< ယေဇကျေလ 30 >
1 ၁ တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 ၂ ကိုယ်တော်က``အချင်းလူသား၊ ငါအရှင် ထာဝရဘုရား၏အမိန့်တော်ကိုအသံ ကျယ်စွာဟောပြောရမည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသောနေ့သည် ကျရောက်လတ္တံ့။
၂အချင်းလူသား ၊ သင်သည် ပရောဖက်ပြု လျက် ၊ အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ရောက်ရသောနေ့ သည် အမင်္ဂလာ ရှိသည်ဟု အော်ဟစ် ကြလော့။
3 ၃ ထာဝရဘုရားအရေးယူဆောင်ရွက်မည့်နေ့ သည် နီးကပ်လာလေပြီ။ မိုးတိမ်များဖုံးလွှမ်းမည့်နေ့၊လူမျိုးတကာတို့ ဒုက္ခရောက်မည့်နေ့နီးကပ်လာပြီ။
၃ထိုနေ့ နီး ပြီ။ ထာဝရဘုရား ၏နေ့ ၊ မိုဃ်းအုံ့ သောနေ့ ၊ တပါး အမျိုးသားဘို့ ချိန်းချက်သော အချိန် နီး ပြီ။
4 ၄ အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။
၄ထား ဘေးသည် အဲဂုတ္တု ပြည်သို့ ရောက် သဖြင့် ၊ သူရဲ တို့သည် လဲ ၍သေကြသောအခါ ၊ အဲသယောပိ ပြည် သည် ပူပန် လိမ့်မည်။ အလုံးအရင်း ကို ပယ်ရှား ၍ မူလ အမြစ်ကို ဖြိုဖျက် ကြလိမ့်မည်။
5 ၅ ``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
၅အဲသယောပိ ပြည်သား၊ ဖုတ ပြည်သား၊ လုဒ ပြည်သား၊ အမျိုး မစစ်သော လူရှိသမျှ ၊ ခုဘ အမျိုးသား၊ မိဿဟာယ ဖွဲ့သော ပြည်သား တို့သည်၊ အဲဂုတ္တု ပြည်သားတို့နှင့်တကွ ထား ဖြင့် လဲ ၍သေကြလိမ့်မည်။
6 ၆ ထာဝရဘုရားက``မြောက်ဘက်ရှိမိဂ ဒေါလမြို့မှသည်တောင်ဘက်ရှိသုဏေ မြို့တိုင်အောင်အီဂျစ်ပြည်ဘက်မှနေ၍ ခုခံကာကွယ်ကြသူအပေါင်းတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ အီဂျစ် ပြည်ဂုဏ်ယူဝါကြွားရသောတပ်မတော် သည်ပြိုပျက်သွားလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
၆အဲဂုတ္တု ပြည်ကို ထောက်မ သောသူတို့သည် လဲ ၍သေကြသဖြင့် ၊ အဲဂုတ္တု အစွမ်းသတ္တိ ၏ ဂုဏ်အသရေသည် ဆုံး လိမ့်မည်။ မိဂဒေါလ မြို့မှစ၍ သုဏေ မြို့ တိုင်အောင်အဲဂုတ္တုပြည်သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
7 ၇ အီဂျစ်ပြည်သည်ကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးသောအရပ်ဖြစ်လျက် ထိုပြည်ရှိမြို့တို့သည်လုံးဝယိုယွင်း ပျက်စီး၍ကျန်ရစ်ကြလိမ့်မည်။-
၇ပျက်စီး သော ပြည် တို့တွင် ပျက်စီး လျက်ရှိကြ၍ ၊ လူဆိတ်ညံ သော မြို့ တို့တွင် အဲဂုတ္တုမြို့တို့သည် ပါဝင် ကြ လိမ့်မည်။
8 ၈ ငါသည်အီဂျစ်ပြည်ကိုမီးလောင်ကျွမ်းစေ ၍ ထိုပြည်၏ဘက်မှခုခံကာကွယ်ကြသူ တို့အသတ်ခံရသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်။
