< ယေဇကျေလ 34 >
1 ၁ ထာဝရဘုရားနှုတ်ကပတ်တော်သည်ငါ့ထံ သို့ရောက်လာ၏။-
여호와의 말씀이 내게 임하여 가라사대
2 ၂ ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-
인자야 너는 이스라엘 목자들을 쳐서 예언하라 그들 곧 목자들에게 예언하여 이르기를 주 여호와의 말씀에 자기만 먹이는 이스라엘 목자들은 화 있을진저 목자들이 양의 무리를 먹이는 것이 마땅치 아니하냐?
3 ၃ သင်တို့သည်သိုးနို့ကိုသောက်လျက်သိုးမွေး ထည်ကိုဝတ်ဆင်ပြီးလျှင် ဆူဖြိုးသောသိုး များကိုသတ်၍စားကြ၏။ သို့ရာတွင်သိုး တို့ကိုမူအဘယ်အခါ၌မျှမစောင့်ထိန်း ကြ။-
너희가 살진 양을 잡아 그 기름을 먹으며 그 털을 입되 양의 무리는 먹이지 아니하는도다
4 ၄ အားနည်းသောသိုးတို့ကိုမကြည့်ရှု။ နာ ဖျားသောသိုးတို့ကိုလည်းဆေးမကု။ ဒဏ် ရာရသောသိုးတို့ကိုအဝတ်နှင့်မစည်း။ လမ်းမှားသည့်သိုးတို့ကိုပြန်၍မစုသိမ်း။ ပျောက်သောသိုးတို့ကိုလည်းမရှာဘဲသင် တို့သည်ထိုသိုးတို့ကိုမညှာမတာပြုမူ ကြ၏။-
너희가 그 연약한 자를 강하게 아니하며 병든 자를 고치지 아니하며 상한 자를 싸매어 주지 아니하며 쫓긴 자를 돌아오게 아니하며 잃어버린 자를 찾지 아니하고 다만 강포로 그것들을 다스렸도다
5 ၅ သိုးတို့သည်သိုးထိန်းမရှိသဖြင့်ကစဥ့် ကရဲဖြစ်ကာသားရဲတိရစ္ဆာန်များ၏ အစာဖြစ်ရကြ၏။-
목자가 없으므로 그것들이 흩어지며 흩어져서 모든 들짐승의 밥이 되었도다
6 ၆ သို့ဖြစ်၍ငါ၏သိုးတို့သည်တောင်များ၊ ကုန်းမြင့်များပေါ်တွင်လှည့်လည်၍နေရ ကြ၏။ သူတို့သည်ကမ္ဘာမြေတစ်ပြင်လုံး တွင်ပျံ့လွင့်လျက်ရှိကြ၏။ သူတို့အား ရှာဖွေသူ၊ ရှာဖွေရန်အားထုတ်သူတစ်ယောက် မျှမရှိ။
내 양의 무리가 모든 산과 높은 멧부리에마다 유리되었고 내 양의 무리가 온 지면에 흩어졌으되 찾고 찾는 자가 없었도다
7 ၇ ``အချင်းသိုးထိန်းတို့၊ ယခုထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့။-
그러므로 목자들아 여호와의 말씀을 들을지어다
8 ၈ ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်နှင့်အညီ သင်တို့သည်ငါ ၏စကားကိုနားထောင်ကြလော့။ သိုးထိန်း မရှိသဖြင့်ငါ၏သိုးတို့အားသားရဲ တိရစ္ဆာန်များသတ်ဖြတ်ကိုက်စားကြလေ ပြီ။ ငါ့သိုးထိန်းတို့သည်သိုးကိုလိုက်၍ မရှာကြ။ သူတို့သည်မိမိတို့ကိုသာ လျှင်ကြည့်ရှုစောင့်ရှောက်လျက်သိုးတို့ ကိုမူမစောင့်ထိန်းကြ။-
주 여호와의 말씀에 내가 나의 삶을 두고 맹세하노라 내 양의 무리가 노략거리가 되고 모든 들짐승의 밥이 된 것은 목자가 없음이라 내 목자들이 양을 찾지 아니하고 자기만 먹이고 내 양의 무리를 먹이지 아니하였도다
9 ၉ သို့ဖြစ်၍အချင်းသိုးထိန်းတို့၊ ထာဝရ ဘုရား၏စကားကိုနားထောင်ကြလော့။-
그러므로 너희 목자들아 여호와의 말씀을 들을지어다
