< ယေဇကျေလ 36 >

1 ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ဣ​သ ရေ​လ​တောင်​တို့​အား​သူ​တို့​အ​တွက်​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော် ကို​နား​ထောင်​ရန်​ပြော​လော့။ ဣ​သ​ရေ​လ​ပြည် ၏​ရန်​သူ​များ​က`ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​မှ စ​၍​တည်​ရှိ​ခဲ့​သော ဤ​တောင်​ကုန်း​များ​ကို ယ​ခု​ငါ​တို့​အ​ပိုင်​ရ​ပြီ' ဟု​ပီ​တိ​စိတ် ဖြင့်​ဆို​ကြ​၏။
တဖန် အချင်းလူသား ၊ ဣသရေလ တောင် တို့ အား ပရောဖက်ပြု ၍ ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ တောင် တို့၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ကြလော့။
2
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရန်သူ က၊ အေ့ဟေ ၊ ထာဝရ တောင် တို့သည်ငါ တို့လက်သို့ ရောက် ကြပြီဟု သင် တို့တဘက် ၌ ဆို မိသောကြောင့် ၊
3 ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ကို​ဆင့်​ဆို​လော့။ အိမ်​နီး​ချင်း တိုင်း​ပြည်​တို့​သည်​ဣ​သ​ရေ​လ​တောင်​များ ကို​တိုက်​ခိုက်​လု​ယက်​သိမ်း​ပိုက်​ကြ​သော​အ​ခါ လူ​တိုင်း​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြက်​ရယ်​ပြု​ကြ​၏။-
ပရောဖက်ပြု ၍ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကိုဆင့်ဆို ရမည်မှာ၊ သင် တို့သည်ကျန်ကြွင်း သော တပါးအမျိုးသား တို့ သိမ်းယူ ရာဖြစ် ရသည်တိုင်အောင် ၊ သင် တို့ကိုသုတ်သင် ပယ်ရှင်း၍ ပတ်လည် ကိုက်စား သောကြောင့် ၎င်း ၊ သင်တို့သည် လူများပြောဆို ရာ၊ ကဲ့ရဲ့ ရာ ဖြစ်သောကြောင့် ၎င်း ၊
4 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နား​ထောင်​ကြ​လော့။ ပတ်​ဝန်း ကျင်​တိုင်း​ပြည်​များ​၏​တိုက်​ခိုက်​လု​ယက်​မှု၊ ပြက်​ရယ်​ပြု​မှု​တို့​ကို​ခံ​ရ​ကာ​လူ​သူ​ဆိတ် ငြိမ်​ရာ​မြို့​များ၊ ယို​ယွင်း​ပျက်​စီး​နေ​သည့် အ​ရပ်​များ၊ တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း များ​အား​ဤ​သို့​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
အိုဣသရေလ တောင် တို့၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့။ အရှင် ထာဝရဘုရား သည် တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီးရာ၊ ချိုင့် ရာ၊ သုတ်သင် သောလွင်ပြင် မှစ၍၊ ပတ်လည် ၌နေသောတပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူ ကဲ့ရဲ့ ၍၊ မြို့သားစွန့် သွားသော မြို့ တို့အား မိန့် တော်မူသည်ကား၊
5 ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း ကျင်​တိုင်း​ပြည်​တို့​နှင့် ဧ​ဒုံ​ပြည်​အ​ပေါ်​၌ ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍​မိန့် တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​ပြည် ကို​မ​ထီ​မဲ့​မြင်​ပြု​သော​စိတ်၊ ပီ​တိ​စိတ် ဖြင့်​စား​ကျက်​များ​နှင့်​တ​ကွ ငါ​၏​ပြည် ကို​သိမ်း​ယူ​ခဲ့​ကြ​၏။
