< ယေဇကျေလ 32 >

1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ဒွါ​ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
बारहवें वर्ष के, बारहवें माह के पहले दिन, याहवेह का वचन मेरे पास आया:
2 ကိုယ်​တော်​က``အီ​ဂျစ်​ဘု​ရင်​အား​ကြပ်​တည်း စွာ​သ​တိ​ပေး​ရ​မည်​မှာ​သင်​သည်​လူ​မျိုး တ​ကာ​တွင်​ခြင်္သေ့​ကဲ့​သို့​ပြု​ကျင့်​တတ်​သော် လည်း တ​ဗွမ်း​ဗွမ်း​ဖြင့်​မြစ်​ထဲ​၌​လှုပ်​ရှား သည့်​မိ​ချောင်း​နှင့်​ပို​၍​တူ​၏။ သင်​၏​ခြေ​ဖြင့် မြစ်​ရေ​ကို​နောက်​ကျိ​စေ​ရန်​မွှေ​နှောက်​၏။-
“हे मनुष्य के पुत्र, मिस्र के राजा फ़रोह के बारे में एक विलापगीत लो और उसे सुनाओ: “‘जाति-जाति के लोगों के बीच तुम एक सिंह की तरह हो; समुद्र में तुम एक विशाल और विलक्षण प्राणी की तरह हो, तुम अपने सोतों में मजा लेते, पांव से पानी को मथते, और सोतों को कीचड़ से भर देते हो.
3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​လူ​မျိုး​တ​ကာ တို့​တွေ့​ဆုံ​စု​ဝေး​ကြ​သော​အ​ခါ ငါ​သည် သင့်​အား​ပိုက်​ကွန်​ဖြင့်​အုပ်​၍​ဖမ်း​ကာ​သူ တို့​အား​ကမ်း​သို့​ဆွဲ​တင်​စေ​မည်။-
“‘परम प्रधान याहवेह का यह कहना है: “‘लोगों की एक बड़ी भीड़ के साथ मैं तुम पर अपना जाल फेंकूंगा, और वे तुम्हें मेरे जाल में ऊपर खींच लेंगे.
4 ထို​နောက်​ကုန်း​ပေါ်​တွင်​ချ​ထား​စေ​ပြီး ကွင်း ပြင်​ထဲ​သို့​ဆွဲ​သွား​မည်။ ကမ္ဘာ​ပေါ်​ရှိ​ငှက် များ​နှင့်​တိ​ရစ္ဆာန်​တို့​၏​အ​စာ​ဖြစ်​စေ​မည်။-
मैं तुम्हें भूमि पर फेंक दूंगा, और खुले मैदान में तुम्हें पटक दूंगा. मैं आकाश के सब पक्षियों को तुम पर बसेरा करने दूंगा और बंजर भूमि के सारे पशु तुम्हें भकोसकर खा जाएंगे.
5 သင်​၏​ပုပ်​ပျက်​နေ​သော​အ​လောင်း​ဖြင့် တောင်​များ၊ ချိုင့်​ဝှမ်း​များ​ကို​ငါ​ဖုံး​လွှမ်း​မည်။-
मैं तुम्हारा मांस पर्वतों पर बिखरा दूंगा और घाटियों को तुम्हारे बचे अंगों से भर दूंगा.
6 မြေ​ကြီး​ကို​သင်​၏​သွေး​နှင့်​စို​စေ​မည်။ ထို သွေး​သည်​တောင်​ထိပ်​တိုင်​အောင်​စို​မည်။ မြစ် တို့​သည်​သင့်​သွေး​ဖြင့်​ပြည့်​လျှံ​လိမ့်​မည်။-
मैं तुम्हारे बहते हुए खून से पर्वतों तक की भूमि को भीगा दूंगा, और घाटियां तुम्हारे मांस से भर जाएंगी.
