< ယေဇကျေလ 38 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
And the word of the Lord was maad to me,
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ မာ​ဂေါ​ဂ​ပြည်၊ မေ​ရှက်​နှင့်​တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး ဖြစ်​သော​အုပ်​စိုး​သူ​ဂေါ​ဂ​မင်း​အား​ရှုတ်​ချ​၍၊-
and he seide, Thou, sone of man, Sette thi face ayens Gog, and ayens the lond of Magog, the prince of the heed of Mosoch and of Tubal; and profesie thou of hym.
3 ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​မေ​ရှက်​နှင့် တု​ဗ​လ​လူ​မျိုး​တို့​၏​အ​ကြီး​ဆုံး​ဖြစ်​သူ ဂေါ​ဂ​မင်း​၏​ရန်​သူ​ဖြစ်​ကြောင်း​ဆင့်​ဆို လော့။-
And thou schalt seie to hym, The Lord God seith these thingis, A! Gog, lo! Y to thee, prince of the heed of Mosoch and of Tubal;
4 ငါ​သည်​သူ့​အား​လှည့်​စေ​၍​သူ​၏​ပါး​ရိုး​ကို သံ​ချိတ်​များ​ဖြင့်​ချိတ်​ကာ သူ​၏​စစ်​သူ​ရဲ များ​နှင့်​အ​တူ​ဆွဲ​ခေါ်​သွား​မည်။ သူ​၏​တပ် မ​တော်​သည်​မြင်း​များ၊ ဝတ်​စုံ​တူ​မြင်း​စီး သူ​ရဲ​များ​ဖြင့်​ပြည့်​စုံ​၍​အ​လွန်​ပင်​ကြီး မား​၏။ စစ်​သူ​ရဲ​မှန်​သ​မျှ​သည်​လည်း​ဒိုင်း လွှား​ကြီး​ငယ်​နှင့်​ဋ္ဌား​ကို​ကိုင်​ဆောင်​ထား ကြ​၏။-
and Y schal lede thee aboute, and Y schal sette a bridil in thi chekis, and Y schal leede out thee, and al thin oost, horsis, and horsmen, alle clothid with haburiouns, a greet multitude of men, takynge spere, and scheeld, and swerd.
5 ပါ​ရှ​ပြည်​သား၊ ကု​ရှ​ပြည်​သား​နှင့်​ဖု​တ ပြည်​သား​တို့​သည်​သူ​နှင့်​အ​တူ​လိုက်​ပါ လာ​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ကာ​သံ​ခ​မောက်​များ ကို​ဆောင်း​ထား​ကြ​၏။-
Perseis, Ethiopiens, and Libiens with hem, alle ben araied with scheeldis and helmes.
6 ဂေါ​မာ​ပြည်​မြောက်​ဘက်​တွင်​ရှိ​သော​တော ဂါ​မ​ပြည်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ၊ စစ်​သည်​တပ်​သား​အ​ပေါင်း​တို့​သည်​သူ နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။-
Gomer, and alle the cumpenyes of hym, the hous of Togorma, the sidis of the north, and al the strengthe therof, and many puplis ben with thee.
7 သူ့​အား​မိ​မိ​ကိုယ်​ကို​အ​သင့်​ရှိ​နေ​စေ​ရန် နှင့် မိ​မိ​၏​စစ်​သည်​တပ်​သား​အ​ပေါင်း​တို့ အား​အ​ဆင်​သင့်​ရှိ​နေ​စေ​ရန်​မှာ​ကြား လော့။-
Make redi, and araye thee, and al thi multitude which is gaderid to thee, and be thou in to comaundement to hem.
