သို့မျက်နှာမူလျက်နေ၏။ တောင်မုခ်ပေါက်၏နံဘေး၌လည်းအလားတူအခန်းတစ်ခုရှိ၏။ ထိုအခန်းသည်မြောက်ဘက်သို့မျက်နှာမူလျက်နေ၏။-
E de fora da porta interior estavam as câmaras dos cantores no pátio de dentro que era do lado da porta do norte; as quais estavam voltadas para o sul; uma estava ao lado da porta do oriente que estava voltada para o norte.
45 ၄၅ ထိုလူကတောင်ဘက်သို့မျက်နှာမူလျက်နေသည့်အခန်းသည် ဗိမာန်တော်၏အမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်း၊-
E me falou: Esta câmara que está voltada para o sul é para os sacerdotes que têm a guarda do templo.
46 ၄၆ မြောက်ဘက်သို့မျက်နှာမူလျက်ရှိသည့်အခန်းသည် ယဇ်ပလ္လင်ဆိုင်ရာအမှုကိုဆောင်ရွက်ရသူယဇ်ပုရောဟိတ်များအတွက်ဖြစ်ကြောင်းငါ့အားပြောပြလေသည်။ ထိုယဇ်ပုရောဟိတ်အားလုံးတို့သည် ဇာဒုတ်မှဆင်းသက်လာသူလေဝိအနွယ်ဝင်များဖြစ်ကြသည်။ သူတို့သည်သာလျှင်ထာဝရဘုရား၏ရှေ့တော်မှောက်သို့ဝင်၍ အမှုတော်ကိုဆောင်ရွက်ခွင့်ရရှိကြသတည်း။
Mas a câmara que está voltada para o norte é para os sacerdotes que têm a guarda do altar; estes são os filhos de Zadoque, dentre os filhos de Levi os que se achegam ao SENHOR, para o servir.
47 ၄၇ ထိုလူသည်တံတိုင်းအတွင်းဝင်းကိုတိုင်းတာကြည့်ရာအလျားပေတစ်ရာခုနစ်ဆယ်၊ အနံပေတစ်ရာခုနစ်ဆယ်ရှိသည်ကိုတွေ့ရ၏။ ဗိမာန်တော်သည်အနောက်ဘက်တွင်ရှိ၍ ဗိမာန်တော်ရှေ့၌ယဇ်ပလ္လင်ရှိ၏။-
E mediu o pátio, cem côvados de comprimento, e cem côvados de largura, quadrado; e o altar estava diante do templo.
48 ၄၈ ထိုနောက်သူသည်ငါ့အားဗိမာန်တော်မုခ်ဦးပေါက်ခန်းထဲသို့ခေါ်ဆောင်သွား၏။ သူသည်အဝင်ဝကိုတိုင်းတာကြည့်ရာထုရှစ်လက်မ၊ အနံနှစ်ဆယ့်လေးပေရှိသည်ကိုတွေ့ရ၏။ ဝဲယာရှိနံရံများမှာထုငါးပေစီရှိကြ၏။-
Então ele me levou ao pórtico do templo, e mediu [cada] pilar do pórtico, cinco côvados de um lado, e cinco côvados do outro; e a largura da porta [era] três côvados de um lado, e três côvados do outro.
49 ၄၉ မုခ်ဦးခန်းသည်အနံသုံးဆယ့်လေးပေ၊ ထုပေနှစ်ဆယ်ရှိ၍ယင်းကိုလှေကားထစ်များဖြင့်တက်ရ၏။ မုခ်ဦးပေါက်တစ်ဖက်တစ်ချက်တွင်တိုင်တစ်လုံးစီရှိသတည်း။
O comprimento do pórtico era vinte côvados, e a largura onze côvados; e era com degraus, pelos quais se subia; e havia colunas junto aos pilares, uma de um lado, e outra do outro.