< ယေဇကျေလ 4 >

1 ထို့​နောက်``အ​ချင်း​လူ​သား၊ အုတ်​တစ်​ချပ်​ကို ယူ​၍​သင်​၏​ရှေ့​တွင်​ထား​ပြီး​လျှင် ယေ​ရု​ရှ လင်​မြို့​ပုံ​ကို​အုတ်​ပေါ်​တွင်​ရေး​ဆွဲ​လော့။-
Et toi, fils de l'homme, prends une brique, mets-la devant toi et y dessine une ville, Jérusalem.
2 ထို​နောက်​ထို​မြို့​အား​ရန်​သူ​ဝိုင်း​ရံ​ထား​ပုံ​ကို သ​ရုပ်​ဆောင်​ရန် မြောင်း၊ မြေ​က​တုတ်​များ၊ စစ် စ​ခန်း​များ​နှင့်​ခံ​တပ်​ဖြို​သည့်​တုံး​မောင်း များ​ကို​မြို့​ပတ်​လည်​၌​နေ​ရာ​ချ​ထား​လော့။-
Établis un siège contre elle, bâtis contre elle des retranchements, élève contre elle des terrasses, environne-la d'un camp, place des béliers tout autour.
3 သံ​ပြား​တစ်​ချပ်​ကို​လည်း​ယူ​၍​မြို့​နှင့်​သင် ၏​စပ်​ကြား​တွင်​တံ​တိုင်း​သ​ဖွယ်​ထောင်​၍ ထား​လော့။ သင်​သည်​မြို့​ဘက်​သို့​မျက်​နှာ​မူ လော့။ မြို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​လျက်​ရှိ​၏။ သင်​သည်​မြို့​ကို​ဝိုင်း​ရံ​သူ​ဖြစ်​၏။ ဤ​သည် ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက် ပုဗ္ဗ​နိ​မိတ်​ဖြစ်​လိမ့်​မည်။
Prends aussi une plaque de fer, place-la comme une muraille de fer entre la ville et toi; tourne ta face contre elle, en sorte qu'elle soit assiégée, et tu la serreras de près. Ce sera là un signe pour la maison d'Israël.
4 ``သင်​သည်​လက်​ဝဲ​ဘက်​သို့​စောင်း​၍​အိပ်​လော့။
Ensuite couche-toi sur ton côté gauche, mets-y l'iniquité d'Israël. Tu porteras leur iniquité autant de jours que tu seras couché sur ce côté.
5 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ်​ကို သင်​၏​အ​ပေါ်​သို့​ငါ​တင်​မည်။ သင်​သည်​ယင်း သို့​အိပ်​လျက်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ရ​သည့် အ​နေ​ဖြင့် ရက်​ပေါင်း​သုံး​ရာ​ကိုး​ဆယ်​တိုင်​တိုင် နေ​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နှစ်​တစ်​နှစ်​လျှင်​တစ်​ရက် နှုန်း​ဖြင့်​သင့်​အား​ခံ​စေ​ရန် ငါ​စီ​ရင်​ချက်​ချ မှတ်​ထား​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-
Car je te compterai les années de leur iniquité pour un nombre égal de jours, savoir, trois cent quatre-vingt-dix jours, durant lesquels tu porteras l'iniquité de la maison d'Israël.
6 ထို​နေ့​ရက်​များ​ကုန်​လွန်​သော​အ​ခါ​ယာ ဘက်​စောင်း​အိပ်​၍ ယု​ဒ​အ​မျိုး​သား​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​နှစ်​တစ်​နှစ်​လျှင် တစ်​ရက်​နှုန်း​ဖြင့်​ရက်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ဦး​လော့။
Quand tu auras accompli ces jours-là, tu te coucheras en second lieu sur ton côté droit, et tu porteras l'iniquité de la maison de Juda pendant quarante jours, un jour pour une année; car je te compte un jour pour la durée d'une année.
7 ``ယေ​ရု​ရှ​လင်​မြို့​အား​ဝိုင်း​ရံ​ထား​သည် ကို​စူး​စိုက်​၍​ကြည့်​လော့။ သင်​သည်​မိ​မိ​လက် သီး​ကို​ပြ​လျက်​ထို​မြို့​အား​ဆန့်​ကျင်​၍ ဟော​ပြော​လော့။-
Tu tourneras aussi ta face et ton bras retroussé vers Jérusalem assiégée, et tu prophétiseras contre elle.
8 ထို​မြို့​ကို​ဝိုင်း​ရံ​မှု​ပြီး​ဆုံး​ချိန်​တိုင်​အောင် သင်​သည်​တစ်​ဘက်​မှ​အ​ခြား​တစ်​ဘက်​သို့ မ​လှည့်​နိုင်​စေ​ရန် ငါ​သည်​သင့်​ကို​ချည်​နှောင် ထား​မည်။
Or voici, je mets sur toi des liens, afin que tu ne te tournes point de l'un de tes côtés sur l'autre, jusqu'à ce que tu aies accompli les jours de ton siège.
