< ယေဇကျေလ 40 >

1 နေ့​ရက်​ကား​ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​ရ​ပြီး​နောက်​နှစ်​ဆယ့်​ငါး​နှစ်​မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ဆယ်​ရက်​နေ့၊ ယေ​ရု​ရှ​လင်​မြို့​အ​သိမ်း​ခံ​ရ​ချိန်​တစ်​ဆယ့်​လေး​နှစ်​စေ့​သော​နေ့​ဖြစ်​၏။ ထို​နေ့​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​လွှမ်း​မိုး​ခြင်း​ခံ​ရ​ပြီး​လျှင် ကိုယ်​တော်​သည်​ငါ့​အား​ဆောင်​ယူ​သွား​တော်​မူ​၏။-
ငါတို့သည် သိမ်း သွားခြင်းကိုခံရာသက္ကရာဇ် နှစ်ဆယ် ငါး ခု၊ ပဌမ လ ဆယ် ရက်နေ့၊ မြို့ တော်ကို လုပ်ကြံ ၍၊ တဆယ် လေး နှစ် စေ့သောနေ့ တွင် ၊ ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ်မှာ ရှိ ၍ ထို မြို့သို့ ဆောင် သွားတော်မူ၏။
2 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ့​အား​ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​ပြည်​သို့​ခေါ်​ဆောင်​တော်​မူ​၍ မြင့်​သော​တောင်​ပေါ်​တွင်​ချ​ထား​တော်​မူ​၏။ ထို​တောင်​၏​တောင်​ဘက်​၌​မြို့​တစ်​မြို့​နှင့်​တူ​သော​အ​ဆောက်​အ​အုံ​များ​ကို​ငါ​မြင်​ရ​၏။-
ဘုရားသခင် ၏ ဗျာဒိတ် ရူပါရုံအားဖြင့် ငါ့ ကို ဣသရေလ ပြည် သို့ ဆောင် သွား၍ ၊ အလွန် မြင့် သော တောင် ပေါ်မှာ တင် ထားတော်မူ၏။ ထိုတောင်အနားမှာ တောင် ဘက်၌ မြို့ ပုံသဏ္ဌာန် ရှိ၏။
3 ကိုယ်​တော်​သည်​ငါ့​အား​ထို​မြို့​အ​နီး​သို့​ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ​သည်​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​လျက်​နေ​သော​လူ​တစ်​ယောက်​ကို​မြင်​ရ​၏။ သူ​သည်​ပေ​ကြိုး​နှင့်​တိုင်း​တာ​ရန် ကူ​လုံး​တို့​ကို​ကိုင်​ကာ​မြို့​တံ​ခါး​ဝ​တွင်​ရပ်​လျက်​နေ​၏။
ထို အရပ်သို့ ငါ့ ကိုဆောင် သွားတော်မူသောအခါ ၊ ကြေးဝါ ကဲ့သို့ အဆင်းအရောင် ရှိသောလူ တဦးသည် တိုင်း စရာကျူလုံး နှင့် ချည် ကြိုး ကို ကိုင်လျက်မြို့တံခါးဝ မှာ ရပ် နေ၏။
4 ကိုယ်​တော်​က​ငါ့​အား``အ​ချင်း​လူ​သား၊ စေ့​စေ့​ကြည့်​ရှု​လော့။ သင့်​အား​ငါ​ပြော​သည်​ကို​ဂ​ရု​ပြု​နား​ထောင်​၍​ငါ​ပြ​သည့်​အ​ရာ​မှန်​သ​မျှ​ကို​သေ​ချာ​စွာ​မှတ်​သား​ထား​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​သင့်​အား ထို​အ​ရာ​များ​ကို​ပြ​ရန်​အ​တွက် ဤ​အ​ရပ်​သို့​ဆောင်​ယူ​လာ​ခြင်း​ဖြစ်​သော​ကြောင့်​တည်း။ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​မိ​မိ​တွေ့​မြင်​ရ​သော​အ​မှု​အ​ရာ​ကို​ပြော​ပြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
ထိုသူက၊ အချင်းလူသား ၊ စေ့စေ့ကြည့်ရှု လော့။ စေ့စေ့နားထောင် လော့။ ငါ ပြ လတံ့သမျှ တို့ကို နှလုံး သွင်း လော့။ သင့် အား ငါပြ အံ့သောငှါ သင့်ကိုဤ အရပ်သို့ ဆောင် ခဲ့တော်မူပြီ၊ မြင် သမျှ တို့ကိုလည်းဣသရေလ အမျိုး အား ပြ ရမည်ဟုဆို ၏။
