< ယေဇကျေလ 3 >

1 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဤ​စာ​လိပ်​ကို စား​လော့။ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍​ဟော​ပြော​လော့'' ဟု​မိန့် တော်​မူ​၏။
И сказал мне: сын человеческий! съешь, что перед тобою, съешь этот свиток, и иди, говори дому Израилеву.
2 သို့​ဖြစ်​၍​ငါ​သည်​ခံ​တွင်း​ကို​ဟ​လိုက်​ရာ ကိုယ်​တော်​သည် ငါ​စား​ရန်​အ​တွက်​စာ​လိပ် ကို​ပေး​တော်​မူ​၏။-
Тогда я открыл уста мои, и Он дал мне съесть этот свиток;
3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​သင့်​အား ငါ​ပေး​သည့်​စာ​လိပ်​ကို​ဝမ်း​ပြည့်​အောင်​စား လော့'' ဟု​မိန့်​တော်​မူ​သ​ဖြင့်​ငါ​သည်​စား လိုက်​သော​အ​ခါ​ထို​စာ​လိပ်​သည်​ပျား​ရည် ကဲ့​သို့​ချို​၏။
и сказал мне: сын человеческий! напитай чрево твое и наполни внутренность твою этим свитком, который Я даю тебе; и я съел, и было в устах моих сладко, как мед.
4 ထို​နောက်​ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​သွား​၍ ငါ​မိန့် တော်​မူ​သ​မျှ​တို့​ကို​ဆင့်​ဆို​လော့။-
И Он сказал мне: сын человеческий! встань и иди к дому Израилеву, и говори им Моими словами;
5 ငါ​သည်​သင့်​အား​မ​ရေ​ရာ​သော​စ​ကား​နှင့် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​ကို​ပြော​ဆို သူ​တို့​ထံ​သို့​စေ​လွှတ်​သည်​မ​ဟုတ်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ထံ​သို့​စေ​လွှတ်​၏။-
ибо не к народу с речью невнятною и с непонятным языком ты посылаешься, но к дому Израилеву,
6 မ​ရေ​ရာ​သော​စ​ကား​နှင့်​သင်​နား​လည်​ရန် ခက်​ခဲ​သော​ဘာ​သာ​ခြား​စ​ကား​များ​ကို ပြော​ဆို​သူ​လူ​မျိုး​များ​ထံ​သို့​သင့်​အား​ငါ စေ​လွှတ်​ခြင်း​မ​ဟုတ်။ အ​ကယ်​၍​စေ​လွှတ်​ပါ​မူ ထို​သူ​တို့​သည်​သင်​၏​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။-
не к народам многим с невнятною речью и с непонятным языком, которых слов ты не разумел бы; да если бы Я послал тебя и к ним, то они послушались бы тебя;
7 သို့​သော်​အ​ဘယ်​ဣ​သ​ရေ​လ​အ​မျိုး​သား​မျှ သင့်​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​စ​ကား​ကို​ပင်​နား​ထောင် ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​အား​လုံး​ပင် ခေါင်း​မာ​၍​အာ​ခံ​တတ်​သူ​များ​ဖြစ်​ကြ​၏။-
а дом Израилев не захочет слушать тебя; ибо они не хотят слушать Меня, потому что весь дом Израилев с крепким лбом и жестоким сердцем.
8 ယ​ခု​ငါ​သည်​သင့်​အား​ထို​သူ​တို့​ကဲ့​သို့ ခေါင်း​မာ​၍ ခိုင်​ခံ့​မာ​ကြော​စေ​မည်။-
Вот, Я сделал и твое лице крепким против лиц их, и твое чело крепким против их лба.
9 ငါ​သည်​သင်​၏​န​ဖူး​ကို​ကျောက်​ထက်​ပင် ခိုင်​ခံ့​စေ​၍ စိန်​ကဲ့​သို့​မာ​ကြော​စေ​မည်။ ထို ပုန်​ကန်​တတ်​သူ​တို့​ကို​မ​ကြောက်​နှင့်၊ မ​လန့် နှင့်'' ဟု​မိန့်​တော်​မူ​၏။
Как алмаз, который крепче камня, сделал Я чело твое; не бойся их и не страшись перед лицoм их, ибо они мятежный дом.
