< ယေဇကျေလ 36 >
1 ၁ ထာဝရဘုရားက``အချင်းလူသား၊ ဣသ ရေလတောင်တို့အားသူတို့အတွက်ငါအရှင် ထာဝရဘုရားမိန့်တော်မူသောစကားတော် ကိုနားထောင်ရန်ပြောလော့။ ဣသရေလပြည် ၏ရန်သူများက`ရှေးပဝေသဏီအခါမှ စ၍တည်ရှိခဲ့သော ဤတောင်ကုန်းများကို ယခုငါတို့အပိုင်ရပြီ' ဟုပီတိစိတ် ဖြင့်ဆိုကြ၏။
Og du menneskjeson! Spå um Israelsfjelli! Og du skal segja: Det Israelsfjell, høyr Herrens ord!
So segjer Herren, Herren: For di fienden sagde: «Hå, hå!» yver dykk, og: «Dei ævelege haugar hev vorte vår eiga, »
3 ၃ ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားကိုဆင့်ဆိုလော့။ အိမ်နီးချင်း တိုင်းပြည်တို့သည်ဣသရေလတောင်များ ကိုတိုက်ခိုက်လုယက်သိမ်းပိုက်ကြသောအခါ လူတိုင်းပင်ဣသရေလအမျိုးသားတို့အား ပြက်ရယ်ပြုကြ၏။-
difor spå og seg: So segjer Herren, Herren: Etter di, ja, etter di dei avøyder dykk og glefser etter dykk frå alle leider, so hine folki kann eigna dykk til seg, og etter di de er komne på folketunga og hev fenge eit låkt ord på dykk ibland folk,
4 ၄ သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။
difor, de Israelsfjell, høyr Herrens, Herrens ord! So segjer Herren, Herren, med fjelli og med haugarne, med gili og dalarne og med røysarne på dei aude tufterne og med øydebyarne som hev vorte til ran og spott for hine folki som er der ikring,
5 ၅ ``ငါအရှင်ထာဝရဘုရားသည်ပတ်ဝန်း ကျင်တိုင်းပြည်တို့နှင့် ဧဒုံပြည်အပေါ်၌ ဒေါသအမျက်ချောင်းချောင်းထွက်၍မိန့် တော်မူလေပြီ။ သူတို့သည်ငါ၏ပြည် ကိုမထီမဲ့မြင်ပြုသောစိတ်၊ ပီတိစိတ် ဖြင့်စားကျက်များနှင့်တကွ ငါ၏ပြည် ကိုသိမ်းယူခဲ့ကြ၏။
difor, so segjer Herren, Herren: Sanneleg, i min brennande harm hev eg tala mot hine folki og mot Edom, som hev etla seg landet mitt til eiga - med heile si hjartans gleda, med vanvyrdnad i si sjæl - so dei kunde driva ut deim som budde der og so rana det.
6 ၆ ``သို့ဖြစ်၍ဣသရေလပြည်အားရည်မှတ် ၍ဟောပြောလော့။ တောင်များ၊ ကုန်းမြင့်များ၊ ချောင်းများနှင့်ချိုင့်ဝှမ်းများအားလူမျိုး တကာတို့စော်ကားအရှက်ခွဲသဖြင့် ငါ အရှင်ထာဝရဘုရားမနာလိုဒေါသ ထွက်၍ အဘယ်သို့မိန့်တော်မူသည်ကို ပြောကြားလော့။-
Difor, spå um Israels land og seg med fjelli og med haugarne, med gili og med dalarne: So segjer Herren, Herren: Sjå, i mitt åbry og i min harm hev eg tala, etter di de hev lote tolt skjemsla frå folki.
7 ၇ ပတ်ဝန်းကျင်တိုင်းပြည်များသည်အရှက် ကွဲကြလိမ့်မည်ဖြစ်ကြောင်း ငါအရှင်ထာ ဝရဘုရားအလေးအနက်ကျိန်ဆို၏။-
Difor, so segjer Herren, Herren: Eg rette handi mi i veret på det: Sanneleg, folki som bur kringum dykk, skal sjølv ljota bera si skjemsla!
8 ၈ သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။-
Men de, Israelsfjell, skal skjota dykkar greiner og bera dykkar frukt åt mitt folk Israel; for snart skal dei koma heim att.