5 ငါ​မြင်​ရ​သော​အ​ရာ​မှာ​ဗိ​မာန်​တော်​ဖြစ်​၏။ ထို​ဗိ​မာန်​တော်​ကို​တံ​တိုင်း​ကာ​ရံ​ထား​၏။ ကူ​လုံး​ကို​ကိုင်​ထား​သော​လူ​သည်​ထို​ဆယ်​ပေ​ရှည်​သော​ကူ​လုံး​ဖြင့်​တံ​တိုင်း​ကို​တိုင်း​ထွာ​ကြည့်​၏။ တံ​တိုင်း​သည်​အ​မြင့်​ဆယ်​ပေ၊ ထု​ဆယ်​ပေ​ရှိ​၏။-
အိမ် တော်ပြင် ပတ်လည် ၌ တန်တိုင်း ရှိ၏။ ထိုသူသည် သံတောင်အားဖြင့်အရှည်ခြောက် တောင် ရှိသောကျူလုံး ကို ကိုင် လျက်၊ ထိုတန်တိုင်း ကိုတိုင်း ၍ အထု ကျူ တပြန်၊ အမြင့် လည်း ကျူ တပြန်ရှိ၏။
6 ထို​နောက်​သူ​သည်​အ​ရှေ့​အ​ရပ်​သို့​မျက်​နှာ​မူ​နေ​သည့်​တံ​ခါး​သို့​သွား​၍​လှေ​ကား​ကို​တက်​ပြီး​လျှင် အ​ပေါ်​ဆုံး​အ​ထစ်​မှ​တံ​ခါး​ဝ​ကို​တိုင်း​ကြည့်​ရာ​အ​မြင့်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-
ထိုနောက် ၊ အရှေ့ တံခါး သို့ သွား ၍ လှေကား ကို တက် ပြီးမှ ၊ တံခါး ထုပ် နှင့် တံခါး ခုံကိုတိုင်း ၍ အနံ ကျူ တပြန်စီရှိ၏။
7 တံ​ခါး​၏​အ​လွန်​တွင်​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​၏​ဝဲ​ယာ​တွင်​အ​စောင့်​တပ်​သား​များ​အ​တွက် အ​ခန်း​သုံး​ခန်း​စီ​ရှိ​၏။ ထို​အ​ခန်း​တိုင်း​ပင်​စ​တု​ရန်း​ပုံ​သဏ္ဌာန်​ရှိ​၍​နံ​ရံ​တစ်​ခု​လျှင်​ဆယ်​ပေ​ရှည်​၏။ အ​ခန်း​တစ်​ခု​နှင့်​တစ်​ခု​အ​ကြား​မှ​နံ​ရံ​သည်​ထု​ရှစ်​ပေ​ရှိ​၏။ ဤ​အ​ခန်း​များ​အ​လွန်​၌​ဆယ်​ပေ​ရှည်​သော​လမ်း​ကြား​တစ်​ခု​ရှိ​၏။ ထို​လမ်း​သည်​ဗိ​မာန်​တော်​ကို​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​ကြီး​တစ်​ခု​သို့​သွား​ရာ​လမ်း​ဖြစ်​၏။-
အခန်းငယ် တို့သည် တခန်းနှင့်တခန်း ငါး တောင် ကွာလျက် အလျား ကျူ တပြန်၊ အနံ လည်း ကျူ တပြန်စီရှိကြ၏။
8 ထို​လူ​သည်​ဤ​အ​ခန်း​ကြီး​ကို​တိုင်း​တာ​ကြည့်​ရာ​အ​နံ​တစ်​ဆယ့်​သုံး​ပေ ရှိ​သည်​ကို​တွေ့​ရ​၏။ ထို​အ​ခန်း​၏​အ​စွန်​ဆုံး​နံ​ရံ​များ​သည်​ထု​သုံး​ပေ​စီ​ရှိ​၏။-
အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
9
တံခါး မုတ် ကိုလည်း တိုင်း ၍အလျားရှစ် တောင် ရှိ၏။ မုတ်တိုင် အမြင့် နှစ် တောင် စီရှိ၏။ တံခါး မုတ် သည် တံခါးအတွင်း ဘက်၌ ရှိသတည်း။
10 ၁၀ (မုခ်​ပေါက်​လမ်း​ကြား​၏​ဝဲ​ယာ​တွင်​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​သုံး​ခန်း​စီ​သည် အ​ရွယ်​ပ​မာ​ဏ​ချင်း​တူ​ညီ​ကြ​၏။ ယင်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​သည်​လည်း​ထု​ချင်း​တူ​ညီ​ကြ​၏။)
၁၀အရှေ့ တံခါး တဘက်တချက်၌ အခန်းငယ် သုံး ခန်းစီရှိ၍၊ အလျား အနံတညီတည်း ၊ တဖက်တချက်၌ တိုင် အမြင့်လည်း တညီတည်း ရှိကြ၏။
11 ၁၁ ထို​နောက်​သူ​သည်​ကြား​လမ်း​၏​အ​နံ​ကို​တိုင်း​ကြည့်​ရာ စု​စု​ပေါင်း​နှစ်​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ မုခ်​ပေါက်​လမ်း​တစ်​လျှောက်​လုံး​ကား​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-