အကယ်စင်စစ်ငါ့ ပြည် ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါအလွန်ဝမ်းမြောက် သောစိတ် ၊ အငြိုး ထားသောစိတ် ရှိ၍၊ ကိုယ်တိုင်လုယူ စရာဘို့ စီရင် သော ဧဒုံ အမျိုးသား အပေါင်း တို့နှင့် ကျန်ကြွင်း သော တပါးအမျိုးသား တို့တဘက် ၌ ငါသည် ဒေါသ မီး ထွက်၍ ပြော ထားပြီ။
6 ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​အား​ရည်​မှတ် ၍​ဟော​ပြော​လော့။ တောင်​များ၊ ကုန်း​မြင့်​များ၊ ချောင်း​များ​နှင့်​ချိုင့်​ဝှမ်း​များ​အား​လူ​မျိုး တ​ကာ​တို့​စော်​ကား​အ​ရှက်​ခွဲ​သ​ဖြင့် ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မ​နာ​လို​ဒေါ​သ ထွက်​၍ အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ပြော​ကြား​လော့။-
သို့ဖြစ်၍ ၊ ဣသရေလ ပြည် ကို ရည်မှတ် ၍ ပရောဖက်ပြု လျက်၊ တောင် ကြီး၊ တောင် ငယ်၊ မြစ် ရေစီး ရာ၊ ချိုင့် ရာတို့အား အရှင် ထာဝရဘုရား ၏ အမိန့် တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသား တို့ကဲ့ရဲ့ ခြင်းကိုခံရ သောကြောင့် ၊ ငါသည် ဒေါသ အမျက် ထွက်၍ ပြော ပြီ။
7 ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​သည်​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ​အ​ရှင်​ထာ ဝရ​ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​၏။-
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ်စင်စစ် သင် တို့ပတ်လည် ၌နေသောတပါးအမျိုးသား တို့သည် ကိုယ် အရှက်ကွဲ ခြင်းကိုခံရ ကြလိမ့်မည်ဟု ငါ ကျိန်ဆို ပြီ။
8 သို့​ရာ​တွင်​ဣ​သ​ရေ​လ​တောင်​များ​၌​မူ​ကား သစ်​ပင်​တို့​သည်​အ​ရွက်​များ​ပြန်​၍​ထွက်​လာ ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​သီး များ​သီး​ကြ​လိမ့်​မည်။ သင်​တို့​သည်​မ​ကြာ​မီ မိ​မိ​တို့​ပြည်​သို့​ပြန်​ရ​ကြ​အံ့။-
အိုဣသရေလ တောင် တို့၊ သင် တို့မူကား ၊ အပင် ပေါက် ၍ ငါ ၏လူ ဣသရေလ အမျိုးသားတို့အဘို့ အသီး ကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာ ချိန်နီး ပြီ။
9 ငါ​သည်​သင်​တို့​ကို​ဂ​ရု​စိုက်​၍​သင်​တို့​ဘက် ၌​ရှိ​၏။ သင်​တို့​၏​လယ်​ယာ​များ​ကို ဧ​ကန် မု​ချ​ထွန်​ယက်​စိုက်​ပျိုး​လုပ်​ကိုင်​စေ​မည်။-
ငါ သည်သင် တို့ဘက်၌ နေ၍ သင် တို့ရှိရာသို့ ပြန်လာ သဖြင့် ၊ သင်တို့အပေါ်မှာလယ်လုပ် ၍ မျိုးစေ့ကြဲ ကြလိမ့်မည်။
10 ၁၀ သင်​တို့​ဣ​သ​ရေ​လ​လူ​မျိုး​တစ်​စု​လုံး ကို လူ​ဦး​ရေ​တိုး​ပွား​စေ​မည်။ သင်​တို့​သည် မြို့​များ​၌​နေ​ထိုင်​ရ​လိမ့်​မည်။ ယို​ယွင်း​ပျက် စီး​နေ​သ​မျှ​သော​အ​ရာ​တို့​ကို​ပြန်​လည် ပြု​ပြင်​ရ​လိမ့်​မည်။-