၈ငါသည် အဲဂုတ္တု ပြည်၌ မီးညှိ ၍ ထိုပြည်ကို မစ သမျှ သောသူတို့ သည် ပျက်စီး ကြသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
9 ၉ ``အချိန်ကျ၍အီဂျစ်ပြည်ပျက်စီးသွား သောအခါ ငါသည်အမှုမဲ့အမှတ်မဲ့နေ သူကုရှပြည်သားတို့အား တပ်လှန့်နှိုး ဆော်ရန်စေတမန်တို့ကိုသင်္ဘောများဖြင့် စေလွှတ်မည်။ သူတို့သည်ကြောက်ရွံ့ထိတ် လန့်သွားကြလိမ့်မည်။ ထိုနေ့ကားနီး ကပ်လာလေပြီ'' ဟုမိန့်တော်မူ၏။
၉ထိုအခါစိုးရိမ် ခြင်းမရှိသော အဲသယောပိ ပြည်သားတို့ကို ကြောက် စေခြင်းငှါ၊ ငါစေလွှတ်သော တမန် တို့ သည် သင်္ဘော စီး၍ သွား ကြသဖြင့်၊ အဲဂုတ္တု ပြည်၏ အချိန် ၌ သူတို့သည်လည်း အလွန်ဆင်းရဲ ခြင်းသို့ ရောက် ရကြ လိမ့်မည်။ ထိုအချိန်လည်းနီး ပြီဟု မိန့်တော်မူ၏။
10 ၁၀ အရှင်ထာဝရဘုရားက``ငါသည်အီဂျစ် ပြည်၏ဋ္ဌနအင်အားကိုပပျောက်စေရန် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်း ကိုအသုံးပြုမည်။-
၁၀အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အားဖြင့် အဲဂုတ္တု ပြည် ၏ အလုံးအရင်း ကို ငါဖြတ် မည်။
11 ၁၁ သူသည်ရက်စက်ကြမ်းကြုတ်သောစစ်သူရဲ များနှင့်လာ၍ ထိုပြည်ကိုဖျက်ဆီးပစ်လိမ့် မည်။ သူတို့သည်အီဂျစ်ပြည်ကိုဋ္ဌားလက် နက်နှင့်တိုက်ခိုက်၍ ထိုပြည်ကိုလူသေ အလောင်းများနှင့်ပြည့်နှက်စေကြလိမ့် မည်။-
၁၁ထိုရှင်ဘုရင် နှင့်တကွ သူ ၏လူ များ၊ ကြောက်မက် ဘွယ်သော လူမျိုး များတို့သည် အဲဂုတ္တုပြည် ကို ဖျက်ဆီး ခြင်းငှါ လာ ၍ ၊ ထား ကိုင် လျက် တပြည်လုံး ကို သူရဲ တို့နှင့် ပြည့် စေကြလိမ့်မည်။
12 ၁၂ ငါသည်နိုင်းမြစ်ကိုခန်းခြောက်စေ၍ အီဂျစ် ပြည်ကိုဆိုးညစ်သူတို့၏လက်အောက်သို့ ကျရောက်စေမည်။ လူမျိုးခြားတို့သည်ထို ပြည်တစ်ပြည်လုံးကိုပျက်ပြုန်းစေကြ လိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
၁၂မြစ် တို့ကို ငါခန်းခြောက် စေ၍ ၊ အဓမ္မ လူတို့အား ပြည် ကို ရောင်း လိုက်မည်။ တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် ပြည် နှင့်တကွ ပြည် ၌ ပါသမျှ ကို ငါဖျက်ဆီး မည်။ ငါ ထာဝရဘုရား ပြော ပြီ။
13 ၁၃ အရှင်ထာဝရဘုရားက``ငါသည်နောဖ မြို့ရှိရုပ်တုများနှင့်ဘုရားအတုများကို ဖျက်ဆီးပစ်မည်။ အီဂျစ်ပြည်ကိုအုပ်စိုး မည့်သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည် မဟုတ်။ ငါသည်လူအပေါင်းတို့ကိုကြောက် ရွံ့ထိတ်လန့်စေမည်။-