၁၁တံခါး ဝ ကိုလည်းတိုင်း ၍ အနံ ဆယ် တောင် ၊ အမြင့် တဆယ် သုံး တောင် ရှိ၏။
12 ၁၂ အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​တစ်​ခု​စီ​ရှေ့​တွင်​အ​မြင့်​လက်​မ​နှစ်​ဆယ်၊ အ​ကျယ်​လက်​မ​နှစ်​ဆယ်​ရှိ​သော​တံ​တိုင်း​ရှိ​၏။ (ထို​အ​ခန်း​တို့​သည်​အ​လျား​ဆယ်​ပေ၊ အ​နံ​ဆယ်​ပေ​ရှိ​သ​တည်း။-)
၁၂အခန်းငယ် တို့ရှေ့မှာ တဘက်တချက်၌ ကြမ်းပြင် အနံတ တောင် ရှိ၏။ တဘက်တချက်၌ရှိသောအခန်းငယ် တို့သည် အလျားအနံခြောက် တောင် စီရှိ၏။
13 ၁၃ ထို​နောက်​ထို​လူ​သည်​အ​ခန်း​ငယ်​တစ်​ခု​၏​နောက်​ဘက်​နံ​ရံ​မှ​မုခ်​ပေါက်​လမ်း​ကို​ဖြတ်​၍ အ​စွန်း​အ​ခန်း​ငယ်​နောက်​ဘက်​နံ​ရံ​အ​ထိ​တိုင်း​တာ​ရာ​လေး​ဆယ့်​နှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။-
၁၃ထိုနောက် ၊ အခန်းငယ် အမိုး စွန်းတခုမှ သည် တခုတိုင်အောင် တိုင်း ၍အကျယ် နှစ်ဆယ် ငါး တောင် ရှိ၏။ တံခါးတို့ သည် မျက်နှာချင်းဆိုင် ကြ၏။
14 ၁၄ အ​စွန်း​ဆုံး​၌​ရှိ​သော​အ​ခန်း​မှ​ထွက်​လျှင် တံ​တိုင်း​အ​တွင်း​ရှိ​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သို့​ရောက်​ရှိ​လေ​သည်။ ထို​အ​ခန်း​ကို​တိုင်း​ထွာ​၍​ကြည့်​ရာ​သုံး​ဆယ့်​လေး​ပေ​ကျယ်​သည်​ကို​တွေ့​ရ​၏။-
၁၄တံခါး ပတ်လည် တန်တိုင်း အတွင်း၊ ထောင့် တိုင် အထိ ၊ အတောင် ခြောက်ဆယ် ကျယ်အောင် တိုင် များကို ထား လေ၏။
15 ၁၅ မုခ်​ပေါက်​ဝ​မှ​နေ​၍​အ​စွန်​ဆုံး​အ​ခန်း​အ​ထိ စု​စု​ပေါင်း​ရှစ်​ဆယ့်​ငါး​ပေ​ရှိ​သ​တည်း။-
၁၅ပြင်တံခါးဝ မှ သည် အတွင်းတံခါး မုတ်ဝ တိုင်အောင် အတောင် ငါးဆယ် ရှိ၏။
16 ၁၆ အ​ခန်း​အား​လုံး​၏​အ​ပြင်​နံ​ရံ​တိုင်း၊ အ​တွင်း​နံ​ရံ​တိုင်း​တို့​၌​ပြူ​တင်း​ပေါက်​ငယ်​များ​ရှိ​၏။ လမ်း​ကြား​သို့​မျက်​နှာ​မူ​လျက်​နေ​သော​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထု​ထား​လေ​သည်။
၁၆အခန်း များ၊ တံခါး အတွင်း ပတ်လည် တိုင် များ၊ တံခါးမုတ် များ အတွင်း ဘက် ၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင် များ၌ စွန်ပလွန် ပင်ပုံထုလျက်ရှိ၏။
17 ၁၇ ထို​လူ​သည်​ငါ့​အား​မုခ်​ပေါက်​ကို​ဖြတ်​၍​ဗိ​မာန်​တော်​အ​ပြင်​တံ​တိုင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍​ဆောက်​လုပ်​ထား​သော​အ​ခန်း​ပေါင်း​သုံး​ဆယ်​ရှိ​၏။ ထို​အ​ခန်း​များ​၏​ရှေ့​တွင်​ကျောက်​များ​ခင်း​ထား​သော​အ​ကွက်​ရှိ​လေ​သည်။ တံ​တိုင်း​အ​ပြင်​၏​မြေ​မျက်​နှာ​ပြင်​သည်​တံ​တိုင်း​အ​တွင်း​ရှိ​မြေ​မျက်​နှာ​ပြင်​ထက်​နိမ့်​၏။
၁၇ထိုနောက် ၊ ငါ့ ကိုပြင် တန်တိုင်း ထဲသို့ သွင်း ၍ အခန်း များကို ငါမြင်၏။ ကျောက် ခင်းလည်း ရှိ ၏။ ကျောက် ခင်းအပေါ်မှာ အခန်း သုံးဆယ် ရှိ၏။
18 ၁၈