၁၀သင် တို့အပေါ်မှာ လူ များတည်းဟူသောဣသရေလ အမျိုးသား အပေါင်း တို့ကို ငါပြန့်ပွါး စေသဖြင့် ၊ သူတို့သည် မြို့ များ၌နေ ၍ ပျက်စီး သော အရပ်များကို ပြုပြင် ကြလိမ့်မည်။
11 ၁၁ ငါ​သည်​လူ​တိ​ရစ္ဆာန်​တို့​ကို​တိုး​ပွား​များ ပြား​စေ​မည်။ ယ​ခင်​အ​ခါ​များ​ထက်​သင် တို့​ဦး​ရေ​ကို​များ​စေ​မည်။ သင်​တို့​သား​သ​မီး များ​စွာ​ထွန်း​ကား​လိမ့်​မည်။ ယ​ခင်​က​ကဲ့​သို့ နေ​ထိုင်​ခွင့်​ပေး​မည်။ ယ​ခင်​အ​ခါ​များ​ထက် ပို​၍​ကြီး​ပွား​ချမ်း​သာ​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
၁၁သင် တို့အပေါ်မှာ လူ နှင့် တိရစ္ဆာန် တို့ကို ငါ များပြား စေသဖြင့် ၊ သူတို့သည်ပွားများ ၍ သား မြေးအစဉ်အဆက်ရှိကြလိမ့်မည်။ နေရင်း အရပ်တို့၌ ငါနေရာ ချ၍ ၊ အရင် ပြုသကဲ့သို့ငါကျေးဇူး ပြုမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
12 ၁၂ ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ​သည်​သင်​တို့​အား​ပြည် တော်​တွင်​တစ်​ဖန်​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ထို​ပြည်​သည်​သင်​တို့​ပိုင် သော​ပြည်​ဖြစ်​လိမ့်​မည်။ ယင်း​သည်​သင်​တို့ ၏​သား​သ​မီး​များ​အား နောင်​အ​ဘယ် အ​ခါ​၌​မျှ​မ​ဆုံး​ပါး​စေ​ရ။
၁၂သင် တို့အပေါ်မှာ လူ များတည်းဟူသောငါ ၏ လူ ဣသရေလ အမျိုးသားတို့သည် သွား လာမည် အကြောင်းငါပြုမည်။ သူတို့သည် သင် တို့ကို သိမ်းယူ ၍ အမွေ ခံရ သဖြင့် ၊ နောက် တဖန် သင်တို့ကြောင့် သား မ ဆုံးရှုံးရကြ။
13 ၁၃ ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​လူ​တို့​က ထို​ပြည်​သည်​လူ​တို့​ကို​ကိုက် စား​သည့်​ပြည်၊ ပြည်​သား​တို့​၏​သား​သ​မီး များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ်​သည် ဆို​သည်​မှာ​မှန်​၏။-
၁၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အချင်းပြည်၊ သင် သည် လူ တို့ကို ကိုက်စား တတ်၏။ ကိုယ် အမျိုးသား တို့ကို လုယူ ဖျက်ဆီးတတ်၏ဟု သူတပါး ဆို သောကြောင့် ၊
14 ၁၄ သို့​ရာ​တွင်​ယင်း​ပြည်​သည်​ယ​ခု​မှ​စ​၍​လူ တို့​ကို​ကိုက်​စား​သည့်​ပြည်၊ သင်​တို့​၏​သား သ​မီး​များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ် တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။-
၁၄နောက် တဖန်သင်သည် လူ တို့ကို မ ကိုက် မစားရ။ ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15 ၁၅ ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
၁၅နောက် တဖန် အတိုင်းတိုင်း အပြည်ပြည်ကဲ့ရဲ့ အပြစ်တင် သော စကားကိုမ ကြား ရ။ နောက် တဖန် ကိုယ် အမျိုးသား တို့၌ လုယူ ဖျက်ဆီးခြင်းကို မ ပြုရဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
