< ယေဇကျေလ 39 >
1 ၁ အရှင်ထာဝရဘုရားက``အချင်းလူသား၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီး ဆုံးမင်းဖြစ်သူဂေါဂအားရှုတ်ချလော့။ ငါသည်သူ၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
Og du Menneskesøn! spaa imod Gog, og sig: Saa siger den Herre, Herre: Se, jeg kommer imod dig, Gog, du Fyrste over Rosk, Mesek og Tubal.
2 ၂ ငါသည်သူ့အားလှည့်စေ၍ဆွဲခေါ်လာမည်။ ဣသရေလတောင်များသို့ရောက်သည့်တိုင် အောင်မြောက်မျက်နှာစွန်းမှခေါ်ဆောင်လာ မည်။-
Og jeg vil vende dig om og drive dig frem og føre dig op fra det yderste Nord og lade dig komme over Israels Bjerge.
3 ၃ ထို့နောက်သူ၏လက်ဝဲလက်မှလေးနှင့် လက်ယာလက်မှမြားတို့ကိုပုတ်ချမည်။-
Og jeg vil slaa din Bue ud af din venstre Haand og lade dine Pile falde ud af din højre Haand.
4 ၄ ဂေါဂနှင့်စစ်သည်အလုံးအရင်းတို့သည် လည်းကောင်း၊ သူ၏မဟာမိတ်တို့သည်လည်း ကောင်းဣသရေလတောင်များပေါ်တွင်ကျ ဆုံးကြလိမ့်မည်။ ငါသည်သင့်အားငှက်ရဲ များနှင့်တောတိရစ္ဆာန်တို့၏အစာဖြစ်စေ မည်။-
Paa Israels Bjerge skal du falde, du og alle dine Hære og de Folk, som ere med dig; jeg vil give dig til Føde for Rovfuglene, Smaafuglene, alt det bevingede og de vilde Dyr paa Marken.
5 ၅ သင်သည်ကွင်းပြင်ထဲတွင်ကျဆုံးလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
Paa den vide Mark skal du falde; thi jeg har talt det, siger den Herre, Herre.
6 ၆ ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။-
Og jeg vil sende en Ild paa Magog og paa dem, som bo tryggelig Paa Øerne, og de skulle fornemme, at jeg er Herren.
7 ၇ ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကို ငါ့လူမျိုးတော်ဣသရေလအမျိုး သားတို့သိရှိကြစေရန်ငါပြုမည်။ သူတို့ သည်ထိုသန့်ရှင်းသောနာမတော်ကိုနောက် တစ်ဖန်မရှုတ်ချရ။ ထိုအခါငါထာဝရ ဘုရားသည် ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်ဖြစ်တော်မူကြောင်းလူမျိုးတကာ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Og jeg vil kundgøre mit hellige Navn midt iblandt mit Folk Israel og ikke ydermere lade mit hellige Navn vanhelliges, og Hedningerne skulle fornemme, at jeg er Herren, den Hellige i Israel.
8 ၈ အရှင်ထာဝရဘုရားက``ငါဖော်ပြခဲ့ သည့်နေ့ရက်ကာလသည်ဧကန်မုချ ကျရောက်အံ့။-
Se, det kommer, og det skal ske, siger den Herre, Herre; det er den Dag, som jeg har talt om.
9 ၉ ဣသရေလမြို့များတွင်နေထိုင်သူတို့သည် မြို့ပြင်သို့ထွက်၍ ရန်သူများစွန့်ပစ်ထား ခဲ့သည့်လက်နက်များကိုထင်းအဖြစ်စု သိမ်းကြလိမ့်မည်။ သူတို့သည်ခုနစ်နှစ်တိုင် တိုင်မီးဆိုက်နိုင်လောက်အောင် ဒိုင်းလွှား၊ လေး၊ မြား၊ တင်းပုတ်နှင့်လှံများကိုရရှိကြလိမ့် မည်။-
Og Indbyggerne i Israels Stæder skulle gaa ud og gøre Ild paa og hede med Rustninger og smaa Skjolde og store Skjolde, med Bue og med Pile og med Haandstav og med Spyd, og de skulle gøre Ild dermed i syv Aar.
