< ယေဇကျေလ 31 >
1 ၁ ငါတို့ပြည်နှင်ဒဏ်ခံသော တစ်ဆယ့်တစ်နှစ် မြောက်၊ တတိယလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
၁သက္ကရာဇ် တဆယ်တခု၊ တတိယလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 ၂ ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် နှင့်သူ၏ပြည်သူတို့အားဆင့်ဆိုရမည်မှာ သင်တို့သည်လွန်စွာတန်ခိုးကြီးကြပါ ပေသည်။ သင်တို့အားအဘယ်သို့နှိုင်းယှဉ်၍ပြရ မည်နည်း။
၂အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအား ဟောပြောရမည် မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။
3 ၃ အာရှုရိလူမျိုးတို့ကိုကြည့်လော့။ သူတို့ သည် လေဗနုန်တောမှအာရစ်ပင်နှင့်တူကြ၏။ ထိုအပင်သည်မိုးတိမ်ထိအောင်မြင့်မား၍ ဝေဆာသောအကိုင်းအခက်များဖြင့် လှပတင့်တယ်၏။
၃အာရှုရိလူသည် အဆင်းလှ၍ လွှမ်းမိုးသော အကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။
4 ၄ ရေကိုကောင်းစွာရရှိသဖြင့်အပင်ကြီး ထွားလာနိုင်၏။ မြေအောက်စမ်းများမှလည်းရေကိုရရှိ၏။ ထိုမြစ်တို့သည်အာရစ်ပင်ပေါက်ရာအရပ်သို့ စီးပြီးလျှင် သစ်တောထဲရှိအခြားသောအပင်များသို့ ချောင်းများဖြင့်ရေကိုပို့ဆောင်ပေး၏။
၄မြစ်ရေ၏ကျေးဇူးကြောင့် ကြီးမားခြင်း၊ နက်နဲ သောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တော ပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။
5 ၅ အာရစ်ပင်သည်ရေအလုံအလောက်ရရှိ သဖြင့် အခြားသစ်ပင်များထက်ပိုမိုမြင့်မား၏။ အကိုင်းအခက်များသည်လည်းရှည်လျား၏။
၅ထိုသို့သောအားဖြင့် တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသော ကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။
6 ၆ ထိုအကိုင်းအခက်များတွင်ငှက်အမျိုးမျိုး တို့ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်များကသစ်ပင်အောက်တွင် သားဖွားကြ၏။ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့သည်လည်း ထိုအပင်၏အရိပ်တွင်နားနေကြ၏။
၆မိုဃ်းကောင်းကင်ငှက်အပေါင်းတို့သည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ၏။
7 ၇ ထိုအာရစ်ပင်သည်လွန်စွာလှပတင့်တယ်၏။ ရှည်လျားသောအကိုင်းအခက်များရှိ၍ အလွန်မြင့်မား၏။ ယင်း၏အမြစ်တို့သည်လည်းမြေအောက် စမ်းချောင်းများတိုင်အောင်ထိုးဆင်းသွားကြ၏။
၇ထိုသို့ ရေများသောအရပ်၌ အမြစ်စွဲသော ကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။
8 ၈ ဘုရားသခင်၏ဥယျာဉ်တော်မှအာရစ်ပင်တို့ ပင်လျှင် ထိုအပင်ကိုမယှဉ်ပြိုင်နိုင်။ အဘယ်ထင်းရှူးပင်၌မျှဤသို့သော အကိုင်းအခက်များမရှိ။ အဘယ်သဖန်းပိုးစာပင်၌မျှဤသို့သော အခက်အလက်ကြီးများမရှိ။ ဥယျာဉ်တော်၌ပင်ဤသို့လှပတင့်တယ်သော သစ်ပင်မရှိ။
၈ဘုရားသခင်၏ ဥယျာဉ်တော်၌ အာရဇ်ပင်တို့ သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရူးပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ။ ဘုရားသခင်၏ ဥယျာဉ်တော်၌ သစ်ပင်တပင်မျှ ထိုအပင် ကဲ့သို့ အဆင်းမလှ။
9 ၉ ငါသည်ထိုအပင်ကိုဝေဆာသော အကိုင်းအခက်များဖြင့် လှပတင့်တယ်အောင်ပြုလုပ်ထားသဖြင့် ဧဒင်အရပ်၊ဘုရားသခင်၏ဥယျာဉ်တော် မှ သစ်ပင်တကာတို့ကပင်မနာလိုဖြစ် ကြ၏။''
၉ဧဒင်အရပ်၊ ဘုရားသခင်၏ဥယျာဉ် တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူ သည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။
10 ၁၀ ``သို့ဖြစ်၍ထိုအပင်အဘယ်သို့ဖြစ်မည် ကိုသင့်အား ငါအရှင်ထာဝရဘုရားဖော်ပြ အံ့။ အာရစ်ပင်သည်သစ်ကိုင်းသစ်ခက်များ အထက် မိုးတိမ်တိုင်အောင်မြင့်မားလာ၏။ ယင်းသည်ဤသို့မြင့်မားလာလေလေပို၍ မာန်မာနထောင်လွှားလေလေဖြစ်၏။-
