< ယေဇကျေလ 30 >
1 ၁ တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါ့ထံသို့ရောက်လာ၏။-
Et la parole de l’Éternel vint à moi, disant:
2 ၂ ကိုယ်တော်က``အချင်းလူသား၊ ငါအရှင် ထာဝရဘုရား၏အမိန့်တော်ကိုအသံ ကျယ်စွာဟောပြောရမည်မှာ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသောနေ့သည် ကျရောက်လတ္တံ့။
Fils d’homme, prophétise, et dis: Ainsi dit le Seigneur, l’Éternel: Hurlez: Ah! quel jour!
3 ၃ ထာဝရဘုရားအရေးယူဆောင်ရွက်မည့်နေ့ သည် နီးကပ်လာလေပြီ။ မိုးတိမ်များဖုံးလွှမ်းမည့်နေ့၊လူမျိုးတကာတို့ ဒုက္ခရောက်မည့်နေ့နီးကပ်လာပြီ။
Car le jour est proche; oui, le jour de l’Éternel est proche, un jour de nuées: c’est le temps des nations.
4 ၄ အီဂျစ်ပြည်တွင်စစ်ဖြစ်လိမ့်မည်။ ကုရှပြည်တွင်ကြီးစွာသောဘေးအန္တရာယ်နှင့် ကြုံတွေ့ကြလိမ့်မည်။ လူအမြောက်အမြားပင်အီဂျစ်ပြည်တွင် အသတ်ခံရကြလိမ့်မည်။ ထိုပြည်သည်လုယက်ဖျက်ဆီးခြင်းခံရ၍ ယိုယွင်းပျက်စီး၍ကျန်ရစ်လိမ့်မည်။
Et l’épée viendra sur l’Égypte, et il y aura de l’angoisse dans l’Éthiopie, quand ils tomberont blessés à mort en Égypte, et qu’on ôtera sa multitude, et que ses fondements seront détruits.
5 ၅ ``စစ်ပွဲတွင်ကုရှပြည်၊ ဖုတပြည်၊ လုဒပြည်၊ အာရေဗျပြည်နှင့်ခုဘပြည်တို့မှအငှား စစ်သည်များနှင့် ငါ၏လူမျိုးတော်အထဲ မှပင်လျှင်အချို့သောသူတို့ကျဆုံးကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Cush, et Puth, et Lud, et tout le peuple mélangé, et Cub, et les fils du pays de l’alliance, tomberont par l’épée avec eux.
6 ၆ ထာဝရဘုရားက``မြောက်ဘက်ရှိမိဂ ဒေါလမြို့မှသည်တောင်ဘက်ရှိသုဏေ မြို့တိုင်အောင်အီဂျစ်ပြည်ဘက်မှနေ၍ ခုခံကာကွယ်ကြသူအပေါင်းတို့သည် စစ်ပွဲတွင်ကျဆုံးကြလိမ့်မည်။ အီဂျစ် ပြည်ဂုဏ်ယူဝါကြွားရသောတပ်မတော် သည်ပြိုပျက်သွားလိမ့်မည်။ ဤကားငါ အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။-
Ainsi dit l’Éternel: Les appuis de l’Égypte tomberont, et l’orgueil de sa force sera abaissé; ils tomberont au milieu d’elle par l’épée, depuis Migdol à Syène, dit le Seigneur, l’Éternel.
7 ၇ အီဂျစ်ပြည်သည်ကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးသောအရပ်ဖြစ်လျက် ထိုပြည်ရှိမြို့တို့သည်လုံးဝယိုယွင်း ပျက်စီး၍ကျန်ရစ်ကြလိမ့်မည်။-
Et ils seront désolés au milieu des pays désolés, et ses villes seront entre les villes dévastées.
8 ၈ ငါသည်အီဂျစ်ပြည်ကိုမီးလောင်ကျွမ်းစေ ၍ ထိုပြည်၏ဘက်မှခုခံကာကွယ်ကြသူ တို့အသတ်ခံရသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်။
Et ils sauront que je suis l’Éternel, quand j’aurai mis le feu en Égypte, et que tous ceux qui l’aident seront brisés.
9 ၉ ``အချိန်ကျ၍အီဂျစ်ပြည်ပျက်စီးသွား သောအခါ ငါသည်အမှုမဲ့အမှတ်မဲ့နေ သူကုရှပြည်သားတို့အား တပ်လှန့်နှိုး ဆော်ရန်စေတမန်တို့ကိုသင်္ဘောများဖြင့် စေလွှတ်မည်။ သူတို့သည်ကြောက်ရွံ့ထိတ် လန့်သွားကြလိမ့်မည်။ ထိုနေ့ကားနီး ကပ်လာလေပြီ'' ဟုမိန့်တော်မူ၏။
En ce jour-là des messagers sortiront de devant moi sur des navires pour effrayer l’Éthiopie [dans sa] sécurité; et il y aura au milieu d’eux de l’angoisse comme au jour de l’Égypte; car voici, il vient.
