< ယေဇကျေလ 34 >

1 ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့​ထံ သို့​ရောက်​လာ​၏။-
Und des HERRN Wort geschah zu mir und sprach:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​သိုး​ထိန်း​တို့​အား​ရှုတ် ချ​လော့။ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​မှ​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို ရ​မည်​မှာ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား များ​၏​သိုး​ထိန်း​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို ကျွေး​မွေး​ပြု​စု​ကြ​သော်​လည်း​သိုး​များ ကို​မူ​မ​စောင့်​ထိန်း​ကြ။-
Du Menschenkind, weissage wider die Hirten Israels, weissage und sprich zu ihnen: So spricht der HERR HERR: Wehe den Hirten Israels, die sich selbst weiden! Sollen nicht die Hirten die Herde weiden?
3 သင်​တို့​သည်​သိုး​နို့​ကို​သောက်​လျက်​သိုး​မွေး ထည်​ကို​ဝတ်​ဆင်​ပြီး​လျှင် ဆူ​ဖြိုး​သော​သိုး များ​ကို​သတ်​၍​စား​ကြ​၏။ သို့​ရာ​တွင်​သိုး တို့​ကို​မူ​အ​ဘယ်​အ​ခါ​၌​မျှ​မ​စောင့်​ထိန်း ကြ။-
Aber ihr fresset das Fette und kleidet euch mit der Wolle und schlachtet das Gemästete; aber die Schafe wollet ihr nicht weiden.
4 အား​နည်း​သော​သိုး​တို့​ကို​မ​ကြည့်​ရှု။ နာ ဖျား​သော​သိုး​တို့​ကို​လည်း​ဆေး​မ​ကု။ ဒဏ် ရာ​ရ​သော​သိုး​တို့​ကို​အ​ဝတ်​နှင့်​မ​စည်း။ လမ်း​မှား​သည့်​သိုး​တို့​ကို​ပြန်​၍​မ​စု​သိမ်း။ ပျောက်​သော​သိုး​တို့​ကို​လည်း​မ​ရှာ​ဘဲ​သင် တို့​သည်​ထို​သိုး​တို့​ကို​မ​ညှာ​မ​တာ​ပြု​မူ ကြ​၏။-
Der Schwachen wartet ihr nicht und die Kranken heilet ihr nicht, das Verwundete verbindet ihr nicht, das Verirrete holet ihr nicht und das Verlorene suchet ihr nicht, sondern streng und hart herrschet ihr über sie.
5 သိုး​တို့​သည်​သိုး​ထိန်း​မ​ရှိ​သ​ဖြင့်​က​စဥ့် က​ရဲ​ဖြစ်​ကာ​သား​ရဲ​တိ​ရစ္ဆာန်​များ​၏ အ​စာ​ဖြစ်​ရ​ကြ​၏။-
Und meine Schafe sind zerstreuet, als die keinen Hirten haben, und allen wilden Tieren zur Speise worden und gar zerstreuet
6 သို့​ဖြစ်​၍​ငါ​၏​သိုး​တို့​သည်​တောင်​များ၊ ကုန်း​မြင့်​များ​ပေါ်​တွင်​လှည့်​လည်​၍​နေ​ရ ကြ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​တစ်​ပြင်​လုံး တွင်​ပျံ့​လွင့်​လျက်​ရှိ​ကြ​၏။ သူ​တို့​အား ရှာ​ဖွေ​သူ၊ ရှာ​ဖွေ​ရန်​အား​ထုတ်​သူ​တစ်​ယောက် မျှ​မ​ရှိ။
und gehen irre hin und wieder auf den Bergen und auf den hohen Hügeln und sind auf dem ganzen Lande zerstreuet, und ist niemand, der nach ihnen frage, oder ihrer achte.
7 ``အ​ချင်း​သိုး​ထိန်း​တို့၊ ယ​ခု​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။-
Darum höret, ihr Hirten, des HERRN Wort!