10 ၁၀ ငါအရှင်ထာဝရဘုရားသည်သင်တို့၏ ရန်သူဖြစ်၍ ငါ၏သိုးတို့သည်သင့်တာဝန် ဖြစ်ကြောင်းအတိအလင်းကြေညာ၏။ ငါ သည်မိမိ၏သိုးများကိုသင်တို့ထံမှသိမ်း ယူမည်။ အဘယ်အခါ၌မျှသင်တို့သည် သူတို့အားထိန်းကျောင်းခွင့်နှင့် မိမိတို့ကိုယ် ကိုသာလျှင်ကြည့်ရှုပြုစုခွင့်ကိုငါပေး တော့မည်မဟုတ်။ သိုးတို့သည်သင်တို့၏ အစာမဖြစ်အောင် ငါသည်မိမိသိုးတို့ ကိုသင်တို့လက်မှကယ်ဆယ်မည်။
주 여호와의 말씀에 내가 목자들을 대적하여 내 양의 무리를 그들의 손에서 찾으리니 목자들이 양을 먹이지 못할 뿐 아니라 그들이 다시는 자기를 먹이지 못할지라 내가 내 양을 그들의 입에서 건져내어서 다시는 그 식물이 되지 않게 하리라
11 ၁၁ ``သင်တို့အားငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား ကစဥ့်ကရဲဖြစ်ပြီးနောက် ပြန်လည်စုသိမ်းရရှိသည့်သိုးတို့ကိုသိုး ထိန်းသည်စောင့်ထိန်းကြည့်ရှုသကဲ့သို့ ငါ သည်မိမိ၏သိုးတို့ကိုလိုက်လံရှာဖွေကာ စောင့်ထိန်းကြည့်ရှုမည်။ မိုးအမှောင်ကျသည့် နေ့ရက်၌သူတို့ကစဥ့်ကရဲဖြစ်၍သွား ရာအရပ်ရပ်မှငါသည်သူတို့အားပြန် လည်ခေါ်ခဲ့မည်။-
나 주 여호와가 말하노라 나 곧 내가 내 양을 찾고 찾되
목자가 양 가운데 있는 날에 양이 흩어졌으면 그 떼를 찾는 것 같이 내가 내 양을 찾아서 흐리고 캄캄한 날에 그 흩어진 모든 곳에서 그것들을 건져낼지라
13 ၁၃ နိုင်ငံရပ်ခြားများမှ စုသိမ်းပြီးလျှင်သူ တို့အား မိမိတို့နေရင်းပြည်သို့ပြန်လည် ခေါ်ခဲ့မည်။ ငါသည်သူတို့အားဣသရေလ တောင်များနှင့်မြစ်ချောင်းများသို့ပို့ဆောင် ၍သာယာသောစားကျက်များ၌ကျွေး မွေးမည်။-
내가 그것들을 만민 중에서 끌어내며 열방 중에서 모아 그 본토로 데리고 가서 이스라엘 산 위에와 시냇가에와 그 땅 모든 거주지에서 먹이되
14 ၁၄ တောင်ပေါ်မြက်ခင်းများ၊ ဣသရေလပြည် စိမ်းလန်းသောစားကျက်များတွင်ကျက်စား စေမည်။ ကောင်းသောစားကျက်များတွင်လဲ လျောင်းစေ၍ စိမ်းလန်းသောစားကျက်များ တွင်ကျက်စားစေမည်။-
좋은 꼴로 먹이고 그 우리를 이스라엘 높은 산 위에 두리니 그것들이 거기서 좋은 우리에 누워 있으며 이스라엘 산 위에서 살진 꼴을 먹으리라
15 ၁၅ ငါကိုယ်တိုင်မိမိ၏သိုးများကိုထိန်းကျောင်း ၍ သူတို့အိပ်နားစရာအရပ်များကိုရှာ၍ ပေးမည်။ ဤကားငါအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
나 주 여호와가 말하노라 내가 친히 내 양의 목자가 되어 그것들로 누워 있게 할지라
16 ၁၆ ``ငါသည်ပျောက်သောသိုးများကိုရှာ၍ လမ်းမှားသောသိုးတို့ကိုပြန်လည်ခေါ်ခဲ့ မည်။ ဒဏ်ရာရသောသိုးများကိုအဝတ် နှင့်စည်းကာဖျားနာသောသိုးတို့ကိုဆေး ကုပေးမည်။ သို့ရာတွင်ဝဖြိုးသန်မာသော သိုးတို့ကိုပယ်ရှားမည်။ အဘယ်ကြောင့်ဆို သော်ငါသည်မှန်ရာကိုပြုလုပ်တတ်သည့် သိုးထိန်းဖြစ်သောကြောင့်တည်း။