7 သင့်​အား​သုတ်​သင်​ဖျက်​ဆီး​ချိန်​၌​ငါ​သည် မိုး​ကောင်း​ကင်​ကို​ဖုံး​အုပ်​ကွယ်​ကာ​၍ ကြယ် တာ​ရာ​များ​ကို​ကွယ်​ပျောက်​စေ​မည်။ နေ​ကို မိုး​တိမ်​များ​ဖုံး​အုပ်​လိမ့်​မည်။ လ​သည် လည်း​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။-
जब मैं तुम्हें सूंघकर निकालूंगा तब मैं आकाश को ढांक दूंगा और उसके तारों को अंधेरा कर दूंगा; मैं सूर्य को एक बादल से ढांक दूंगा, और चंद्रमा अपना प्रकाश न देगा.
8 ငါ​သည်​မိုး​ကောင်း​ကင်​မှ​အ​လင်း​အိမ်​ရှိ သ​မျှ​ကို​ကွယ်​ပျောက်​စေ​၍​သင့်​ပြည်​၌ အ​မှောင်​ကျ​စေ​မည်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
आकाश के सब चमकते ज्योतियों को मैं तुम्हारे लिये अंधेरा कर दूंगा; मैं तुम्हारे देश पर अंधकार ले आऊंगा, प्रभु याहवेह की वाणी है!
9 ``သင်​အ​ဘယ်​အ​ခါ​က​မျှ​မ​ကြား​ခဲ့​ဘူး သည့်​တိုင်း​ပြည်​များ​သို့ သင်​ပျက်​စီး​သည့် သ​တင်း​ကို​ငါ​လွှင့်​လိုက်​သော​အ​ခါ​လူ​မျိုး တ​ကာ​တို့​သည်​စိတ်​ဒုက္ခ​ရောက်​ကြ​လိမ့်​မည်။-
जब जाति-जाति के लोगों के बीच, और उन देशों के बीच जिसे तुम नहीं जानते, मैं तुम्हारे ऊपर विनाश लाऊंगा, तब मैं बहुतों के मन को व्याकुल करूंगा.
10 ၁၀ သင့်​အား​ငါ​ပြု​သော​အ​မှု​ကြောင့်​သူ​တို့ သည်​အံ့​အား​သင့်​ကြ​လိမ့်​မည်။ ငါ​သည်​ဋ္ဌား ကို​ဝှေ့​ယမ်း​လိုက်​သော​အ​ခါ​ရှင်​ဘု​ရင် များ​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ သင်​ပြို​လဲ​သော​နေ့​၌​သူ​တို့​အား​လုံး​ပင် မိ​မိ​တို့​၏​အ​သက်​အန္တ​ရာယ်​အ​တွက်​စိုး ရိမ်​ပူ​ပန်​ကာ ထိတ်​လန့်​တုန်​လှုပ်​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
जब मैं उनके सामने अपनी तलवार चलाऊंगा, तब मैं बहुत से लोगों को तुमसे भयभीत कराऊंगा, और उनके राजा तुम्हारे कारण अत्यधिक भय से कांपेंगे. तुम्हारे पतन के दिन उनमें से हर एक अपने जीवन के लिये हर क्षण कांपेगा.
11 ၁၁ အ​ရှင်​ထာ​ဝရ​ဘု​ရား​က​အီ​ဂျစ်​ဘု​ရင် အား``သင်​သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ဋ္ဌား​ကို ရင်​ဆိုင်​ရ​လိမ့်​မည်။-
“‘क्योंकि परम प्रधान याहवेह का यह कहना है: “‘बाबेल के राजा की तलवार तुम्हारे ऊपर चलेगी.
12 ၁၂ ငါ​သည်​ရက်​စက်​သော​လူ​မျိုး​တို့​၏​စစ်​သူ​ရဲ တို့​အား​ဋ္ဌား​လက်​နက်​ကိုင်​စွဲ​စေ​ပြီး​လျှင် သင် ၏​ပြည်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​စေ​မည်။ သင်​၏​လူ​အ​ပေါင်း​နှင့်​သင်​ဂုဏ်​ယူ​ဝါ​ကြွား သ​မျှ​သော​အ​ရာ​တို့​သည်​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​မည်။-
मैं शक्तिशाली लोगों की तलवार से तुम्हारे उपद्रवी लोगों को मरवाऊंगा— ये शक्तिशाली लोग सब जातियों में सबसे अधिक निर्दयी हैं. वे मिस्र के अहंकार को चकनाचूर कर देंगे, और उसके सब उपद्रवी लोग नाश कर दिये जाएंगे.
