< ယေဇကျေလ 39 >

1 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး ဆုံး​မင်း​ဖြစ်​သူ​ဂေါ​ဂ​အား​ရှုတ်​ချ​လော့။ ငါ​သည်​သူ​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။-
Ти дакле, сине човечји, пророкуј против Гога, и реци: Овако вели Господ Господ: Ево ме на те, Гоже, кнеже и главо Месеху и Тувалу.
2 ငါ​သည်​သူ့​အား​လှည့်​စေ​၍​ဆွဲ​ခေါ်​လာ​မည်။ ဣ​သ​ရေ​လ​တောင်​များ​သို့​ရောက်​သည့်​တိုင် အောင်​မြောက်​မျက်​နှာ​စွန်း​မှ​ခေါ်​ဆောင်​လာ မည်။-
И вратићу те натраг и водићу те, и извешћу те из северних крајева и довешћу те на горе Израиљеве.
3 ထို့​နောက်​သူ​၏​လက်​ဝဲ​လက်​မှ​လေး​နှင့် လက်​ယာ​လက်​မှ​မြား​တို့​ကို​ပုတ်​ချမည်။-
И избићу ти лук твој из леве руке, и просућу ти из десне руке стреле.
4 ဂေါ​ဂ​နှင့်​စစ်​သည်​အ​လုံး​အ​ရင်း​တို့​သည် လည်း​ကောင်း၊ သူ​၏​မ​ဟာ​မိတ်​တို့​သည်​လည်း ကောင်း​ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​ငှက်​ရဲ များ​နှင့်​တော​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ မည်။-
На горама ћеш Израиљевим пасти ти и све чете твоје и народи који буду с тобом; птицама, свакојаким птицама крилатим и зверима пољским даћу те да те изједу.
5 သင်​သည်​ကွင်း​ပြင်​ထဲ​တွင်​ကျ​ဆုံး​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
На пољу ћеш пасти, јер ја рекох, говори Господ Господ.
6 ငါ​သည်​မာ​ဂေါ​ဂ​ပြည်​နှင့်​လူ​တို့​ငြိမ်း​ချမ်း စွာ​နေ​ထိုင်​လျက်​ရှိ​သည့်​ပင်​လယ်​ကမ်း​ရိုး တန်း​တစ်​လျှောက်​ကို​မီး​သင့်​လောင်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​လူ​တိုင်း​သိ​ရှိ​ကြ​လိမ့်​မည်။-
И пустићу огањ на Магога и на оне који живе на острвима без страха; и познаће да сам ја Господ.
7 ငါ​သည်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​ကို ငါ့​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သိ​ရှိ​ကြ​စေ​ရန်​ငါ​ပြု​မည်။ သူ​တို့ သည်​ထို​သန့်​ရှင်း​သော​နာ​မ​တော်​ကို​နောက် တစ်​ဖန်​မ​ရှုတ်​ချ​ရ။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ၏​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​လူ​မျိုး​တ​ကာ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
И свето име своје обзнанићу усред народа свог Израиља, и нећу више дати да се скврни свето име моје, него ће познати народи да сам ја Господ, Светац у Израиљу.
8 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ဖော်​ပြ​ခဲ့ သည့်​နေ့​ရက်​ကာ​လ​သည်​ဧ​ကန်​မု​ချ ကျ​ရောက်​အံ့။-
Ево, доћи ће, и збиће се, говори Господ Господ; то је дан за који говорих.
9 ဣ​သ​ရေ​လ​မြို့​များ​တွင်​နေ​ထိုင်​သူ​တို့​သည် မြို့​ပြင်​သို့​ထွက်​၍ ရန်​သူ​များ​စွန့်​ပစ်​ထား ခဲ့​သည့်​လက်​နက်​များ​ကို​ထင်း​အ​ဖြစ်​စု သိမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​ခု​နစ်​နှစ်​တိုင် တိုင်​မီး​ဆိုက်​နိုင်​လောက်​အောင် ဒိုင်း​လွှား၊ လေး၊ မြား၊ တင်း​ပုတ်​နှင့်​လှံ​များ​ကို​ရ​ရှိ​ကြ​လိမ့် မည်။-
Тада ће изаћи становници градова Израиљевих, и наложиће на огањ и спалиће оружје и штитове и штитиће, лукове и стреле, сулице и копља, и ложиће их на огањ седам година.