၁၆တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
17 ၁၇ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​၌​နေ​ထိုင် ကြ​စဉ်​အ​ခါ​က သူ​တို့​သည်​အ​နေ​အ​ထိုင် အ​ကျင့်​အ​ကြံ​များ​အား​ဖြင့်​ထို​ပြည်​ကို ညစ်​ညမ်း​စေ​ခဲ့​ကြ​၏။ သူ​တို့​၏​အ​ကျင့် အ​ကြံ​သည်​အ​မျိုး​သ​မီး​တစ်​ယောက်​ဋ္ဌမ္မ တာ​ရာ​သီ​လာ​ချိန်​၌​ဘာ​သာ​ရေး​အ​ရ ညစ်​ညမ်း​သ​ကဲ့​သို့​ညစ်​ညမ်း​သည်​ဟု​ငါ မှတ်​တော်​မူ​သည်။-
၁၇အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့သည် ကိုယ် ပြည် ၌ နေ သောအခါ ၊ အလိုအလျောက်ကျင့်ကြံ ပြုမူ သောအားဖြင့် ထိုပြည် ကို ညစ်ညူး စေကြ၏။ သူ တို့ အကျင့် ဓလေ့သည် ငါ့ ရှေ့မှာ ဥတု ရောက်သော မိန်းမ၏ အညစ်အကြေး ကဲ့သို့ ဖြစ် ၏။
18 ၁၈ သူ​တို့​သည်​လူ​သတ်​မှု​များ​ကူး​လွန်​၍​ရုပ်​တု များ​အား​ဖြင့် ထို​ပြည်​ကို​ညစ်​ညမ်း​စေ​သော ကြောင့်​ငါ​သည်​သူ​တို့​အား​ငါ​၏​အ​မျက် တော်​ဒဏ်​ကို​ခံ​စေ​ခဲ့​၏။-
၁၈ထိုပြည် ၌ လူအသက် ကိုသတ်သောအပြစ်၊ ရုပ်တု တို့နှင့် ညစ်ညူး စေသော အပြစ်ကြောင့် ၊ ငါသည် ဒေါသ အမျက်ကို သွန်းလောင်း ပြီ။
19 ၁၉ သူ​တို့​နေ​ထိုင်​ကျင့်​ကြံ​သည့်​အ​တိုင်း​သူ​တို့ အား​ပြစ်​ဒဏ်​ချ​မှတ်​ကာ နိုင်​ငံ​တ​ကာ​သို့​ကွဲ လွင့်​စေ​၍​နိုင်​ငံ​ရပ်​ခြား​များ​သို့​ပျံ့​လွင့် စေ​ခဲ့​၏။-
၁၉အတိုင်းတိုင်း အပြည်ပြည် သို့ ငါကွဲပြား ပြန့်လွင့် စေပြီ။ သူ တို့ကျင့်ကြံ ပြုမူ သည်အတိုင်း ငါစီရင် ပြီ။
20 ၂၀ သို့​ရာ​တွင်​သူ​တို့​ရောက်​လေ​ရာ​ရာ​အ​ရပ် တို့​တွင်​လူ​တို့​က`ဤ​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ၏​လူ​မျိုး​တော်​ဖြစ်​သော်​လည်း ကိုယ်​တော်​၏ ပြည်​မှ​ထွက်​ခွာ​လာ​ရ​ကြ​၏' ဟု​ဆို​ကြ သ​ဖြင့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​သည်​အ​သ​ရေ​ပျက်​ရ​၏။-
၂၀သို့ရာတွင် တကျွန်း တနိုင်ငံသို့ ရောက် သောအခါ ဤ သူတို့သည် ထာဝရဘုရား ၏ လူ ဖြစ်ကြ၏။ ကိုယ် ပြည် မှ ထွက်သွား ရကြ၏ဟု သူတပါးပြောဆို သဖြင့်၊ ငါ ၏နာမ မြတ် ကို ရှုတ်ချ သောကြောင့် ၊
21 ၂၁ သူ​တို့​သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့​တွင် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို အ​သ​ရေ​ဖျက်​ကြ​သ​ဖြင့် ငါ​သည်​မိ​မိ​၏ နာ​မ​တော်​အ​တွက်​စိတ်​မ​အေး​ရ။
၂၁ဣသရေလ အမျိုးသား ရောက် ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချ သော ငါ ၏နာမ မြတ် ကို ငါနှမြော ၏။
22 ၂၂ ``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား ယ​ခု​ငါ​ပြု​မည့်​အ​မှု​သည်​အ​သင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ကြောင့်​မ​ဟုတ် ဘဲ ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​သင်​တို့​အ​သ ရေ​ဖျက်​ခဲ့​သည့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​အ​တွက်​ကြောင့်​ဖြစ်​၏။-
