< ယေဇကျေလ 3 >
1 ၁ ကိုယ်တော်က``အချင်းလူသား၊ ဤစာလိပ်ကို စားလော့။ ထိုနောက်ဣသရေလအမျိုးသား တို့ထံသို့သွား၍ဟောပြောလော့'' ဟုမိန့် တော်မူ၏။
Et dixit ad me: Fili hominis quodcumque inveneris comede: comede volumen istud, et vadens loquere ad filios Israel.
2 ၂ သို့ဖြစ်၍ငါသည်ခံတွင်းကိုဟလိုက်ရာ ကိုယ်တော်သည် ငါစားရန်အတွက်စာလိပ် ကိုပေးတော်မူ၏။-
Et aperui os meum, et cibavit me volumine illo:
3 ၃ ကိုယ်တော်က``အချင်းလူသားသင့်အား ငါပေးသည့်စာလိပ်ကိုဝမ်းပြည့်အောင်စား လော့'' ဟုမိန့်တော်မူသဖြင့်ငါသည်စား လိုက်သောအခါထိုစာလိပ်သည်ပျားရည် ကဲ့သို့ချို၏။
et dixit ad me: Fili hominis venter tuus comedet, et viscera tua complebuntur volumine isto, quod ego do tibi. Et comedi illud: et factum est in ore meo sicut mel dulce.
4 ၄ ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ဣသ ရေလအမျိုးသားတို့ထံသို့သွား၍ ငါမိန့် တော်မူသမျှတို့ကိုဆင့်ဆိုလော့။-
Et dixit ad me: Fili hominis vade ad domum Israel, et loqueris verba mea ad eos.
5 ၅ ငါသည်သင့်အားမရေရာသောစကားနှင့် ခက်ခဲသောဘာသာခြားစကားကိုပြောဆို သူတို့ထံသို့စေလွှတ်သည်မဟုတ်။ ဣသရေလ အမျိုးသားတို့ထံသို့စေလွှတ်၏။-
Non enim ad populum profundi sermonis, et ignotæ linguæ tu mitteris ad domum Israel:
6 ၆ မရေရာသောစကားနှင့်သင်နားလည်ရန် ခက်ခဲသောဘာသာခြားစကားများကို ပြောဆိုသူလူမျိုးများထံသို့သင့်အားငါ စေလွှတ်ခြင်းမဟုတ်။ အကယ်၍စေလွှတ်ပါမူ ထိုသူတို့သည်သင်၏စကားကိုနားထောင် ကြလိမ့်မည်။-
neque ad populos multos profundi sermonis, et ignotæ linguæ, quorum non possis audire sermones: et si ad illos mittereris, ipsi audirent te.
7 ၇ သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-
Domus autem Israel nolunt audire te: quia nolunt audire me. Omnis quippe domus Israel attrita fronte est, et duro corde.
8 ၈ ယခုငါသည်သင့်အားထိုသူတို့ကဲ့သို့ ခေါင်းမာ၍ ခိုင်ခံ့မာကြောစေမည်။-
Ecce dedi faciem tuam valentiorem faciebus eorum, et frontem tuam duriorem frontibus eorum.
9 ၉ ငါသည်သင်၏နဖူးကိုကျောက်ထက်ပင် ခိုင်ခံ့စေ၍ စိန်ကဲ့သို့မာကြောစေမည်။ ထို ပုန်ကန်တတ်သူတို့ကိုမကြောက်နှင့်၊ မလန့် နှင့်'' ဟုမိန့်တော်မူ၏။
Ut adamantem, et ut silicem dedi faciem tuam: ne timeas eos, neque metuas a facie eorum: quia domus exasperans est.
10 ၁၀ ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။-
Et dixit ad me: Fili hominis omnes sermones meos, quos ego loquor ad te, assume in corde tuo, et auribus tuis audi:
11 ၁၁ ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။
Et vade ingredere ad transmigrationem, ad filios populi tui, et loqueris ad eos, et dices eis: Hæc dicit Dominus Deus: si forte audiant, et quiescant.
