< ယေဇကျေလ 31 >

1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော တစ်​ဆယ့်​တစ်​နှစ် မြောက်၊ တ​တိ​ယ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
On the first day of the third month of the eleventh year, a message from the Lord came to me, saying,
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘု​ရင် နှင့်​သူ​၏​ပြည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ သင်​တို့​သည်​လွန်​စွာ​တန်​ခိုး​ကြီး​ကြ​ပါ ပေ​သည်။ သင်​တို့​အား​အ​ဘယ်​သို့​နှိုင်း​ယှဉ်​၍​ပြ​ရ မည်​နည်း။
“Son of man, tell Pharaoh king of Egypt and all his many people: Who is as great as you?
3 အာ​ရှု​ရိ​လူ​မျိုး​တို့​ကို​ကြည့်​လော့။ သူ​တို့ သည် လေ​ဗ​နုန်​တော​မှ​အာ​ရစ်​ပင်​နှင့်​တူ​ကြ​၏။ ထို​အ​ပင်​သည်​မိုး​တိမ်​ထိ​အောင်​မြင့်​မား​၍ ဝေ​ဆာ​သော​အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​၏။
Look at Assyria. It was like a cedar in Lebanon, with its beautiful branches providing shade in the forest. It was so high that its top reached the clouds.
4 ရေ​ကို​ကောင်း​စွာ​ရ​ရှိ​သ​ဖြင့်​အ​ပင်​ကြီး ထွား​လာ​နိုင်​၏။ မြေ​အောက်​စမ်း​များ​မှ​လည်း​ရေ​ကို​ရ​ရှိ​၏။ ထို​မြစ်​တို့​သည်​အာ​ရစ်​ပင်​ပေါက်​ရာ​အ​ရပ်​သို့ စီး​ပြီး​လျှင် သစ်​တော​ထဲ​ရှိ​အ​ခြား​သော​အ​ပင်​များ​သို့ ချောင်း​များ​ဖြင့်​ရေ​ကို​ပို့​ဆောင်​ပေး​၏။
Deep springs of water made it grow tall and sent streams all around it to water all the other trees.
5 အာ​ရစ်​ပင်​သည်​ရေ​အ​လုံ​အ​လောက်​ရ​ရှိ သ​ဖြင့် အ​ခြား​သစ်​ပင်​များ​ထက်​ပို​မို​မြင့်​မား​၏။ အ​ကိုင်း​အ​ခက်​များ​သည်​လည်း​ရှည်​လျား​၏။
It became really tall, higher than any other tree in the forest. Its branches grew thick and long because it was so well-watered.
6 ထို​အ​ကိုင်း​အ​ခက်​များ​တွင်​ငှက်​အ​မျိုး​မျိုး တို့ အ​သိုက်​လုပ်​ကြ​၏။ တော​တိ​ရစ္ဆာန်​များ​က​သစ်​ပင်​အောက်​တွင် သား​ဖွား​ကြ​၏။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည်​လည်း ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။
All kinds of birds nested in its branches, while underneath it different wild animals had their young, and all the powerful nations lived in its shade.
7 ထို​အာ​ရစ်​ပင်​သည်​လွန်​စွာ​လှ​ပ​တင့်​တယ်​၏။ ရှည်​လျား​သော​အ​ကိုင်း​အ​ခက်​များ​ရှိ​၍ အ​လွန်​မြင့်​မား​၏။ ယင်း​၏​အ​မြစ်​တို့​သည်​လည်း​မြေ​အောက် စမ်း​ချောင်း​များ​တိုင်​အောင်​ထိုး​ဆင်း​သွား​ကြ​၏။
It was beautiful and majestic with its long branches, because its roots reached down to the plentiful water.
8 ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​မှ​အာ​ရစ်​ပင်​တို့ ပင်​လျှင် ထို​အ​ပင်​ကို​မ​ယှဉ်​ပြိုင်​နိုင်။ အ​ဘယ်​ထင်း​ရှူး​ပင်​၌​မျှ​ဤ​သို့​သော အ​ကိုင်း​အ​ခက်​များ​မ​ရှိ။ အ​ဘယ်​သ​ဖန်း​ပိုး​စာ​ပင်​၌​မျှ​ဤ​သို့​သော အ​ခက်​အ​လက်​ကြီး​များ​မ​ရှိ။ ဥ​ယျာဉ်​တော်​၌​ပင်​ဤ​သို့​လှ​ပ​တင့်​တယ်​သော သစ်​ပင်​မ​ရှိ။
The cedars in God's garden were no match for it. No pine tree had such great branches, nor did any plane tree. No tree in God's garden was as beautiful.
