< ယေဇကျေလ 29 >
1 ၁ ငါတို့ပြည်နှင်ဒဏ်ခံသောဆယ်နှစ်မြောက်၊ ဒသမလ၊ လဆန်းတစ်ဆယ့်နှစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
၁သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 ၂ ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် ကိုရှုတ်ချလော့။ သူနှင့်တကွအီဂျစ်တစ် ပြည်လုံးအပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။-
၂အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊
3 ၃ အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
၃အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက် ၌ ငါနေ၏။
4 ၄ ငါသည်သင်၏မေးရိုးကိုသံချိတ်ဖြင့်ချိတ် ၍ သင်၏မြစ်ထဲမှငါးတို့ကိုသင့်ကိုယ်တွင် ကပ်၍နေစေမည်။-
၄သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
5 ၅ ထိုနောက်ယင်းသို့ကပ်နေသည့်ငါးများနှင့် တကွ သင့်အားနိုင်းမြစ်ထဲမှဆွဲထုတ်ကာ၊ တောကန္တာရ၌ပစ်ထားမည်။ သင်၏အလောင်း သည်မြေပေါ်သို့ကျလိမ့်မည်။ သင်္ဂြိုဟ်ခြင်း ကိုခံရမည်မဟုတ်။ ငှက်များ၊ တိရစ္ဆာန် များ၏အစာဖြစ်စေမည်။-
၅သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ။ တောသားရဲများ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ်၏။
6 ၆ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း အီဂျစ်ပြည်သားအပေါင်း တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အတွက် သင်သည်ကူရိုးမျှသာဖြစ်၏။-
၆ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်း မူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝေး ဖြစ်လေပြီ။
7 ၇ သူတို့သည်သင်၏အပေါ်သို့အားပြုလိုက် သောအခါ သင်သည်ကျိုးပြတ်၍သူတို့၏ ပခုံးများကိုထိရှကာသူတို့၏ခါးများ ကိုလိမ်ဆွဲစေ၏။-
၇သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး၍ သူတို့ခါးကို နာစေ၏။
8 ၈ သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်ဋ္ဌားလက်နက်စွဲ ကိုင်သူတို့အားသင့်ကိုတိုက်ခိုက်ရန်စေလွှတ် မည်။ သူတို့သည်သင်၏လူများ၊ တိရစ္ဆာန်များ ကိုသတ်ဖြတ်ကြလိမ့်မည်။-
၈သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
9 ၉ အီဂျစ်ပြည်သည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ဘုရားသခင် ဖြစ်တော်မူသည်ကိုသင်တို့သိရှိရလိမ့် မည်။'' ``နိုင်းမြစ်သည်သင်၏ကိုယ်ပိုင်ပစ္စည်း၊ သင်ဖန် ဆင်းသောအရာဖြစ်သည်ဟုဆိုသဖြင့်၊-
၉အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊
10 ၁၀ ငါသည်သင်၏ရန်သူ၊ နိုင်းမြစ်၏ရန်သူ ဖြစ်၏။ မြောက်ဘက်ရှိမိဂဒေါလမြို့မှသည် တောင်ဘက်သုဏေမြို့တိုင်အောင်၊ ဆူဒန်နယ် စပ်အထိအီဂျစ်ပြည်တစ်ပြည်လုံးကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။-
၁၀သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည်။
11 ၁၁ မည်သည့်လူနှင့်တိရစ္ဆာန်မျှထိုပြည်ကို ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။ အနှစ် လေးဆယ်တိုင်တိုင်ထိုပြည်တွင်နေသူရှိ လိမ့်မည်မဟုတ်။-
၁၁အနှစ်လေးဆယ်ပတ်လုံး လူရှောက်၍မသွားရ။ တိရစ္ဆာန်လည်း ရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။
12 ၁၂ ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၂ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။