၁၈တံခါး များအစဉ်အတိုင်းလိုက်၍၊ တံခါး အနားမှာ ရှိသောကျောက် ခင်းသည် အောက် ကျောက် ခင်းဖြစ်၏။
19 ၁၉ ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ရောက်​နိုင်​သော မြေ​မျက်​နှာ​ပြင်​မြင့်​သည့်​နေ​ရာ​တွင်​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​လူ​သည်​အ​တွင်း​မုခ်​ဦး​ပေါက်​နှင့်​အ​ပြင်​မုခ်​ဦး​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ တစ်​ရာ​ခြောက်​ဆယ့်​ရှစ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။
၁၉ထိုနောက် ၊ အောက် တံခါး ဦး မှ သည် အတွင်း တန်တိုင်း ပြင် ဘက် ဦး တိုင်အောင် တိုင်း ၍၊ အရှေ့ မျက်နှာ၌ အတောင် တရာ ကွာ ၏။
20 ၂၀ ထို​နောက်​သူ​သည်​တံ​တိုင်း​အ​ပြင်​ရှိ​ဝင်း​သို့​သွား​ရာ မြောက်​မုခ်​ပေါက်​လမ်း​ကို​တိုင်း​တာ​ကြည့်​၏။-
၂၀တဖန် မြောက် မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်း မြောက် ဘက်သို့ မျက်နှာ ပြုသောတံခါး အမြင့် နှင့် အနံ ကိုတိုင်း လေ၏။
21 ၂၁ လမ်း​၏​ဝဲ​ယာ​သုံး​ခန်း​စီ​ရှိ​သော​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ ထို​အ​ခန်း​တို့​ကို​ပိုင်း​ခြား​ထား​သည့်​နံ​ရံ​များ​နှင့်​အ​ဝင်​ခန်း​တို့​သည် အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​တူ​ညီ​၏။ ထို​လမ်း​သည်​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
၂၁အခန်း တို့သည် တဘက်တချက်၌ သုံး ခန်းစီ ရှိ၏။ တိုင် များ၊ မုတ် များတို့သည် အရင် တံခါး ကဲ့သို့ ဖြစ် ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
22 ၂၂ အ​ဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​နှင့်​ထွင်း​ထု​ထား​သည့်​စွန်​ပ​လွံ​ပင်​ပုံ​များ​သည်​လည်း​အ​ရှေ့​မုခ်​ပေါက်​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​တံ​ခါး​သို့​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ အ​စွန်း​ဆုံး​ရှိ​အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​လျက်​နေ​၏။-
၂၂ပြတင်းပေါက် ၊ မုတ် ၊ စွန်ပလွံ ပင်များတို့သည် အရှေ့ တံခါး ကဲ့သို့ ဖြစ်ကြ၏။ လှေကား ခုနစ် ထစ်ဖြင့် တံခါး သို့ တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
23 ၂၃ အ​ရှေ့​ဘက်​မှာ​ကဲ့​သို့​ပင်​တံ​တိုင်း​အ​ပြင်​ဝင်း​ကို​ဖြတ်​၍ ဤ​မြောက်​ဘက်​မုခ်​ပေါက်​နှင့်​တည့်​တည့်​၌​တံ​တိုင်း​အ​တွင်း​ရှိ​ဝင်း​သို့​ဝင်​ရန်​မုခ်​ပေါက်​တစ်​ခု​ရှိ​လေ​သည်။ ထို​သူ​သည်​မုခ်​ပေါက်​နှစ်​ခု​၏​အ​ကွာ​အ​ဝေး​ကို​တိုင်း​၍​ကြည့်​ရာ တစ်​ရာ​ခု​နစ်​ဆယ်​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။
၂၃အရှေ့ ဘက်၌ ရှိသကဲ့သို့မြောက် တံခါး မျက်နှာချင်းဆိုင် အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ တံခါးဝ တခုနှင့် တခု အတောင် တရာ ကွာ၏။
