< ယေဇကျေလ 29 >

1 ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​ဆယ်​နှစ်​မြောက်၊ ဒ​သ​မ​လ၊ လ​ဆန်း​တစ်​ဆယ့်​နှစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
Nan dizyèm ane, nan dizyèm mwa, nan douz nan mwa a, pawòl SENYÈ a te vin kote mwen. Li te di:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အီ​ဂျစ်​ဘုရင် ကို​ရှုတ်​ချ​လော့။ သူ​နှင့်​တ​ကွ​အီ​ဂျစ်​တစ် ပြည်​လုံး​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။-
Fis a lòm, mete figi ou kont Farawon, wa Égypte la, e pwofetize kont li ak tout Égypte.
3 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​သည်​ကို အီ​ဂျစ်​ဘု​ရင်​ဖာ​ရော​မင်း​အား ဆင့်​ဆို​ရ​မည်​မှာ မြစ်​ထဲ​ရှိ​ခွန်​အား​ကြီး​မား သော​အ​ချင်း​မိ​ကျောင်း၊ ငါ​သည်​သင်​၏​ရန်​သူ ဖြစ်​၏။ နိုင်း​မြစ်​ကို​သင်​ပိုင်​သည်၊ ထို​မြစ်​ကား သင်​ဖန်​ဆင်း​ထား​သော​အ​ရာ​ဖြစ်​သည်​ဟု သင်​ဆို​၏။-
Pale e di: ‘Konsa pale Senyè BONDYE a, “Gade byen, Mwen kont ou, Farawon, wa Égypte, gwo mons la ki kouche nan mitan rivyè li yo, k ap di: ‘Rivyè Nil lan se pou mwen e se mwen menm ki te fè li.’
4 ငါ​သည်​သင်​၏​မေး​ရိုး​ကို​သံ​ချိတ်​ဖြင့်​ချိတ် ၍ သင်​၏​မြစ်​ထဲ​မှ​ငါး​တို့​ကို​သင့်​ကိုယ်​တွင် ကပ်​၍​နေ​စေ​မည်။-
Mwen va mete gwo kwòk nan machwè ou e fè pwason larivyè ou yo vin kole sou kal ou yo. Konsa, Mwen va rale fè ou sòti nan mitan rivyè ou yo, ansanm ak tout pwason larivyè ou yo k ap kole sou kal ou yo.
5 ထို​နောက်​ယင်း​သို့​ကပ်​နေ​သည့်​ငါး​များ​နှင့် တ​ကွ သင့်​အား​နိုင်း​မြစ်​ထဲ​မှ​ဆွဲ​ထုတ်​ကာ၊ တော​ကန္တာ​ရ​၌​ပစ်​ထား​မည်။ သင်​၏​အ​လောင်း သည်​မြေ​ပေါ်​သို့​ကျ​လိမ့်​မည်။ သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​မည်​မ​ဟုတ်။ ငှက်​များ၊ တိ​ရစ္ဆာန် များ​၏​အ​စာ​ဖြစ်​စေ​မည်။-
Mwen va jete ou lwen nan dezè a, ou menm ak tout pwason rivyè ou yo. Ou va tonbe nan chan ouvri. Ou p ap rasanble ni reyini ankò. Mwen te bay ou kon manje bèt latè ak zwazo syèl yo.
6 ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း အီ​ဂျစ်​ပြည်​သား​အ​ပေါင်း တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် သင်​သည်​ကူ​ရိုး​မျှ​သာ​ဖြစ်​၏။-
“‘“Konsa, tout moun ki rete an Égypte va konnen ke Mwen se SENYÈ a. Paske yo te sèlman yon gòl fèt ak wozo pou lakay Israël.
7 သူ​တို့​သည်​သင်​၏​အ​ပေါ်​သို့​အား​ပြု​လိုက် သော​အ​ခါ သင်​သည်​ကျိုး​ပြတ်​၍​သူ​တို့​၏ ပ​ခုံး​များ​ကို​ထိ​ရှ​ကာ​သူ​တို့​၏​ခါး​များ ကို​လိမ်​ဆွဲ​စေ​၏။-
Lè yo te kenbe ou nan men yo, ou te kraze e chire tout men ak zepòl yo, Epi lè yo te apiye sou ou, ou te kraze kwis yo.”
8 သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား ငါ​သည်​ဋ္ဌား​လက်​နက်​စွဲ ကိုင်​သူ​တို့​အား​သင့်​ကို​တိုက်​ခိုက်​ရန်​စေ​လွှတ် မည်။ သူ​တို့​သည်​သင်​၏​လူ​များ၊ တိ​ရစ္ဆာန်​များ ကို​သတ်​ဖြတ်​ကြ​လိမ့်​မည်။-
“‘Akoz sa, pale Senyè BONDYE a: “Gade byen, Mwen va mennen sou ou nepe a, e Mwen va koupe retire nèt de ou ni moun, ni bèt.
