< ယေဇကျေလ 38 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
And the word of the Lord came to me, saying,
2 ၂ ကိုယ်တော်က``အချင်းလူသား၊ မာဂေါဂပြည်၊ မေရှက်နှင့်တုဗလလူမျိုးတို့၏အကြီးဆုံး ဖြစ်သောအုပ်စိုးသူဂေါဂမင်းအားရှုတ်ချ၍၊-
Son of man, set your face against Gog, and the land of Magog, Rhos, prince of Mesoch and Thobel, and prophesy against him,
3 ၃ ငါအရှင်ထာဝရဘုရားသည်မေရှက်နှင့် တုဗလလူမျိုးတို့၏အကြီးဆုံးဖြစ်သူ ဂေါဂမင်း၏ရန်သူဖြစ်ကြောင်းဆင့်ဆို လော့။-
and say to him, Thus says the Lord God; Behold, I am against you, Rhos prince of Mesoch and Thobel:
4 ၄ ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
and I will gather you, and all your host, horses and horsemen, all wearing breastplates, with a great multitude, shields and helmets and swords:
5 ၅ ပါရှပြည်သား၊ ကုရှပြည်သားနှင့်ဖုတ ပြည်သားတို့သည်သူနှင့်အတူလိုက်ပါ လာကြ၏။ သူတို့အားလုံးပင်ဒိုင်းလွှား များကိုကိုင်ဆောင်ကာသံခမောက်များ ကိုဆောင်းထားကြ၏။-
Persians, and Ethiopians, and Libyans; all with helmets and shields.
6 ၆ ဂေါမာပြည်မြောက်ဘက်တွင်ရှိသောတော ဂါမပြည်နှင့်အခြားတိုင်းပြည်များမှ၊ စစ်သည်တပ်သားအပေါင်းတို့သည်သူ နှင့်အတူလိုက်ပါလာကြ၏။-
Gomer, and all belonging to him; the house of Thorgama, from the end of the north, and all belonging to him; and many nations with you.
7 ၇ သူ့အားမိမိကိုယ်ကိုအသင့်ရှိနေစေရန် နှင့် မိမိ၏စစ်သည်တပ်သားအပေါင်းတို့ အားအဆင်သင့်ရှိနေစေရန်မှာကြား လော့။-
Be you prepared, prepare yourself, you, and all your multitude that is assembled with you, and you shall be to me for a guard.
8 ၈ နှစ်ပေါင်းအတော်ကြာသောအခါငါသည် သူ့အားလက်နက်များပြင်ဆင်လျက် တိုင်း ပြည်တစ်ပြည်ကိုချင်းနင်းဝင်ရောက်စေမည်။ ထိုပြည်တွင်လူတို့သည်မိမိတို့အားအတိုင်း တိုင်းအပြည်ပြည်မှ ငါပြန်လည်စုသိမ်း ခေါ်ဆောင်လာချိန်မှအစပြု၍ စစ်မက် အန္တရာယ်အတွက်စိုးရိမ်ပူပန်မှုမရှိဘဲ နေထိုင်လျက်ရှိ၏။ ဂေါဂမင်းသည်ဣသ ရေလတောင်တို့အားချင်းနင်းဝင်ရောက် တိုက်ခိုက်လိမ့်မည်။ ထိုတောင်တို့သည်အချိန် ကြာမြင့်စွာလူသူဆိတ်ငြိမ်ရာအရပ် ဖြစ်၍နေခဲ့သော်လည်း ယခုအခါလူ အပေါင်းတို့ထံမှထုတ်ဆောင်၍ငြိမ်း ချမ်းစွာနေထိုင်ရာဖြစ်၏။-
He shall be prepared after many days, and he shall come at the end of years, and shall come to a land that is brought back from the sword, when [the people] are gathered from many nations against the land of Israel, which was entirely desolate: and he is come forth out of the nations, and they shall all dwell securely.
9 ၉ သူနှင့်စစ်သည်ဗိုလ်ခြေတို့သည်လည်းကောင်း၊ သူနှင့်အတူလိုက်ပါလာသည့်လူမျိုးတကာ တို့သည်လည်းကောင်း၊ ထိုပြည်ကိုမုန်တိုင်း သဖွယ်တိုက်ခိုက်ကာမိုးတိမ်သဖွယ်လွှမ်းမိုး ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
And you shall go up as rain, and shall arrive as a cloud to cover the land, and there shall be you, and all that are about you, and many nations with you.