10 ၁၀ ကိုယ်​တော်​က​ဆက်​လက်​၍``အ​ချင်း​လူ​သား၊ ငါ​ပြော​သ​မျှ​သော​စ​ကား​တို့​ကို​သေ​ချာ စွာ​နား​ထောင်​မှတ်​သား​လော့။-
И сказал мне: сын человеческий! все слова Мои, которые буду говорить тебе, прими сердцем твоим и выслушай ушами твоими;
11 ၁၁ ထို​နောက်​ပြည်​နှင်​ဒဏ်​သင့်​သူ​သင်​၏​အ​မျိုး သား​များ​ထံ​သို့​သွား​လော့။ သူ​တို့​သင်​၏ စ​ကား​ကို​ဂ​ရု​စိုက်​သည်​ဖြစ်​စေ၊ မ​စိုက် သည်​ဖြစ်​စေ၊ ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ပြော ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
встань и пойди к переселенным, к сынам народа твоего, и говори к ним, и скажи им: “так говорит Господь Бог!” будут ли они слушать или не будут.
12 ၁၂ ထို​နောက်​ဝိ​ညာဉ်​တော်​သည်​ငါ့​ကို​ချီ​မ​တော် မူ​သော​အ​ခါ ငါ​၏​နောက်​မှ``ကောင်း​ကင်​ဘုံ ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ကို​ထော​မ​နာ​ပြု​ကြ​လော့'' ဟု​မိုး​ချုန်း​သံ ကဲ့​သို့​ကျယ်​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
И поднял меня дух; и я слышал позади себя великий громовой голос: “благословенна слава Господа от места своего!”
13 ၁၃ သတ္တ​ဝါ​လေး​ပါး​တို့​လေ​ထဲ​တွင်​တောင်​ပံ ခတ်​ကြ​သည့်​အ​သံ​ကို​လည်း​ကောင်း၊ ရ​ထား ဘီး​များ​၏​အ​သံ​ကို​လည်း​ကောင်း​ငါ​ကြား ရ​၏။ ထို​အ​သံ​များ​သည်​မြေ​င​လျင်​လှုပ်​သံ နှင့်​တူ​၏။-
и также шум крыльев животных, соприкасающихся одно к другому, и стук колес подле них, и звук сильного грома.
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မား​သော​တန်​ခိုး ဖြင့်​ငါ့​အ​ပေါ်​သက်​ရောက်​၍ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ယူ​ဆောင်​သွား​တော်​မူ​သော​အ​ခါ ငါ သည်​စိတ်​နာ​စိတ်​ဆိုး​လျက်​လိုက်​ပါ​သွား​၏။-
И дух поднял меня и взял меня. И шел я в огорчении, с встревоженным духом; и рука Господня была крепко на мне.
15 ၁၅ သို့​ဖြစ်​၍​ငါ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တို့ နေ​ထိုင်​ရာ​ခေ​ဗာ​မြစ်​အ​နီး​တေ​လ​ဗိ​ဗ​ရွာ သို့​သွား​၍ ငါ​တွေ့​မြင်​ခဲ့​ရ​သော​အ​မှု​အ​ရာ များ​ကြောင့်​ခု​နစ်​ရက်​ပတ်​လုံး​အံ့​အား​သင့် လျက်​နေ​၏။
И пришел я к переселенным в Тел-Авив, живущим при реке Ховаре, и остановился там, где они жили, и провел среди них семь дней в изумлении.
16 ၁၆ ခု​နစ်​ရက်​ကုန်​လွန်​သော​အ​ခါ ထာ​ဝရ​ဘု​ရား သည်​ငါ့​အား၊-
По прошествии же семи дней было ко мне слово Господне:
17 ၁၇ ``အ​ချင်း​လူ​သား၊ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​သင့်​အား​ကင်း​စောင့်​အ​ဖြစ်​ခန့် ထား​မည်။ ငါ​သ​တိ​ပေး​သည့်​စ​ကား​များ​ကို ကြား​နာ​၍ သင်​သည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်။-
сын человеческий! Я поставил тебя стражем дому Израилеву, и ты будешь слушать слово из уст Моих, и будешь вразумлять их от Меня.