9 ``ယ​ခု​သင်​သည်​ဂျုံ​ဆန်​နှစ်​မျိုး၊ ပဲ​နှစ်​မျိုး နှင့်​ပြောင်း​ဆန်​ကို​ယူ​၍ အိုး​ထဲ​တွင်​ရော​နှော ပြီး​လျှင်​မုန့်​ကို​လုပ်​လော့။ ထို​မုန့်​ကား​ရက် ပေါင်း​သုံး​ရာ့​ကိုး​ဆယ်​ပတ်​လုံး​ဝဲ​ဘက်​သို့ စောင်း​၍​အိပ်​နေ​ချိန်​၌​သင်​စား​ရန်​ဖြစ်​၏။-
Prends aussi du froment, de l'orge, des fèves, des lentilles, du millet et de l'épeautre; mets-les dans un vase, et fais-en du pain pour autant de jours que tu seras couché sur ton côté; tu en mangeras pendant trois cent quatre-vingt-dix jours.
10 ၁၀ သင်​သည်​တစ်​ရက်​လျှင်​မုန့်​ရှစ်​အောင်​စ​မျှ စား​နိုင်​ခွင့်​ရှိ​၏။-
La nourriture que tu mangeras sera du poids de vingt sicles par jour; tu en mangeras de temps à autre.
11 ၁၁ ရေ​ကို​လည်း​အ​တိုင်း​အ​တာ​နှင့်​တစ်​ရက်​လျှင် နှစ်​ခွက်​သာ​သောက်​ရ​မည်။-
Quant à l'eau, tu en boiras par mesure, savoir, la sixième partie d'un hin; tu en boiras de temps à autre.
12 ၁၂ သင်​သည်​လူ​၏​မ​စင်​ခြောက်​ဖြင့်​မီး​မွှေး​၍ ရ​သော​မီး​ကျီး​ခဲ​ပေါ်​တွင် မုန့်​ကို​ဖုတ်​ကာ လူ​မြင်​ကွင်း​၌​စား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
Tu mangeras des gâteaux d'orge, que tu cuiras sous leurs yeux avec des excréments humains.
13 ၁၃ ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ အမျိုး​သား​တို့​အား တစ်​ပါး​နိုင်​ငံ​များ​သို့ ပြန့်​လွင့်​စေ​သော​အ​ခါ သူ​တို့​သည်​ပ​ညတ် တ​ရား​က​တား​မြစ်​ထား​သည့် မ​သန့်​စင် သော​အ​စား​အ​စာ​များ​ကို​ဤ​သို့​စား​ရ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Et l'Éernel dit: C'est ainsi que les enfants d'Israël mangeront leur pain souillé parmi les nations au milieu desquelles je les chasserai.
14 ၁၄ သို့​ရာ​တွင်``အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ကျွန်​တော် မျိုး​သည်​အ​ဘယ်​အ​ခါ​၌​မျှ မိ​မိ​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​ခဲ့​ဘူး​ပါ။ က​လေး​အ​ရွယ်​မှ စ​၍​အ​ဘယ်​အ​ခါ​၌​မျှ အ​လို​အ​လျောက် သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​သော်​လည်း ကောင်း၊ သား​ရဲ​များ​ကိုက်​၍​သေ​သည့်​တိ​ရစ္ဆာန် ၏​အ​သား​ကို​သော်​လည်း​ကောင်း မ​စား​ခဲ့ ဘူး​ပါ။ ကျွန်​တော်​မျိုး​သည်​မ​သန့်​စင်​ဟု ယူ​ဆ​သည့်​အ​စား​အ​စာ​ကို​အ​ဘယ်​အ​ခါ ၌​မျှ​မ​စား​ခဲ့​ဘူး​ပါ'' ဟု​လျှောက်​၏။
Alors je dis: Ah! Seigneur Éternel, voici, mon âme n'a point été souillée; et depuis ma jeunesse jusqu'à présent, je n'ai mangé d'aucun corps mort, ni d'aucune bête déchirée, et aucune chair impure n'est entrée dans ma bouche.
15 ၁၅ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​က``လူ​၏​မ​စင် အ​စား​နွား​ချေး​ကို​သုံး​ရန်​သင့်​အား​ငါ ခွင့်​ပြု​မည်။ သင်​၏​မုန့်​ကို​နွား​ချေး​နှင့်​မွှေး သော​မီး​ဖြင့်​ဖုတ်​နိုင်​၏'' ဟု​မိန့်​တော်​မူ​၏။
Et il me répondit: Voici, je te donne la fiente des bœufs à la place d'excréments humains, et là-dessus tu apprêteras ta nourriture.
16 ၁၆ ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​ရိက္ခာ​ပြတ် စေ​မည်။ ထို​မြို့​မှ​လူ​တို့​သည်​စိုး​ရိမ်​ပူ​ပန် ကြ​လျက်​မိ​မိ​တို့​၏​အ​စာ​ရေ​စာ​တို့​ကို ချိန်​တွယ်​၍​စား​သောက်​ရ​ကြ​လိမ့်​မည်။-
Puis il ajouta: Fils de l'homme, voici, je vais retrancher dans Jérusalem le pain qui soutient; ils mangeront leur pain au poids et dans l'angoisse; ils boiront l'eau à la mesure et dans la stupeur.
17 ၁၇ သူ​တို့​သည်​အ​စာ​ရေ​စာ​ပြတ်​လျက်​နေ သ​ဖြင့်​အ​ချင်း​ချင်း​တွေ့​မြင်​သော​အ​ခါ စိတ်​ပျက်​အား​လျော့​ကာ​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့်​ပိန်​ကြုံ​သွား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
Et parce que le pain et l'eau leur manqueront, ils seront dans la consternation les uns et les autres, et ils se consumeront à cause de leur iniquité.

< ယေဇကျေလ 4 >