8 ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​သည်​ငါ ၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သိုး​ထိန်း မ​ရှိ​သ​ဖြင့်​ငါ​၏​သိုး​တို့​အား​သား​ရဲ တိ​ရစ္ဆာန်​များ​သတ်​ဖြတ်​ကိုက်​စား​ကြ​လေ ပြီ။ ငါ့​သိုး​ထိန်း​တို့​သည်​သိုး​ကို​လိုက်​၍ မ​ရှာ​ကြ။ သူ​တို့​သည်​မိ​မိ​တို့​ကို​သာ လျှင်​ကြည့်​ရှု​စောင့်​ရှောက်​လျက်​သိုး​တို့ ကို​မူ​မ​စောင့်​ထိန်း​ကြ။-
So wahr ich lebe, spricht der HERR HERR, weil ihr meine Schafe lasset zum Raube und meine Herde allen wilden Tieren zur Speise werden, weil sie keinen Hirten haben, und meine Hirten nach meiner Herde nicht fragen, sondern sind solche Hirten, die sich selbst weiden, aber meine Schafe wollen sie nicht weiden,
9 သို့​ဖြစ်​၍​အ​ချင်း​သိုး​ထိန်း​တို့၊ ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။-
darum, ihr Hirten, höret des HERRN Wort!
10 ၁၀ ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​၏ ရန်​သူ​ဖြစ်​၍ ငါ​၏​သိုး​တို့​သည်​သင့်​တာ​ဝန် ဖြစ်​ကြောင်း​အ​တိ​အ​လင်း​ကြေ​ညာ​၏။ ငါ သည်​မိ​မိ​၏​သိုး​များ​ကို​သင်​တို့​ထံ​မှ​သိမ်း ယူ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​သည် သူ​တို့​အား​ထိန်း​ကျောင်း​ခွင့်​နှင့် မိ​မိ​တို့​ကိုယ် ကို​သာ​လျှင်​ကြည့်​ရှု​ပြု​စု​ခွင့်​ကို​ငါ​ပေး တော့​မည်​မ​ဟုတ်။ သိုး​တို့​သည်​သင်​တို့​၏ အ​စာ​မ​ဖြစ်​အောင် ငါ​သည်​မိ​မိ​သိုး​တို့ ကို​သင်​တို့​လက်​မှ​ကယ်​ဆယ်​မည်။
So spricht der HERR HERR: Siehe, ich will an die Hirten und will meine Herde von ihren Händen fordern; und will's mit ihnen ein Ende machen, daß sie nicht mehr sollen Hirten sein und sollen sich nicht mehr selbst weiden. Ich will meine Schafe erretten aus ihrem Maul, daß sie sie forthin nicht mehr fressen sollen.
11 ၁၁ ``သင်​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား က​စဥ့်​က​ရဲ​ဖြစ်​ပြီး​နောက် ပြန်​လည်​စု​သိမ်း​ရ​ရှိ​သည့်​သိုး​တို့​ကို​သိုး ထိန်း​သည်​စောင့်​ထိန်း​ကြည့်​ရှု​သ​ကဲ့​သို့ ငါ သည်​မိ​မိ​၏​သိုး​တို့​ကို​လိုက်​လံ​ရှာ​ဖွေ​ကာ စောင့်​ထိန်း​ကြည့်​ရှု​မည်။ မိုး​အ​မှောင်​ကျ​သည့် နေ့​ရက်​၌​သူ​တို့​က​စဥ့်​က​ရဲ​ဖြစ်​၍​သွား ရာ​အ​ရပ်​ရပ်​မှ​ငါ​သည်​သူ​တို့​အား​ပြန် လည်​ခေါ်​ခဲ့​မည်။-
Denn so spricht der HERR HERR: Siehe, ich will mich meiner Herde selbst annehmen und sie suchen.
12 ၁၂
Wie ein Hirte seine Schafe suchet, wenn sie von seiner Herde verirret sind, also will ich meine Schafe suchen und will sie erretten von allen Örtern, dahin sie zerstreuet waren, zur Zeit, da es trübe und finster war.