9 အီ​ဂျစ်​ပြည်​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို​သင်​တို့​သိ​ရှိ​ရ​လိမ့် မည်။'' ``နိုင်း​မြစ်​သည်​သင်​၏​ကိုယ်​ပိုင်​ပစ္စည်း၊ သင်​ဖန် ဆင်း​သော​အ​ရာ​ဖြစ်​သည်​ဟု​ဆို​သ​ဖြင့်၊-
Peyi Égypte va devni yon dezolasyon ak yon savann dezole. Konsa, yo va konnen ke Mwen se SENYÈ a. “‘“Paske ou te di: ‘Larivyè Nil lan se pou mwen e mwen te fè l.’
10 ၁၀ ငါ​သည်​သင်​၏​ရန်​သူ၊ နိုင်း​မြစ်​၏​ရန်​သူ ဖြစ်​၏။ မြောက်​ဘက်​ရှိ​မိ​ဂ​ဒေါ​လ​မြို့​မှ​သည် တောင်​ဘက်​သု​ဏေ​မြို့​တိုင်​အောင်၊ ဆူ​ဒန်​နယ် စပ်​အ​ထိ​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။-
Pou sa, gade byen, Mwen kont ou, e Mwen kont rivyè ou yo. Mwen va fè peyi Égypte vin yon savann dezole ak yon dezolasyon, soti Migdol jis rive Syène, menm pou rive nan lizyè Éthiopie.
11 ၁၁ မည်​သည့်​လူ​နှင့်​တိ​ရစ္ဆာန်​မျှ​ထို​ပြည်​ကို ဖြတ်​သန်း​သွား​လာ​လိမ့်​မည်​မ​ဟုတ်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​ထို​ပြည်​တွင်​နေ​သူ​ရှိ လိမ့်​မည်​မ​ဟုတ်။-
Pye a moun p ap pase ladann, pye a bèt p ap pase ladann, e l ap rete san moun pandan karantan.
12 ၁၂ ငါ​သည်​အီ​ဂျစ်​ပြည်​ကို​ကမ္ဘာ​ပေါ်​တွင်​လူ​သူ အ​ဆိတ်​ငြိမ်​ဆုံး​အ​ရပ်​ဖြစ်​စေ​မည်။ အ​နှစ် လေး​ဆယ်​တိုင်​တိုင်​အီ​ဂျစ်​ပြည်​မှ​မြို့​များ သည်​အ​ခြား​အ​ဘယ်​မြို့​နှင့်​မျှ​မ​တူ​အောင် ပျက်​စီး​ယို​ယွင်း​၍​နေ​လိမ့်​မည်။ ငါ​သည် အီ​ဂျစ်​ပြည်​သား​တို့​အား​ဒုက္ခ​သည်​များ ဖြစ်​စေ​မည်။ သူ​တို့​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ထွက်​ပြေး​ကာ​လူ​မျိုး ခြား​တို့​ထံ​တွင်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Konsa, Mwen va fè peyi Égypte vin yon dezolasyon nan mitan peyi ki dezole yo. Vil li yo, nan mitan a vil ki fin devaste nèt yo, yo va dezole pandan karantan. Mwen va gaye Ejipsyen yo pami nasyon yo, e lage yo toupatou pami peyi yo.”
13 ၁၃ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``အ​နှစ်​လေး​ဆယ် ကြာ​သော​အ​ခါ အီ​ဂျစ်​ပြည်​သား​တို့​အား ငါ​ပျံ့​နှံ့​စေ​ရာ​အ​ရပ်​များ​မှ​ပြန်​လည် ခေါ်​ဆောင်​ကာ၊-
“‘Paske konsa pale Senyè BONDYE a: “Nan fen karantan an, Mwen va rasanble Ejipsyen yo soti nan pèp kote yo te gaye yo.
14 ၁၄ သူ​တို့​၏​မူ​ရင်း​ဌာ​နေ​ဖြစ်​သော​အီ​ဂျစ် ပြည်​တောင်​ပိုင်း​တွင်​နေ​ထိုင်​စေ​မည်။ သူ​တို့ ၏​နိုင်​ငံ​သည်​သိမ်​ငယ်​သော​နိုင်​ငံ​ဖြစ်​လိမ့် မည်။-
Mwen va ranvèse fòtin li yo, e fè yo retounen nan peyi Pathros, nan peyi orijin yo. La, yo va rete yon wayòm ki fèb.