18 ၁၈ ငါ​က​မ​ကောင်း​မှု​ပြု​သူ​တစ်​စုံ​တစ်​ယောက် သည်​သေ​ရ​လိမ့်​မည်​ဟု​ဆို​သော်​လည်း​ထို​သူ မ​သေ​ရ​လေ​အောင် သင်​သည်​သူ​၏​လမ်း​စဉ်​ကို ပြင်​ဆင်​ရန်​သ​တိ​မ​ပေး​ဘဲ​နေ​ပါ​မူ ထို​သူ သည်​မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက်​သေ ရ​လိမ့်​မည်။ ထို​အ​ခါ​ထို​သူ​သေ​ရ​သည့်​အ တွက်​သင့်​မှာ​တာ​ဝန်​ရှိ​သည်။-
Когда Я скажу беззаконнику: “смертью умрешь!”, а ты не будешь вразумлять его и говорить, чтобы остеречь беззаконника от беззаконного пути его, чтобы он жив был, то беззаконник тот умрет в беззаконии своем, и Я взыщу кровь его от рук твоих.
19 ၁၉ သင်​သည်​အ​ပြစ်​ကူး​လွန်​သူ​တစ်​စုံ​တစ် ယောက်​အား​အ​မှန်​ပင်​သတိ​ပေး​သော်​လည်း သူ​သည်​မိ​မိ​၏​ဒု​စ​ရိုက်​ကို​မ​ရပ်​မ​စဲ​ဘဲ​နေ ခဲ့​သော် မိ​မိ​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် သေ​ရ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သင့်​အား အ​သက်​ချမ်း​သာ​ပေး​မည်။''
Но если ты вразумлял беззаконника, а он не обратился от беззакония своего и от беззаконного пути своего, то он умрет в беззаконии своем, а ты спас душу твою.
20 ၂၀ ``သူ​တော်​ကောင်း​တစ်​ယောက်​သည်​မ​ကောင်း​မှု ကို​ပြု​လာ​သ​ဖြင့် ငါ​သည်​သူ့​အား​အန္တ​ရာယ် ရှိ​သော​အ​ခြေ​အ​နေ​သို့​ရောက်​စေ​၍​သူ​သည် သေ​ရ​မည်။ ထို​အ​ခါ​သင်​သည်​သူ့​ကို​သ​တိ မ​ပေး​ဘဲ​နေ​ပါ​မူ သူ​သည်​မိ​မိ​ကူး​လွန် သည့်​အ​ပြစ်​အ​တွက်​သေ​ရ​လိမ့်​မည်။ ယ​ခင် က​သူ​ပြု​သည့်​ကောင်း​မှု​များ​ကို​ငါ​သ​တိ ရ​လိမ့်​မည်​မ​ဟုတ်။ ထို​အ​ခါ​ထို​သူ​သေ​ရ သည့်​အ​တွက်​သင့်​မှာ​တာ​ဝန်​ရှိ​၏။-
И если праведник отступит от правды своей и поступит беззаконно, когда Я положу пред ним преткновение, и он умрет, то, если ты не вразумлял его, он умрет за грех свой, и не припомнятся ему праведные дела его, какие делал он; и Я взыщу кровь его от рук твоих.
21 ၂၁ သင်​သည်​ဖြောင့်​မတ်​သော​သူ​တစ်​စုံ​တစ်​ယောက် အား အ​ပြစ်​မ​ကူး​လွန်​စေ​ရန်​သ​တိ​ပေး​၍ သူ​သည်​လည်း​သင့်​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ်​မ​ကူး​လွန်​ဘဲ​နေ​ပါ​မူ​သူ​သည်​သေ ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​လည်း​အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Если же ты будешь вразумлять праведника, чтобы праведник не согрешил, и он не согрешит, то и он жив будет, потому что был вразумлен, и ты спас душу твою.