8 နှစ်​ပေါင်း​အ​တော်​ကြာ​သော​အ​ခါ​ငါ​သည် သူ့​အား​လက်​နက်​များ​ပြင်​ဆင်​လျက် တိုင်း ပြည်​တစ်​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​စေ​မည်။ ထို​ပြည်​တွင်​လူ​တို့​သည်​မိ​မိ​တို့​အား​အ​တိုင်း တိုင်း​အ​ပြည်​ပြည်​မှ ငါ​ပြန်​လည်​စု​သိမ်း ခေါ်​ဆောင်​လာ​ချိန်​မှ​အ​စ​ပြု​၍ စစ်​မက် အန္တ​ရာယ်​အ​တွက်​စိုး​ရိမ်​ပူ​ပန်​မှု​မ​ရှိ​ဘဲ နေ​ထိုင်​လျက်​ရှိ​၏။ ဂေါ​ဂ​မင်း​သည်​ဣ​သ ရေ​လ​တောင်​တို့​အား​ချင်း​နင်း​ဝင်​ရောက် တိုက်​ခိုက်​လိမ့်​မည်။ ထို​တောင်​တို့​သည်​အ​ချိန် ကြာ​မြင့်​စွာ​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​၍​နေ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​လူ အ​ပေါင်း​တို့​ထံ​မှ​ထုတ်​ဆောင်​၍​ငြိမ်း ချမ်း​စွာ​နေ​ထိုင်​ရာ​ဖြစ်​၏။-
Aftir many daies thou schalt be visitid, in the laste of yeeris thou schalt come to the lond, that turnede ayen fro swerd, and was gaderid of many puplis, to the hillis of Israel that weren desert ful ofte; this was led out of puplis, and alle men dwellide tristili ther ynne.
9 သူ​နှင့်​စစ်​သည်​ဗိုလ်​ခြေ​တို့​သည်​လည်း​ကောင်း၊ သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​လူ​မျိုး​တ​ကာ တို့​သည်​လည်း​ကောင်း၊ ထို​ပြည်​ကို​မုန်​တိုင်း သ​ဖွယ်​တိုက်​ခိုက်​ကာ​မိုး​တိမ်​သ​ဖွယ်​လွှမ်း​မိုး ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Forsothe thou schalt stie, and schalt come as a tempest, and as a cloude, for to hile the lond, thou, and alle thi cumpanyes, and many puplis with thee.
10 ၁၀ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ဂေါ​ဂ​အား``ထို အ​ချိန်​ကျ​ရောက်​သော​အ​ခါ​သင်​သည် ဆိုး​ညစ်​သော​အ​ကြံ​အ​စည်​တစ်​ခု​ကို ပြု​လိမ့်​မည်။-
The Lord God seith these thingis, In that dai wordis schulen stie on thin herte, and thou schalt thenke the worste thouyt;
11 ၁၁ ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​သော​တိုင်း​ပြည်​တစ် ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​ရန်​စိတ်​ပိုင်း​ဖြတ် လိမ့်​မည်။ ထို​ပြည်​မှ​လူ​တို့​သည်​တံ​တိုင်း အ​ကာ​အ​ရံ​မ​ရှိ​သည့်​မြို့​များ​တွင်​အေး ချမ်း​စွာ​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ကြ​၏။-
and schalt seie, Y schal stie to the lond with out wal, and Y schal come to hem that resten and dwellen sikirli; alle these dwellen with out wal, barris and yatis ben not to hem;
12 ၁၂ သင်​သည်​အ​ခါ​တစ်​ပါး​က​ယို​ယွင်း​ပျက်​စီး ခဲ့​သော​မြို့​များ​တွင်​နေ​ထိုင်​လျက်​ရှိ​သူ​တို့ အား တိုက်​ခိုက်​လု​ယူ​ရန်​ကြံ​စည်​လိမ့်​မည်။ သူ တို့​သည်​ကား​လူ​မျိုး​တ​ကာ​တို့​ထံ​မှ​ငါ​ပြန် လည်​စု​သိမ်း​ထား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့ သည်​ယ​ခု​အ​ခါ​၌​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ ပစ္စည်း​များ​ပိုင်​လျက် ကမ္ဘာ့​လမ်း​ဆုံ​ဒေ​သ များ​တွင်​နေ​ထိုင်​ကြ​လေ​သည်။-
that thou rauysche spuylis, and asaile prei; that thou brynge in thin hond on hem that weren forsakun, and afterward restorid, and on the puple which is gaderid of hethene men, that bigan to welde, and to be enhabitere of the nawle of erthe.
