< ယေဇကျေလ 35 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
And the word of the Lord came to me, saying,
2 ၂ ကိုယ်တော်က``စိရတောင်သို့လှည့်၍ထိုပြည် ကိုရှုတ်ချလော့။-
Son of man, set thy face against mount Seir, and prophesy against it,
3 ၃ လူတို့အားငါအရှင်ထာဝရဘုရားအဘယ် သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ``စိရတောင်တို့၊ငါသည်သင်၏ရန်သူဖြစ်၏။ ငါ၏လက်ကိုဆန့်၍ငါသည်သင့်အားလူသူ ဆိတ်ငြိမ်ရာမြေရိုင်းဒေသဖြစ်စေမည်။
and say to it, Thus saith the Lord God; Behold, I am against thee, O mount Seir, and I will stretch out my hand against thee, and will make thee a waste, and thou shalt be made desolate.
4 ၄ သင်၏မြို့တို့ကိုယိုယွင်းပျက်စီးစေ၍ သင့်ကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်း သင်သိရှိလိမ့်မည်။''
And I will cause desolation in thy cities, and thou shalt be desolate, and thou shalt know that I am the Lord.
5 ၅ ``သင်သည်ဣသရေလပြည်အားအစဉ်ရန် ငြိုးဖွဲ့၏။ ထိုပြည်သည်မိမိ၏ဒုစရိုက်များ ကြောင့်အပြစ်ဒဏ်သင့်၍ ဘေးအန္တရာယ်ရောက် သောအခါသင်သည်ထိုပြည်သူတို့အား သတ်ဖြတ်စေခဲ့၏။-
Because thou hast been a perpetual enemy, and hast laid wait craftily for the house of Israel, with the hand of enemies with a sword, in the time of injustice, at the last:
6 ၆ သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သော ကြောင့်သင်သည်သေရလိမ့်မည်။ အသက် ချမ်းသာရနိုင်မည်မဟုတ်။ သင်သည်လူ သတ်သမားဖြစ်သဖြင့်သင်ကိုယ်တိုင် အသတ်ခံရလိမ့်မည်။-
Therefore, as I live, saith the Lord God, verily thou hast sinned even to blood, therefore blood shall pursue thee.
7 ၇ ငါသည်စိရတောင်ကိုလူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေလျက် ယင်းကိုဖြတ်သန်း သွားလာသူမှန်သမျှကိုသုတ်သင်ပစ် မည်။-
And I will make mount Seir a waste, and desolate, and I will destroy from off it men and cattle:
8 ၈ တောင်များကိုလူသေအလောင်းများနှင့်ဖုံး လွှမ်းစေမည်။ စစ်ပွဲတွင်ကျဆုံးသူတို့၏ အလောင်းများသည်တောင်ကုန်းများ၊ ချောင်း များ၊ ချိုင့်ဝှမ်းများတွင်ပြည့်နှက်၍နေလိမ့် မည်။-
and I will fill thy hills and thy valleys with slain men, and in all thy plains there shall fall in thee men slain with the sword.
9 ၉ ငါသည်သင့်အားအစဉ်လူသူဆိတ်ငြိမ်ရာ အရပ်ဖြစ်စေမည်။ သင်၏မြို့တို့တွင်နောက် တစ်ဖန်အဘယ်သူမျှနေထိုင်လိမ့်မည်မ ဟုတ်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိလိမ့်မည်။
I will make thee a perpetual desolation, and thy cities shall not be inhabited any more: and thou shalt know that I am the Lord.
10 ၁၀ ``ငါထာဝရဘုရားသည်ယုဒနှင့်ဣသရေလ အမျိုးသားတို့၏ဘုရားဖြစ်တော်မူပါ လျက် သင်သည်ထိုလူမျိုးတို့နှင့်သူတို့၏ ပြည်များကိုပိုင်၍ မိမိလက်ဝယ်သို့ရောက် ရှိစေမည်ဟူ၍ဆိုချေသည်။-
Because thou saidst, The two nations and the two countries shall be mine, and I shall inherit them; whereas the Lord is there:
11 ၁၁ သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည် အတိုင်း ငါ၏လူမျိုးတော်အားသင်အမျက် ထွက်ခြင်း၊ ငြူစူခြင်း၊ မုန်းထားခြင်းကြောင့် သင့်အားငါစီရင်မည်။ သင်သည်သူတို့ အားပြုခဲ့သည့်အမှုများအတွက်အပြစ် ဒဏ်ခံရကြောင်းကိုသူတို့သိရှိကြလိမ့် မည်။-
therefore, [as] I live, saith the Lord, I will even deal with thee according to thine enmity, and I will be made known to thee when I shall judge thee:
12 ၁၂ ထိုအခါဣသရေလတောင်များသည်လူ သူဆိတ်ငြိမ်ရာ၊ သင်တိုက်ခိုက်လုယူရာ အရပ်များဖြစ်သည်ဟုသင်ကဲ့ရဲ့ပြော ဆိုသည့်စကားများကို ငါထာဝရ ဘုရားကြားတော်မူကြောင်းကိုသင်သိရှိ ရလိမ့်မည်။-
and thou shalt know that I am the Lord. I have heard the voice of thy blasphemies, whereas thou hast said, The desert mountains of Israel are given to us for food;
13 ၁၃ သင်သည်ငါ့အားဆန့်ကျင်ဘက်ပြု၍ အရမ်းကာရောကြွားဝါပြောဆိုသည် ကိုငါကြားတော်မူပြီ'' ဟုမိန့်တော်မူ၏။
and thou hast spoken swelling words against me with thy mouth: I have heard [them].
14 ၁၄ အရှင်ထာဝရဘုရားက``ငါပိုင်တော်မူသော ဣသရေလပြည်ပြိုလဲသွားစဉ်အခါက သင့်အားငါရွှင်လန်းစေခဲ့သည့်နည်းတူ သင် ပြိုလဲချိန်၌လည်းကမ္ဘာတစ်ခုလုံးအားရ ရွှင်လန်းကြစေရန် ငါသည်သင့်ကိုလူသူ ဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။ စိရတောင် ကုန်းဒေသတည်းဟူသောဧဒုံပြည်တစ် ပြည်လုံးသည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းလူတိုင်းသိ ရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
Thus saith the Lord; When all the earth is rejoicing, I will make thee desert.
Thou shalt be desert, O mount Seir, and all Idumea; and it shall be utterly consumed: and thou shalt know that I am the Lord their God.