< ယေဇကျေလ 30 >

1 တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
The word of the LORD came again to me, saying,
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​အ​သံ ကျယ်​စွာ​ဟော​ပြော​ရ​မည်​မှာ ကြောက်​ရွံ့​ထိတ်​လန့်​ဖွယ်​ကောင်း​သော​နေ့​သည် ကျ​ရောက်​လတ္တံ့။
Son of man, prophesy and say, Thus saith the Lord GOD; Wail ye, Alas the day!
3 ထာ​ဝ​ရ​ဘု​ရား​အ​ရေး​ယူ​ဆောင်​ရွက်​မည့်​နေ့ သည် နီး​ကပ်​လာ​လေ​ပြီ။ မိုး​တိမ်​များ​ဖုံး​လွှမ်း​မည့်​နေ့၊လူ​မျိုး​တ​ကာ​တို့ ဒုက္ခ​ရောက်​မည့်​နေ့​နီး​ကပ်​လာ​ပြီ။
For the day is near, even the day of the LORD is near, a cloudy day; it shall be the time of the heathen.
4 အီ​ဂျစ်​ပြည်​တွင်​စစ်​ဖြစ်​လိမ့်​မည်။ ကု​ရှ​ပြည်​တွင်​ကြီး​စွာ​သော​ဘေး​အန္တ​ရာယ်​နှင့် ကြုံ​တွေ့​ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​ပင်​အီ​ဂျစ်​ပြည်​တွင် အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ ထို​ပြည်​သည်​လု​ယက်​ဖျက်​ဆီး​ခြင်း​ခံ​ရ​၍ ယို​ယွင်း​ပျက်​စီး​၍​ကျန်​ရစ်​လိမ့်​မည်။
And the sword shall come upon Egypt, and great pain shall be in Cush, when the slain shall fall in Egypt, and they shall take away her multitude, and her foundations shall be broken down.
5 ``စစ်​ပွဲ​တွင်​ကု​ရှ​ပြည်၊ ဖု​တ​ပြည်၊ လု​ဒ​ပြည်၊ အာ​ရေ​ဗျ​ပြည်​နှင့်​ခု​ဘ​ပြည်​တို့​မှ​အ​ငှား စစ်​သည်​များ​နှင့် ငါ​၏​လူ​မျိုး​တော်​အ​ထဲ မှ​ပင်​လျှင်​အ​ချို့​သော​သူ​တို့​ကျ​ဆုံး​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Cush, and Libya, and Lydia, and all the mingled people, and Chub, and the men of the land that is in league, shall fall with them by the sword.
6 ထာ​ဝ​ရ​ဘု​ရား​က``မြောက်​ဘက်​ရှိ​မိ​ဂ ဒေါ​လ​မြို့​မှ​သည်​တောင်​ဘက်​ရှိ​သု​ဏေ မြို့​တိုင်​အောင်​အီ​ဂျစ်​ပြည်​ဘက်​မှ​နေ​၍ ခု​ခံ​ကာ​ကွယ်​ကြ​သူ​အ​ပေါင်း​တို့​သည် စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ အီ​ဂျစ် ပြည်​ဂုဏ်​ယူ​ဝါ​ကြွား​ရ​သော​တပ်​မ​တော် သည်​ပြို​ပျက်​သွား​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။-
Thus saith the LORD; They also that uphold Egypt shall fall; and the pride of her power shall come down: from the tower of Syene shall they fall in it by the sword, saith the Lord GOD.
7 အီ​ဂျစ်​ပြည်​သည်​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​သော​အ​ရပ်​ဖြစ်​လျက် ထို​ပြည်​ရှိ​မြို့​တို့​သည်​လုံး​ဝ​ယို​ယွင်း ပျက်​စီး​၍​ကျန်​ရစ်​ကြ​လိမ့်​မည်။-
And they shall be desolate in the midst of the countries that are desolate, and her cities shall be in the midst of the cities that are wasted.
8 ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​ကျွမ်း​စေ ၍ ထို​ပြည်​၏​ဘက်​မှ​ခု​ခံ​ကာ​ကွယ်​ကြ​သူ တို့​အ​သတ်​ခံ​ရ​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်။
And they shall know that I am the LORD, when I have set a fire in Egypt, and when all her helpers shall be destroyed.
9 ``အ​ချိန်​ကျ​၍​အီ​ဂျစ်​ပြည်​ပျက်​စီး​သွား သော​အ​ခါ ငါ​သည်​အ​မှု​မဲ့​အ​မှတ်​မဲ့​နေ သူ​ကု​ရှ​ပြည်​သား​တို့​အား တပ်​လှန့်​နှိုး ဆော်​ရန်​စေ​တ​မန်​တို့​ကို​သင်္ဘော​များ​ဖြင့် စေ​လွှတ်​မည်။ သူ​တို့​သည်​ကြောက်​ရွံ့​ထိတ် လန့်​သွား​ကြ​လိမ့်​မည်။ ထို​နေ့​ကား​နီး ကပ်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
In that day shall messengers go forth from me in ships to make the careless Cushites afraid, and great pain shall come upon them, as in the day of Egypt: for, lo, it cometh.