10 ၁၀ ရန်သူတို့စွန့်ပစ်ထားခဲ့သည့်လက်နက်များ ကိုရရှိကြမည်ဖြစ်၍သူတို့သည်လွင်ပြင် ၌ထင်းခွေရန်၊ တော၌သစ်ပင်များခုတ်လှဲ ရန်လိုလိမ့်မည်မဟုတ်။ သူတို့သည်မိမိတို့ အားလုယက်သတ်ဖြတ်ကြသူတို့ကိုပြန် ၍တိုက်ခိုက်လုယက်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
Og de skulle ikke hente Træ fra Marken eller hugge af Skovene; thi de skulle gøre Ild med Rustninger; og de skulle røve fra dem, for hvilke de vare et Rov, og plyndre dem, af hvilke de bleve plyndrede, siger den Herre, Herre.
11 ၁၁ ထာဝရဘုရားက``ဤအမှုအရာအပေါင်း ဖြစ်ပျက်လာသောအခါဂေါဂအား ဣသရေလ ပြည်ပင်လယ်သေအရှေ့ဘက်တွင်ရှိသော ခရီးသည် ချိုင့်ဝှမ်းတွင်သင်္ချိုင်းမြေယာ တစ်ကွက်ကိုငါပေးမည်။ ထိုအရပ်တွင် ဂေါဂနှင့်သူ၏တပ်မတော်တစ်ခုလုံးကို မြှုပ်နှံရသဖြင့် ခရီးသွားရန်လမ်းပိတ် နေလိမ့်မည်။ သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည် ဂေါဂတပ်မတော်ချိုင့်ဝှမ်းဟုနာမည် တွင်လိမ့်မည်။-
Og det skal ske paa denne Dag, at jeg vil give Gog et Sted der til Begravelse i Israel, de vejfarendes Dal Østen for Havet, og den skal bringe de vejfarende til at holde sig for Næsen; og der skulle de begrave Gog og al hans Mangfoldighed og kalde den Gogs Mangfoldigheds Dal.
12 ၁၂ ဣသရေလအမျိုးသားတို့သည်ပြည်ရွာ သန့်ရှင်းမှုအတွက် လူသေအလောင်းများ ကိုခုနစ်လပတ်လုံးသင်္ဂြိုဟ်ရကြလိမ့်မည်။-
Og Israels Hus skal begrave dem, for at rense Landet, i syv Maaneder;
13 ၁၃ ပြည်သူပြည်သားအပေါင်းတို့သည်ကူညီ ၍သင်္ဂြိုဟ်ကြလိမ့်မည်။ သို့ဖြစ်၍သူတို့သည် ငါ၏ဘုန်းတော်ထင်ရှားသည့်နေ့၌ ဂုဏ်ပြု ချီးမြှင့်ခြင်းကိုခံရကြလိမ့်မည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
ja, alt Folket i Landet skal begrave dem, og det skal vorde dem til et Navn, paa den Dag, jeg forherliger mig, siger den Herre, Herre.
14 ၁၄ ခုနစ်လကာလကုန်ဆုံးသွားသောအခါ အရပ်ရပ်သို့လှည့်လည်၍ ကြွင်းကျန်နေသေး သောလူသေအလောင်းများကိုရှာဖွေသင်္ဂြိုဟ် စေရန်အတွက် လူတို့ကိုရွေးချယ်ခန့်ထား ကြလိမ့်မည်။ ဤနည်းအားဖြင့်ပြည်ရွာကို စင်ကြယ်စေကြလိမ့်မည်။-
Og de skulle udnævne faste Mænd, nogle, som skulle gaa igennem Landene, og nogle, som tillige med dem, der gaa igennem Landet, skulle begrave dem, der maatte være blevne tilbage oven paa Jorden, for at rense det; naar syv Maaneder ere til Ende, skulle de gennemsøge det.
15 ၁၅ ထိုသူတို့သည်ပြည်ရွာကိုအစုန်အဆန် သွားလာလျက်လူရိုးများကိုတွေ့ရှိသည့် အခါတိုင်း ဂေါဂတပ်မတော်ချိုင့်ဝှမ်းတွင် မြှုပ်နှံမည့်သူများရောက်ရှိလာချိန်တိုင် အောင်မှတ်တိုင်များကိုစိုက်ထားကြလိမ့် မည်။-
Og de, som gaa igennem Landene, skulle gaa omkring, og naar nogen ser et Menneskes Ben, da skal han sætte et Mærke derved, indtil de, som begrave, begrave det i Gogs Mangfoldigheds Dal.