10 ၁၀ ရန်​သူ​တို့​စွန့်​ပစ်​ထား​ခဲ့​သည့်​လက်​နက်​များ ကို​ရ​ရှိ​ကြ​မည်​ဖြစ်​၍​သူ​တို့​သည်​လွင်​ပြင် ၌​ထင်း​ခွေ​ရန်၊ တော​၌​သစ်​ပင်​များ​ခုတ်​လှဲ ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့ အား​လု​ယက်​သတ်​ဖြတ်​ကြ​သူ​တို့​ကို​ပြန် ၍​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
И неће носити дрва из поља, нити ће сећи у шуми, него ће оружје ложити на огањ, и оплениће оне који их пленише, и поотимаће од оних који од њих отимаше, говори Господ Господ.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က``ဤ​အ​မှု​အ​ရာ​အ​ပေါင်း ဖြစ်​ပျက်​လာ​သော​အ​ခါ​ဂေါ​ဂ​အား ဣသ​ရေ​လ ပြည်​ပင်​လယ်​သေ​အ​ရှေ့​ဘက်​တွင်​ရှိ​သော ခ​ရီး​သည် ချိုင့်​ဝှမ်း​တွင်​သင်္ချိုင်း​မြေ​ယာ တစ်​ကွက်​ကို​ငါ​ပေး​မည်။ ထို​အ​ရပ်​တွင် ဂေါ​ဂ​နှင့်​သူ​၏​တပ်​မ​တော်​တစ်​ခု​လုံး​ကို မြှုပ်​နှံ​ရ​သ​ဖြင့် ခ​ရီး​သွား​ရန်​လမ်း​ပိတ် နေ​လိမ့်​မည်။ သို့​ဖြစ်​၍​ထို​ချိုင့်​ဝှမ်း​သည် ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​ဟု​နာ​မည် တွင်​လိမ့်​မည်။-
И у то ћу време дати Гогу место за гроб онде у Израиљу, долину којом се иде на исток к мору, и она ће стиснути уста путницима; онде ће бити погребен Гог и све мноштво његово, и прозваће се долина мноштва Гоговог.
12 ၁၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ပြည်​ရွာ သန့်​ရှင်း​မှု​အ​တွက် လူ​သေ​အ​လောင်း​များ ကို​ခု​နစ်​လ​ပတ်​လုံး​သင်္ဂြိုဟ်​ရ​ကြ​လိမ့်​မည်။-
И укопаваће их дом Израиљев седам месеци, да би очистили земљу.
13 ၁၃ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည်​ကူ​ညီ ၍​သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သူ​တို့​သည် ငါ​၏​ဘုန်း​တော်​ထင်​ရှား​သည့်​နေ့​၌ ဂုဏ်​ပြု ချီး​မြှင့်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-
И укопаваће их сав народ, и биће им на славу у онај дан кад се прославим, говори Господ Господ.
14 ၁၄ ခု​နစ်​လ​ကာ​လ​ကုန်​ဆုံး​သွား​သော​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ ကြွင်း​ကျန်​နေ​သေး သော​လူ​သေ​အ​လောင်း​များ​ကို​ရှာ​ဖွေ​သင်္ဂြိုဟ် စေ​ရန်​အ​တွက် လူ​တို့​ကို​ရွေး​ချယ်​ခန့်​ထား ကြ​လိမ့်​မည်။ ဤ​နည်း​အား​ဖြင့်​ပြည်​ရွာ​ကို စင်​ကြယ်​စေ​ကြ​လိမ့်​မည်။-
И одвојиће људе који ће једнако ићи по земљи и с онима који пролазе укопавати оне који би остали по земљи да је очисте; после седам месеца тражиће.