၁၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရုပ်တု တို့ကို ငါဖျက်ဆီး ၍ ၊ နောဖ ပြည်၌ ဆင်းတု တို့ကိုလည်း ပယ်ဖြတ် မည်။ နောက် တဖန် အဲဂုတ္တု မင်း မျိုးမ ရှိ ရ။ အဲဂုတ္တု ပြည် သည် ကြောက်ရွံ့ မည်အကြောင်းကို ငါပြု မည်။
14 ၁၄ အီဂျစ်ပြည်တောင်ပိုင်းကိုလူသူဆိတ်ငြိမ် ရာအရပ်ဖြစ်စေ၍ မြောက်ပိုင်းတွင်ရှိသော ဇောနမြို့ကိုမီးရှို့မည်။ နောမြို့တော်ကို လည်းအပြစ်ဒဏ်ခတ်မည်။-
၁၄ပါသရု ပြည်ကို ငါဖျက် မည်။ ဇောန မြို့ကိုလည်း မီး ရှို့မည်။ နော မြို့ကိုလည်း အပြစ်ဒဏ် စီရင် မည်။
15 ၁၅ အီဂျစ်ပြည်၏ခံတပ်မြို့ကြီးဖြစ်သောသိန် မြို့အား ငါ၏အမျက်တော်ဒဏ်ကိုခံစေ မည်။ နောမြို့၏ဋ္ဌနအင်အားကိုဖျက်ဆီး မည်။-
၁၅အဲဂုတ္တု ပြည်၏ အစွမ်းသတ္တိ ဖြစ်သော သိန် မြို့ အပေါ်သို့ ငါသည် အမျက် ကို သွန်းလောင်း ၍ ၊ နော မြို့သားအလုံးအရင်း ကို ပယ်ဖြတ် မည်။
16 ၁၆ ငါသည်အီဂျစ်ပြည်ကိုမီးလောင်စေ၍ သိန်မြို့ကိုလည်းပြင်းထန်စွာနာကျင်စေ မည်။ ထိုမြို့၏မြို့ရိုးများသည်ဖြိုဖျက် ခြင်းခံရသဖြင့်ထိုမြို့ကိုရေလွှမ်းမိုး လိမ့်မည်။-
၁၆အဲဂုတ္တု ပြည်၌ မီးညှိ ၍ သိန် မြို့သည် တုန်လှုပ် ခြင်း၊ နော မြို့ရိုးသည် ပြို ပေါက်ခြင်း၊ နောဖ မြို့သည် နေ့ အချိန်၌ပင် စစ်တိုက် ခြင်းကိုခံရ လိမ့်မည်။
17 ၁၇ အာဝင်မြို့နှင့်ဖိဗေသက်မြို့တို့မှလူငယ် လူရွယ်များသည်စစ်ပွဲတွင်ကျဆုံးကြ၍ အခြားသူတို့သည်ကားသုံ့ပန်းအဖြစ် အဖမ်းခံရကြလိမ့်မည်။-
၁၇အာဝင် မြို့၊ ဖိဗေသက် မြို့သားလုလင် တို့သည် ထား ဖြင့် လဲ ၍ သေကြသဖြင့်၊ မိန်းမတို့သည် သိမ်း သွား ခြင်းကိုခံရ ကြလိမ့်မည်။
18 ၁၈ အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-
၁၈တာပနက် မြို့၌ အဲဂုတ္တု လှံတံ တို့ကို ငါ ချိုး ၍ ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေဆုံး သောအခါ နေ့ အချိန် ၌ အလင်းကွယ် လိမ့်မည်။ မိုဃ်းအုံ ၍ မြို့ သမီး တို့သည် သိမ်း သွားခြင်းကိုခံရ ကြလိမ့်မည်။
19 ၁၉ ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၉ထိုသို့ အဲဂုတ္တု ပြည်၌ ငါသည် အပြစ်ဒဏ် စီရင် ၍ ၊ ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
20 ၂၀ ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းခုနစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