그 잃어버린 자를 내가 찾으며 쫓긴 자를 내가 돌아오게 하며 상한 자를 내가 싸매어 주며 병든 자를 내가 강하게 하려니와 살진자와 강한 자는 내가 멸하고 공의대로 그것들을 먹이리라
17 ၁၇ ``သို့ဖြစ်၍ ငါ၏သိုးစု၊ ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကားငါသည်သင် တို့အသီးသီးအားတရားစီရင်မည်။ ကောင်း သူဆိုးသူတည်းဟူသောသိုးနှင့်ဆိတ်ကို ခွဲခြားသတ်မှတ်မည်။-
나 주 여호와가 말하노라 나의 양떼 너희여 내가 양과 양의 사이와 수양과 수염소의 사이에 심판하노라
18 ၁၈ သင်တို့အချို့သည်မြက်အကောင်းဆုံးကို စားရကြသော်လည်းကျေနပ်မှုမရှိ။ မိမိ တို့မစားသည့်မြက်များကိုခြေဖြင့်နင်း ကြပါသည်တကား။ သင်တို့သည်ရေကြည် ကိုသောက်၍သင်တို့မသောက်သည့်ရေကို နောက်ကျိအောင်ပြုကြပါသည်တကား။-
너희가 좋은 꼴 먹은 것을 작은 일로 여기느냐 어찌하여 남은 꼴을 발로 밟았느냐? 너희가 맑은 물 마신 것을 작은 일로 여기느냐 어찌하여 남은 물을 발로 더럽혔느냐
19 ၁၉ ငါ၏အခြားသိုးတို့သည်သင်တို့ခြေဖြင့် နင်း၍ထားသည့်မြက်ကိုစားလျက် သင်တို့ နောက်ကျိစေသည့်ရေကိုသောက်ကြ၏။
나의 양은 너희 발로 밟은 것을 먹으며 너희 발로 더럽힌 것을 마시는도다 하셨느니라
20 ၂၀ ``သို့ဖြစ်၍ငါအရှင်ထာဝရဘုရားသင်တို့ အားမိန့်တော်မူသည်ကား ငါသည်သင်တို့ သိုးဝများနှင့်သိုးပိန်များအမှုကိုတရား စီရင်မည်။-
그러므로 주 여호와께서 그들에게 대하여 말씀하시기를 나 곧 내가 살찐 양과 파리한 양 사이에 심판하리라
21 ၂၁ သင်တို့သည်ဖျားနာနေသောသိုးတို့ကို ဘေးသို့တွန်းဖယ်ကာ သိုးအုပ်ထဲမှချို နှင့်ဝှေ့ထုတ်ကြ၏။-
너희가 옆구리와 어깨로 밀뜨리고 모든 병든 자를 뿔로 받아 무리로 밖으로 흩어지게 하는도다
22 ၂၂ သို့ရာတွင်ငါ၏သိုးတို့အားနောက်တစ်ဖန် နှိပ်စက်ညှဉ်းဆဲခြင်းကိုခံစေတော့မည်မ ဟုတ်။ ငါသည်ငါ၏သိုးတစ်ကောင်စီကို တရားစီရင်မည်။-
그러므로 내가 내 양떼를 구원하여 그들로 다시는 노략거리가 되지 않게 하고 양과 양 사이에 심판하리라
23 ၂၃ သူတို့၏တစ်ဦးတည်းသောသိုးထိန်းအဖြစ် ဖြင့် ငါ၏အစေခံဒါဝိဒ်ကဲ့သို့သောဘုရင် အားခန့်ထားမည်။ သူသည်သူတို့အားစောင့် ထိန်းကြည့်ရှုလိမ့်မည်။-
내가 한 목자를 그들의 위에 세워 먹이게 하리니 그는 내 종 다윗이라 그가 그들을 먹이고 그들의 목자가 될지라
24 ၂၄ ငါထာဝရဘုရားသည်သူတို့၏ဘုရား ဖြစ်လိမ့်မည်။ ငါ၏အစေခံဒါဝိဒ်ကဲ့သို့ သောဘုရင်သည်လည်း သူတို့၏ဘုရင် ဖြစ်လိမ့်မည်။ ဤကားငါမိန့်တော်မူသော စကားဖြစ်၏။-
나 여호와는 그들의 하나님이 되고 내 종 다윗은 그들 중에 왕이 되리라 나는 여호와의 말이니라