24 ၂၄ ထို​နောက်​ထို​သူ​သည်​ငါ့​အား​တောင်​မျက်​နှာ​သို့​ခေါ်​ဆောင်​သွား​ရာ ငါ​တို့​သည်​ထို​အ​ရပ်​တွင်​အခြား​မုခ်​ပေါက်​တစ်​ခု​ကို​မြင်​ရ​ကြ​၏။ သူ​သည်​ထို​မုခ်​ပေါက်​၏​အ​တွင်း​နံ​ရံ​နှင့်​အ​ဝင်​ခန်း​ကို​တိုင်း​တာ​ကြည့်​၏။ ယင်း​တို့​သည်​အ​ခြား​မုခ်​ပေါက်​နှင့်​အဆောင်​များ​နည်း​တူ​ပင်​ဖြစ်​၏။-
၂၄ထိုနောက် ၊ တောင် မျက်နှာသို့ခေါ်သွား ၍ တောင် တံခါး ကို ငါမြင် ၏။ တိုင် များ၊ မုတ် များကိုတိုင်း ၍ အရင်ပမာဏ နှင့်တညီတည်း ရှိကြ၏။
25 ၂၅ ဤ​မုခ်​ပေါက်​မှ​အ​ခန်း​များ​တွင် အ​ခြား​မုခ်​ပေါက်​များ​မှ​အ​ဆောင်​များ​မှာ​ကဲ့​သို့​ပင်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ မုခ်​ပေါက်-သည်​စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
၂၅အရင်ပြတင်းပေါက် ကဲ့သို့ ပြတင်းပေါက် များ၊ မုတ် များရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
26 ၂၆ ယင်း​ကို​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ ထို​မုခ်​ပေါက်​၏​အ​ဝင်​ခန်း​သည်​လည်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​၍​နေ​၏။ လမ်း​ကြား​ကို​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။-
၂၆လှေကား ခုနစ် ထစ်ဖြင့် တံခါးသို့တက် ရ၏။ မုတ် တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင် များ၌ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။
27 ၂၇ ဤ​အ​ရပ်​၌​လည်း​တံ​တိုင်း​အ​တွင်း​ဝင်း​သို့​ဝင်​ရာ​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​သူ​သည်​ဤ​မုခ်​ပေါက်​နှင့်​ပ​ထ​မ​မုခ်​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။
၂၇တောင် မျက်နှာ၌ အတွင်း တန်တိုင်း တံခါးဝ ရှိ၏။ ထိုမျက်နှာ၌ တံခါးဝ တခုမှ သည် တခုတိုင်အောင် တိုင်း ၍ အတောင် တရာ ကွာ၏။
28 ၂၈ ထို​သူ​သည်​တောင်​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-
၂၈တဖန် အတွင်း တန်တိုင်း ထဲသို့ တောင် တံခါး ဖြင့် သွင်း ၍၊ အရင် ပမာဏ နှင့်အညီ ထိုတံခါး ကိုတိုင်း လေ၏။
29 ၂၉ ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
၂၉အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင် ပမာဏ နှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
30 ၃၀
၃၀ပတ်လည် ၌ရှိသောမုတ် တို့သည်လည်း အလျား အတောင်နှစ်ဆယ် ငါး တောင် ၊ အနံ ငါး တောင် ရှိ၏။
31 ၃၁ ယင်း​တွင်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​နေ​သော​အ​ဝင်​ခန်း​ရှိ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​ထား​၏။ ဤ​မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