10 ၁၀ အရှင်ထာဝရဘုရားက``ငါသည်အီဂျစ် ပြည်၏ဋ္ဌနအင်အားကိုပပျောက်စေရန် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်း ကိုအသုံးပြုမည်။-
Ainsi dit le Seigneur, l’Éternel: Je mettrai fin aussi à la multitude de l’Égypte par la main de Nebucadretsar, roi de Babylone.
11 ၁၁ သူသည်ရက်စက်ကြမ်းကြုတ်သောစစ်သူရဲ များနှင့်လာ၍ ထိုပြည်ကိုဖျက်ဆီးပစ်လိမ့် မည်။ သူတို့သည်အီဂျစ်ပြည်ကိုဋ္ဌားလက် နက်နှင့်တိုက်ခိုက်၍ ထိုပြည်ကိုလူသေ အလောင်းများနှင့်ပြည့်နှက်စေကြလိမ့် မည်။-
Lui, et son peuple avec lui, les terribles d’entre les nations, seront amenés pour détruire le pays; et ils tireront leurs épées contre l’Égypte, et rempliront le pays de blessés à mort.
12 ၁၂ ငါသည်နိုင်းမြစ်ကိုခန်းခြောက်စေ၍ အီဂျစ် ပြည်ကိုဆိုးညစ်သူတို့၏လက်အောက်သို့ ကျရောက်စေမည်။ လူမျိုးခြားတို့သည်ထို ပြည်တစ်ပြည်လုံးကိုပျက်ပြုန်းစေကြ လိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
Et je mettrai les fleuves à sec, et je vendrai le pays en la main des méchants, et, par la main des étrangers, je désolerai le pays et tout ce qu’il contient. Moi, l’Éternel, j’ai parlé.
13 ၁၃ အရှင်ထာဝရဘုရားက``ငါသည်နောဖ မြို့ရှိရုပ်တုများနှင့်ဘုရားအတုများကို ဖျက်ဆီးပစ်မည်။ အီဂျစ်ပြည်ကိုအုပ်စိုး မည့်သူတစ်စုံတစ်ယောက်မျှရှိလိမ့်မည် မဟုတ်။ ငါသည်လူအပေါင်းတို့ကိုကြောက် ရွံ့ထိတ်လန့်စေမည်။-
Ainsi dit le Seigneur, l’Éternel: Je détruirai aussi les idoles, et je mettrai fin aux images de Noph; et il n’y aura plus de prince du pays d’Égypte; et je mettrai la frayeur dans le pays d’Égypte;
14 ၁၄ အီဂျစ်ပြည်တောင်ပိုင်းကိုလူသူဆိတ်ငြိမ် ရာအရပ်ဖြစ်စေ၍ မြောက်ပိုင်းတွင်ရှိသော ဇောနမြို့ကိုမီးရှို့မည်။ နောမြို့တော်ကို လည်းအပြစ်ဒဏ်ခတ်မည်။-
et je désolerai Pathros, et je mettrai le feu dans Tsoan, et j’exécuterai des jugements dans No;
15 ၁၅ အီဂျစ်ပြည်၏ခံတပ်မြို့ကြီးဖြစ်သောသိန် မြို့အား ငါ၏အမျက်တော်ဒဏ်ကိုခံစေ မည်။ နောမြို့၏ဋ္ဌနအင်အားကိုဖျက်ဆီး မည်။-
et je verserai ma fureur sur Sin, la forteresse de l’Égypte, et je retrancherai la multitude de No;
16 ၁၆ ငါသည်အီဂျစ်ပြည်ကိုမီးလောင်စေ၍ သိန်မြို့ကိုလည်းပြင်းထန်စွာနာကျင်စေ မည်။ ထိုမြို့၏မြို့ရိုးများသည်ဖြိုဖျက် ခြင်းခံရသဖြင့်ထိုမြို့ကိုရေလွှမ်းမိုး လိမ့်မည်။-
et je mettrai le feu en Égypte; Sin sera dans une grande angoisse, et No sera ouverte par des brèches, et il y aura à Noph des ennemis en plein jour.