9 ငါ​သည်​ထို​အ​ပင်​ကို​ဝေ​ဆာ​သော အ​ကိုင်း​အ​ခက်​များ​ဖြင့် လှ​ပ​တင့်​တယ်​အောင်​ပြု​လုပ်​ထား​သ​ဖြင့် ဧ​ဒင်​အ​ရပ်၊ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော် မှ သစ်​ပင်​တ​ကာ​တို့​က​ပင်​မ​နာ​လို​ဖြစ် ကြ​၏။''
I made it beautiful with its many branches. All the trees of Eden in God's garden envied it.
10 ၁၀ ``သို့​ဖြစ်​၍​ထို​အ​ပင်​အ​ဘယ်​သို့​ဖြစ်​မည် ကို​သင့်​အား ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​ဖော်​ပြ အံ့။ အာ​ရစ်​ပင်​သည်​သစ်​ကိုင်း​သစ်​ခက်​များ အ​ထက် မိုး​တိမ်​တိုင်​အောင်​မြင့်​မား​လာ​၏။ ယင်း​သည်​ဤ​သို့​မြင့်​မား​လာ​လေ​လေ​ပို​၍ မာန်​မာန​ထောင်​လွှား​လေ​လေ​ဖြစ်​၏။-
So this is what the Lord God says: Since it became so tall, reaching up into the clouds, it grew proud because of its height.
11 ၁၁ ထို့​ကြောင့်​ငါ​သည်​ထို​အ​ပင်​ကို​ပစ်​ပယ်​ကာ လူ​မျိုး​ခြား​ဘု​ရင်​တစ်​ပါး​၏​လက်​သို့​ပေး အပ်​မည်။ သူ​သည်​ထို​အ​ပင်​အား​ယင်း​၏​ဆိုး ယုတ်​မှု​နှင့်​ထိုက်​လျောက်​ရာ​အ​ပြစ်​ကို​ပေး လိမ့်​မည်။-
So I handed it over to the leader of a foreign nation who will punish it for its wickedness. I have thrown it out.
12 ၁၂ ရက်​စက်​ကြမ်း​ကြုတ်​သော​လူ​မျိုး​ခြား​တို့ သည် ထို​အ​ပင်​ကို​ခုတ်​လှဲ​၍​ပစ်​ထား​ခဲ့​ကြ လိမ့်​မည်။ ယင်း​၏​အ​ကိုင်း​အ​ခက်​များ​နှင့် ကျိုး​ပဲ့​ကုန်​သော​အ​ခက်​အ​လက်​ကြီး​များ သည်​တစ်​ပြည်​လုံး​ရှိ​တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း​များ​အ​ပေါ်​သို့​လဲ​ကျ​ကြ​လိမ့် မည်။ ထို​အ​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ​နေ ကြ​သော​လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း ထွက်​ခွာ​သွား​ကြ​လိမ့်​မည်။-
Foreigners from the cruelest of all the nations chopped it down and left it lying there. Its branches lie fallen and broken in the mountains and valleys of the countryside. Everybody in earth came out of its shadow and abandoned it.
13 ၁၃ ငှက်​တို့​သည်​လာ​၍​လဲ​နေ​သော​အ​ပင်​တွင် နား​ကြ​လိမ့်​မည်။ တော​ရဲ​တိ​ရစ္ဆာန်​တို့​သည် ယင်း​၏​အ​ကိုင်း​အ​ခက်​များ​ကို​ကျော်​နင်း ကြ​လိမ့်​မည်။-
Birds came to live on its fallen trunk, and wild animals hid among its fallen branches.
14 ၁၄ သို့​ဖြစ်​၍​မည်​မျှ​ပင်​ရေ​ရ​ရှိ​စေ​ကာ​မူ​ယ​ခု မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ပင်​မျှ​ထို​အာ​ရစ် ပင်​ကဲ့​သို့​သစ်​ကိုင်း​သစ်​ခက်​များ​အ​ထက်​တွင် မြင့်​မား​ရ​တော့​မည်​မ​ဟုတ်။ ယင်း​တို့​၏​ထိပ်​ဖျား များ​သည်​မိုး​တိမ်​သို့​ရောက်​သည့်​တိုင်​အောင်​မြင့် တက်​ရ​ကြ​တော့​မည်​မ​ဟုတ်။ ထို​သစ်​ပင်​အား လုံး​ပင်​လူ​သား​များ​နှင့်​အ​တူ မြေ​ကြီး​ပေါ် တွင်​သေ​ကြေ​ပျက်​စီး​ကာ​မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ရ​ကြ​ပေ​တော့​အံ့'' ဟု​မိန့်​တော် မူ​၏။
This was in order that no other trees growing by the water would grow up so high and have their tops reach the clouds. This was so that no other trees, however much water they had, would be as tall as them, For they all will die and go down into earth, just like human beings who go down into the grave.