16 ၁၆ (ထိုချိုင့်ဝှမ်းအနီးတွင်တပ်မတော်နာမည် ကိုယူ၍မှည့်ခေါ်ထားသည့်မြို့ရှိသတည်း။) သို့ဖြစ်၍ပြည်ရွာပြန်လည်စင်ကြယ်လာ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Og der skal ogsaa en Stad kaldes Hamona; saa skulle de rense Landet.
17 ၁၇ အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ပတ်ဝန်းကျင်အရပ်ရပ်မှငှက်များ နှင့်တိရစ္ဆာန်များအား သူတို့အတွက်ငါပြင် ဆင်ပေးမည့်ယဇ်ပူဇော်ပွဲသို့လာ၍စား သောက်ကြရန်ခေါ်ဖိတ်လော့။ ဣသရေလ တောင်ပေါ်မှကြီးမြတ်သောယဇ်ပူဇော်ပွဲ ကြီးဖြစ်၏။-
Og du Menneskesøn! saa siger den Herre, Herre: Sig til Fuglene, alt det bevingede, og til alle vilde Dyr paa Marken: Samler eder og kommer, sanker eder trindt omkring fra til mit Slagtoffer, som jeg slagter for eder, et stort Slagtoffer paa Israels Bjerge, og I skulle æde Kød og drikke Blod.
18 ၁၈ ထိုပွဲသည်ကြီးကျယ်သောစားသောက်ပွဲ ဖြစ်၍သူတို့သည် စစ်သူရဲတို့၏အသား ကိုစား၍ပြည်ရှင်မင်းတို့၏သွေးကိုသောက် ရကြလိမ့်မည်။ ထိုစစ်သူရဲများနှင့်ပြည် ရှင်မင်းတို့သည်ဘာရှန်ပြည်မှဆူဖြိုးသော တိရစ္ဆာန်များဖြစ်သည့် သိုးထီး၊ သိုးငယ်၊ ဆိတ် များ၊ နွားများကဲ့သို့အသတ်ခံရကြ လိမ့်မည်။-
I skulle æde de vældiges Kød og drikke Jordens Fyrsters Blod: Vædres, Lams og Bukkes, Øksnes, som alle ere fedede i Basan.
19 ၁၉ ထိုသူတို့သည်ယင်းသို့ယဇ်ကောင်များ သဖွယ်အသတ်ခံရကြသောအခါ ငှက် နှင့်တိရစ္ဆာန်များသည်အဆီကိုဝစွာစား ၍သွေးကိုမူးယစ်သည့်တိုင်အောင်သောက် ရကြလိမ့်မည်။-
Og I skulle æde det fede, til I blive mætte, og drikke Blod, til I blive drukne, af mit Slagtoffer, som jeg slagter til eder.
20 ၂၀ ငါပြင်ဆင်သောစားပွဲတွင်သူတို့သည် မြင်းများနှင့်မြင်းစီးသူရဲများ၊ တပ်မ တော်သားများနှင့်စစ်ပွဲဝင်သူတို့၏အ သားကိုစားရကြလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမြွက်ဟတော်မူ သောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Og I skulle mætte eder ved mit Bord af Heste og Rytteri, at de vældige og alle Haande Krigsmænd, siger den Herre, Herre.
21 ၂၁ ထာဝရဘုရားက``လူမျိုးတကာတို့သည် ငါ၏ဘုန်းအသရေတော်ကိုမြင်ရကြလိမ့် မည်။ ငါ၏တရားမျှတသောစီရင်ချက်များ ကိုအကောင်အထည်ဖော်ရာတွင် ငါသည် မိမိ၏တန်ခိုးတော်ကိုအဘယ်သို့အသုံး ပြုတော်မူကြောင်းသူတို့အားပြမည်။-
Og jeg vil vise min Herlighed iblandt Hedningerne, og alle Hedningerne skulle se min Dom, som jeg har holdt, og min Haand, som jeg har lagt paa dem.
22 ၂၂ ထိုအချိန်မှအစပြု၍ဣသရေလအမျိုး သားတို့သည် မိမိတို့၏ဘုရားသခင်ထာဝရ ဘုရားကားငါပင်ဖြစ်သည်ကိုသိရှိကြ လိမ့်မည်။-
Og Israels Hus skal fornemme, at jeg er Herren deres Gud, fra den samme Dag af og fremdeles.