၃၁မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍ ၊ တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။
32 ၃၂ ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-
၃၂အရှေ့ ဘက်၌လည်း အတွင်း တန်တိုင်း ထဲသို့ သွင်း ၍ ၊ ထိုတံခါးကို အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။
33 ၃၃ ယင်း​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည် အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​အ​တိုင်း​အ​တာ​ရှိ​ကြ​၏။ မုခ်​ပေါက်​ပတ်​လည်​နှင့်​အ​ဝင်​ခန်း​၌​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
၃၃အခန်းငယ် များ၊ တိုင် များ၊ မုတ် များတို့သည် အရင်ပမာဏ နှင့် တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း ၊ မုတ် များ၌ ၎င်း ပြတင်းပေါက် ရှိ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
34 ၃၄ အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
၃၄မုတ် တို့သည် ပြင် တန်တိုင်း သို့ မျက်နှာပြု ၍၊ တဘက်တချက်တိုင် များပေါ်မှာ စွန်ပလွံ ပင် ပုံထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့် တက် ရ၏။
35 ၃၅ ထို​နောက်​ထို​လူ​သည်​ငါ့​အား​မြောက်​မုခ်​ပေါက်​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​ထို​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​နှင့်​အ​တူ​တူ​ပင်​ဖြစ်​ကြောင်း​တွေ့​ရ​၏။-
၃၅တဖန် မြောက် တံခါး သို့ ခေါ် သွား၍ အရင် ပမာဏ နှင့်အညီ တိုင်း လေ၏။
36 ၃၆ ယင်း​တွင်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​အ​စောင့်​တပ်​သား​များ​အ​တွက်​အ​ခန်း​များ၊ လှ​ပ​စွာ​တန်​ဆာ​ဆင်​ထား​သည့်​အ​တွင်း​နံ​ရံ​များ၊ အဝင်​ခန်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​လေး​ရာ​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-
၃၆အခန်းငယ် များ၊ တိုင် များ၊ မုတ် များ၊ ပတ်လည် ၌ ပြတင်းပေါက် များတို့နှင့် ပြည့်စုံ၍၊ အလျား အတောင် ငါးဆယ် ၊ အနံ နှစ်ဆယ် ငါး တောင် ရှိ၏။
37 ၃၇ အ​ဝင်​ခန်း​သည်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​၍​နေ​၏။ မုခ်​ဆောင်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​၍​ထား​၏။ မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။
၃၇မုတ် တို့သည် ပြင် တန်တိုင်း သို့မျက်နှာပြု ၍၊ တဘက်တချက်တိုင် များအပေါ်မှာ စွန်ပလွံ ပင်ပုံ ထုလျက် ရှိ၏။ လှေကား ရှစ် ထစ်ဖြင့်တက် ရ၏။
38 ၃၈ တံ​တိုင်း​အ​ပြင်​ဝင်း​အ​တွင်း​၌​မြောက်​ဘက်​အ​တွင်း​မုခ်​ပေါက်​နှင့်​ကပ်​၍​တည်​ဆောက်​ထား​သော​တိုး​ချဲ့​ဆောင်​ရှိ​၏။ ထို​အ​ဆောက်​အ​အုံ​မှ​နေ​၍​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ဝင်​ခန်း​ကို​ဝင်​နိုင်​၏။ ဤ​အ​ဆောက်​အ​အုံ​သည်​တစ်​တောင်​လုံး​မီး​ရှို့​ပူ​ဇော်​မည့်​ယဇ်​ကောင်​များ​ကို​ဆေး​ကြော​ရာ​ဖြစ်​၏။-