13 ၁၃ ရှေ​ဘ​ပြည်​နှင့်​ဒေ​ဒန်​ပြည်​မှ​ပြည်​သား များ၊ တာ​ရှု​ပြည်​မြို့​များ​မှ​ကုန်​သည်​တို့ က`သင်​သည် ရွှေ​ငွေ​နှင့်​သိုး၊ နွား၊ ပစ္စည်း​ဥစ္စာ များ​ကို​လု​ယူ​ကာ​တိုက်​ရာ​ပါ​ပစ္စည်း​ရှိ သ​မျှ​တို့​ကို​ယူ​ဆောင်​သွား​ရန်​စစ်​သည် ဗိုလ်​ခြေ​တို့​ကို​စု​ရုံး​လာ​ပါ​သ​လော' ဟု သင့်​အား​မေး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
Saba, and Dedan, and the marchauntis of Tharsis, and alle the liouns therof schulen seie to thee, Whether thou comest to take spuylis? Lo! to rauysche prey thou hast gaderid thi multitude, that thou take awei gold and siluer, and do awei purtenaunce of houshold and catel, and that thou rauysche preyes with out noumbre.
14 ၁၄ သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ အား​ဂေါ​ဂ​ထံ​သို့​စေ​လွှတ်​တော်​မူ​၍``ငါ​၏ လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အေး​ချမ်း​စွာ​နေ​ထိုင်​လျက်​ရှိ​စဉ် သင်​သည် မိ​မိ​နေ​ထိုင်​ရာ​မြောက်​မျက်​နှာ​စွန်း​မှ​ချီ လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​ပါ​ဝင်​၍​အင် အား​ကြီး​မား​သော​မြင်း​စီး​သူ​ရဲ​တပ် အ​လုံး​အ​ရင်း​နှင့်​ချီ​တက်​ကာ၊-
Therfor profesie thou, sone of man; and thou schalt seie to Gog, The Lord God seith these thingis, Whether not in that dai, whanne my puple Israel schal dwelle tristili, thou schalt wite;
15 ၁၅
and schalt come fro thi place, fro the sidis of the north, thou, and many puplis with thee, alle stieris of horsis, a greet cumpany, and an huge oost;
16 ၁၆ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​မုန်​တိုင်း​သ​ဖွယ်​စစ်​ဆင်​တိုက်​ခိုက် လိမ့်​မည်။ အ​သင်​ဂေါ​ဂ​အ​ချိန်​ကျ​သော အ​ခါ​ငါ​၏​ပြည်​ကို​တိုက်​ခိုက်​စေ​ရန် သင့် အား​စေ​လွှတ်​မည်။ ဤ​နည်း​အား​ဖြင့်​ငါ သည်​အ​ဘယ်​သူ​ဖြစ်​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​သိ​ရှိ​စေ​လိမ့်​မည်။ သင့်​ကို​ငါ​ပြု စေ​သော​အ​မှု​များ​အား​ဖြင့်​လည်း ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို ပေါ်​လွင်​စေ​လိမ့်​မည်။-
and thou as a cloude schalt stie on my puple Israel, that thou hile the erthe? Thou schalt be in the laste daies, and Y schal brynge thee on my lond, that my folkis wite, whanne Y schal be halewid in thee, thou Gog, bifor the iyen of them.
17 ၁၇ နောင်​အ​ခါ​၌​ငါ​သည်​ဣ​သ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန်​အ​တွက်​လူ​တစ်​ဦး​ကို​စေ လွှတ်​မည်​ဟု​လွန်​လေ​ပြီး​သော​အ​ခါ​က ပ​ရော​ဖက်​များ​မှ​တစ်​ဆင့်​ငါ​မြွက်​ကြား​ရာ ၌​သင့်​ကို​ရည်​စူး​၍​မိန့်​တော်​မူ​ကြောင်း​ဂေါ​ဂ အား​ပြော​ကြား​လော့၊ ထို​အ​ချိန်​က​ပ​ရော ဖက်​များ​က ငါ​သည်​သင့်​ကို​သူ​တို့​အား တိုက်​ခိုက်​စေ​မည်​ဟု​နှစ်​ပေါင်း​ကြာ​ရှည်​စွာ ဟော​ပြော​ခဲ့​သည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​ထာ​ဝရ​ဘု​ရား​သ​ခင်​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။
The Lord God seith these thingis, Therfor thou art he of whom Y spak in elde daies, in the hond of my seruauntis, profetis of Israel, that profesieden in the daies of tho tymes, that Y schulde bringe thee on hem.