10 ၁၀ အရှင်ထာဝရဘုရားကဂေါဂအား``ထို အချိန်ကျရောက်သောအခါသင်သည် ဆိုးညစ်သောအကြံအစည်တစ်ခုကို ပြုလိမ့်မည်။-
Thus says the Lord God; It shall also come to pass in that day, that thoughts shall come up into your heart, and you shall devise evil devices.
11 ၁၁ ခိုကိုးရာမဲ့ဖြစ်၍နေသောတိုင်းပြည်တစ် ပြည်ကိုချင်းနင်းဝင်ရောက်ရန်စိတ်ပိုင်းဖြတ် လိမ့်မည်။ ထိုပြည်မှလူတို့သည်တံတိုင်း အကာအရံမရှိသည့်မြို့များတွင်အေး ချမ်းစွာနေထိုင်ကြသူများဖြစ်ကြ၏။-
And you shall say, I will go up to the rejected land; I will come upon them that are at ease in tranquility, and dwelling in peace, all inhabiting a land in which there is no wall, nor bars, nor have they doors;
12 ၁၂ သင်သည်အခါတစ်ပါးကယိုယွင်းပျက်စီး ခဲ့သောမြို့များတွင်နေထိုင်လျက်ရှိသူတို့ အား တိုက်ခိုက်လုယူရန်ကြံစည်လိမ့်မည်။ သူ တို့သည်ကားလူမျိုးတကာတို့ထံမှငါပြန် လည်စုသိမ်းထားသူများဖြစ်ကြ၏။ သူတို့ သည်ယခုအခါ၌တိရစ္ဆာန်များနှင့်ဥစ္စာ ပစ္စည်းများပိုင်လျက် ကမ္ဘာ့လမ်းဆုံဒေသ များတွင်နေထိုင်ကြလေသည်။-
to seize plunder, and to take their spoil; to turn my hands against the desolate land that is [now] inhabited, and against a nation that is gathered from many nations, that have acquired property, dwelling in the midst of the land.
13 ၁၃ ရှေဘပြည်နှင့်ဒေဒန်ပြည်မှပြည်သား များ၊ တာရှုပြည်မြို့များမှကုန်သည်တို့ က`သင်သည် ရွှေငွေနှင့်သိုး၊ နွား၊ ပစ္စည်းဥစ္စာ များကိုလုယူကာတိုက်ရာပါပစ္စည်းရှိ သမျှတို့ကိုယူဆောင်သွားရန်စစ်သည် ဗိုလ်ခြေတို့ကိုစုရုံးလာပါသလော' ဟု သင့်အားမေးကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Sabba, and Daedan, and Carthaginian merchants, and all their villages shall say to you, You are come for plunder to take a prey, and to get spoils: you have gathered your multitude to take silver and gold, to carry off property, to take spoils.
14 ၁၄ သို့ဖြစ်၍အရှင်ထာဝရဘုရားသည်ငါ့ အားဂေါဂထံသို့စေလွှတ်တော်မူ၍``ငါ၏ လူမျိုးတော်ဣသရေလအမျိုးသားတို့ အေးချမ်းစွာနေထိုင်လျက်ရှိစဉ် သင်သည် မိမိနေထိုင်ရာမြောက်မျက်နှာစွန်းမှချီ လာလိမ့်မည်။ လူမျိုးတကာပါဝင်၍အင် အားကြီးမားသောမြင်းစီးသူရဲတပ် အလုံးအရင်းနှင့်ချီတက်ကာ၊-
Therefore prophesy, son of man, and say to Gog, Thus says the Lord; Will you not arise in that day, when my people Israel are dwelling securely,
and come out of your place from the farthest north, and many nations with you? all of them mounted on horses, a great gathering, and a large force?
16 ၁၆ ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အားမုန်တိုင်းသဖွယ်စစ်ဆင်တိုက်ခိုက် လိမ့်မည်။ အသင်ဂေါဂအချိန်ကျသော အခါငါ၏ပြည်ကိုတိုက်ခိုက်စေရန် သင့် အားစေလွှတ်မည်။ ဤနည်းအားဖြင့်ငါ သည်အဘယ်သူဖြစ်ကြောင်းလူမျိုးတကာ တို့အားသိရှိစေလိမ့်မည်။ သင့်ကိုငါပြု စေသောအမှုများအားဖြင့်လည်း ငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ပေါ်လွင်စေလိမ့်မည်။-
And you shall come up upon my people Israel as a cloud to cover the land; it shall come to pass in the last days, that I will bring you up upon my land, that all the nations may know me, when I am sanctified in you before them.