၃၈မီးရှို့ သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်း များ၊ အခန်း ဝင်ဝများတို့သည် ထို တံခါး မုတ် ၌ ရှိကြ၏။
39 ၃၉ အ​ဝင်​ခန်း​၏​အ​တွင်း​၌​တစ်​ဖက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​၏။ တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရန်​နှင့်​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​များ​အ​တွက်၊ တိ​ရစ္ဆာန်​များ​ကို​ဤ​စား​ပွဲ​များ​ပေါ်​တွင်​တင်​၍​သတ်​ရ​ကြ​၏။-
၃၉မီးရှို့ ရာယဇ်၊ အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာ ယဇ်ကောင်ကိုသတ် စရာဘို့ ၊ တံခါး မုတ် အတွင်း တဘက် တချက်၌ စားပွဲ နှစ် ခုစီရှိကြ၏။
40 ၄၀ အ​ခန်း​၏​အ​ပြင်​ဘက်​၌​လည်း​မြောက်​မုခ်​ပေါက်​တစ်​ဘက်​တစ်​ချက်​တွင်​စား​ပွဲ​နှစ်​လုံး​စီ​ရှိ​သဖြင့်​စု​စု​ပေါင်း​လေး​လုံး​ရှိ​၏။-
၄၀မြောက် တံခါး ဝ သို့ တက် ရာတံခါးမုတ်၊ ပြင် အနား တဘက်တချက်၌လည်း စားပွဲ နှစ် ခုစီရှိသည်ဖြစ်၍၊
41 ၄၁ သို့​ဖြစ်​၍​တိ​ရစ္ဆာန်​များ​ကို​သတ်​ရန်​အ​ခန်း​ထဲ​၌​စား​ပွဲ​လေး​လုံး၊ အ​ပြင်​၌​လေး​လုံး၊ စု​စု​ပေါင်း​ရှစ်​လုံး​ရှိ​သ​တည်း။-
၄၁တံခါးဝ တဘက်တချက်၌ ယဇ်ကောင်ကိုသတ် စရာစားပွဲ လေး ခုစီ၊ ပေါင်းရှစ် ခုရှိကြ၏။
42 ၄၂ တိုး​ချဲ့​ဆောင်​တွင်​တစ်​ကောင်​လုံး​မီး​ရှို့​ပူ​ဇော်​ရာ​ယဇ်​ကောင်​များ​ကို​ပြင်​ဆင်​ရန်​စား​ပွဲ​လေး​လုံး​မှာ​ကျောက်​ကို​ဆစ်​၍​ပြု​လုပ်​ထား​လေ​သည်။ ထို​စား​ပွဲ​များ​သည်​အ​လျား​တူ​အ​နံ​တူ​လက်​မ​သုံး​ဆယ်​စီ​ရှိ​၍ လက်​မ​နှစ်​ဆယ်​မြင့်​၏။ ယင်း​တို့​အ​ပေါ်​တွင်​ယဇ်​ကောင်​များ​ကို​သတ်​ရန်​ကိ​ရိ​ယာ​တန်​ဆာ​များ​ကို​တင်​ထား​၏။-
၄၂မီးရှို့ ရာယဇ်ဘို့ စားပွဲ လေး ခုတို့သည် ဆစ် သော ကျောက် ဖြင့်ပြီး၍၊ အလျား တတောင် တထွာ၊ အနံ တတောင် တထွာ၊ အမြင့် တ တောင် ရှိ၏။ ထို စားပွဲ ပေါ်မှာ မီးရှို့ ရာယဇ်ကောင်ကိုသတ် စရာတန်ဆာ များကို တင် ထားရကြ၏။
43 ၄၃ ထို​စား​ပွဲ​များ​တွင်​အ​ထူ​သုံး​လက်​မ​ရှိ​သော​အ​နား​ပတ်​များ​တပ်​ထား​၏။ ယဇ်​ပူ​ဇော်​ရန်​အ​သား​များ​ကို​ထို​စား​ပွဲ​များ​ပေါ်​တွင်​တင်​ထား​ရ​၏။
၄၃စားပွဲ အပေါ် ပတ်လည် ၌ အကျယ်လက် တ ဝါးရှိသောအနားပတ် တပ် လျက်ရှိ၍၊ ပူဇော် စရာယဇ်သား ကို တင်ထားရကြ၏။
44 ၄၄ ထို​နောက်​ထို​သူ​သည်​အ​တွင်း​ဝင်း​သို့​ငါ့​ကို​ခေါ်​ဆောင်​သွား​၏။ မြောက်​မုခ်​ပေါက်​၏​နံ​ဘေး​တံ​တိုင်း​အ​တွင်း​ဝင်း​၌​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။ တောင်​မုခ်​ပေါက်​၏​နံ​ဘေး​၌​လည်း​အ​လား​တူ​အ​ခန်း​တစ်​ခု​ရှိ​၏။ ထို​အ​ခန်း​သည်​မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​၏။-