၂၂သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလ အမျိုး ၊ သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်။ သင်တို့ရောက် သမျှသော အရပ်တို့၌ လူ အမျိုးမျိုးတို့ ရှေ့မှာရှုတ်ချ သော ငါ ၏နာမ မြတ် ကိုသာ ထောက်၍ပြု၏။
23 ၂၃ လူ​တို့​ရှေ့​တွင်​သင်​တို့​အ​သ​ရေ​ဖျက်​ခဲ့​သော ငါ​၏​ကြီး​မြတ်​သည့်​နာ​မ​တော်​သည် အ​ဘယ် မျှ​သန့်​ရှင်း​မြင့်​မြတ်​သည်​ကို​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​သ​မည်။ ထို​နာ​မ​တော်​သည် သင်​တို့​အ​သ​ရေ​ဖျက်​သည့် ငါ​၏​နာ​မ​တော် ဖြစ်​သည်။ သူ​တို့​ရှေ့​တွင်​ငါ​သည်​သန့်​ရှင်း​မြင့် မြတ်​တော်​မူ​ကြောင်း​သင်​တို့​အား​ဖြင့်​သိ စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
၂၃တပါးအမျိုးသား တို့ အလယ် ၌သင်တို့ရှုတ်ချ သော ငါ ၏မဟာ နာမ တော်ကို ငါချီးမြှောက် မည်။ သူ တို့ မျက်မှောက် ၌ သင် တို့အားဖြင့် ငါ သည် ချီးမြောက် ရာသို့ ရောက်သောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
24 ၂၄ ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-
၂၄အကြောင်းမူကား ၊ သင် တို့ကို အတိုင်းတိုင်း အပြည်ပြည် တို့က ငါခေါ် ခဲ့၍ စုဝေး စေပြီးလျှင် ၊ သင် တို့နေရင်းပြည် သို့ ပို့ဆောင် မည်။
25 ၂၅ ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။-
၂၅သင် တို့အပေါ်မှာ သန့်ရှင်း သော ရေ ကို ဖြန်း သဖြင့် ၊ သင် တို့ကို ခပ်သိမ်း သော အညစ်အကြေး မှစ၍ ခပ်သိမ်း သော ရုပ်တု တို့နှင့် ကင်းစင် စေမည်။
26 ၂၆ ငါ​သည်​သင်​တို့​အား​စိတ်​သစ်​သ​ဘော​သစ် ကို​ပေး​မည်။ သင်​တို့​အ​ထဲ​မှ​ကျောက်​ခဲ​နှ​လုံး ကို​ထုတ်​ယူ​ကာ​နာ​ခံ​တတ်​သော​နှ​လုံး​ကို ပေး​မည်။-
၂၆စိတ်နှလုံး သစ် ကို ငါပေး မည်။ သဘော သစ် ကို သွင်း ထားမည်။ သင် တို့ကိုယ်ခန္ဓါ ထဲက ကျောက် နှလုံး ကို နှုတ် ၍ အသား နှလုံး ကိုပေး မည်။
27 ၂၇ ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။-
၂၇ငါ့ ဝိညာဉ် ကိုလည်း သင် တို့အထဲ သို့ သွင်း ပေး သဖြင့် ၊ သင်တို့သည် ငါ ၏တရား လမ်းသို့ လိုက် ၍ ၊ ငါ စီရင် တော်မူချက်တို့ကို စောင့်ရှောက် ကြလိမ့်မည်။
28 ၂၈ ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တွင်​နေ ထိုင်​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သင်​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
၂၈ဘိုးဘေး တို့အား ငါပေး သော ပြည် ၌ သင်တို့သည် နေ ရ၍ ငါ ၏လူ ဖြစ် ကြလိမ့်မည်။ ငါ သည်လည်း သင် တို့၏ဘုရားသခင် ဖြစ် မည်။