15 ၁၅ ထို​သူ​တို့​သည်​ပြည်​ရွာ​ကို​အ​စုန်​အ​ဆန် သွား​လာ​လျက်​လူ​ရိုး​များ​ကို​တွေ့​ရှိ​သည့် အ​ခါ​တိုင်း ဂေါ​ဂ​တပ်​မ​တော်​ချိုင့်​ဝှမ်း​တွင် မြှုပ်​နှံ​မည့်​သူ​များ​ရောက်​ရှိ​လာ​ချိန်​တိုင် အောင်​မှတ်​တိုင်​များ​ကို​စိုက်​ထား​ကြ​လိမ့် မည်။-
И проходиће земљу и ићи по њој, и ко види кости људске, начиниће код њих знак, докле их не укопају гробари у долини мноштва Гоговог.
16 ၁၆ (ထို​ချိုင့်​ဝှမ်း​အ​နီး​တွင်​တပ်​မ​တော်​နာ​မည် ကို​ယူ​၍​မှည့်​ခေါ်​ထား​သည့်​မြို့​ရှိ​သ​တည်း။) သို့​ဖြစ်​၍​ပြည်​ရွာ​ပြန်​လည်​စင်​ကြယ်​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
А и граду ће бити име Амона; и тако ће очистити земљу.
17 ၁၇ အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-
Ти, дакле, сине човечји, овако говори Господ Господ, реци птицама, свакојаким птицама и свим зверима пољским: Скупите се и ходите, саберите се са свих страна на жртву моју, коју кољем за вас, на велику жртву на горама Израиљевим, и јешћете меса и пићете крви;
18 ၁၈ ထို​ပွဲ​သည်​ကြီး​ကျယ်​သော​စား​သောက်​ပွဲ ဖြစ်​၍​သူ​တို့​သည် စစ်​သူ​ရဲ​တို့​၏​အ​သား ကို​စား​၍​ပြည်​ရှင်​မင်း​တို့​၏​သွေး​ကို​သောက် ရ​ကြ​လိမ့်​မည်။ ထို​စစ်​သူ​ရဲ​များ​နှင့်​ပြည် ရှင်​မင်း​တို့​သည်​ဘာ​ရှန်​ပြည်​မှ​ဆူ​ဖြိုး​သော တိ​ရစ္ဆာန်​များ​ဖြစ်​သည့် သိုး​ထီး၊ သိုး​ငယ်၊ ဆိတ် များ၊ နွား​များ​ကဲ့​သို့​အ​သတ်​ခံ​ရ​ကြ လိမ့်​မည်။-
Јешћете меса јуначког и пићете крви кнезова земаљских, овнова, јагањаца и јараца и телаца, све угојене стоке васанске.
19 ၁၉ ထို​သူ​တို့​သည်​ယင်း​သို့​ယဇ်​ကောင်​များ သ​ဖွယ်​အ​သတ်​ခံ​ရ​ကြ​သော​အ​ခါ ငှက် နှင့်​တိ​ရစ္ဆာန်​များ​သည်​အ​ဆီ​ကို​ဝ​စွာ​စား ၍​သွေး​ကို​မူး​ယစ်​သည့်​တိုင်​အောင်​သောက် ရ​ကြ​လိမ့်​မည်။-
И јешћете претилине да ћете се наситити, и пићете крви да ћете се опити од жртава мојих што ћу вам наклати.
20 ၂၀ ငါ​ပြင်​ဆင်​သော​စား​ပွဲ​တွင်​သူ​တို့​သည် မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ၊ တပ်​မ တော်​သား​များ​နှင့်​စစ်​ပွဲ​ဝင်​သူ​တို့​၏​အ သား​ကို​စား​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
И наситићете се за мојим столом коња и коњика, јунака и свакојаких војника, говори Господ Господ.
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် ငါ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​ကြ​လိမ့် မည်။ ငါ​၏​တ​ရား​မျှ​တ​သော​စီ​ရင်​ချက်​များ ကို​အ​ကောင်​အ​ထည်​ဖော်​ရာ​တွင် ငါ​သည် မိ​မိ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သို့​အ​သုံး ပြု​တော်​မူ​ကြောင်း​သူ​တို့​အား​ပြ​မည်။-
И пустићу славу своју међу народе, и сви ће народи видети суд мој који ћу учинити и моју руку коју ћу дигнути на њих.
22 ၂၂ ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကား​ငါ​ပင်​ဖြစ်​သည်​ကို​သိ​ရှိ​ကြ လိမ့်​မည်။-
И познаће дом Израиљев да сам ја Господ Бог њихов, од оног дана и после.