9 ၉ ငါသည်သင်တို့ကိုဂရုစိုက်၍သင်တို့ဘက် ၌ရှိ၏။ သင်တို့၏လယ်ယာများကို ဧကန် မုချထွန်ယက်စိုက်ပျိုးလုပ်ကိုင်စေမည်။-
For sjå, eg vil finna dykk, eg vil snu meg åt dykk, og de skal verta dyrka og sådde.
10 ၁၀ သင်တို့ဣသရေလလူမျိုးတစ်စုလုံး ကို လူဦးရေတိုးပွားစေမည်။ သင်တို့သည် မြို့များ၌နေထိုင်ရလိမ့်မည်။ ယိုယွင်းပျက် စီးနေသမျှသောအရာတို့ကိုပြန်လည် ပြုပြင်ရလိမ့်မည်။-
Og eg vil føra ei mengd med menneskje upp på dykk, all Israels-lyden, og byarne skal atter få folk, og øydestaderne verta bygde å nyo.
11 ၁၁ ငါသည်လူတိရစ္ဆာန်တို့ကိုတိုးပွားများ ပြားစေမည်။ ယခင်အခါများထက်သင် တို့ဦးရေကိုများစေမည်။ သင်တို့သားသမီး များစွာထွန်းကားလိမ့်မည်။ ယခင်ကကဲ့သို့ နေထိုင်ခွင့်ပေးမည်။ ယခင်အခါများထက် ပို၍ကြီးပွားချမ်းသာစေမည်။ ထိုအခါ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
Og eg vil gjera dykk rike på folk og fe, og dei skal aukast og verta rike på avkjøme. Og eg vil gjeva dykk folkerike bygder som fyrr i tidi, og eg vil gjera dykk endå meir godt enn i dykkar fyrste tider, og de skal sanna at eg er Herren.
12 ၁၂ ငါ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့ ငါသည်သင်တို့အားပြည် တော်တွင်တစ်ဖန်နေထိုင်နိုင်ကြစေရန်ငါ ခေါ်ဆောင်ခဲ့မည်။ ထိုပြည်သည်သင်တို့ပိုင် သောပြည်ဖြစ်လိမ့်မည်။ ယင်းသည်သင်တို့ ၏သားသမီးများအား နောင်အဘယ် အခါ၌မျှမဆုံးပါးစေရ။
Og eg vil lata menneskje, mitt folk Israel, ferdast på dykk, dei skal taka deg til eiga, og du skal vera deira odel. Og du skal aldri meir gjera deim barnlause.
13 ၁၃ ``ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကားလူတို့က ထိုပြည်သည်လူတို့ကိုကိုက် စားသည့်ပြည်၊ ပြည်သားတို့၏သားသမီး များကိုဆုံးပါးစေသည့်ပြည်ဖြစ်သည် ဆိုသည်မှာမှန်၏။-
So segjer Herren, Herren: Etter di dei segjer um deg: «Ein mann-etar er du, og barnlaus hev du gjort dine folk, »
14 ၁၄ သို့ရာတွင်ယင်းပြည်သည်ယခုမှစ၍လူ တို့ကိုကိုက်စားသည့်ပြည်၊ သင်တို့၏သား သမီးများကိုဆုံးပါးစေသည့်ပြည်ဖြစ် တော့မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။-
difor skal du aldri meir eta menneskje og aldri meir gjera folki dine barnlause, segjer Herren, Herren.
15 ၁၅ ထိုပြည်သည်လူမျိုးတကာတို့ပြက်ရယ် ပြုသံကိုကြားရကြတော့မည်မဟုတ်။ မဲ့ရွဲ့ပြသည်ကိုလည်းတွေ့မြင်ရတော့မည် မဟုတ်။ ယင်းပြည်ကိုလည်းကျဆုံးစေတော့ မည်မဟုတ်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Og aldri meir let eg deg høyra skjemsla frå folki, og vanvyrdnad frå folkeslagi skal du aldri meir turva tola, og folki dine skal du aldri meir få til å snåva, segjer Herren, Herren.
16 ၁၆ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Og Herrens ord kom til meg; han sagde:
17 ၁၇ ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်၌နေထိုင် ကြစဉ်အခါက သူတို့သည်အနေအထိုင် အကျင့်အကြံများအားဖြင့်ထိုပြည်ကို ညစ်ညမ်းစေခဲ့ကြ၏။ သူတို့၏အကျင့် အကြံသည်အမျိုးသမီးတစ်ယောက်ဋ္ဌမ္မ တာရာသီလာချိန်၌ဘာသာရေးအရ ညစ်ညမ်းသကဲ့သို့ညစ်ညမ်းသည်ဟုငါ မှတ်တော်မူသည်။-
Menneskjeson! Israels-lyden budde i landet sitt, og dei sulka det med si åtferd og sine verk; som ureinskapen hjå kvinna når ho hev sine tider, so var deira åtferd for mi åsyn.