13 ၁၃ ငါ​သည်​သင်​၏​တိ​ရစ္ဆာန်​များ​ကို​သူ​တို့​ရေ သောက်​ရာ​အ​ရပ်​မှန်​သ​မျှ​တို့​တွင်​သတ်​ဖြတ် မည်။ ရေ​ကို​နောက်​စေ​မည့်​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ တော့​မည်​မ​ဟုတ်။-
मैं उसके सब पशुओं को जलाशयों के किनारे से नष्ट कर दूंगा जिससे पानी मनुष्य के पांव से मथकर गंदा न हो या पशुओं के खुर से वहां कीचड़ न हो.
14 ၁၄ ငါ​သည်​သင်​၏​ရေ​တို့​ကို​အ​နယ်​ထိုင်​၍ ကြည်​လင်​လာ​စေ​မည်။ သင်​၏​မြစ်​များ​ကို လည်း​ဆီ​ကဲ့​သို့​ငြိမ်​သက်​စွာ​စီး​စေ​မည်။ ဤ ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။-
तब मैं उसके पानी को साफ कर दूंगा और उसके सोतों से पानी को तेल की तरह बहाऊंगा, परम प्रधान याहवेह की घोषणा है.
15 ၁၅ အီ​ဂျစ်​ပြည်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​စေ​၍ ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​ဖျက်​ဆီး​၍ ထို​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​လူ​အ​ပေါင်း အား သုတ်​သင်​ဖျက်​ဆီး​ပစ်​သော​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
जब मैं मिस्र देश को उजाड़ दूंगा और देश से सब चीज़ों को छीन लूंगा, जब मैं उन सबको मारूंगा, जो वहां रहते हैं, तब वे जानेंगे कि मैं याहवेह हूं.’
16 ၁၆ ဤ​သို့​ကြပ်​တည်း​စွာ​ငါ​သ​တိ​ပေး​သော စ​ကား​များ​သည်​ငို​ချင်း​ဖြစ်​လာ​လိမ့်​မည်။ အ​မျိုး​သ​မီး​တို့​သည်​အီ​ဂျစ်​ပြည်​နှင့်​ထို ပြည်​သား​အ​ပေါင်း​တို့​အ​တွက်​ငို​ကြွေး​မြည် တမ်း​ကာ ထို​ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့် တော်​မူ​၏။
“यह वह विलापगीत है, जिसे वे उसके लिये गाएंगे. जनताओं की बेटियां इसे गाएंगी; मिस्र देश और उसके सब उपद्रवी लोगों के लिये वे इसे गाएंगी, परम प्रधान याहवेह की घोषणा है.”
17 ၁၇ ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​နှစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​ငါး​ရက် နေ့​၌​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
बारहवें वर्ष के, पहले माह के पन्द्रहवें दिन, याहवेह का वचन मेरे पास आया:
18 ၁၈ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ပြည်​မှ မြောက်​မြား​စွာ​သော​လူ​အ​ပေါင်း​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လော့။ သူ​မ​ကို​အ​ခြား​တန် ခိုး​ကြီး​သူ​လူ​မျိုး​များ​၏​သ​မီး​ပျို​များ နှင့်​အ​တူ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​လော့။
“हे मनुष्य के पुत्र, मिस्र देश के उपद्रवी लोगों के लिये शोक मनाओ और उसे तथा शक्तिशाली जाति के बेटियों को उन लोगों के साथ पृथ्वी को सौंप दो, जो नीचे कब्र में जाते हैं.
19 ၁၉ သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​သူ​တစ်​ပါး​ထက်​ပို​၍ တင့်​တယ်​ကြ​သ​လော။ လူ​သေ​တို့​၏​ကမ္ဘာ​သို့​ဆင်း​၍​အ​ရေ​ဖျား လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​အိပ်​ကြ​လော့။
उनसे कहो, ‘क्या तुम दूसरों की अपेक्षा ज्यादा कृपापात्र हो? नीचे जाकर खतना-रहितों के बीच लेट जाओ.’
