< ယေဇကျေလ 4 >
1 ၁ ထို့နောက်``အချင်းလူသား၊ အုတ်တစ်ချပ်ကို ယူ၍သင်၏ရှေ့တွင်ထားပြီးလျှင် ယေရုရှ လင်မြို့ပုံကိုအုတ်ပေါ်တွင်ရေးဆွဲလော့။-
E tu, filho do homem, toma para ti um tijolo, põe-o diante de ti, e desenha sobre ele a cidade de Jerusalém;
2 ၂ ထိုနောက်ထိုမြို့အားရန်သူဝိုင်းရံထားပုံကို သရုပ်ဆောင်ရန် မြောင်း၊ မြေကတုတ်များ၊ စစ် စခန်းများနှင့်ခံတပ်ဖြိုသည့်တုံးမောင်း များကိုမြို့ပတ်လည်၌နေရာချထားလော့။-
E põe um cerco contra ela, e edifica contra ela uma fortaleza, e levanta uma rampa contra ela; e põe acampamentos contra ela, e ordena contra ela aríetes ao redor.
3 ၃ သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
E tu, toma para ti uma assadeira de ferro, e põe-a como muro de ferro entre ti e a cidade; e endireita tua face contra ela, e assim será cercada, e a cercarás. Isto será um sinal para a casa de Israel.
4 ၄ ``သင်သည်လက်ဝဲဘက်သို့စောင်း၍အိပ်လော့။
E tu deita sobre teu lado esquerdo, e põe sobre ele a maldade da casa de Israel; [conforme] o número de dias que deitares sobre ele, levarás suas maldades.
5 ၅ ဣသရေလအမျိုးသားတို့၏အပြစ်ကို သင်၏အပေါ်သို့ငါတင်မည်။ သင်သည်ယင်း သို့အိပ်လျက်သူတို့၏အပြစ်ကိုခံရသည့် အနေဖြင့် ရက်ပေါင်းသုံးရာကိုးဆယ်တိုင်တိုင် နေရမည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့ အပြစ်ဒဏ်ခံရမည့်နှစ်တစ်နှစ်လျှင်တစ်ရက် နှုန်းဖြင့်သင့်အားခံစေရန် ငါစီရင်ချက်ချ မှတ်ထားပြီဖြစ်သောကြောင့်တည်း။-
Pois eu te dei os anos da maldade deles conforme o número de dias: trezentos e noventa dias; e tu levarás a maldade da casa de Israel.
6 ၆ ထိုနေ့ရက်များကုန်လွန်သောအခါယာ ဘက်စောင်းအိပ်၍ ယုဒအမျိုးသားတို့ အပြစ်ဒဏ်ခံရကြမည့်နှစ်တစ်နှစ်လျှင် တစ်ရက်နှုန်းဖြင့်ရက်ပေါင်းလေးဆယ်တိုင် တိုင်သူတို့၏အပြစ်ကိုခံဦးလော့။
E quando completardes estes, voltarás a deitar sobre teu lado direito, e levarás a maldade da casa de Judá por quarenta dias; dei para ti um dia para cada ano.
7 ၇ ``ယေရုရှလင်မြို့အားဝိုင်းရံထားသည် ကိုစူးစိုက်၍ကြည့်လော့။ သင်သည်မိမိလက် သီးကိုပြလျက်ထိုမြို့အားဆန့်ကျင်၍ ဟောပြောလော့။-
Portanto dirigirás teu rosto ao cerco de Jerusalém firmarás teu rosto, e [manterás] teu braço descoberto; e profetizarás contra ela.
8 ၈ ထိုမြို့ကိုဝိုင်းရံမှုပြီးဆုံးချိန်တိုင်အောင် သင်သည်တစ်ဘက်မှအခြားတစ်ဘက်သို့ မလှည့်နိုင်စေရန် ငါသည်သင့်ကိုချည်နှောင် ထားမည်။
E eis que porei sobre ti cordas, e não te virarás de teu lado ao para o outro, enquanto não houveres completado os dias de teu cerco.
9 ၉ ``ယခုသင်သည်ဂျုံဆန်နှစ်မျိုး၊ ပဲနှစ်မျိုး နှင့်ပြောင်းဆန်ကိုယူ၍ အိုးထဲတွင်ရောနှော ပြီးလျှင်မုန့်ကိုလုပ်လော့။ ထိုမုန့်ကားရက် ပေါင်းသုံးရာ့ကိုးဆယ်ပတ်လုံးဝဲဘက်သို့ စောင်း၍အိပ်နေချိန်၌သင်စားရန်ဖြစ်၏။-
E tu, toma para ti trigo, cevada, favas, lentilhas, milho miúdo, e aveia, e põe-os em uma vasilha, e faz para ti pão deles, [conforme] o número de dias que dormires sobre teu lado; trezentos e noventa dias comerás disso.