18 ၁၈ သူတို့သည်လူသတ်မှုများကူးလွန်၍ရုပ်တု များအားဖြင့် ထိုပြည်ကိုညစ်ညမ်းစေသော ကြောင့်ငါသည်သူတို့အားငါ၏အမျက် တော်ဒဏ်ကိုခံစေခဲ့၏။-
Då rende eg ut min harm yver deim for det blod som dei hadde rent ut yver landet, og for di dei hadde sulka det med dei ufysne avgudarne sine.
19 ၁၉ သူတို့နေထိုင်ကျင့်ကြံသည့်အတိုင်းသူတို့ အားပြစ်ဒဏ်ချမှတ်ကာ နိုင်ငံတကာသို့ကွဲ လွင့်စေ၍နိုင်ငံရပ်ခြားများသို့ပျံ့လွင့် စေခဲ့၏။-
Og eg spreidde deim millom folki, og dei vart strådde i landi; etter deira åtferd og verk dømde eg dei.
20 ၂၀ သို့ရာတွင်သူတို့ရောက်လေရာရာအရပ် တို့တွင်လူတို့က`ဤသူတို့သည်ထာဝရဘုရား ၏လူမျိုးတော်ဖြစ်သော်လည်း ကိုယ်တော်၏ ပြည်မှထွက်ခွာလာရကြ၏' ဟုဆိုကြ သဖြင့်ငါ၏သန့်ရှင်းမြင့်မြတ်သောနာမ တော်သည်အသရေပျက်ရ၏။-
Då dei kom til dei folki som dei for til, då vanhelga dei mitt heilage namn, med di det vart sagt um deim: «Dette er Herrens folk, men ut or landet hans laut dei fara.»
21 ၂၁ သူတို့သည်ရောက်လေရာရာအရပ်တို့တွင် ငါ၏သန့်ရှင်းမြင့်မြတ်သောနာမတော်ကို အသရေဖျက်ကြသဖြင့် ငါသည်မိမိ၏ နာမတော်အတွက်စိတ်မအေးရ။
Då gjorde det meg ilt for mitt heilage namn som Israels-lyden hadde vanhelga millom dei folki som dei var komne til.
22 ၂၂ ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသည် ကား ယခုငါပြုမည့်အမှုသည်အသင်ဣသ ရေလအမျိုးသားတို့အတွက်ကြောင့်မဟုတ် ဘဲ ရောက်လေရာရာအရပ်တွင်သင်တို့အသ ရေဖျက်ခဲ့သည့်ငါ၏သန့်ရှင်းမြင့်မြတ်သော နာမတော်အတွက်ကြောင့်ဖြစ်၏။-
Seg difor med Israels-lyden: so segjer Herren, Herren: Ikkje for dykkar skuld, du Israels-lyd, gjer eg det, men for mitt heilage namn skuld, som de hev vanhelga millom dei folki som de er komne til.
23 ၂၃ လူတို့ရှေ့တွင်သင်တို့အသရေဖျက်ခဲ့သော ငါ၏ကြီးမြတ်သည့်နာမတော်သည် အဘယ် မျှသန့်ရှင်းမြင့်မြတ်သည်ကိုလူမျိုးတကာ တို့အားငါပြသမည်။ ထိုနာမတော်သည် သင်တို့အသရေဖျက်သည့် ငါ၏နာမတော် ဖြစ်သည်။ သူတို့ရှေ့တွင်ငါသည်သန့်ရှင်းမြင့် မြတ်တော်မူကြောင်းသင်တို့အားဖြင့်သိ စေမည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်း သူတို့သိရှိကြလိမ့်မည်။ ဤကားငါအရှင်ထာဝရဘုရားမိန့်တော် မူသောစကားဖြစ်၏။-
Og eg vil helga mitt store namn som vart vanhelga millom folki med di de vanhelga det ibland deim. Og folki skal sanna at eg er Herren, segjer Herren, Herren, når eg helgar meg på dykk for augo deira.