၁၀တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသော ကြောင့်၊
11 ၁၁ ထို့ကြောင့်ငါသည်ထိုအပင်ကိုပစ်ပယ်ကာ လူမျိုးခြားဘုရင်တစ်ပါး၏လက်သို့ပေး အပ်မည်။ သူသည်ထိုအပင်အားယင်း၏ဆိုး ယုတ်မှုနှင့်ထိုက်လျောက်ရာအပြစ်ကိုပေး လိမ့်မည်။-
၁၁လူမျိုးတို့တွင် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။
12 ၁၂ ရက်စက်ကြမ်းကြုတ်သောလူမျိုးခြားတို့ သည် ထိုအပင်ကိုခုတ်လှဲ၍ပစ်ထားခဲ့ကြ လိမ့်မည်။ ယင်း၏အကိုင်းအခက်များနှင့် ကျိုးပဲ့ကုန်သောအခက်အလက်ကြီးများ သည်တစ်ပြည်လုံးရှိတောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်းများအပေါ်သို့လဲကျကြလိမ့် မည်။ ထိုအပင်၏အရိပ်တွင်ခိုလှုံနေ ကြသောလူမျိုးအပေါင်းတို့သည်လည်း ထွက်ခွာသွားကြလိမ့်မည်။-
၁၂ကြောက်မက်ဘွယ်သော တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။
13 ၁၃ ငှက်တို့သည်လာ၍လဲနေသောအပင်တွင် နားကြလိမ့်မည်။ တောရဲတိရစ္ဆာန်တို့သည် ယင်း၏အကိုင်းအခက်များကိုကျော်နင်း ကြလိမ့်မည်။-
၁၃မိုဃ်းကောင်းကင်ငှက်နှင့် တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ၏။
14 ၁၄ သို့ဖြစ်၍မည်မျှပင်ရေရရှိစေကာမူယခု မှအစပြု၍ အဘယ်အပင်မျှထိုအာရစ် ပင်ကဲ့သို့သစ်ကိုင်းသစ်ခက်များအထက်တွင် မြင့်မားရတော့မည်မဟုတ်။ ယင်းတို့၏ထိပ်ဖျား များသည်မိုးတိမ်သို့ရောက်သည့်တိုင်အောင်မြင့် တက်ရကြတော့မည်မဟုတ်။ ထိုသစ်ပင်အား လုံးပင်လူသားများနှင့်အတူ မြေကြီးပေါ် တွင်သေကြေပျက်စီးကာမရဏာနိုင်ငံသို့ ဆင်းသက်ရကြပေတော့အံ့'' ဟုမိန့်တော် မူ၏။
၁၄အကြောင်းမူကား၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေ အောက်အရပ်သို့၎င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ။
15 ၁၅ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။- (Sheol )
၁၅အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ၏။ (Sheol )
16 ၁၆ ထိုအာရစ်ပင်ကိုမရဏာနိုင်ငံသို့ငါဆင်း သက်စေသောအခါ ယင်းပြိုလဲသည့်အသံ ကြောင့်လူမျိုးတကာတို့သည်တုန်လှုပ်သွား ကြလိမ့်မည်။ ထိုအခါမြေအောက်ကမ္ဘာသို့ ရောက်ရှိနေကြသောဧဒင်ဥယျာဉ်မှ သစ်ပင် ရှိသမျှနှင့်လေဗနုန်တောမှရေအဝသောက် ရသောအကောင်းဆုံးလက်ရွေးစင်သစ်ပင် များသည်နှစ်ထောင်းအားရကြလိမ့်မည်။- (Sheol )
၁၆မြေတွင်းထဲသို့ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။ (Sheol )
17 ၁၇ ယင်းတို့သည်ယခင်ကပြိုလဲသွားကြသည့် အပင်များနှင့်ပေါင်းဆုံမိကြရန် အာရစ်ပင် နှင့်အတူမရဏာနိုင်ငံသို့သက်ဆင်းကြ လိမ့်မည်။ ထိုအာရစ်ပင်၏အရိပ်တွင်ခိုလှုံ ခဲ့ကြသူအပေါင်းတို့နှင့် လူမျိုးတကာ မိတ်ဆွေတို့သည်လည်းအတူသက်ဆင်း ကြလိမ့်မည်'' ဟူ၍တည်း။ (Sheol )
၁၇ထိုသူနှင့်တကွ သူ့လက်ရုံဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ၏။ (Sheol )
18 ၁၈ အရှင်ထာဝရဘုရားက``အာရစ်ပင်ကား အီဂျစ်ဘုရင်နှင့်သူ၏ပြည်သူတို့ဖြစ်၏။ ဧဒင်ဥယျာဉ်ထဲမှသစ်ပင်များပင်လျှင် ထို အပင်လောက်မမြင့်မားမခန့်ညားကြ။ သို့ ရာတွင်ထိုအပင်သည်ဧဒင်ဥယျာဉ်မှ သစ်ပင်များကဲ့သို့ပင် မရဏာနိုင်ငံသို့ ဆင်းသက်ကာအရေဖျားလှီးမင်္ဂလာ မခံရသူများ၊ စစ်ပွဲတွင်ကျဆုံးသူ များနှင့်ပေါင်းဆုံရပေတော့အံ့။ ဤကား ငါမိန့်တော်မူသောစကားဖြစ်၏'' ဟု မိန့်တော်မူ၏။
၁၈သင်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင် သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေးဖျားလှီးခြင်းကို မခံသောလူ၊ ထားဖြင့်အသေခံရသောသူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။