17 ၁၇ နောင်အခါ၌ငါသည်ဣသရေလပြည် ကိုတိုက်ခိုက်ရန်အတွက်လူတစ်ဦးကိုစေ လွှတ်မည်ဟုလွန်လေပြီးသောအခါက ပရောဖက်များမှတစ်ဆင့်ငါမြွက်ကြားရာ ၌သင့်ကိုရည်စူး၍မိန့်တော်မူကြောင်းဂေါဂ အားပြောကြားလော့၊ ထိုအချိန်ကပရော ဖက်များက ငါသည်သင့်ကိုသူတို့အား တိုက်ခိုက်စေမည်ဟုနှစ်ပေါင်းကြာရှည်စွာ ဟောပြောခဲ့သည်'' ဟုမိန့်တော်မူ၏။ ဤ ကားထာဝရဘုရားသခင်မိန့်တော်မူ သောစကားဖြစ်၏။
Thus says the Lord God, to Gog; You are [he] concerning whom I spoke in former times, by the hand of my servants the prophets of Israel, in those days and years, that I would bring you up against them.
18 ၁၈ အရှင်ထာဝရဘုရားက``ဣသရေလပြည် ကိုဂေါဂချင်းနင်းဝင်ရောက်သောနေ့၌ငါ သည်အမျက်ဒေါသချောင်းချောင်းထွက် လိမ့်မည်။-
And it shall come to pass in that day, in the day when Gog shall come against the land of Israel, says the Lord God,
19 ၁၉ ငါ၏အမျက်တော်မီးအရှိန်ကြောင့်ထိုနေ့၌ ဣသရေလပြည်တွင်မြေငလျင်ပြင်းစွာ လှုပ်လိမ့်မည်ဖြစ်ကြောင်းငါမိန့်ဆို၏။-
[that] my wrath and my jealousy shall arise, I have spoken in the fire of mine anger, verily in that day there shall be a great shaking in the land of Israel;
20 ၂၀ ကမ္ဘာမြေပြင်ပေါ်တွင်ရှိသမျှသော လူ၊ ငါး၊ ငှက်နှင့်တိရစ္ဆာန်များ၊ မြေပေါ်၌သွားလာ လျက်ရှိသောအခြားသတ္တဝါကြီးငယ် အပေါင်းတို့သည် ငါ့အားကြောက်လန့်တုန် လှုပ်ကြလိမ့်မည်။ တောင်တို့သည်ပြို၍ ကျောက်ဆောင်တို့သည်ကြေမွကာ တံတိုင်း ရှိသမျှတို့သည်လဲကျပျက်စီးလိမ့်မည်။-
and the fish of the sea shall quake at the presence of the Lord, and the birds of the sky and the wild beasts of the field, and all the reptiles that creep upon the earth, and all the men that are on the face of the earth; and the mountains shall be tore, and the valleys shall fall, and every wall on the land shall fall.
21 ၂၁ ငါ၏တောင်ပေါ်တွင်ငါသည်ဂေါဂအားဋ္ဌား အားဖြင့် ထိတ်လန့်တုန်လှုပ်စေမည်။ ဤကားငါ ထာဝရဘုရားမိန့်တော်မူသောစကားဖြစ် ၏။ သူ၏လူတို့သည်အချင်းချင်းသတ်ဖြတ် ကြလိမ့်မည်။-
And I will summon against it even every fear, says the Lord: the sword of [every] man shall be against his brother.
22 ၂၂ ငါသည်ဋ္ဌားဘေး၊ အနာရောဂါဘေးတို့ အားဖြင့်သူ့ကိုဆုံးမမည်။ သူနှင့်တကွ သူ၏စစ်သည်ဗိုလ်ခြေများ၊ အပေါင်းပါ လူအမျိုးမျိုးတို့အပေါ်သို့ကန့်နှင့်မီး အပါအဝင်မိုးသီးမိုးပေါက်ကြီးများ ကိုပြင်းထန်စွာရွာသွန်းစေမည်။-
And I will judge him with pestilence, and blood, and sweeping rain, and hailstones; and I will rain upon him fire and brimstone, and upon all that are with him, and upon many nations with him.
23 ၂၃ ဤနည်းအားဖြင့်ငါသည်ကြီးမြတ်၍သန့် ရှင်းမြင့်မြတ်တော်မူကြောင်းလူမျိုးတကာ တို့အားငါပြမည်။ ငါသည်ထာဝရဘုရား ဖြစ်တော်မူသည်ကိုသူတို့သိရှိကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
And I will be magnified, and sanctified, and glorified; and I will be known in the presence of many nations, and they shall know that I am the Lord.