24 ၂၄ ငါသည်သင်တို့အားအတိုင်းတိုင်းအပြည် ပြည်မှစုသိမ်းကာ သင်တို့နေရင်းပြည်သို့ ပြန်ခေါ်ခဲ့မည်။-
Og eg vil henta dykk frå folki og sanka dykk ut or alle landi og flytja dykk til dykkar eige land.
25 ၂၅ ငါသည်သင်တို့ကိုသန့်စင်သောရေဖြင့်ပက် ဖြန်း၍ သင်တို့၏ရုပ်တုများနှင့်အခြား ညစ်ညမ်းသည့်အရာရှိသမျှမှသန့်စင် သွားစေမည်။-
Og eg vil skvetta reint vatn på dykk, so de vert reine; frå all dykkar ureinska og frå alle dykkar ufysne avgudar vil eg reinsa dykk.
26 ၂၆ ငါသည်သင်တို့အားစိတ်သစ်သဘောသစ် ကိုပေးမည်။ သင်တို့အထဲမှကျောက်ခဲနှလုံး ကိုထုတ်ယူကာနာခံတတ်သောနှလုံးကို ပေးမည်။-
Og eg vil gjeva dykk eit nytt hjarta, og ei ny ånd vil eg gjeva inni dykk, og eg vil taka burt steinhjarta or dykkar kjøt og gjeva dykk eit kjøthjarta.
27 ၂၇ ငါ၏ဝိညာဉ်တော်ကိုလည်းသွင်းပေးပြီး လျှင် သင်တို့အားငါ၏ပညတ်တော်များ ကိုစောင့်ထိန်းစေမည်။ ငါ၏အမိန့်တော် တို့ကိုလည်းလိုက်နာစေမည်။-
Og min ande vil eg gjeva inni dykk, og eg vil få dykk til å ferdast i mine bod og til å halda loverne mine og gjera etter deim.
28 ၂၈ ထိုအခါသင်တို့သည်မိမိတို့၏ဘိုးဘေး များအား ငါပေးအပ်ခဲ့သည့်ပြည်တွင်နေ ထိုင်ရကြလိမ့်မည်။ သင်တို့သည်ငါ၏လူ မျိုးတော်ဖြစ်၍ငါသည်လည်းသင်တို့၏ ဘုရားဖြစ်လိမ့်မည်။-
Og de skal bu i det landet som eg gav federne dykkar. Og de skal vera mitt folk, og eg skal vera dykkar Gud.
29 ၂၉ သင်တို့အားညစ်ညမ်းမှုရှိသမျှနှင့်ကင်း စင်စေမည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေး ကိုနောက်တစ်ဖန်မတွေ့မကြုံရကြစေ ရန်ဆန်ရေစပါးပေါများစေမည်။-
Og eg vil fria dykk frå all dykkar ureinska. Og eg vil kalla på kornet og gjera det follrikt og ikkje senda svolt på dykk.
30 ၃၀ ငါသည်သစ်သီးဝလံများနှင့်ကောက်ပဲ သီးနှံများကိုအထွက်တိုးစေမည်။ ဤ နည်းအားဖြင့်လူမျိုးတကာတို့တွင်သင် တို့ကိုအသရေပျက်စေသည့်အစာငတ် မွတ်ခေါင်းပါးခြင်းကပ်သင့်တော့မည် မဟုတ်။-
Og eg vil mangfalda frukti på trei og grøda på marki, so de ikkje lenger skal taka mot skjemsla frå folki for svolt.
31 ၃၁ သင်တို့သည်မိမိတို့၏ညစ်ညမ်းသော အကျင့်များနှင့်ပြုခဲ့သည့်အမှားများ ကိုပြန်လည်သတိရကြလိမ့်မည်။ မိမိ တို့၏အပြစ်များနှင့်ဆိုးညစ်မှုများ အတွက်သင်တို့သည်မိမိကိုယ်ကိုစက် ဆုပ်လာကြလိမ့်မည်။-
Då skal de minnast dykkar vonde åtferd og dykkar verk, som ikkje var gode. Og de skal styggjast ved dykk sjølve for dykkar misgjerningar og styggjor.