10 ၁၀ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အီ​ဂျစ် ပြည်​၏​ဋ္ဌ​န​အင်​အား​ကို​ပ​ပျောက်​စေ​ရန် ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း ကို​အ​သုံး​ပြု​မည်။-
Thus saith the Lord GOD; I will also make the multitude of Egypt to cease by the hand of Nebuchadnezzar king of Babylon.
11 ၁၁ သူ​သည်​ရက်​စက်​ကြမ်း​ကြုတ်​သော​စစ်​သူ​ရဲ များ​နှင့်​လာ​၍ ထို​ပြည်​ကို​ဖျက်​ဆီး​ပစ်​လိမ့် မည်။ သူ​တို့​သည်​အီ​ဂျစ်​ပြည်​ကို​ဋ္ဌား​လက် နက်​နှင့်​တိုက်​ခိုက်​၍ ထို​ပြည်​ကို​လူ​သေ အ​လောင်း​များ​နှင့်​ပြည့်​နှက်​စေ​ကြ​လိမ့် မည်။-
He and his people with him, the terrible of the nations, shall be brought to destroy the land: and they shall draw their swords against Egypt, and fill the land with the slain.
12 ၁၂ ငါ​သည်​နိုင်း​မြစ်​ကို​ခန်း​ခြောက်​စေ​၍ အီ​ဂျစ် ပြည်​ကို​ဆိုး​ညစ်​သူ​တို့​၏​လက်​အောက်​သို့ ကျ​ရောက်​စေ​မည်။ လူ​မျိုး​ခြား​တို့​သည်​ထို ပြည်​တစ်​ပြည်​လုံး​ကို​ပျက်​ပြုန်း​စေ​ကြ လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
And I will make the rivers dry, and sell the land into the hand of the wicked: and I will make the land waste, and all that is in it, by the hand of strangers: I the LORD have spoken it.
13 ၁၃ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​နော​ဖ မြို့​ရှိ​ရုပ်​တု​များ​နှင့်​ဘု​ရား​အ​တု​များ​ကို ဖျက်​ဆီး​ပစ်​မည်။ အီ​ဂျစ်​ပြည်​ကို​အုပ်​စိုး မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​ရှိ​လိမ့်​မည် မ​ဟုတ်။ ငါ​သည်​လူ​အ​ပေါင်း​တို့​ကို​ကြောက် ရွံ့​ထိတ်​လန့်​စေ​မည်။-
Thus saith the Lord GOD; I will also destroy the idols, and I will cause their images to cease out of Noph; and there shall be no more a prince of the land of Egypt: and I will put a fear in the land of Egypt.
14 ၁၄ အီ​ဂျစ်​ပြည်​တောင်​ပိုင်း​ကို​လူ​သူ​ဆိတ်​ငြိမ် ရာ​အ​ရပ်​ဖြစ်​စေ​၍ မြောက်​ပိုင်း​တွင်​ရှိ​သော ဇော​န​မြို့​ကို​မီး​ရှို့​မည်။ နော​မြို့​တော်​ကို လည်း​အ​ပြစ်​ဒဏ်​ခတ်​မည်။-
And I will make Pathros desolate, and will set fire in Zoan, and will execute judgments in No.
15 ၁၅ အီ​ဂျစ်​ပြည်​၏​ခံ​တပ်​မြို့​ကြီး​ဖြစ်​သော​သိန် မြို့​အား ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​စေ မည်။ နော​မြို့​၏​ဋ္ဌ​န​အင်​အား​ကို​ဖျက်​ဆီး မည်။-
And I will pour my fury upon Sin, the strength of Egypt; and I will cut off the multitude of No.
16 ၁၆ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​မီး​လောင်​စေ​၍ သိန်​မြို့​ကို​လည်း​ပြင်း​ထန်​စွာ​နာ​ကျင်​စေ မည်။ ထို​မြို့​၏​မြို့​ရိုး​များ​သည်​ဖြို​ဖျက် ခြင်း​ခံ​ရ​သ​ဖြင့်​ထို​မြို့​ကို​ရေ​လွှမ်း​မိုး လိမ့်​မည်။-
And I will set fire in Egypt: Sin shall have great pain, and No shall be rent asunder, and Noph shall have distresses daily.
17 ၁၇ အာ​ဝင်​မြို့​နှင့်​ဖိ​ဗေ​သက်​မြို့​တို့​မှ​လူ​ငယ် လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​၍ အ​ခြား​သူ​တို့​သည်​ကား​သုံ့​ပန်း​အ​ဖြစ် အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-
The young men of Aven and of Pibeseth shall fall by the sword: and these cities shall go into captivity.