23 ၂၃ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား ပြစ်​မှား​သည့်​အ​ပြစ်​များ​ကြောင့်​ပြည်​နှင် ဒဏ်​သင့်​ရ​ကြ​ကြောင်း​ကို​လည်း လူ​မျိုး တ​ကာ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သူ တို့​အား​ကျော​ခိုင်း​တော်​မူ​၍​ရန်​သူ​တို့ ၏​လက်​သို့​ရောက်​စေ​လျက်​စစ်​ပွဲ​တွင်​ကျ ဆုံး​စေ​တော်​မူ​ခဲ့​၏။-
И народи ће познати да се за своје безакоње зароби дом Израиљев, што мени згрешише, те сакрих лице своје од њих, и дадох их у руке непријатељима њиховим, и сви падоше од мача.
24 ၂၄ ငါ​သည်​သူ​တို့​အား​မိ​မိ​တို့​၏​ဆိုး​ညစ် ယုတ်​မာ​မှု​များ​နှင့်​ထိုက်​လျောက်​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပြီး​လျှင်​ကျော ခိုင်း​နေ​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။
По нечистоти њиховој и по преступу њихову учиних им и сакрих лице своје од њих.
25 ၂၅ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သို့​ဖြစ်​၍​ယ​ခု ငါ​သည် ယာ​ကုပ်​၏​သား​မြေး​ဖြစ်​သူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​က​ရု​ဏာ သက်​၍ တစ်​ဖန်​ပြန်​လည်​ကောင်း​စား​လာ စေ​မည်။ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာမ တော်​ကို​ကာ​ကွယ်​မည်။-
Тога ради овако говори Господ Господ: Повратићу робље Јаковљево и смиловаћу се свему дому Израиљевом и ревноваћу за свето име своје,
26 ၂၆ သူ​တို့​သည်​မိ​မိ​တို့​၏​ပြည်​တွင်​ခြိမ်း​ခြောက် မည့်​သူ​မ​ရှိ​ဘဲ​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ထိုင်​ရ ကြ​သော​အ​ခါ ငါ့​အား​သစ္စာ​ဖောက်​ခြင်း ကြောင့်​အ​သ​ရေ​ပျက်​ခဲ့​ရ​ကြောင်း​ကို​မေ့ ပျောက်​နိုင်​ကြ​လိမ့်​မည်။-
Пошто поднесу срамоту своју и све преступе своје, којима ми преступише док сеђаху у својој земљи без страха и никога не беше да их плаши,
27 ၂၇ ငါ​သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​ကို​လူ​မျိုး​တ​ကာ​တို့​သိ​ရှိ​ကြ​စေ ရန် ငါ​၏​လူ​မျိုး​တော်​အား​ရန်​သူ​တို့​နေ​ထိုင် ရာ​တိုင်း​ပြည်​နိုင်​ငံ​အ​သီး​သီး​မှ​ငါ​ပြန် လည်​ခေါ်​ဆောင်​ခဲ့​မည်။-
Кад их доведем натраг из народа и саберем их из земаља непријатеља њихових, и посветим се у њима пред многим народима.
28 ၂၈ ထို​အ​ခါ​ငါ​၏​လူ​မျိုး​တော်​သည်​ငါ့​အား မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သိ​ရှိ​ကြ​လိမ့်​မည်။ အ ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ယ​ခင်​က​သူ တို့​အား​ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​စေ တော်​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​တစ် ယောက်​မ​ကျန်​ပြန်​လည်​စု​သိမ်း​ကာ​မိ​မိ တို့​ပြည်​သို့​ပို့​ဆောင်​တော်​မူ​သော​ကြောင့် တည်း။-
И познаће да сам ја Господ Бог њихов кад одведавши их у ропство међу народе опет их саберем у земљу њихову не оставивши их ниједнога онде.
29 ၂၉ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ်​သို့ ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း လောင်း​မည်။ သူ​တို့​အား​နောင်​အ​ဘယ်​အ​ခါ ၌​မျှ​ငါ​ကျော​ခိုင်း​မည်​မ​ဟုတ်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
И нећу више крити лице своје од њих кад излијем Дух свој на дом Израиљев, говори Господ Господ.

< ယေဇကျေလ 39 >