18 ၁၈ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ပြည် ကို​ဂေါ​ဂ​ချင်း​နင်း​ဝင်​ရောက်​သော​နေ့​၌​ငါ သည်​အ​မျက်​ဒေါ​သ​ချောင်း​ချောင်း​ထွက် လိမ့်​မည်။-
And it schal be, in that dai, in the dai of the comyng of Gog on the lond of Israel, seith the Lord God, myn indignacioun schal stie in my strong veniaunce, and in my feruour;
19 ၁၉ ငါ​၏​အ​မျက်​တော်​မီး​အ​ရှိန်​ကြောင့်​ထို​နေ့​၌ ဣ​သ​ရေ​လ​ပြည်​တွင်​မြေ​င​လျင်​ပြင်း​စွာ လှုပ်​လိမ့်​မည်​ဖြစ်​ကြောင်း​ငါ​မိန့်​ဆို​၏။-
Y spak in the fier of my wraththe.
20 ၂၀ ကမ္ဘာ​မြေ​ပြင်​ပေါ်​တွင်​ရှိ​သ​မျှ​သော လူ၊ ငါး၊ ငှက်​နှင့်​တိ​ရစ္ဆာန်​များ၊ မြေ​ပေါ်​၌​သွား​လာ လျက်​ရှိ​သော​အ​ခြား​သတ္တ​ဝါ​ကြီး​ငယ် အ​ပေါင်း​တို့​သည် ငါ့​အား​ကြောက်​လန့်​တုန် လှုပ်​ကြ​လိမ့်​မည်။ တောင်​တို့​သည်​ပြို​၍ ကျောက်​ဆောင်​တို့​သည်​ကြေ​မွ​ကာ တံ​တိုင်း ရှိ​သ​မျှ​တို့​သည်​လဲ​ကျ​ပျက်​စီး​လိမ့်​မည်။-
For in that dai schal be grete mouyng on the lond of Israel; and fischis of the see, and beestis of erthe, and briddis of the eir, and ech crepynge beeste which is mouyd on erthe, and alle men that ben on the face of erthe, schulen be mouyd fro my face; and hillis schulen be vndurturned, and heggis schulen falle doun, and ech wal schal falle doun in to erthe.
21 ၂၁ ငါ​၏​တောင်​ပေါ်​တွင်​ငါ​သည်​ဂေါ​ဂ​အား​ဋ္ဌား အား​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​စေ​မည်။ ဤ​ကား​ငါ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ် ၏။ သူ​၏​လူ​တို့​သည်​အ​ချင်း​ချင်း​သတ်​ဖြတ် ကြ​လိမ့်​မည်။-
And Y schal clepe togidere a swerd ayens hym in alle myn hillis, seith the Lord God; the swerd of ech man schal be dressid ayens his brother.
22 ၂၂ ငါ​သည်​ဋ္ဌား​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့ အား​ဖြင့်​သူ့​ကို​ဆုံး​မ​မည်။ သူ​နှင့်​တ​ကွ သူ​၏​စစ်​သည်​ဗိုလ်​ခြေ​များ၊ အ​ပေါင်း​ပါ လူ​အ​မျိုး​မျိုး​တို့​အ​ပေါ်​သို့​ကန့်​နှင့်​မီး အ​ပါ​အ​ဝင်​မိုး​သီး​မိုး​ပေါက်​ကြီး​များ ကို​ပြင်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-
And thanne Y schal deme hym bi pestilence, and blood, and greet reyn, and bi greet stoonys; Y schal reyn fier and brymstoon on hym, and on his oost, and on many puplis that ben with hym.
23 ၂၃ ဤ​နည်း​အား​ဖြင့်​ငါ​သည်​ကြီး​မြတ်​၍​သန့် ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​သည်​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
And Y schal be magnefied, and Y shal be halewid, and Y shal be knowun bifore the iyen of many folkis; and thei schulen wite, that Y am the Lord.

< ယေဇကျေလ 38 >