22 ၂၂ ငါ​သည်​ထာ​ဝရ​ဘု​ရား​၏​တန်​ခိုး​တော်​အ​ရှိန် ကို​တွေ့​ထိ​ခံ​စား​ရ​၍​ကိုယ်​တော်​က​ငါ့ အား``ထ​၍​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​လော့။ ထို အ​ရပ်​တွင်​သင့်​အား​ငါ​မိန့်​ကြား​မည်'' ဟု မိန့်​တော်​မူ​သော​အ​သံ​ကို​ကြား​ရ​၏။
И была на мне там рука Господа, и Он сказал мне: встань и выйди в поле, и Я буду говорить там с тобою.
23 ၂၃ သို့​ဖြစ်​၍​ငါ​သည်​ချိုင့်​ဝှမ်း​ထဲ​သို့​သွား​ရာ ခေ​ဗာ​မြစ်​အ​နီး​တွင်​ငါ​ဖူး​မြင်​ရ​သ​ကဲ့ သို့ ထို​အ​ရပ်​တွင်​ဘုရား​သ​ခင်​၏​ဘုန်း​အ​သ ရေ​တော်​ကို​ဖူး​မြင်​ရ​၏။ ငါ​သည်​မြေ​ပေါ် သို့​လှဲ​ချ​ပျပ်​ဝပ်​လိုက်​၏။-
И встал я, и вышел в поле; и вот, там стояла слава Господня, как слава, которую видел я при реке Ховаре; и пал я на лице свое.
24 ၂၄ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် ငါ​၏​အ​တွင်း​သို့​ဝင်​၍​ငါ့​အား​မတ်​တပ်​ရပ် စေ​တော်​မူ​၏။ ထာ​ဝ​ရ​ဘုရား​က``သင်​သည် မိ​မိ​အိမ်​သို့​ပြန်​ပြီး​လျှင်​အိမ်​တွင်​ပိတ်​နေ​လော့။-
И вошел в меня дух, и поставил меня на ноги мои, и Он говорил со мною, и сказал мне: иди и запрись в доме твоем.
25 ၂၅ အ​ချင်း​လူ​သား​သင့်​အား​ကြိုး​ဖြင့်​ချည် နှောင်​ထား​မည်​ဖြစ်​၍ သင်​သည်​လူ​အ​များ​၏ ရှေ့​သို့​ထွက်​နိုင်​လိမ့်​မည်​မ​ဟုတ်။-
И ты, сын человеческий, - вот, возложат на тебя узы, и свяжут тебя ими, и не будешь ходить среди них.
26 ၂၆ ဤ​ပုန်​ကန်​တတ်​သူ​တို့​အား​သ​တိ​မ​ပေး နိုင်​စေ​ရန် ငါ​သည်​သင်​၏​လျှာ​ကို​အာ​ခေါင် တွင်​ကပ်​၍​နေ​စေ​မည်။-
И язык твой Я прилеплю к гортани твоей, и ты онемеешь и не будешь обличителем их, ибо они мятежный дом.
27 ၂၇ ထို​နောက်​သင့်​အား​ငါ​တစ်​ဖန်​ပြော​ကြား​စေ လို​သော​အ​ခါ​၌​သင်​၏​နှုတ်​ကို​ဖွင့်​မည်။ ထို အ​ခါ​သင်​သည်​သူ​တို့​အား​ငါ့​အ​ရှင်​ထာ​ဝရ ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်​ဟု​ဆင့်​ဆို​ရ မည်။ အ​ချို့​သော​သူ​တို့​သည်​သင့်​စ​ကား​ကို နား​ထောင်​၍ အ​ချို့​တို့​သည်​နား​မ​ထောင်​ဘဲ နေ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ တို့​သည်​ပုန်​ကန်​တတ်​သော​လူ​မျိုး​ဖြစ်​သော ကြောင့်​တည်း။''
А когда Я буду говорить с тобою, тогда открою уста твои, и ты будешь говорить им: “так говорит Господь Бог!” кто хочет слушать, слушай; а кто не хочет слушать, не слушай: ибо они мятежный дом.

< ယေဇကျေလ 3 >