12 ၁၂ ထိုနောက်ဝိညာဉ်တော်သည်ငါ့ကိုချီမတော် မူသောအခါ ငါ၏နောက်မှ``ကောင်းကင်ဘုံ ရှိထာဝရဘုရား၏ဘုန်းအသရေတော် ကိုထောမနာပြုကြလော့'' ဟုမိုးချုန်းသံ ကဲ့သို့ကျယ်သောအသံကိုငါကြားရ၏။-
Et assumpsit me Spiritus, et audivi post me vocem commotionis magnæ: Benedicta gloria Domini de loco suo,
13 ၁၃ သတ္တဝါလေးပါးတို့လေထဲတွင်တောင်ပံ ခတ်ကြသည့်အသံကိုလည်းကောင်း၊ ရထား ဘီးများ၏အသံကိုလည်းကောင်းငါကြား ရ၏။ ထိုအသံများသည်မြေငလျင်လှုပ်သံ နှင့်တူ၏။-
et vocem alarum animalium percutientium alteram ad alteram, et vocem rotarum sequentium animalia, et vocem commotionis magnæ.
14 ၁၄ ထာဝရဘုရားသည်ကြီးမားသောတန်ခိုး ဖြင့်ငါ့အပေါ်သက်ရောက်၍ ဝိညာဉ်တော်သည် ငါ့ကိုယူဆောင်သွားတော်မူသောအခါ ငါ သည်စိတ်နာစိတ်ဆိုးလျက်လိုက်ပါသွား၏။-
Spiritus quoque levavit me, et assumpsit me: et abii amarus in indignatione spiritus mei: manus enim Domini erat mecum, confortans me.
15 ၁၅ သို့ဖြစ်၍ငါသည်ပြည်နှင်ဒဏ်သင့်သူတို့ နေထိုင်ရာခေဗာမြစ်အနီးတေလဗိဗရွာ သို့သွား၍ ငါတွေ့မြင်ခဲ့ရသောအမှုအရာ များကြောင့်ခုနစ်ရက်ပတ်လုံးအံ့အားသင့် လျက်နေ၏။
Et veni ad transmigrationem, ad acervum novarum frugum, ad eos, qui habitabant iuxta flumen Chobar, et sedi ubi illi sedebant: et mansi ibi septem diebus mœrens in medio eorum.
16 ၁၆ ခုနစ်ရက်ကုန်လွန်သောအခါ ထာဝရဘုရား သည်ငါ့အား၊-
Cum autem pertransissent septem dies, factum est verbum Domini ad me, dicens:
17 ၁၇ ``အချင်းလူသား၊ ငါသည်ဣသရေလအမျိုး သားတို့အတွက်သင့်အားကင်းစောင့်အဖြစ်ခန့် ထားမည်။ ငါသတိပေးသည့်စကားများကို ကြားနာ၍ သင်သည်သူတို့အားဆင့်ဆိုရမည်။-
Fili hominis speculatorem dedi te domui Israel: et audies de ore meo verbum, et annunciabis eis ex me.
18 ၁၈ ငါကမကောင်းမှုပြုသူတစ်စုံတစ်ယောက် သည်သေရလိမ့်မည်ဟုဆိုသော်လည်းထိုသူ မသေရလေအောင် သင်သည်သူ၏လမ်းစဉ်ကို ပြင်ဆင်ရန်သတိမပေးဘဲနေပါမူ ထိုသူ သည်မိမိကူးလွန်သည့်အပြစ်အတွက်သေ ရလိမ့်မည်။ ထိုအခါထိုသူသေရသည့်အ တွက်သင့်မှာတာဝန်ရှိသည်။-
Si dicente me ad impium: Morte morieris: non annunciaveris ei, neque locutus fueris ut avertatur a via sua impia, et vivat: ipse impius in iniquitate sua morietur, sanguinem autem eius de manu tua requiram.
19 ၁၉ သင်သည်အပြစ်ကူးလွန်သူတစ်စုံတစ် ယောက်အားအမှန်ပင်သတိပေးသော်လည်း သူသည်မိမိ၏ဒုစရိုက်ကိုမရပ်မစဲဘဲနေ ခဲ့သော် မိမိကူးလွန်သည့်အပြစ်အတွက် သေရလိမ့်မည်။ ထိုအခါငါသည်သင့်အား အသက်ချမ်းသာပေးမည်။''
Si autem tu annunciaveris impio, et ille non fuerit conversus ab impietate sua, et a via sua impia: ipse quidem in iniquitate sua morietur, tu autem animam tuam liberasti.