23 ၂၃ ဣသရေလအမျိုးသားတို့သည်ငါ့အား ပြစ်မှားသည့်အပြစ်များကြောင့်ပြည်နှင် ဒဏ်သင့်ရကြကြောင်းကိုလည်း လူမျိုး တကာတို့သိရှိကြလိမ့်မည်။ ငါသည်သူ တို့အားကျောခိုင်းတော်မူ၍ရန်သူတို့ ၏လက်သို့ရောက်စေလျက်စစ်ပွဲတွင်ကျ ဆုံးစေတော်မူခဲ့၏။-
Og Hedningerne skulle kende, at Israels Hus blev bortført for deres Misgerning, fordi de havde været troløse imod mig, saa at jeg skjulte mit Ansigt for dem og gav dem i deres Fjenders Haand, og de alle faldt for Sværdet.
24 ၂၄ ငါသည်သူတို့အားမိမိတို့၏ဆိုးညစ် ယုတ်မာမှုများနှင့်ထိုက်လျောက်သည့် အတိုင်းစီရင်တော်မူပြီးလျှင်ကျော ခိုင်းနေတော်မူ၏'' ဟုမိန့်တော်မူ၏။
Efter deres Urenhed og efter deres Overtrædelser handlede jeg imod dem, og jeg skjulte mit Ansigt for dem.
25 ၂၅ အရှင်ထာဝရဘုရားက``သို့ဖြစ်၍ယခု ငါသည် ယာကုပ်၏သားမြေးဖြစ်သူ ဣသရေလအမျိုးသားတို့အားကရုဏာ သက်၍ တစ်ဖန်ပြန်လည်ကောင်းစားလာ စေမည်။ ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်ကိုကာကွယ်မည်။-
Derfor, saa siger den Herre, Herre: Nu vil jeg vende Jakobs Fangenskab og forbarme mig over Israels hele Hus og være nidkær for mit hellige Navn.
26 ၂၆ သူတို့သည်မိမိတို့၏ပြည်တွင်ခြိမ်းခြောက် မည့်သူမရှိဘဲဘေးမဲ့လုံခြုံစွာနေထိုင်ရ ကြသောအခါ ငါ့အားသစ္စာဖောက်ခြင်း ကြောင့်အသရေပျက်ခဲ့ရကြောင်းကိုမေ့ ပျောက်နိုင်ကြလိမ့်မည်။-
Og de skulle bære deres Skam og al Jeres Troløshed, som de begik imod mig, naar de bo tryggelig i deres Land, og der ingen er, som forfærder dem,
27 ၂၇ ငါသည်သန့်ရှင်းမြင့်မြတ်တော်မူသောဘုရား ဖြစ်သည်ကိုလူမျိုးတကာတို့သိရှိကြစေ ရန် ငါ၏လူမျိုးတော်အားရန်သူတို့နေထိုင် ရာတိုင်းပြည်နိုင်ငံအသီးသီးမှငါပြန် လည်ခေါ်ဆောင်ခဲ့မည်။-
naar jeg fører dem tilbage fra Folkene og sanker dem fra deres Fjenders Lande, og naar jeg helliggør mig paa dem for mange Hedningers Øjne.
28 ၂၈ ထိုအခါငါ၏လူမျိုးတော်သည်ငါ့အား မိမိတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းသိရှိကြလိမ့်မည်။ အ ဘယ်ကြောင့်ဆိုသော်ငါသည်ယခင်ကသူ တို့အားဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံစေ တော်မူခဲ့သော်လည်း ယခုအခါ၌တစ် ယောက်မကျန်ပြန်လည်စုသိမ်းကာမိမိ တို့ပြည်သို့ပို့ဆောင်တော်မူသောကြောင့် တည်း။-
Og de skulle fornemme, at jeg er Herren deres Gud, idet jeg har bortført dem til Hedningerne og nu samler dem til deres Land og ikke ydermere lader nogen af dem blive tilbage hist.
29 ၂၉ ငါသည်မိမိ၏လူမျိုးတော်ဣသရေလအမျိုး သားတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကိုသွန်း လောင်းမည်။ သူတို့အားနောင်အဘယ်အခါ ၌မျှငါကျောခိုင်းမည်မဟုတ်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Jeg vil og ikke mere skjule mit Ansigt for dem; thi jeg har udgydt min Aand over Israels Hus, siger den Herre, Herre.