20 ၂၀ ``အီ​ဂျစ်​ပြည်​သူ​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး သူ​များ​နှင့်​အ​တူ သေ​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​သူ​အ​ပေါင်း​တို့​အား​သုတ်​သင်​ပစ်​၍ ဆွဲ​ထုတ်​သွား​ရန် ဋ္ဌား​သည်​အ​ဆင်​သင့်​ရှိ​နေ​၏။-
वे उन्हीं के बीच गिरेंगे, जो तलवार से घात किए गये हैं. तलवार म्यान से निकाली गई है; उसे उसके सब उपद्रवी लोगों के साथ घसीटकर ले जाया जाए.
21 ၂၁ အ​ပြောင်​မြောက်​ဆုံး​သူ​ရဲ​ကောင်း​များ​က အီ​ဂျစ်​ပြည်​သား​တို့​နှင့်​သူ​တို့​ဘက်​မှ​တိုက် ခိုက်​သူ​များ​ကို မ​ရ​ဏာ​နိုင်​ငံ​မှ​ကြို​ဆို ကြ​လိမ့်​မည်။ သူ​တို့​က`စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့ ကြ​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ တို့​သည် ဤ​အ​ရပ်​သို့​ဆင်း​သက်​ကာ​အိပ် ကြ​ပြီ' ဟု​အော်​ဟစ်​ကြ​၏။'' (Sheol h7585)
मृतकों के राज्य के भीतर से ही शक्तिशाली अगुए मिस्र और उसके साथ वालों के बारे में कहेंगे, ‘वे नीचे आ गये हैं और वे उन खतना-रहित लोगों के साथ पड़े हैं, जो तलवार से मारे गये हैं.’ (Sheol h7585)
22 ၂၂ ``အာ​ရှု​ရိ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း များ​ခြံ​ရံ​လျက်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့ အား​လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ ဖြစ်​ကြ​၏။-
“अश्शूर वहां अपनी पूरी सेना के साथ है; वह अपने सब मारे गये लोगों की कब्रों से घिरी हुई है, वे सब जो तलवार से मारे गये हैं.
23 ၂၃ သူ​တို့​၏​သင်္ချိုင်း​များ​သည်​မ​ရ​ဏာ​နိုင်​ငံ ၏​အ​နက်​ရှိုင်း​ဆုံး​အ​ရပ်​၌​ရှိ​၏။ အာ​ရှု​ရိ စစ်​သူ​ရဲ​အား​လုံး​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ၍​သူ​တို့​၏​သင်္ချိုင်း​များ​သည်​အာ​ရှု​ရိ​၏ ဂူ​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ သို့​ရာ​တွင်​အ​ခါ တစ်​ပါး​က​သူ​တို့​သည်​အ​သက်​ရှင်​သူ​တို့ ကို​တုန်​လှုပ်​ချောက်​ချား​စေ​ခဲ့​သူ​များ​ဖြစ် သ​တည်း။
उनकी कब्र गड्ढों के गहराइयों में हैं और उसकी सेना उसकी कब्र के चारों ओर लेटी हुई है. वे सब जिन्होंने जीवितों के देश में आतंक फैलाया था, घात किए गये हैं; वे सब तलवार से मारे गये हैं.
24 ၂၄ ``ဧ​လံ​သည်​မိ​မိ​စစ်​သူ​ရဲ​တို့​၏​သင်္ချိုင်း​များ ခြံ​ရံ​လျက် ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​အား လုံး​ပင်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သူ​များ​ဖြစ်​၍ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​မ​ရ​ဏာ နိုင်​ငံ​သို့​ဆင်း​သက်​သွား​သူ​များ​ဖြစ်​ကြ​၏။ အ​သက်​ရှင်​စဉ်​အ​ခါ​က​သူ​တို့​သည်​သူ တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင် ပြု​ခဲ့​ကြ​သော်​လည်း​ယ​ခု​အ​ခါ​၌​မူ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍​သေ​ရ​ကြ လေ​ပြီ။-
“एलाम वहां है, और उसके सब उपद्रवी लोग उसकी कब्र के चारों ओर हैं. वे सब तलवार से मारे गये हैं, जिन्होंने जीवितों के देश में आतंक फैलाया था, वे सब नीचे पृथ्वी में खतना-रहित चले गये हैं. वे उनके साथ ही लज्जित हैं, जो नीचे कब्र में जाते हैं.