32 ၃၂ ဣသရေလအမျိုးသားတို့၊ ငါသည်သင် တို့ကိုထောက်ထား၍ ဤအမှုတို့ကိုပြု ခြင်းမဟုတ်ကြောင်းသင်တို့အားသိစေ လို၏။ သင်တို့ယခုပြုနေသောအမှုများ အတွက်အရှက်ရစေလို၏။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Ikkje for dykkar skuld gjer eg det, segjer Herren, Herren, det vere dykk kunnigt! De må blygjast og skjemmast av åtferdi dykkar, du Israels-lyd.
33 ၃၃ အရှင်ထာဝရဘုရားက``သင်တို့ကို အပြစ်အပေါင်းမှသန့်စင်စေသည့်ကာလ ၌ ငါသည်သင်တို့အားမိမိတို့မြို့များ တွင်ပြန်လည်နေထိုင်ခွင့်ပေးမည်။ ပျက်စီး ယိုယွင်းသောအရာများကိုလည်းပြန် လည်တည်ဆောက်ခွင့်ပေးမည်။-
So segjer Herren, Herren: Den dagen eg reinsar dykk frå alle dykkar misgjerningar, vil eg gjeva byarne folk, og husi som ligg i røysar, skal verta uppatt-bygde.
34 ၃၄ အနီးမှဖြတ်သန်းသွားလာသူတို့မြင် ရသောပေါင်းပင်များထနေသည့်လယ် ယာများကိုတစ်ဖန်ထွန်ယက်စေမည်။-
Og øydeland skal verta dyrka, i staden for at det var ei audn for augo på kvar mann som gjekk framum.
35 ၃၅ ယခင်ကအသုံးမကျသောမြေရိုင်းဖြစ် နေခဲ့သောမြေယာတို့သည် ဧဒင်ဥယျာဉ် သဖွယ်ဖြစ်လာကြောင်း၊ ယခင်ကဖြိုဖျက် လုယက်တိုက်ခိုက်ခြင်းခံရ၍ယိုယွင်းပျက် စီးနေခဲ့သောမြို့တို့တွင်လည်း ယခုအခါ အခိုင်အမာခံတပ်များတည်ဆောက်ထား လျက်လူတို့နေထိုင်လျက်ရှိကြောင်းလူ တိုင်းပြောဆိုကြလိမ့်မည်။-
Då skal dei segja: «Dette land som var i øyde lagt, er vorte som Eden-hagen, og byarne som låg i røyser og var øydelagde og nedrivne, er no kringmura og hev sine ibuarar.»
36 ၃၆ ထိုအခါထာဝရဘုရားသည်ပျက်စီး ယိုယွင်းနေသောမြို့တို့ကိုပြန်လည်တည် ဆောက်၍ စွန့်ပစ်ထားသောလယ်ယာများကို ပြန်လည်စိုက်ပျိုးတော်မူကြောင်းကိုသေ ဘေးမှလွတ်မြောက်သောနီးနားဝန်းကျင်ရှိ လူမျိုးတို့သိရှိကြလိမ့်မည်။ ငါထာဝရ ဘုရားသည်ဤအမှုကိုပြုမည်ဟု ကတိ ထားတော်မူပြီ'' ဟုမိန့်တော်မူ၏။
Og dei skal sanna, dei folki som vert att rundt ikring dykk, at eg, Herren, hev bygt upp att det nedrivne, hev planta i det aude landet. Eg, Herren, hev tala, og eg set det i verk.
37 ၃၇ အရှင်ထာဝရဘုရားက``ငါသည်ဤထက် မကပင်ပြုတော်မူမည်။ ဣသရေလအမျိုး သားတို့အားငါ့ထံတွင်တစ်ဖန်အကူအညီ တောင်းခံခွင့်ကိုပေးမည်။ သူတို့အားသိုးအုပ် ကဲ့သို့အရေအတွက်တိုးပွားလာစေမည်။-
So segjer Herren, Herren: I dette og vil eg lata Israels born finna meg, so eg gjer det for deim: Eg let menneskje aukast som ein saueflokk.
38 ၃၈ အခါတစ်ပါးကယေရုရှလင်မြို့သည်ပွဲ နေ့များ၌ယဇ်ပူဇော်ရာသိုးတို့ဖြင့်ပြည့် နှက်နေသကဲ့သို့ ယခုယိုယွင်းပျက်စီးနေ သောမြို့တို့သည်လူများဖြင့်ပြည့်နှက်၍ နေလိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Som ein heilag saueflokk, som Jerusalems-sauer i høgtiderne, soleis skal dei aude byarne verta: fulle med manneflokkar. Og dei skal sanna at eg er Herren.