15 ၁၅ နိုင်​ငံ​တ​ကာ​တွင်​အ​သိမ်​ငယ်​ဆုံး​ဖြစ်​၍ အ​ခြား​နိုင်​ငံ​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ အုပ်​စိုး​ရ​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​သူ​တို့ အား​အ​လွန်​သိမ်​ဖျင်း​စေ​မည်​ဖြစ်​၍ သူ​တို့ သည်​အ​ဘယ်​လူ​မျိုး​အ​ပေါ်​တွင်​မျှ​သြ ဇာ​အာ​ဏာ​လွှမ်း​မိုး​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-
Li va pi fèb pami wayòm yo e li p ap janm leve tèt li ankò kon chèf lòt nasyon yo. Mwen va fè yo tèlman vin piti ke yo p ap renye sou lòt nasyon yo.
16 ၁၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သူ​တို့ အား နောင်​အ​ဘယ်​အ​ခါ​၌​မျှ​မှီ​ခို​အား ကိုး​ကြ​တော့​မည်​မ​ဟုတ်။ ယင်း​သို့​အား ကိုး​မိ​ခဲ့​သည့်​အ​တွက်​မိ​မိ​တို့​အ​ဘယ် မျှ​မှား​ကြောင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​ကြုံ​တွေ့​ရ​သည့် ကံ​ကြမ္မာ​က​ပြန်​လည်​သ​တိ​ရ​စေ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Konsa, li p ap janm sèvi ankò kon konfyans pou lakay Israël la, pou l pa kontinyepote nan tèt yo, inikite lè yo te vire kote Égypte la. Epi yo va konnen ke Mwen se Senyè BONDYE a.”’”
17 ၁၇ ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​နှစ်​ဆယ့်​ခု​နစ် နှစ်​မြောက်​ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့ ၌​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
Alò, nan venn-setyèm ane, nan premye mwa, nan premye jou nan mwa a, pawòl SENYÈ a te vin kote mwen. Li te di:
18 ၁၈ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​တု​ရု​မြို့​ကို တိုက်​ခိုက်​ခဲ့​၏။ သူ​သည်​မိ​မိ​၏​စစ်​သူ​ရဲ တို့​အား​အ​လွန်​လေး​လံ​သော​ဝန်​တို့​ကို ထမ်း​စေ​သည်​ဖြစ်​၍ သူ​တို့​၏​ခေါင်း​ပြောင် ၍​ပ​ခုံး​များ​သည်​လည်း​ပေါက်​ပြဲ​ကုန်​၏။ ယင်း​သို့​ဒုက္ခ​ခံ​သော်​လည်း​စစ်​သူ​ရဲ​နှင့် ဘု​ရင်​သည်​အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ခံ​စား​ရ​ကြ။-
“Fis a lòm, Nebucadnetsar, wa Babylone nan, te fè lame li a travay di kont Tyr; tout tèt te vin chòv e tout epòl te fwote vin fè maleng. Men li menm ak lame li pa t reyisi salè soti nan Tyre pou travay li te fè kont li an.
19 ၁၉ သို့​ဖြစ်​၍​ငါ​အရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သည်​မှာ အီ​ဂျစ်​ပြည်​ကို​ဗာ​ဗု​လုန်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​၏​လက်​သို့​ငါ​အပ်​မည်။ သူ​သည်​လု​ယက်​တိုက်​ခိုက်​ကာ​အီ​ဂျစ်​ပြည် ၏​ဥစ္စာ​ဋ္ဌန​ရှိ​သ​မျှ​ကို မိ​မိ​၏​တပ်​မ​တော် အ​တွက်​သိမ်း​ယူ​သွား​လိမ့်​မည်။-
Akoz sa, pale Senyè BONDYE a: ‘Gade byen, Mwen va bay peyi Égypte a Nebucadnetsar, wa Babylone nan. Epi li va pote fè ale tout pèp li yo, kaptire donmaj li yo, e sezi li kon piyaj. Sa a va sèvi kon salè pou lame li a.
20 ၂၀ သူ​သည်​မိ​မိ​၏​တပ်​မ​တော်​ဖြင့်​ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​ခဲ့​သည်​ဖြစ်​၍ ငါ​သည် သူ့​အား​အီ​ဂျစ်​ပြည်​ကို​ပေး​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။
Mwen te bay li peyi Égypte pou travay ke li te fè a, paske yo te aji pou Mwen,’ deklare Senyè BONDYE a.
21 ၂၁ ``ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော အ​ခါ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​ဦး​ချို​တည်း​ဟူ​သော​ခွန်​အား​ကြီး​စေ မည်။ ထို​နောက်​အ​ချင်း​ယေ​ဇ​ကျေ​လ၊ ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ​ရန်​သင့်​အား ဟော​ပြော​စေ​မည်''ဟု​မိန့်​တော်​မူ​၏။
“Nan jou sa a, Mwen va fè yon kòn vin pouse pou lakay Israël, e Mwen va ouvri bouch ou nan mitan yo. Epi konsa, yo va konnen ke Mwen se SENYÈ a.”

< ယေဇကျေလ 29 >