၄၄အတွင်း တံခါး ပြင် မှာ အတွင်း တန်တိုင်း ၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက် တံခါး အနား မှာ ရှိ၍ တောင် ဘက်သို့ မျက်နှာပြု ၏။ တခန်းကား၊ တောင် တံခါး အနား မှာ ရှိ၍ မြောက် ဘက်သို့ မျက်နှာပြု ၏။
45 ၄၅ ထို​လူ​က​တောင်​ဘက်​သို့​မျက်​နှာ​မူ​လျက်​နေ​သည့်​အ​ခန်း​သည် ဗိ​မာန်​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း၊-
၄၅တောင် ဘက်သို့မျက်နှာပြု သော ဤ အခန်း ကား၊ အိမ် တော် အမှု ကိုဆောင် သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊
46 ၄၆ မြောက်​ဘက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​ခန်း​သည် ယဇ်​ပလ္လင်​ဆိုင်​ရာ​အ​မှု​ကို​ဆောင်​ရွက်​ရ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက်​ဖြစ်​ကြောင်း​ငါ့​အား​ပြော​ပြ​လေ​သည်။ ထို​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ဇာ​ဒုတ်​မှ​ဆင်း​သက်​လာ​သူ​လေ​ဝိ​အနွယ်​ဝင်​များ​ဖြစ်​ကြ​သည်။ သူ​တို့​သည်​သာ​လျှင်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​သို့​ဝင်​၍ အ​မှု​တော်​ကို​ဆောင်​ရွက်​ခွင့်​ရ​ရှိ​ကြ​သ​တည်း။
၄၆မြောက် ဘက်သို့မျက်နှာပြု သော ဤအခန်း ကား၊ ယဇ်ပလ္လင် အမှု ကို ဆောင် သောယဇ်ပုရောဟိတ် နေစရာ ဘို့ ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ အမှုတော်ကို ဆောင် စေခြင်းငှါ ၊ လေဝိ သား တို့တွင် ရွေးကောက်သောဇာဒုတ် သား ပေတည်းဟု ငါ့အား ပြောဆို၏။
47 ၄၇ ထို​လူ​သည်​တံ​တိုင်း​အ​တွင်း​ဝင်း​ကို​တိုင်း​တာ​ကြည့်​ရာ​အ​လျား​ပေ​တစ်​ရာ​ခု​နစ်​ဆယ်၊ အ​နံ​ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။ ဗိ​မာန်​တော်​သည်​အ​နောက်​ဘက်​တွင်​ရှိ​၍ ဗိ​မာန်​တော်​ရှေ့​၌​ယဇ်​ပလ္လင်​ရှိ​၏။-
၄၇ထိုအခါ တန်တိုင်း ကိုတိုင်း ၍ အလျား အတောင် တရာ ၊ အနံ အတောင် တရာ စတုရန်း ရှိ၏။ ယဇ်ပလ္လင် သည် အိမ် တော်ရှေ့မှာ တည်၏။
48 ၄၈ ထို​နောက်​သူ​သည်​ငါ့​အား​ဗိ​မာန်​တော်​မုခ်​ဦး​ပေါက်​ခန်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​အ​ဝင်​ဝ​ကို​တိုင်း​တာ​ကြည့်​ရာ​ထု​ရှစ်​လက်​မ၊ အ​နံ​နှစ်​ဆယ့်​လေး​ပေ​ရှိ​သည်​ကို​တွေ့​ရ​၏။ ဝဲ​ယာ​ရှိ​နံ​ရံ​များ​မှာ​ထု​ငါး​ပေ​စီ​ရှိ​ကြ​၏။-
၄၈အိမ် တော်ဦး သို့ ခေါ် ၍ တံခါးဝနှစ်ဘက်ကို တိုင်း လျှင်၊ အကျယ်ငါး တောင် စီရှိ၏။ တံခါးရွက် နှစ်ဘက်၊ အနံ သုံး တောင် စီရှိ၏။
49 ၄၉ မုခ်​ဦး​ခန်း​သည်​အ​နံ​သုံး​ဆယ့်​လေး​ပေ၊ ထု​ပေ​နှစ်​ဆယ်​ရှိ​၍​ယင်း​ကို​လှေ​ကား​ထစ်​များ​ဖြင့်​တက်​ရ​၏။ မုခ်​ဦး​ပေါက်​တစ်​ဖက်​တစ်​ချက်​တွင်​တိုင်​တစ်​လုံး​စီ​ရှိ​သ​တည်း။
၄၉အိမ်တော်ဦး အလျား ကား အတောင် နှစ်ဆယ် ၊ အနံ ကားတဆယ် တ တောင် ရှိ၏။ လှေကား ဆယ်ထစ်ဖြင့် တက် ရ၏။ အိမ်တော်ဦး အနား ၊ တဘက်တချက်၌ တိုင် တ လုံးစီတည်လျက်ရှိ၏။

< ယေဇကျေလ 40 >