15 ၁၅ အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``မ​ရ ဏာ​နိုင်​ငံ​သို့​အာ​ရစ်​ပင်​သက်​ဆင်း​သော​နေ့​၌ ငါ​သည်​မြေ​အောက်​ရှိ​မြစ်​များ​ကို​ငို​ကြွေး မြည်​တမ်း​သည့်​လက္ခ​ဏာ​ဖြင့်​ဖုံး​လွှမ်း​စေ​မည်။ ငါ​သည်​မြစ်​များ​ကို​ရပ်​တန့်​စေ​၍​ချောင်း များ​ကို​ရေ​မ​စီး​စေ​ဘဲ​ထား​မည်။ ထို​အာ​ရစ် ပင်​သေ​ပြီ​ဖြစ်​သော​ကြောင့် ငါ​သည်​လေ​ဗ​နုန် တောင်​တွင်​မှောင်​မိုက်​ကျ​စေ​၍ တော​အ​တွင်း ရှိ​သစ်​ပင်​အ​ပေါင်း​ကို​ညှိုး​နွမ်း​ခြောက်​သွေ့ သွား​စေ​မည်။- (Sheol h7585)
This is what the Lord God says: On the day it was brought down to Sheol, I had the deep waters mourn for it; I stopped its rivers flowing; I held back all its waters. I covered Lebanon in darkness, and all the trees in the forest withered. (Sheol h7585)
16 ၁၆ ထို​အာ​ရစ်​ပင်​ကို​မရ​ဏာ​နိုင်​ငံ​သို့​ငါ​ဆင်း သက်​စေ​သော​အ​ခါ ယင်း​ပြို​လဲ​သည့်​အ​သံ ကြောင့်​လူ​မျိုး​တ​ကာ​တို့​သည်​တုန်​လှုပ်​သွား ကြ​လိမ့်​မည်။ ထို​အ​ခါ​မြေ​အောက်​ကမ္ဘာ​သို့ ရောက်​ရှိ​နေ​ကြ​သော​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင် ရှိ​သ​မျှ​နှင့်​လေ​ဗ​နုန်​တော​မှ​ရေ​အ​ဝ​သောက် ရ​သော​အ​ကောင်း​ဆုံး​လက်​ရွေး​စင်​သစ်​ပင် များ​သည်​နှစ်​ထောင်း​အား​ရ​ကြ​လိမ့်​မည်။- (Sheol h7585)
I made the nations tremble when they heard it fall, when I threw it down into Sheol with those who die. Then all the trees of Eden, the finest and best in Lebanon, all the trees that had plenty of water, were happy that this tree joined them in the earth below. (Sheol h7585)
17 ၁၇ ယင်း​တို့​သည်​ယ​ခင်​က​ပြို​လဲ​သွား​ကြ​သည့် အ​ပင်​များ​နှင့်​ပေါင်း​ဆုံ​မိ​ကြ​ရန် အာ​ရစ်​ပင် နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​သို့​သက်​ဆင်း​ကြ လိမ့်​မည်။ ထို​အာ​ရစ်​ပင်​၏​အ​ရိပ်​တွင်​ခို​လှုံ ခဲ့​ကြ​သူ​အ​ပေါင်း​တို့​နှင့် လူ​မျိုး​တ​ကာ မိတ်​ဆွေ​တို့​သည်​လည်း​အ​တူ​သက်​ဆင်း ကြ​လိမ့်​မည်'' ဟူ​၍​တည်း။ (Sheol h7585)
They also went down with it into Sheol, to those who had been killed by the sword. They had been part of its army living in its shade among the nations. (Sheol h7585)
18 ၁၈ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အာ​ရစ်​ပင်​ကား အီ​ဂျစ်​ဘု​ရင်​နှင့်​သူ​၏​ပြည်​သူ​တို့​ဖြစ်​၏။ ဧ​ဒင်​ဥ​ယျာဉ်​ထဲ​မှ​သစ်​ပင်​များ​ပင်​လျှင် ထို အ​ပင်​လောက်​မ​မြင့်​မား​မ​ခန့်​ညား​ကြ။ သို့ ရာ​တွင်​ထို​အ​ပင်​သည်​ဧ​ဒင်​ဥ​ယျာဉ်​မှ သစ်​ပင်​များ​ကဲ့​သို့​ပင် မ​ရ​ဏာ​နိုင်​ငံ​သို့ ဆင်း​သက်​ကာ​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​ရ​သူ​များ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ များ​နှင့်​ပေါင်း​ဆုံ​ရ​ပေ​တော့​အံ့။ ဤ​ကား ငါ​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။
Who is as great and glorious as you among the trees of Eden? But you too will be brought down to the earth below to be with the trees of Eden. You will lie there with the heathen, with those killed by the sword. This is what will happen to Pharaoh and all his many people, declares the Lord God.”

< ယေဇကျေလ 31 >