13 ၁၃ နိုင်​ငံ​ရပ်​ခြား​များ​မှ စု​သိမ်း​ပြီး​လျှင်​သူ တို့​အား မိ​မိ​တို့​နေ​ရင်း​ပြည်​သို့​ပြန်​လည် ခေါ်​ခဲ့​မည်။ ငါ​သည်​သူ​တို့​အား​ဣ​သ​ရေ​လ တောင်​များ​နှင့်​မြစ်​ချောင်း​များ​သို့​ပို့​ဆောင် ၍​သာ​ယာ​သော​စား​ကျက်​များ​၌​ကျွေး မွေး​မည်။-
Ich will sie von allen Völkern ausführen und aus allen Ländern versammeln und will sie in ihr Land führen; und will sie weiden auf den Bergen Israels und in allen Auen und auf allen Angern des Landes.
14 ၁၄ တောင်​ပေါ်​မြက်​ခင်း​များ၊ ဣ​သ​ရေ​လ​ပြည် စိမ်း​လန်း​သော​စား​ကျက်​များ​တွင်​ကျက်​စား စေ​မည်။ ကောင်း​သော​စား​ကျက်​များ​တွင်​လဲ လျောင်း​စေ​၍ စိမ်း​လန်း​သော​စား​ကျက်​များ တွင်​ကျက်​စား​စေ​မည်။-
Ich will sie auf die beste Weide führen, und ihre Hürden werden auf den hohen Bergen in Israel stehen; daselbst werden sie in sanften Hürden liegen und fette Weide haben auf den Bergen Israels.
15 ၁၅ ငါ​ကိုယ်​တိုင်​မိ​မိ​၏​သိုး​များ​ကို​ထိန်း​ကျောင်း ၍ သူ​တို့​အိပ်​နား​စ​ရာ​အ​ရပ်​များ​ကို​ရှာ​၍ ပေး​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
Ich will selbst meine Schafe weiden und ich will sie lagern, spricht der HERR HERR.
16 ၁၆ ``ငါ​သည်​ပျောက်​သော​သိုး​များ​ကို​ရှာ​၍ လမ်း​မှား​သော​သိုး​တို့​ကို​ပြန်​လည်​ခေါ်​ခဲ့ မည်။ ဒဏ်​ရာ​ရ​သော​သိုး​များ​ကို​အ​ဝတ် နှင့်​စည်း​ကာ​ဖျား​နာ​သော​သိုး​တို့​ကို​ဆေး ကု​ပေး​မည်။ သို့​ရာ​တွင်​ဝ​ဖြိုး​သန်​မာ​သော သိုး​တို့​ကို​ပယ်​ရှား​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​မှန်​ရာ​ကို​ပြု​လုပ်​တတ်​သည့် သိုး​ထိန်း​ဖြစ်​သော​ကြောင့်​တည်း။
Ich will das Verlorne wieder suchen und das Verirrete wiederbringen und das Verwundete verbinden und des Schwachen warten; und was fett und stark ist, will ich behüten, und will ihrer pflegen, wie es recht ist.
17 ၁၇ ``သို့​ဖြစ်​၍ ငါ​၏​သိုး​စု၊ ငါ​အ​ရှင်​ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကား​ငါ​သည်​သင် တို့​အ​သီး​သီး​အား​တ​ရား​စီ​ရင်​မည်။ ကောင်း သူ​ဆိုး​သူ​တည်း​ဟူ​သော​သိုး​နှင့်​ဆိတ်​ကို ခွဲ​ခြား​သတ်​မှတ်​မည်။-
Aber zu euch, meine Herde, spricht der HERR HERR also: Siehe, ich will richten zwischen Schaf und Schaf und zwischen Widdern und Böcken.
18 ၁၈ သင်​တို့​အ​ချို့​သည်​မြက်​အ​ကောင်း​ဆုံး​ကို စား​ရ​ကြ​သော်​လည်း​ကျေ​နပ်​မှု​မ​ရှိ။ မိ​မိ တို့​မ​စား​သည့်​မြက်​များ​ကို​ခြေ​ဖြင့်​နင်း ကြ​ပါ​သည်​တ​ကား။ သင်​တို့​သည်​ရေ​ကြည် ကို​သောက်​၍​သင်​တို့​မ​သောက်​သည့်​ရေ​ကို နောက်​ကျိ​အောင်​ပြု​ကြ​ပါ​သည်​တ​ကား။-
Ist's nicht genug, daß ihr so gute Weide habt und so überflüssig, daß ihr's mit Füßen tretet, und so schöne Borne zu trinken, so überflüssig, daß ihr dareintretet und sie trübe machet,
19 ၁၉ ငါ​၏​အ​ခြား​သိုး​တို့​သည်​သင်​တို့​ခြေ​ဖြင့် နင်း​၍​ထား​သည့်​မြက်​ကို​စား​လျက် သင်​တို့ နောက်​ကျိ​စေ​သည့်​ရေ​ကို​သောက်​ကြ​၏။
daß meine Schafe essen müssen, was ihr mit euren Füßen zertreten habt, und trinken, was ihr mit euren Füßen trübe gemacht habt?