၂၀သက္ကရာဇ် တဆယ် တခု ၊ ပဌမ လ ခုနစ် ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21 ၂၁ ကိုယ်တော်က``အချင်းလူသား၊ ငါသည်အီဂျစ် ဘုရင်၏လက်ရုံးကိုကျိုးစေပြီ။ အရိုးပြန် ဆက်ပြီးလျှင်ဋ္ဌားကိုတစ်ဖန်ကိုင်နိုင်လာစေ ရန်ထိုလက်ကိုအဘယ်သူမျှကြပ်စည်း၍ အဝတ်ဖြင့်ဆွဲဆိုင်း၍မပေးကြ။-
၂၁အချင်းလူသား ၊ အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၏ လက်ရုံး ကို ငါချိုး ပြီ။ ဆေးကု ၍မ ထုပ် ရ။ ထား ကိုင် စေ ဘို့ ပကတိခွန်အား ရှိစေခြင်းငှါအဝတ် နှင့်မစည်းရ။
22 ၂၂ သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။-
၂၂ဤ အမှု၌ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းတဘက် ၌ နေသဖြင့် ၊ သူ ၏လက်ရုံး တည်းဟူသော၊ ခိုင်မာ သော လက်ရုံးနှင့် အရင်ချိုး သောလက်ရုံးကို ငါချိုး ၍ ထား ကို သူ့ လက် မှ ကျ စေမည်။
23 ၂၃ အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
၂၃အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့ တွင် ကွဲပြား ပြန့်လွင့် စေမည်။
24 ၂၄ ထိုနောက်ဗာဗုလုန်ဘုရင်အားခွန်အား ကြီးမားလာစေ၍ သူ၏လက်သို့ငါ၏ဋ္ဌား ကိုပေးအပ်မည်။ သို့ရာတွင်အီဂျစ်ဘုရင် ၏လက်ရုံးတို့ကိုမူငါချိုးမည်။ သူသည် ညည်းတွားမြည်တမ်းလျက် မိမိရန်သူ၏ ရှေ့မှောက်တွင်သေရလိမ့်မည်။-
၂၄ဗာဗုလုန် ရှင်ဘုရင် ကို ငါခိုင်မာ စေ၍ ၊ ငါ့ ထား ကို သူ့ လက် ၌ အပ် မည်။ ဖာရော မင်း၏ လက်ရုံး တို့ကို ငါချိုး သဖြင့် ၊ သူသည် အသေ သတ်ခြင်းကို ခံရသောသူ အော်ဟစ် သကဲ့သို့၊ ဗာဗုလုန် ရှင်ဘုရင်ရှေ့မှာ အော်ဟစ် ရလိမ့်မည်။
25 ၂၅ ငါသည်သူ့အားအမှန်ပင်ချည့်နဲ့စေ၍ ဗာဗုလုန်မင်းအားသန်မာစေမည်။ ငါ၏ ဋ္ဌားကိုဗာဗုလုန်ဘုရင်လက်သို့ပေးအပ် ၍ သူသည်အီဂျစ်ပြည်သို့ဋ္ဌားဦးကိုလှည့် လိုက်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းကိုလူတိုင်းသိရှိကြ လိမ့်မည်။-
၂၅ဗာဗုလုန် ရှင်ဘုရင် ၏ လက်ရုံး တို့ကို ငါခိုင်မာ စေမည် ။ ဖာရော ဘုရင်၏ လက် မူကား ၊ အောက်သို့ကျ လိမ့်မည်။ ငါ့ ထား ကို ဗာဗုလုန် ရှင်ဘုရင် လက် ၌ ငါ အပ် ၍၊ သူသည် အဲဂုတ္တ ပြည် ကို ထိုထားနှင့်ခုတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်။
26 ၂၆ ငါသည်အီဂျစ်ပြည်သားတို့အားလူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၂၆ထိုသို့ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့၌ ငါကွဲပြား ပြန့်လွင့် စေမည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။