29 ၂၉ သင်​တို့​အား​ညစ်​ညမ်း​မှု​ရှိ​သ​မျှ​နှင့်​ကင်း စင်​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​ကြုံ​ရ​ကြ​စေ ရန်​ဆန်​ရေ​စ​ပါး​ပေါ​များ​စေ​မည်။-
၂၉သင် တို့ကို အညစ်အကြေး ရှိသမျှ တို့နှင့် ငါ ကင်းလွတ် စေမည်။ အစာ ခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန် စပါးကို မှာ လိုက်၍ များပြား စေမည်။
30 ၃၀ ငါ​သည်​သစ်​သီး​ဝ​လံ​များ​နှင့်​ကောက်​ပဲ သီး​နှံ​များ​ကို​အ​ထွက်​တိုး​စေ​မည်။ ဤ နည်း​အား​ဖြင့်​လူ​မျိုး​တ​ကာ​တို့​တွင်​သင် တို့​ကို​အ​သ​ရေ​ပျက်​စေ​သည့်​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ကပ်​သင့်​တော့​မည် မ​ဟုတ်။-
၃၀သင်တို့သည် မွတ်သိပ် ၍ တပါးအမျိုးသား တို့ ကဲ့ရဲ့ ခြင်းနှင့် လွတ် စေမည်အကြောင်း ၊ သစ်ပင် အသီး နှင့် မြေ အသီးအနှံ ကို ငါများပြား စေမည်။
31 ၃၁ သင်​တို့​သည်​မိ​မိ​တို့​၏​ညစ်​ညမ်း​သော အ​ကျင့်​များ​နှင့်​ပြု​ခဲ့​သည့်​အ​မှား​များ ကို​ပြန်​လည်​သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ တို့​၏​အ​ပြစ်​များ​နှင့်​ဆိုး​ညစ်​မှု​များ အ​တွက်​သင်​တို့​သည်​မိ​မိ​ကိုယ်​ကို​စက် ဆုပ်​လာ​ကြ​လိမ့်​မည်။-
၃၁ထိုအခါ သင်တို့သည် ကိုယ် ကျင့်ဘူးသောအကျင့် ဆိုး နှင့် မ ကောင်း သော အမှု တို့ကို အောက်မေ့ ၍၊ ကိုယ် ဒုစရိုက် အပြစ်၊ စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
32 ၃၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​သင် တို့​ကို​ထောက်​ထား​၍ ဤ​အ​မှု​တို့​ကို​ပြု ခြင်း​မ​ဟုတ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ သင်​တို့​ယ​ခု​ပြု​နေ​သော​အ​မှု​များ အ​တွက်​အ​ရှက်​ရ​စေ​လို​၏။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
၃၂သင် တို့ကိုထောက်၍ ဤအမှုကို ငါ ပြု သည် မ ဟုတ်ဟု သိမှတ် ကြလော့။ အိုဣသရေလ အမျိုး ၊ ကိုယ် ပြု မိသောအမှုကြောင့် ရှက်ကြောက် လျက် ၊ မိန်မော တွေဝေလျက်နေကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
33 ၃၃ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ကို အ​ပြစ်​အ​ပေါင်း​မှ​သန့်​စင်​စေ​သည့်​ကာ​လ ၌ ငါ​သည်​သင်​တို့​အား​မိ​မိ​တို့​မြို့​များ တွင်​ပြန်​လည်​နေ​ထိုင်​ခွင့်​ပေး​မည်။ ပျက်​စီး ယို​ယွင်း​သော​အ​ရာ​များ​ကို​လည်း​ပြန် လည်​တည်​ဆောက်​ခွင့်​ပေး​မည်။-
၃၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ဒုစရိုက် အပြစ်ရှိသမျှ တို့ကို ငါ ရှင်းလင်း သောအခါ ၊ မြို့ များ၌လူနေ စေ၍ ပျက်စီး သော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။
34 ၃၄ အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​မြင် ရ​သော​ပေါင်း​ပင်​များ​ထ​နေ​သည့်​လယ် ယာ​များ​ကို​တစ်​ဖန်​ထွန်​ယက်​စေ​မည်။-