10 ၁၀ သင်သည်တစ်ရက်လျှင်မုန့်ရှစ်အောင်စမျှ စားနိုင်ခွင့်ရှိ၏။-
E a comida que comerás será do peso de vinte siclos cada dia; de tempo em tempo a comerás.
11 ၁၁ ရေကိုလည်းအတိုင်းအတာနှင့်တစ်ရက်လျှင် နှစ်ခွက်သာသောက်ရမည်။-
Também beberás a água por medida: a sexta parte de um him; de tempo em tempo beberás.
12 ၁၂ သင်သည်လူ၏မစင်ခြောက်ဖြင့်မီးမွှေး၍ ရသောမီးကျီးခဲပေါ်တွင် မုန့်ကိုဖုတ်ကာ လူမြင်ကွင်း၌စားရမည်'' ဟုမိန့်တော်မူ၏။
E a comerás como [se fosse] pão de cevada; e a cozerás com as fezes que saem do homem, diante dos olhos deles.
13 ၁၃ ထာဝရဘုရားက``ငါသည်ဣသရေလ အမျိုးသားတို့အား တစ်ပါးနိုင်ငံများသို့ ပြန့်လွင့်စေသောအခါ သူတို့သည်ပညတ် တရားကတားမြစ်ထားသည့် မသန့်စင် သောအစားအစာများကိုဤသို့စားရ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
E disse o SENHOR: Assim os filhos de Israel comerão seu pão imundo entre as nações, para onde eu os lançarei.
14 ၁၄ သို့ရာတွင်``အရှင်ထာဝရဘုရား၊ ကျွန်တော် မျိုးသည်အဘယ်အခါ၌မျှ မိမိကိုယ်ကို မညစ်ညမ်းစေခဲ့ဘူးပါ။ ကလေးအရွယ်မှ စ၍အဘယ်အခါ၌မျှ အလိုအလျောက် သေသောတိရစ္ဆာန်၏အသားကိုသော်လည်း ကောင်း၊ သားရဲများကိုက်၍သေသည့်တိရစ္ဆာန် ၏အသားကိုသော်လည်းကောင်း မစားခဲ့ ဘူးပါ။ ကျွန်တော်မျိုးသည်မသန့်စင်ဟု ယူဆသည့်အစားအစာကိုအဘယ်အခါ ၌မျှမစားခဲ့ဘူးပါ'' ဟုလျှောက်၏။
Então eu disse: Ah Senhor DEUS! Eis que minha alma não foi contaminada; porque nunca comi coisa morta nem despedaçada, desde minha juventude até agora, nem nunca entrou em minha boca carne imunda.
15 ၁၅ သို့ဖြစ်၍ဘုရားသခင်က``လူ၏မစင် အစားနွားချေးကိုသုံးရန်သင့်အားငါ ခွင့်ပြုမည်။ သင်၏မုန့်ကိုနွားချေးနှင့်မွှေး သောမီးဖြင့်ဖုတ်နိုင်၏'' ဟုမိန့်တော်မူ၏။
E ele me disse: Eis que te dou fezes de vacas em lugar dos fezes humanas; e prepararás teu pão com elas.
16 ၁၆ ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ငါသည်ယေရုရှလင်မြို့တွင်ရိက္ခာပြတ် စေမည်။ ထိုမြို့မှလူတို့သည်စိုးရိမ်ပူပန် ကြလျက်မိမိတို့၏အစာရေစာတို့ကို ချိန်တွယ်၍စားသောက်ရကြလိမ့်မည်။-
Então me disse: Filho do homem, eis que destruirei o sustento do pão em Jerusalém, e comerão o pão por peso, e com angústia; e beberão a água por medida, e com espanto.
17 ၁၇ သူတို့သည်အစာရေစာပြတ်လျက်နေ သဖြင့်အချင်းချင်းတွေ့မြင်သောအခါ စိတ်ပျက်အားလျော့ကာမိမိတို့၏အပြစ် များကြောင့်ပိန်ကြုံသွားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Para que lhes falte o pão e o água, e se espantem uns aos outros, e se consumam em suas maldades.