20 ၂၀ ``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သင်​တို့ အား​မိန့်​တော်​မူ​သည်​ကား ငါ​သည်​သင်​တို့ သိုး​ဝ​များ​နှင့်​သိုး​ပိန်​များ​အ​မှု​ကို​တ​ရား စီ​ရင်​မည်။-
Darum so spricht der HERR HERR zu ihnen: Siehe, ich will richten zwischen den fetten und magern Schafen,
21 ၂၁ သင်​တို့​သည်​ဖျား​နာ​နေ​သော​သိုး​တို့​ကို ဘေး​သို့​တွန်း​ဖယ်​ကာ သိုး​အုပ်​ထဲ​မှ​ချို နှင့်​ဝှေ့​ထုတ်​ကြ​၏။-
darum daß ihr lecket mit den Füßen und die Schwachen von euch stoßet mit euren Hörnern, bis ihr sie alle von euch zerstreuet.
22 ၂၂ သို့​ရာ​တွင်​ငါ​၏​သိုး​တို့​အား​နောက်​တစ်​ဖန် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​စေ​တော့​မည်​မ ဟုတ်။ ငါ​သည်​ငါ​၏​သိုး​တစ်​ကောင်​စီ​ကို တ​ရား​စီ​ရင်​မည်။-
Und ich will meiner Herde helfen, daß sie nicht mehr sollen zum Raube werden, und will richten zwischen Schaf und Schaf.
23 ၂၃ သူ​တို့​၏​တစ်​ဦး​တည်း​သော​သိုး​ထိန်း​အ​ဖြစ် ဖြင့် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် အား​ခန့်​ထား​မည်။ သူ​သည်​သူ​တို့​အား​စောင့် ထိန်း​ကြည့်​ရှု​လိမ့်​မည်။-
Und ich will ihnen einen einigen Hirten erwecken, der sie weiden soll, nämlich meinen Knecht David. Der wird sie weiden und soll ihr Hirte sein.
24 ၂၄ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ဘု​ရား ဖြစ်​လိမ့်​မည်။ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့ သော​ဘု​ရင်​သည်​လည်း သူ​တို့​၏​ဘု​ရင် ဖြစ်​လိမ့်​မည်။ ဤ​ကား​ငါ​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-
Und ich, der HERR, will ihr Gott sein; aber mein Knecht David soll der Fürst unter ihnen sein. Das sage ich, der HERR.
25 ၂၅ သူ​တို့​၏​လုံ​ခြုံ​ရေး​ကို​စိတ်​ချ​ရ​စေ​ရန်​ငါ သည်​သူ​တို့​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​မည်။ ကြောက်​မက်​ဖွယ်​ကောင်း​သည့်​သား​ရဲ​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ပြည်​တွင်း​မှ​ဖယ်​ရှား​ပစ်​မည်။ သို့​မှ​သာ​လျှင်​ငါ​၏​သိုး​တို့​သည်​ဘေး​မဲ့ လုံ​ခြုံ​စွာ​တော​ကန္တာ​ရ​များ​၌​နေ​ရ​ကြ ၍ တော​များ​တွင်​အိပ်​ရ​ကြ​လိမ့်​မည်။
Und ich will einen Bund des Friedens mit ihnen machen und alle bösen Tiere aus dem Lande ausrotten, daß sie sicher wohnen sollen in der Wüste und in den Wäldern schlafen.