17 ၁၇ အာဝင်မြို့နှင့်ဖိဗေသက်မြို့တို့မှလူငယ် လူရွယ်များသည်စစ်ပွဲတွင်ကျဆုံးကြ၍ အခြားသူတို့သည်ကားသုံ့ပန်းအဖြစ် အဖမ်းခံရကြလိမ့်မည်။-
Les jeunes hommes d’Aven et de Pi-Béseth tomberont par l’épée, et elles-mêmes iront en captivité.
18 ၁၈ အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-
Et à Takhpanès le jour sera obscurci lorsque j’y romprai le joug de l’Égypte, et que l’orgueil de sa force y aura cessé; une nuée la couvrira elle-même, et ses filles iront en captivité.
19 ၁၉ ဤကဲ့သို့အီဂျစ်ပြည်အားအပြစ်ဒဏ် ခတ်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Et j’exécuterai des jugements en Égypte; et ils sauront que je suis l’Éternel.
20 ၂၀ ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းခုနစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Et il arriva, la onzième année, au premier [mois], le septième [jour] du mois, que la parole de l’Éternel vint à moi, disant:
21 ၂၁ ကိုယ်တော်က``အချင်းလူသား၊ ငါသည်အီဂျစ် ဘုရင်၏လက်ရုံးကိုကျိုးစေပြီ။ အရိုးပြန် ဆက်ပြီးလျှင်ဋ္ဌားကိုတစ်ဖန်ကိုင်နိုင်လာစေ ရန်ထိုလက်ကိုအဘယ်သူမျှကြပ်စည်း၍ အဝတ်ဖြင့်ဆွဲဆိုင်း၍မပေးကြ။-
Fils d’homme, j’ai cassé le bras du Pharaon, roi d’Égypte, et voici, il n’a point été bandé pour y appliquer des remèdes, pour y mettre des ligatures pour le bander, afin de le fortifier pour qu’il tienne l’épée.
22 ၂၂ သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်အီဂျစ်ဘုရင် ၏ရန်သူဖြစ်၏။ သူ၏လက်နှစ်ဖက်စလုံး ကိုငါချိုးမည်။ ကျိုးနေသောလက်နှင့်မ ကျိုးသေးသောလက်ကိုပါချိုးမည်။ ထို အခါသူ၏လက်မှဋ္ဌားသည်ကျသွား လိမ့်မည်။-
C’est pourquoi, ainsi dit le Seigneur, l’Éternel: Voici, j’en veux au Pharaon, roi d’Égypte, et je lui casserai les bras, celui qui est fort et celui qui est cassé, et je ferai tomber l’épée de sa main.
23 ၂၃ အီဂျစ်ပြည်သားတို့အားငါသည်လူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။-
Et je disperserai les Égyptiens parmi les nations et je les disséminerai dans les pays.
24 ၂၄ ထိုနောက်ဗာဗုလုန်ဘုရင်အားခွန်အား ကြီးမားလာစေ၍ သူ၏လက်သို့ငါ၏ဋ္ဌား ကိုပေးအပ်မည်။ သို့ရာတွင်အီဂျစ်ဘုရင် ၏လက်ရုံးတို့ကိုမူငါချိုးမည်။ သူသည် ညည်းတွားမြည်တမ်းလျက် မိမိရန်သူ၏ ရှေ့မှောက်တွင်သေရလိမ့်မည်။-
Et je fortifierai les bras du roi de Babylone, et je mettrai mon épée dans sa main; et je casserai les bras du Pharaon, et il gémira devant lui des gémissements d’un blessé à mort.
25 ၂၅ ငါသည်သူ့အားအမှန်ပင်ချည့်နဲ့စေ၍ ဗာဗုလုန်မင်းအားသန်မာစေမည်။ ငါ၏ ဋ္ဌားကိုဗာဗုလုန်ဘုရင်လက်သို့ပေးအပ် ၍ သူသည်အီဂျစ်ပြည်သို့ဋ္ဌားဦးကိုလှည့် လိုက်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းကိုလူတိုင်းသိရှိကြ လိမ့်မည်။-
Et je fortifierai les bras du roi de Babylone, et les bras du Pharaon tomberont. Et ils sauront que je suis l’Éternel, quand j’aurai mis mon épée dans la main du roi de Babylone, et qu’il l’aura étendue sur le pays d’Égypte.
26 ၂၆ ငါသည်အီဂျစ်ပြည်သားတို့အားလူမျိုး တကာနှင့် ကမ္ဘာအရပ်ရပ်သို့ပျံ့လွင့်စေ မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Et je disperserai les Égyptiens parmi les nations, et je les disséminerai dans les pays; et ils sauront que je suis l’Éternel.