25 ၂၅ ဧ​လံ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​နှင့် အ​တူ​လဲ​၍​နေ​ရ​၏။ သူ​၏​ပတ်​လည်​၌​စစ် သူ​ရဲ​တို့​၏​သင်္ချိုင်း​များ​ရှိ​၏။ ထို​သူ​တို့ အား​လုံး​ပင်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​မ​ခံ​သူ များ​နှင့်​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​အ​သက်​ရှင်​စဉ်​အ​ခါ က​သူ​တစ်​ပါး​တို့​အား​တုန်​လှုပ်​ချောက် ချား​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​မူ​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ ကံ​ကြမ္မာ​ကို​ခံ​ယူ​ကာ မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​သူ​များ​နှင့်​အ​တူ​အ​သ​ရေ ပျက်​၍​သေ​ရ​ကြ​လေ​ပြီ။
मारे गये लोगों के बीच उसके लिये एक बिछौना बनाया गया है, और उसके सब उपद्रवी लोग उसकी कब्र के चारों तरफ हैं. ये सबके सब खतना-रहित लोग हैं और तलवार से मारे गये हैं. क्योंकि जीवितों के देश में उनका आतंक फैला था, इसलिये वे उनके साथ ही लज्जित हैं, जो नीचे कब्र में जाते हैं; उन्हें मारे गये लोगों के बीच रखा गया है.
26 ၂၆ ``မေ​ရှက်​နှင့်​တု​ဗ​လ​တို့​သည်​မိ​မိ​တို့​၏ စစ်​သူ​ရဲ​သင်္ချိုင်း​များ​ခြံ​ရံ​လျက်​ထို​အ​ရပ် တွင်​ရှိ​ကြ​၏။ သူ​တို့​အား​လုံး​သည်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​မ​ခံ​ဘဲ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​ရ​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​အ​ခါ​တစ်​ပါး​က အ​သက်​ရှင်​သူ​တို့​ကို​ထိတ်​လန့်​တုန်​လှုပ် စေ​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-
“मेशेख और तूबल वहां हैं, और उनके उपद्रवी लोग उनकी कब्रों के चारों तरफ हैं. उनमें से सब खतना-रहित हैं और तलवार से मारे गये हैं क्योंकि उन्होंने जीवितों के देश में अपना आतंक फैलाया था.
27 ၂၇ သူ​တို့​သည်​လက်​နက်​အ​ပြည့်​အ​စုံ​ကိုင်​စွဲ လျက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ဆင်း​သက်​သူ​ရှေး သူ​ရဲ​ကောင်း​ကြီး​များ​ကဲ့​သို့ မိ​မိ​တို့​၏​ဋ္ဌား များ​ကို​ဦး​ခေါင်း​အောက်​တွင်​လည်း​ကောင်း၊ ဒိုင်း​လွှား​များ​ကို​ရင်​ပတ်​ပေါ်​တွင်​လည်း​ကောင်း ထား​ရှိ​ကာ​ဂုဏ်​ပြု​သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ ကြ။ သူ​တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ သူ​အ​ခြား​ကျ​ဆုံး​လေ​ပြီး​သော စစ်​သူ​ရဲ ကောင်း​များ​နှင့်​အ​တူ​လဲ​လျောင်း​နေ​လေ​ပြီ။ ဤ​သူ​ရဲ​ကောင်း​များ​သည်​အ​ခါ​တစ်​ပါး က​အ​သက်​ရှင်​သူ​တို့​ကို​တုန်​လှုပ်​ချောက် ချား​ရန် ပြု​လုပ်​သည့်​တန်​ခိုး​ကြီး​မား​သူ များ​ဖြစ်​ခဲ့​ကြ​၏။ (Sheol h7585)
पर वे मरे हुए उन पुराने योद्धाओं के साथ नहीं पड़े हैं, जो अपने युद्ध के हथियारों के साथ मृतकों के राज्य में नीचे गये—उनकी तलवारें उनके सिर के नीचे रखी थी और उनके ढाल उनकी हड्डियों पर पड़े थे—यद्यपि ये योद्धा भी जीवितों के देश को आतंकित किए थे. (Sheol h7585)
28 ၂၈ ``အီ​ဂျစ်​ပြည်​သား​တို့​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့​နှင့် အ​တူ ချေ​မှုန်း​ခြင်း​ခံ​ရ​ကြ​မည်​မှာ​ဤ​နည်း အ​တိုင်း​ပင်​ဖြစ်​သ​တည်း။
“हे फ़रोह, तुम्हें भी टुकड़े-टुकड़े कर दिया जाएगा और तुम भी उन खतना-रहितों के बीच पड़े रहोगे, जो तलवार से मारे गये हैं.