26 ၂၆ ``ငါ​သည်​သူ​တို့​အား​ကောင်း​ချီး​ပေး​၍ ငါ​၏ သန့်​ရှင်း​မြင့်​မြတ်​သည့်​တောင်​တော်​ပတ်​လည် တွင်​နေ​စေ​မည်။ အ​ချိန်​တန်​သော​အ​ခါ ကောင်း​ချီး​မိုး​ရေ​ကို​ကျ​စေ​မည်။-
Ich will sie und alle meine Hügel umher segnen und auf sie regnen lassen zu rechter Zeit. Das sollen gnädige Regen sein,
27 ၂၇ သစ်​ပင်​များ​သည်​အ​သီး​သီး​ကြ​လျက်​လယ် ပြင်​တို့​သည် အ​သီး​အ​နှံ​ထွက်​ကြ​လိမ့်​မည်။ လူ အ​ပေါင်း​တို့​သည်​မိ​မိ​တို့​ပြည်​တွင်​ဘေး​မဲ့ လုံ​ခြုံ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ ငါ​သည်​မိ​မိ လူ​မျိုး​တော်​အား​ချည်​နှောင်​ထား​သော​ထမ်း ပိုး​များ​ကို​ဖြတ်​တောက်​၍ သူ​တို့​အား​ကျွန် ဘ​ဝ​မှ​လွတ်​မြောက်​စေ​သော​အ​ခါ ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့ သိ​ရှိ​ကြ​လိမ့်​မည်။-
daß die Bäume auf dem Felde ihre Früchte bringen, und das Land sein Gewächs geben wird; und sie sollen sicher auf dem Lande wohnen und sollen erfahren, daß ich der HERR bin, wenn ich ihr Joch zerbrochen und sie errettet habe von der Hand derer, denen sie dienen mußten.
28 ၂၈ လူ​မျိုး​တ​ကာ​တို့​သည်​သူ​တို့​အား​နောင် အ​ဘယ်​အ​ခါ​၌​မျှ လု​ယက်​တိုက်​ခိုက်​ကြ တော့​မည်​မ​ဟုတ်။ သား​ရဲ​တိ​ရစ္ဆာန်​များ​သည် လည်း​သူ​တို့​အား​သတ်​ဖြတ်​ကိုက်​စား​ကြ တော့​မည်​မ​ဟုတ်။ သူ​တို့​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​အား​အ​ဘယ် သူ​မျှ​ထိတ်​လန့်​တုန်​လှုပ်​စေ​ကြ​လိမ့်​မည် မ​ဟုတ်။-
Und sie sollen nicht mehr den Heiden zum Raube werden, und kein Tier auf Erden soll sie mehr fressen, sondern sollen sicher wohnen ohne alle Furcht.
29 ၂၉ ငါ​သည်​သူ​တို့​အား​မြေ​သြ​ဇာ​ကောင်း သည့်​လယ်​ယာ​များ​ကို​ပေး​၍ ပြည်​တွင်း​၌ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​ကင်း​ဝေး စေ​မည်။ အ​ခြား​လူ​မျိုး​များ​သည်​လည်း သူ​တို့​အား​အ​ဘယ်​အ​ခါ​မျှ​ပြောင်​လှောင် ကြ​တော့​မည်​မ​ဟုတ်။-
Und ich will ihnen eine berühmte Pflanze erwecken, daß sie nicht mehr sollen Hunger leiden im Lande und ihre Schmach unter den Heiden nicht mehr tragen sollen.
30 ၃၀ သူ​တို့​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကာ ကွယ်​လျက်​ရှိ​ကြောင်း၊ သူ​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​ကြ​ကြောင်း​လူ​တိုင်း​ပင်​သိ​ရှိ ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
Und sollen erfahren, daß ich, der HERR, ihr Gott, bei ihnen bin, und daß sie vom Hause Israel mein Volk seien, spricht der HERR HERR.
31 ၃၁ ``ငါ​၏​သိုး​များ၊ ငါ​ကျွေး​မွေး​ပြု​စု​သည့် သိုး​စု၊ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ် ၍​ငါ​သည်​သင်​တို့​၏​ဘု​ရား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
Ja, ihr Menschen sollt die Herde meiner Weide sein, und ich will euer Gott sein, spricht der HERR HERR.

< ယေဇကျေလ 34 >