18 ၁၈ အီ​ဂျစ်​ပြည်​၏​တန်​ခိုး​အာ​ဏာ​တည်း​ဟူ သော​ထမ်း​ပိုး​ကို ငါ​ချိုး​နှိမ်​သော​အ​ခါ​သူ တို့​ဂုဏ်​ယူ​ဝါ​ကြွား​သည့်​စွမ်း​ရည်​သတ္တိ ကို​ပ​ပျောက်​စေ​မည်။ တာ​ပ​နက်​မြို့​သည် မှောင်​မိုက်​၍​နေ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​တွင် မိုး​တိမ်​များ​အုပ်​ဆိုင်း​လျက်​မြို့​အား​လုံး မှ​လူ​တို့​သည်​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး သိမ်း​ယူ​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။-
At Tehaphnehes also the day shall be darkened, when I shall break there the yokes of Egypt: and the pomp of her strength shall cease in her: as for her, a cloud shall cover her, and her daughters shall go into captivity.
19 ၁၉ ဤ​ကဲ့​သို့​အီ​ဂျစ်​ပြည်​အား​အ​ပြစ်​ဒဏ် ခတ်​သော​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Thus will I execute judgments in Egypt: and they shall know that I am the LORD.
20 ၂၀ ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​တစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​ခု​နစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
And it came to pass in the eleventh year, in the first month, in the seventh day of the month, that the word of the LORD came to me, saying,
21 ၂၁ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ငါ​သည်​အီ​ဂျစ် ဘု​ရင်​၏​လက်​ရုံး​ကို​ကျိုး​စေ​ပြီ။ အ​ရိုး​ပြန် ဆက်​ပြီး​လျှင်​ဋ္ဌား​ကို​တစ်​ဖန်​ကိုင်​နိုင်​လာ​စေ ရန်​ထို​လက်​ကို​အ​ဘယ်​သူ​မျှ​ကြပ်​စည်း​၍ အ​ဝတ်​ဖြင့်​ဆွဲ​ဆိုင်း​၍​မ​ပေး​ကြ။-
Son of man, I have broken the arm of Pharaoh king of Egypt; and, lo, it shall not be bound up to be healed, to put a bandage to bind it, to make it strong to hold the sword.
22 ၂၂ သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​အီ​ဂျစ်​ဘု​ရင် ၏​ရန်​သူ​ဖြစ်​၏။ သူ​၏​လက်​နှစ်​ဖက်​စ​လုံး ကို​ငါ​ချိုး​မည်။ ကျိုး​နေ​သော​လက်​နှင့်​မ ကျိုး​သေး​သော​လက်​ကို​ပါ​ချိုး​မည်။ ထို အ​ခါ​သူ​၏​လက်​မှ​ဋ္ဌား​သည်​ကျ​သွား လိမ့်​မည်။-
Therefore thus saith the Lord GOD; Behold, I am against Pharaoh king of Egypt, and will break his arms, the strong, and that which was broken; and I will cause the sword to fall out of his hand.
23 ၂၃ အီ​ဂျစ်​ပြည်​သား​တို့​အား​ငါ​သည်​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။-
And I will scatter the Egyptians among the nations, and will disperse them through the countries.
24 ၂၄ ထို​နောက်​ဗာ​ဗု​လုန်​ဘု​ရင်​အား​ခွန်​အား ကြီး​မား​လာ​စေ​၍ သူ​၏​လက်​သို့​ငါ​၏​ဋ္ဌား ကို​ပေး​အပ်​မည်။ သို့​ရာ​တွင်​အီ​ဂျစ်​ဘု​ရင် ၏​လက်​ရုံး​တို့​ကို​မူ​ငါ​ချိုး​မည်။ သူ​သည် ညည်း​တွား​မြည်​တမ်း​လျက် မိ​မိ​ရန်​သူ​၏ ရှေ့​မှောက်​တွင်​သေ​ရ​လိမ့်​မည်။-
And I will strengthen the arms of the king of Babylon, and put my sword in his hand: but I will break Pharaoh’s arms, and he shall groan before him with the groanings of a deadly wounded man.
25 ၂၅ ငါ​သည်​သူ့​အား​အ​မှန်​ပင်​ချည့်​နဲ့​စေ​၍ ဗာ​ဗု​လုန်​မင်း​အား​သန်​မာ​စေ​မည်။ ငါ​၏ ဋ္ဌား​ကို​ဗာ​ဗု​လုန်​ဘု​ရင်​လက်​သို့​ပေး​အပ် ၍ သူ​သည်​အီ​ဂျစ်​ပြည်​သို့​ဋ္ဌား​ဦး​ကို​လှည့် လိုက်​သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​ကို​လူ​တိုင်း​သိ​ရှိ​ကြ လိမ့်​မည်။-
But I will strengthen the arms of the king of Babylon, and the arms of Pharaoh shall fall down; and they shall know that I am the LORD, when I shall put my sword into the hand of the king of Babylon, and he shall stretch it out upon the land of Egypt.
26 ၂၆ ငါ​သည်​အီ​ဂျစ်​ပြည်​သား​တို့​အား​လူ​မျိုး တ​ကာ​နှင့် ကမ္ဘာ​အ​ရပ်​ရပ်​သို့​ပျံ့​လွင့်​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
And I will scatter the Egyptians among the nations, and disperse them among the countries; and they shall know that I am the LORD.

< ယေဇကျေလ 30 >