25 ၂၅ သူတို့၏လုံခြုံရေးကိုစိတ်ချရစေရန်ငါ သည်သူတို့နှင့်ပဋိညာဉ်ပြုတော်မူမည်။ ကြောက်မက်ဖွယ်ကောင်းသည့်သားရဲတိရစ္ဆာန် အပေါင်းကိုပြည်တွင်းမှဖယ်ရှားပစ်မည်။ သို့မှသာလျှင်ငါ၏သိုးတို့သည်ဘေးမဲ့ လုံခြုံစွာတောကန္တာရများ၌နေရကြ ၍ တောများတွင်အိပ်ရကြလိမ့်မည်။
내가 또 그들과 화평의 언약을 세우고 악한 짐승을 그 땅에서 그치게 하리니 그들이 빈 들에 평안히 거하며 수풀 가운데서 잘찌라
26 ၂၆ ``ငါသည်သူတို့အားကောင်းချီးပေး၍ ငါ၏ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပတ်လည် တွင်နေစေမည်။ အချိန်တန်သောအခါ ကောင်းချီးမိုးရေကိုကျစေမည်။-
내가 그들에게 복을 내리며 내 산 사면 모든 곳도 복되게 하여 때를 따라 비를 내리되 복된 장마비를 내리리라!
27 ၂၇ သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
그리한즉 밭에 나무가 열매를 맺으며 땅이 그 소산을 내리니 그들이 그 땅에서 평안할지라 내가 그들의 멍엣목을 꺾고 그들로 종을 삼은 자의 손에서 그들을 건져낸 후에 그들이 나를 여호와인 줄 알겠고
28 ၂၈ လူမျိုးတကာတို့သည်သူတို့အားနောင် အဘယ်အခါ၌မျှ လုယက်တိုက်ခိုက်ကြ တော့မည်မဟုတ်။ သားရဲတိရစ္ဆာန်များသည် လည်းသူတို့အားသတ်ဖြတ်ကိုက်စားကြ တော့မည်မဟုတ်။ သူတို့ဘေးမဲ့လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။ သူတို့အားအဘယ် သူမျှထိတ်လန့်တုန်လှုပ်စေကြလိမ့်မည် မဟုတ်။-
그들이 다시는 이방의 노략거리가 되지 아니하며 땅의 짐승의 삼킨바 되지 아니하고 평안히 거하리니 놀랠 사람이 없으리라
29 ၂၉ ငါသည်သူတို့အားမြေသြဇာကောင်း သည့်လယ်ယာများကိုပေး၍ ပြည်တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့်ကင်းဝေး စေမည်။ အခြားလူမျိုးများသည်လည်း သူတို့အားအဘယ်အခါမျှပြောင်လှောင် ကြတော့မည်မဟုတ်။-
내가 그들을 위하여 유명한 종식할 땅을 일으키리니 그들이 다시는 그 땅에서 기근으로 멸망하지 아니할지며 다시는 열국의 수치를 받지 아니할지라
30 ၃၀ သူတို့၏ဘုရားသခင်ငါထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အားကာ ကွယ်လျက်ရှိကြောင်း၊ သူတို့သည်ငါ၏လူ မျိုးတော်ဖြစ်ကြကြောင်းလူတိုင်းပင်သိရှိ ကြလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
그들이 나 여호와 그들의 하나님이 그들과 함께 있는 줄을 알며 그들 곧 이스라엘 족속이 내 백성인 줄 알리라 나 주 여호와의 말이라
31 ၃၁ ``ငါ၏သိုးများ၊ ငါကျွေးမွေးပြုစုသည့် သိုးစု၊ သင်တို့သည်ငါ၏လူမျိုးတော်ဖြစ် ၍ငါသည်သင်တို့၏ဘုရားဖြစ်၏'' ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
내 양 곧 내 초장의 양, 너희는 사람이요 나는 너희 하나님이라 나 주 여호와의 말이니라