< ယေဇကျေလ 31 >
1 ၁ ငါတို့ပြည်နှင်ဒဏ်ခံသော တစ်ဆယ့်တစ်နှစ် မြောက်၊ တတိယလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
E sucedeu, no ano undécimo, no terceiro mes, ao primeiro do mes, que veio a mim a palavra do Senhor, dizendo:
2 ၂ ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။ သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။
Filho do homem, dize a faraó, rei do Egito, e à sua multidão: A quem és semelhante na tua grandeza?
3 ၃ အာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။ ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍ ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။
Eis que a Assyria era um cedro no líbano, de ramos formosos, sombrio de ramagem e de alta estatura, e entre os ramos espessos estava a sua copa.
4 ၄ ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။ မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။ ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင် သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။
As águas o fizeram crescer, o abismo o exalçou: com as suas correntes corria em torno do seu plantio, e enviava os regatos a todas as árvores do campo.
5 ၅ အာရစ်ပင်သည်ရေအလုံအလောက်ရရှိ သဖြင့် အခြားသစ်ပင်များထက်ပိုမိုမြင့်မား၏။ အကိုင်းအခက်များသည်လည်းရှည်လျား၏။
Por isso se elevou a sua estatura sobre todas as árvores do campo, e se multiplicaram os seus ramos, e se alongaram as suas varas, por causa das muitas águas que enviava.
6 ၆ ထိုအကိုင်းအခက်များတွင်ငှက်အမျိုးမျိုး တို့ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်များကသစ်ပင်အောက်တွင် သားဖွားကြ၏။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့သည်လည်း ထိုအပင်၏အရိပ်တွင်နားနေကြ၏။
Todas as aves do céu se aninhavam nos seus ramos, e todos os animais do campo geravam debaixo dos seus ramos, e todos os grandes povos se assentavam à sua sombra.
7 ၇ ထိုအာရစ်ပင်သည်လွန်စွာလှပတင့်တယ်၏။ ရှည်လျားသောအကိုင်းအခက်များရှိ၍ အလွန်မြင့်မား၏။ ယင်း၏အမြစ်တို့သည်လည်းမြေအောက် စမ်းချောင်းများတိုင်အောင်ထိုးဆင်းသွားကြ၏။
Assim era ele formoso na sua grandeza, na extensão dos seus ramos, porque a sua raiz estava junto às muitas águas.
8 ၈ ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။ အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။ အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။ ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။
Os cedros não o escureciam no jardim de Deus; as faias não igualavam os seus ramos, e os castanheiros não eram como os seus renovos: nenhuma árvore no jardim de Deus se assimilhou a ele na sua formosura.
9 ၉ ငါသည်ထိုအပင်ကိုဝေဆာသော အကိုင်းအခက်များဖြင့် လှပတင့်တယ်အောင်ပြုလုပ်ထားသဖြင့် ဧဒင်အရပ်၊ဘုရားသခင်၏ဥယျာဉ်တော် မှ သစ်ပင်တကာတို့ကပင်မနာလိုဖြစ် ကြ၏။''
Formoso o fiz com a multidão dos seus ramos; e todas as árvores do Éden, que estavam no jardim de Deus, tiveram inveja dele.
10 ၁၀ ``သို့ဖြစ်၍ထိုအပင်အဘယ်သို့ဖြစ်မည် ကိုသင့်အား ငါအရှင်ထာဝရဘုရားဖော်ပြ အံ့။ အာရစ်ပင်သည်သစ်ကိုင်းသစ်ခက်များ အထက် မိုးတိမ်တိုင်အောင်မြင့်မားလာ၏။ ယင်းသည်ဤသို့မြင့်မားလာလေလေပို၍ မာန်မာနထောင်လွှားလေလေဖြစ်၏။-
Portanto assim diz o Senhor Jehovah: Porquanto te elevaste na tua estatura, e se levantou a sua copa no meio dos espessos ramos, e o seu coração se exalçou na sua altura,
11 ၁၁ ထို့ကြောင့်ငါသည်ထိုအပင်ကိုပစ်ပယ်ကာ လူမျိုးခြားဘုရင်တစ်ပါး၏လက်သို့ပေး အပ်မည်။ သူသည်ထိုအပင်အားယင်း၏ဆိုး ယုတ်မှုနှင့်ထိုက်လျောက်ရာအပြစ်ကိုပေး လိမ့်မည်။-
Portanto o entreguei na mão da mais poderosa das nações, para que o tratasse com o tratamento merecido; pela sua impiedade o lançarei fora.
12 ၁၂ ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-
E uns estranhos o exterminaram, os mais formidáveis das nações, e o deixaram: cairam os seus ramos sobre os montes e por todos os vales, e os seus renovos foram quebrados por todas as correntes da terra; e todos os povos da terra se retiraram da sua sombra, e o deixaram.
13 ၁၃ ငှက်တို့သည်လာ၍လဲနေသောအပင်တွင် နားကြလိမ့်မည်။ တောရဲတိရစ္ဆာန်တို့သည် ယင်း၏အကိုင်းအခက်များကိုကျော်နင်း ကြလိမ့်မည်။-
Todas as aves do céu habitavam sobre a sua ruína, e todos os animais do campo se acolheram sob os seus renovos;
14 ၁၄ သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
Para que todas as árvores das águas não se elevem na sua estatura, nem levantem a sua copa no meio dos ramos espessos, nem todas as que bebem as águas venham a confiar em si, por causa da sua altura; porque já todos estão entregues à morte, até à terra mais baixa, no meio dos filhos dos homens, com os que descem à cova.
15 ၁၅ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။- (Sheol )
Assim diz o Senhor Jehovah: No dia em que ele desceu ao inferno, fiz eu que houvesse luto; fiz cobrir o abismo, por sua causa, e retive as suas correntes, e se coibiram; e cobri o líbano de preto por causa dele, e todas as árvores do campo por causa dele desfaleceram. (Sheol )
16 ၁၆ ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။- (Sheol )
Ao som da sua queda fiz tremer as nações, quando o fiz descer ao inferno com os que descem à cova; e todas as árvores do Éden, a flor e o melhor do líbano, todas as árvores que bebem águas, se consolavam na terra mais baixa. (Sheol )
17 ၁၇ ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။ (Sheol )
Também estes com eles descerão ao inferno, aos que foram traspassados à espada, e os que foram seu braço, e que estavam assentados à sombra no meio das nações. (Sheol )
18 ၁၈ အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။
A quem pois és assim semelhante em glória e em grandeza entre as árvores do Éden? antes serás derribado com as árvores do Éden à terra mais baixa; no meio dos incircuncisos jazerás com os que foram traspassados à espada: este é faraó e toda a sua multidão, diz o Senhor Jehovah