၃၄ရှောက်သွား သော သူအပေါင်း တို့၏ မျက်မှောက် ၌ စွန့်ပစ် ဘူးသော မြေ တွင် တဖန် လယ်လုပ် ကြ လိမ့်မည်။
35 ၃၅ ယ​ခင်​က​အ​သုံး​မ​ကျ​သော​မြေ​ရိုင်း​ဖြစ် နေ​ခဲ့​သော​မြေ​ယာ​တို့​သည် ဧ​ဒင်​ဥ​ယျာဉ် သ​ဖွယ်​ဖြစ်​လာ​ကြောင်း၊ ယ​ခင်​က​ဖြို​ဖျက် လု​ယက်​တိုက်​ခိုက်​ခြင်း​ခံ​ရ​၍​ယို​ယွင်း​ပျက် စီး​နေ​ခဲ့​သော​မြို့​တို့​တွင်​လည်း ယ​ခု​အ​ခါ အ​ခိုင်​အ​မာ​ခံ​တပ်​များ​တည်​ဆောက်​ထား လျက်​လူ​တို့​နေ​ထိုင်​လျက်​ရှိ​ကြောင်း​လူ တိုင်း​ပြော​ဆို​ကြ​လိမ့်​မည်။-
၃၅ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ် သော ဤ မြေ သည် ဧဒင် ဥယျာဉ် ကဲ့သို့ ဖြစ် လေပြီ။ သုတ်သင် ပယ်ရှင်း ပျက်စီး သော မြို့ တို့သည်လည်း ခိုင်ခံ့ ၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြော ကြလိမ့်မည်။
36 ၃၆ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပျက်​စီး ယို​ယွင်း​နေ​သော​မြို့​တို့​ကို​ပြန်​လည်​တည် ဆောက်​၍ စွန့်​ပစ်​ထား​သော​လယ်​ယာ​များ​ကို ပြန်​လည်​စိုက်​ပျိုး​တော်​မူ​ကြောင်း​ကို​သေ ဘေး​မှ​လွတ်​မြောက်​သော​နီး​နား​ဝန်း​ကျင်​ရှိ လူ​မျိုး​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​အ​မှု​ကို​ပြု​မည်​ဟု က​တိ ထား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
၃၆ထိုအခါ ပျက်စီး သော အရပ်တို့ကို ငါ ထာဝရ ဘုရား ပြုပြင် ကြောင်း ကို၎င်း၊ စွန့်ပစ် သောမြေတွင် လယ် လုပ် ကြောင်းကို၎င်း၊ သင် တို့ပတ်လည် ၌နေရစ် သော တပါးအမျိုးသား တို့သည် သိ ရကြလိမ့်မည်။ ငါ ထာဝရဘုရား သည် မိန့်မြွက် သည်အတိုင်း ပြု မည်။
37 ၃၇ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဤ​ထက် မ​က​ပင်​ပြု​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ငါ့​ထံ​တွင်​တစ်​ဖန်​အ​ကူ​အ​ညီ တောင်း​ခံ​ခွင့်​ကို​ပေး​မည်။ သူ​တို့​အား​သိုး​အုပ် ကဲ့​သို့​အ​ရေ​အ​တွက်​တိုး​ပွား​လာ​စေ​မည်။-
၃၇အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုး အဘို့ ဤ အမှုကို ငါပြု ရမည်အကြောင်း ၊ သူတို့သည် ငါ့ကိုတောင်းပန် ရကြမည်။ သိုး များပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြား စေမည်။
38 ၃၈ အ​ခါ​တစ်​ပါး​က​ယေ​ရု​ရှ​လင်​မြို့​သည်​ပွဲ နေ့​များ​၌​ယဇ်​ပူ​ဇော်​ရာ​သိုး​တို့​ဖြင့်​ပြည့် နှက်​နေ​သ​ကဲ့​သို့ ယ​ခု​ယို​ယွင်း​ပျက်​စီး​နေ သော​မြို့​တို့​သည်​လူ​များ​ဖြင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
၃၈ပျက်စီး သောမြို့ တို့သည် သန့်ရှင်း သော သိုးစု တည်းဟူသော၊ ဓမ္မ ပွဲခံချိန်တွင် ယေရုရှလင် သိုးစု ကဲ့သို့ သော လူ စုတို့နှင့် ပြည့်စုံ ၍ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< ယေဇကျေလ 36 >