20 ၂၀ ``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
Sed et si conversus iustus a iustitia sua fuerit, et fecerit iniquitatem: ponam offendiculum coram eo, ipse morietur, quia non annunciasti ei: in peccato suo morietur, et non erunt in memoria iustitiæ eius, quas fecit: sanguinem vero eius de manu tua requiram.
21 ၂၁ သင်သည်ဖြောင့်မတ်သောသူတစ်စုံတစ်ယောက် အား အပြစ်မကူးလွန်စေရန်သတိပေး၍ သူသည်လည်းသင့်စကားကိုနားထောင်ကာ အပြစ်မကူးလွန်ဘဲနေပါမူသူသည်သေ ရလိမ့်မည်မဟုတ်။ သင်သည်လည်းအသက် ချမ်းသာရာရလိမ့်မည်'' ဟုမိန့်တော်မူ၏။
Si autem tu annunciaveris iusto ut non peccet iustus, et ille non peccaverit: vivens vivet, quia annunciasti ei, et tu animam tuam liberasti.
22 ၂၂ ငါသည်ထာဝရဘုရား၏တန်ခိုးတော်အရှိန် ကိုတွေ့ထိခံစားရ၍ကိုယ်တော်ကငါ့ အား``ထ၍ချိုင့်ဝှမ်းထဲသို့သွားလော့။ ထို အရပ်တွင်သင့်အားငါမိန့်ကြားမည်'' ဟု မိန့်တော်မူသောအသံကိုကြားရ၏။
Et facta est super me manus Domini, et dixit ad me: Surgens egredere in campum, et ibi loquar tecum.
23 ၂၃ သို့ဖြစ်၍ငါသည်ချိုင့်ဝှမ်းထဲသို့သွားရာ ခေဗာမြစ်အနီးတွင်ငါဖူးမြင်ရသကဲ့ သို့ ထိုအရပ်တွင်ဘုရားသခင်၏ဘုန်းအသ ရေတော်ကိုဖူးမြင်ရ၏။ ငါသည်မြေပေါ် သို့လှဲချပျပ်ဝပ်လိုက်၏။-
Et surgens egressus sum in campum: et ecce ibi gloria Domini stabat quasi gloria, quam vidi iuxta fluvium Chobar: et cecidi in faciem meam.
24 ၂၄ သို့ရာတွင်ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ၏အတွင်းသို့ဝင်၍ငါ့အားမတ်တပ်ရပ် စေတော်မူ၏။ ထာဝရဘုရားက``သင်သည် မိမိအိမ်သို့ပြန်ပြီးလျှင်အိမ်တွင်ပိတ်နေလော့။-
Et ingressus est in me Spiritus, et statuit me super pedes meos: et locutus est mihi, et dixit ad me: Ingredere, et includere in medio domus tuæ.
25 ၂၅ အချင်းလူသားသင့်အားကြိုးဖြင့်ချည် နှောင်ထားမည်ဖြစ်၍ သင်သည်လူအများ၏ ရှေ့သို့ထွက်နိုင်လိမ့်မည်မဟုတ်။-
Et tu fili hominis, ecce data sunt super te vincula, et ligabunt te in eis: et non egredieris de medio eorum.
26 ၂၆ ဤပုန်ကန်တတ်သူတို့အားသတိမပေး နိုင်စေရန် ငါသည်သင်၏လျှာကိုအာခေါင် တွင်ကပ်၍နေစေမည်။-
Et linguam tuam adhærere faciam palato tuo, et eris mutus, nec quasi vir obiurgans: quia domus exasperans est.
27 ၂၇ ထိုနောက်သင့်အားငါတစ်ဖန်ပြောကြားစေ လိုသောအခါ၌သင်၏နှုတ်ကိုဖွင့်မည်။ ထို အခါသင်သည်သူတို့အားငါ့အရှင်ထာဝရ ဘုရား ဤသို့မိန့်တော်မူသည်ဟုဆင့်ဆိုရ မည်။ အချို့သောသူတို့သည်သင့်စကားကို နားထောင်၍ အချို့တို့သည်နားမထောင်ဘဲ နေကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ တို့သည်ပုန်ကန်တတ်သောလူမျိုးဖြစ်သော ကြောင့်တည်း။''
Cum autem locutus fuero tibi, aperiam os tuum, et dices ad eos: Hæc dicit Dominus Deus: Qui audit, audiat: et qui quiescit, quiescat: quia domus exasperans est.