29 ၂၉ ``ဧ​ဒုံ​သည်​လည်း​မိ​မိ​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း သား​များ​နှင့်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​သည်​စွမ်း အား​ကြီး​သည့်​စစ်​သူ​ရဲ​များ​ဖြစ်​သော်​လည်း စစ် ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​တွင်​လဲ လျက်​နေ​ရ​ကြ​လေ​ပြီ။
“एदोम, उसके राजा और उसके सब राजकुमार वहां हैं; शक्तिशाली होने के बावजूद, वे उनके साथ पड़े हैं, जो तलवार से मारे गये हैं. वे उन खतना-रहितों के साथ पड़े हैं, जो नीचे कब्र में जाते हैं.
30 ၃၀ ``မြောက်​အ​ရပ်​မှ​မင်း​ညီ​မင်း​သား​များ​နှင့် ဇိ​ဒုန်​မြို့​သား​တို့​သည်​ထို​အ​ရပ်​တွင်​ရှိ​ကြ ၏။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​မိ​မိ​တို့ ၏​တန်​ခိုး​အာ​ဏာ​ဖြင့်​သူ​တစ်​ပါး​တို့​အား ထိတ်​လန့်​တုန်​လှုပ်​အောင်​ပြု​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ​၌​စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​များ နှင့်​အ​တူ​အ​သ​ရေ​ပျက်​၍ သေ​ကြ​ပြီး လျှင်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​ရ​သူ များ​နှင့်​အ​တူ​သေ​သူ​တို့​ကမ္ဘာ​သို့​ဆင်း သက်​ကြ​ရ​၏။
“उत्तर दिशा के सारे राजकुमार और सारे सीदोनी भी वहां हैं; अपनी शक्ति से आतंक फैलाने के बावजूद, कलंकित होकर वे मारे गये लोगों के साथ कब्र में चले गये. वे खतना-रहित दशा में उन लोगों के साथ पड़े हुए हैं, जो तलवार से मारे गये हैं और उनके साथ ही लज्जित हैं, जो नीचे कब्र में जाते हैं.
31 ၃၁ ``အီ​ဂျစ်​ဘု​ရင်​နှင့် သူ​၏​တပ်​မ​တော်​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​သော ထို​သူ​အ​ပေါင်း​ကို တွေ့​မြင်​သော​အ​ခါ​မိ​မိ​တို့​ကိုယ်​ကို​နှစ် သိမ့်​နိုင်​ကြ​လိမ့်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။
“फ़रोह—वह और उसकी सारी सेना—उन्हें देखेगी और उसे अपने उन सारे उपद्रवी लोगों के बारे में सांत्वना मिलेगी, जो तलवार से मारे गये थे, परम प्रधान याहवेह की घोषणा है.
32 ၃၂ ``အီ​ဂျစ်​ဘု​ရင်​သည်​အ​သက်​ရှင်​သူ​တို့​ကို တုန်​လှုပ်​ချောက်​ချား​အောင်​ပြု​ခဲ့​၏။ သို့​ရာ တွင်​သူ​နှင့်​သူ​၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် သုတ်​သင်​ခြင်း​ကို​ခံ​ရ​၏။ စစ်​ပွဲ​တွင်​ကျ​ဆုံး ခဲ့​သော​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​မ​ခံ​သူ​တို့ နှင့်​အ​တူ​မြှုပ်​နှံ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။'' ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။
यद्यपि मैंने जीवितों के देश में फ़रोह का आतंक फैला दिया था, फिर भी वह और उसके सब उपद्रवी लोग उन खतना-रहितों के बीच पड़े रहेंगे, जो तलवार से मारे गये हैं, परम प्रधान याहवेह की घोषणा है.”

< ယေဇကျေလ 32 >