< ယေဇကျေလ 35 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
I doszło do mnie słowo PANA mówiące:
2 ကိုယ်​တော်​က``စိ​ရ​တောင်​သို့​လှည့်​၍​ထို​ပြည် ကို​ရှုတ်​ချ​လော့။-
Synu człowieczy, zwróć swoją twarz przeciwko górze Seir i prorokuj przeciwko niej.
3 လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။
Mów do niej: Tak mówi Pan BÓG: Oto jestem przeciwko tobie, góro Seir, wyciągnę moją rękę przeciwko tobie i wydam cię na wielkie spustoszenie.
4 သင်​၏​မြို့​တို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​၍ သင့်​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း သင်​သိ​ရှိ​လိမ့်​မည်။''
Twoje miasta zamienię w ruiny i będziesz spustoszona. I poznasz, że ja jestem PANEM.
5 ``သင်​သည်​ဣသ​ရေ​လ​ပြည်​အား​အ​စဉ်​ရန် ငြိုး​ဖွဲ့​၏။ ထို​ပြည်​သည်​မိ​မိ​၏​ဒု​စ​ရိုက်​များ ကြောင့်​အ​ပြစ်​ဒဏ်​သင့်​၍ ဘေး​အန္တ​ရာယ်​ရောက် သော​အ​ခါ​သင်​သည်​ထို​ပြည်​သူ​တို့​အား သတ်​ဖြတ်​စေ​ခဲ့​၏။-
Ponieważ żywiłaś wieczną nienawiść i wydałaś synów Izraela pod ostrze miecza w czasie ich utrapienia, w czasie wykonywania ich kary;
6 သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သော ကြောင့်​သင်​သည်​သေ​ရ​လိမ့်​မည်။ အ​သက် ချမ်း​သာ​ရ​နိုင်​မည်​မ​ဟုတ်။ သင်​သည်​လူ သတ်​သ​မား​ဖြစ်​သ​ဖြင့်​သင်​ကိုယ်​တိုင် အ​သတ်​ခံ​ရ​လိမ့်​မည်။-
Dlatego, jak żyję, mówi Pan BÓG, wydam cię na zabicie i krew będzie cię ścigać. Ponieważ nie znienawidziłaś krwi, krew będzie cię ścigać.
7 ငါ​သည်​စိ​ရ​တောင်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​လျက် ယင်း​ကို​ဖြတ်​သန်း သွား​လာ​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပစ် မည်။-
I zamienię górę Seir w wielkie spustoszenie, wygubię z niej każdego, który przechodzi i który wraca.
8 တောင်​များ​ကို​လူ​သေ​အ​လောင်း​များ​နှင့်​ဖုံး လွှမ်း​စေ​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ အ​လောင်း​များ​သည်​တောင်​ကုန်း​များ၊ ချောင်း များ၊ ချိုင့်​ဝှမ်း​များ​တွင်​ပြည့်​နှက်​၍​နေ​လိမ့် မည်။-
Jej góry napełnię jej zabitymi. Na twoich pagórkach, na twoich dolinach i [we] wszystkich twoich strumieniach padną pobici mieczem.
9 ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။
Zamienię cię w wieczne spustoszenie i twoje miasta nie będą zamieszkałe. I poznacie, że ja jestem PANEM.
10 ၁၀ ``ငါ​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ လျက် သင်​သည်​ထို​လူ​မျိုး​တို့​နှင့်​သူ​တို့​၏ ပြည်​များ​ကို​ပိုင်​၍ မိ​မိ​လက်​ဝယ်​သို့​ရောက် ရှိ​စေ​မည်​ဟူ​၍​ဆို​ချေ​သည်။-
Ponieważ powiedziałaś: Te dwa narody i te dwa kraje będą moje, weźmiemy je w posiadanie, chociaż PAN tam przebywał;
11 ၁၁ သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည် အ​တိုင်း ငါ​၏​လူ​မျိုး​တော်​အား​သင်​အ​မျက် ထွက်​ခြင်း၊ ငြူ​စူ​ခြင်း၊ မုန်း​ထား​ခြင်း​ကြောင့် သင့်​အား​ငါ​စီ​ရင်​မည်။ သင်​သည်​သူ​တို့ အား​ပြု​ခဲ့​သည့်​အ​မှု​များ​အ​တွက်​အ​ပြစ် ဒဏ်​ခံ​ရ​ကြောင်း​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်။-
Jak żyję, mówi Pan BÓG, uczynię według twego gniewu i według twojej zawiści, z jaką postąpiłaś w swej nienawiści względem nich, i dam się poznać wśród nich, gdy cię osądzę.
12 ၁၂ ထို​အ​ခါ​ဣ​သ​ရေ​လ​တောင်​များ​သည်​လူ သူ​ဆိတ်​ငြိမ်​ရာ၊ သင်​တိုက်​ခိုက်​လု​ယူ​ရာ အ​ရပ်​များ​ဖြစ်​သည်​ဟု​သင်​ကဲ့​ရဲ့​ပြော ဆို​သည့်​စ​ကား​များ​ကို ငါ​ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​ကြောင်း​ကို​သင်​သိ​ရှိ ရ​လိမ့်​မည်။-
I poznasz, że ja jestem PANEM i słyszałem wszystkie twoje obelgi, które wypowiedziałaś przeciw górom Izraela, mówiąc: Są spustoszone, zostały nam dane na pożarcie.
13 ၁၃ သင်​သည်​ငါ့​အား​ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရမ်း​ကာ​ရော​ကြွား​ဝါ​ပြော​ဆို​သည် ကို​ငါ​ကြား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
Tak się wynosiliście swoimi ustami przeciwko mnie i mnożyliście swoje słowa przeciwko mnie. Ja [to] słyszałem.
14 ၁၄ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ပိုင်​တော်​မူ​သော ဣ​သ​ရေ​လ​ပြည်​ပြို​လဲ​သွား​စဉ်​အ​ခါ​က သင့်​အား​ငါ​ရွှင်​လန်း​စေ​ခဲ့​သည့်​နည်း​တူ သင် ပြို​လဲ​ချိန်​၌​လည်း​ကမ္ဘာ​တစ်​ခု​လုံး​အား​ရ ရွှင်​လန်း​ကြ​စေ​ရန် ငါ​သည်​သင့်​ကို​လူ​သူ ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ စိ​ရ​တောင် ကုန်း​ဒေ​သ​တည်း​ဟူ​သော​ဧ​ဒုံ​ပြည်​တစ် ပြည်​လုံး​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း​သိ ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Tak mówi Pan BÓG: Kiedy cała ziemia będzie się radować, wtedy zamienię cię w pustkowie.
15 ၁၅
Jak ty się radowałaś nad dziedzictwem domu Izraela, że zostało spustoszone, tak uczynię i tobie: będziesz spustoszona, góro Seir i cały Edomie. I poznają, że ja jestem PANEM.

< ယေဇကျေလ 35 >