13 ၁၃ အရှင်ထာဝရဘုရားက``အနှစ်လေးဆယ် ကြာသောအခါ အီဂျစ်ပြည်သားတို့အား ငါပျံ့နှံ့စေရာအရပ်များမှပြန်လည် ခေါ်ဆောင်ကာ၊-
၁၃သို့ရာတွင်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေး စေမည်။
14 ၁၄ သူတို့၏မူရင်းဌာနေဖြစ်သောအီဂျစ် ပြည်တောင်ပိုင်းတွင်နေထိုင်စေမည်။ သူတို့ ၏နိုင်ငံသည်သိမ်ငယ်သောနိုင်ငံဖြစ်လိမ့် မည်။-
၁၄သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
15 ၁၅ နိုင်ငံတကာတွင်အသိမ်ငယ်ဆုံးဖြစ်၍ အခြားနိုင်ငံများကို အဘယ်အခါ၌မျှ အုပ်စိုးရလိမ့်မည်မဟုတ်။ ငါသည်သူတို့ အားအလွန်သိမ်ဖျင်းစေမည်ဖြစ်၍ သူတို့ သည်အဘယ်လူမျိုးအပေါ်တွင်မျှသြ ဇာအာဏာလွှမ်းမိုးနိုင်ကြလိမ့်မည်မ ဟုတ်။-
၁၅တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည်။
16 ၁၆ ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၁၆ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့်၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ၏။
17 ၁၇ ငါတို့ပြည်နှင်ဒဏ်ခံသောနှစ်ဆယ့်ခုနစ် နှစ်မြောက်ပထမလ၊ လဆန်းတစ်ရက်နေ့ ၌ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
၁၇သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပဌမလ တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
18 ၁၈ ကိုယ်တော်က``အချင်းလူသား၊ ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာသည်တုရုမြို့ကို တိုက်ခိုက်ခဲ့၏။ သူသည်မိမိ၏စစ်သူရဲ တို့အားအလွန်လေးလံသောဝန်တို့ကို ထမ်းစေသည်ဖြစ်၍ သူတို့၏ခေါင်းပြောင် ၍ပခုံးများသည်လည်းပေါက်ပြဲကုန်၏။ ယင်းသို့ဒုက္ခခံသော်လည်းစစ်သူရဲနှင့် ဘုရင်သည်အဘယ်အကျိုးကိုမျှ မခံစားရကြ။-
၁၈အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တဘက်၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ။ ပခုံးလည်းပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။
19 ၁၉ သို့ဖြစ်၍ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်မှာ အီဂျစ်ပြည်ကိုဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာမင်း၏လက်သို့ငါအပ်မည်။ သူသည်လုယက်တိုက်ခိုက်ကာအီဂျစ်ပြည် ၏ဥစ္စာဋ္ဌနရှိသမျှကို မိမိ၏တပ်မတော် အတွက်သိမ်းယူသွားလိမ့်မည်။-
၁၉သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည်။ ထိုမင်သည် ပြည်သားအလုံးအရင်းကို၎င်း၊ လက်ရဥစ္စာအမျိုးမျိုးကို၎င်း၊ သိမ်းယူပြီးလျှင်၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည်။
20 ၂၀ သူသည်မိမိ၏တပ်မတော်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ခဲ့သည်ဖြစ်၍ ငါသည် သူ့အားအီဂျစ်ပြည်ကိုပေးမည်။ ဤကား ငါအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
၂၀ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့ တဘက်၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။
21 ၂၁ ``ထိုအမှုအရာများဖြစ်ပျက်လာသော အခါ ငါသည်ဣသရေလအမျိုးသားတို့ အားဦးချိုတည်းဟူသောခွန်အားကြီးစေ မည်။ ထိုနောက်အချင်းယေဇကျေလ၊ ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း လူအပေါင်းတို့သိရှိကြစေရန်သင့်အား ဟောပြောစေမည်''ဟုမိန့်တော်မူ၏။
၂၁ထိုကာလ၌ ဣသရေလမျိုး၏ ချိုကိုအပေါက် စ၍၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။