< ယေဇကျေလ 28 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 ၂ ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
၂အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊
3 ၃ မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။-
၃သင် သည် ဒံယေလ ထက် သာ၍ပညာရှိ ပါသည် တကား။ သင် မ သိရအောင် သူတပါးဝှက်ထား နိုင်သော အရာ တစုံတခု မျှမ ရှိ။
4 ၄ သင်သည်အသိပညာ၊ အတတ်ပညာဖြင့် ရွှေ၊ ငွေဘဏ္ဍာပေါများကြွယ်ဝလာ၏။-
၄ကိုယ် ဉာဏ်ပညာ အားဖြင့် ဥစ္စာ ရ တတ်၏။ ရွှေ ငွေ ကို ဆည်းပူး ပြီ။
5 ၅ ကုန်သွယ်မှုတွင်လည်းကျွမ်းကျင်သည့် အတွက်အမြတ်အစွန်းများကိုဆက်ကာ ဆက်ကာရရှိနေခဲ့၏။ သင်သည်မိမိ၏ စည်းစိမ်ချမ်းသာကိုဂုဏ်ယူဝါကြွားပါ သည်တကား။''
၅ထူးဆန်း သော ပညာ နှင့် ကုန်စလယ် များအားဖြင့် စည်းစိမ် ကြီး ၍၊ ထိုစည်းစိမ် ကြောင့် စိတ် ဝါကြွား ပြီ။
6 ၆ ``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သင်သည်မိမိကိုယ်ကို ဘုရားကဲ့သို့ပညာရှိသည်ဟုထင်မှတ် သဖြင့်၊-
၆သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သောကြောင့် ၊
7 ၇ ငါသည်သနားညှာတာမှုကင်းခဲ့သည့် တိုင်းတစ်ပါးသားတို့အား သင့်ကိုတိုက်ခိုက် ရန်ခေါ်ဆောင်ခဲ့မည်။ အသိပညာနှင့်အလှ အပအားဖြင့် သင်စုဆောင်းထားသမျှသော ပစ္စည်းဥစ္စာတို့ကိုသူတို့သည်ဖျက်ဆီးပစ် ကြလိမ့်မည်။-
၇ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့ကို သင် ရှိရာသို့ ငါ ပို့ဆောင် သဖြင့် ၊ သူတို့သည် သင် ၏ ပညာ ဂုဏ် ကို ထား နှင့်ခုတ်၍၊ သင် ၏တင့်တယ် ခြင်း အသရေကို ရှုတ်ချ ကြလိမ့်မည်။
8 ၈ သင့်ကိုလည်းတွင်းထဲသို့ဆွဲချ၍ ရေသင်္ချိုင်း တွင်အသက်ဆုံးရှုံးလိမ့်မည်။-
၈သင့် ကို မြေတွင်း ထဲသို့ နှိမ့်ချ ၍ ၊ ပင်လယ် အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့သင့်အသက် သည် ဆုံးရှုံးရ လိမ့်မည်။
9 ၉ သင့်ကိုသတ်မည့်သူတို့ရှေ့တွင် သင်သည် ဘုရားဖြစ်သည်ဟုဆိုဦးမည်လော။ သူတို့ သင့်ကိုသတ်ရန်လာကြသောအခါ သင်သည် ဘုရားမဟုတ်တော့ဘဲလူသားမျှသာဖြစ် ရပေတော့အံ့။-
၉သင့် အသက် ကိုသတ် သောသူတို့ လက် တွင် ၊ သင်သည် ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက် နှင့်၊ ငါ သည် ဘုရား ဖြစ်သည်ဟု သင့် အသက် ကိုသတ် သောသူတို့ရှေ့မှာ အမှန်ပြော လိမ့်မည်လော။
10 ၁၀ သင်သည်လူမျိုးခြားတို့၏လက်တွင်အရေ ဖျားလှီးမင်္ဂလာမခံရသေးသူကဲ့သို့ သေ ရပေလိမ့်မည်။ ဤကားငါအရှင်ထာဝရ ဘုရား၏အမိန့်တော်ပင်တည်း'' ဟုမိန့်တော် မူ၏။
၁၀အရေဖျားလှီး ခြင်းမခံသော လူသေ သကဲ့သို့၊ သင်သည် တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် သေ ရမည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11 ၁၁ တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့ထံသို့ရောက်လာ၏။-
၁၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
12 ၁၂ ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် တွေ့ကြုံရမည့်ကံကြမ္မာအတွက်ဝမ်းနည်း ပူဆွေးလော့။ ငါအရှင်ဘုရားအဘယ်သို့ မိန့်တော်မူသည်ကိုသူ့အားဆင့်ဆိုရမည် မှာသင်သည်အခါတစ်ပါးကခြောက်ပြစ် ကင်းစံတင်ထိုက်သူဖြစ်ခဲ့ဖူး၏။ သင်သည် အလွန်ပညာရှိ၍အဆင်းလှသူဖြစ်ခဲ့ ပါသည်တကား။-
၁၂အချင်းလူသား ၊ တုရု ရှင်ဘုရင် အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် သည် ထူးဆန်း သော တံဆိပ် ဖြစ်၏။ ပညာ နှင့်ပြည့်စုံ ၍ တင့်တယ် ခြင်းအသရေလည်းစုံလင် လျက်ရှိ၏။
13 ၁၃ ဘုရားသခင်၏ဥယျာဉ်တော်ဧဒင်၌စံပယ် လျက်၊ ပတ္တမြား၊ စိန်၊ ဥဿဖရား၊ မျက်ရွဲ၊ ကြောင်၊ နဂါးသွဲ့၊ နီလာ၊ မြ၊ ဂေါ်မုတ်အစရှိသော ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ဝတ်စားဆင်ယင်ရ၏။ သင်၏ဝတ်စားတန် ဆာများသည်ရွှေဖြင့်ပြီး၏။ ထိုဝတ်စား တန်ဆာတို့ကိုသင်မွေးဖွားသည့်နေ့၌ပင် လျှင်သင်၏အတွက်ပြုလုပ်ခဲ့၏။-
၁၃ဧဒင် အရပ်၊ ဘုရားသခင် ၏ ဥယျာဉ် တော်၌ နေ ပြီ။ သင်၏ခေါင်းပေါ်မှာကျောက်နီ ၊ ဥဿဖရား ၊ စိန် ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ၊ နီလာ ၊ မြ ၊ ပတ္တမြား အစရှိသော ကျောက် မြတ် အမျိုးမျိုး တို့ကို ဆောင် လေ၏။ ရွှေ ဖြင့် လုပ် သော ပတ်သာ ၊ ပုလွေ တို့သည်လည်း၊ သင် ဘွား သောနေ့ ၌ ပင် သင့် အဘို့ ပြင်ဆင် လျက်ရှိကြ၏။
14 ၁၄ ငါသည်သင့်ကိုအစောင့်ကောင်းကင်တမန် တစ်ပါးအဖြစ်ဘိသိက်ပေး၏။ သင်သည် ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော် ပေါ်တွင်နေ၍ အရောင်လက်သောကျောက် မျက်ရတနာများအလယ်တွင်သွားလာ ရ၏။-
၁၄သင် သည် ဖြန့် ၍ လွှမ်းမိုး သော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်း သော တောင် ပေါ်မှာ နေရာ ကျ၍ မီး တောက်သော ကျောက် တို့ တွင် သွား လာရ၏။
15 ၁၅ သင်မွေးဖွားချိန်မှအစပြု၍ဒုစရိုက် ကိုစတင်ပြုကျင့်ချိန်အထိ သင်၏အပြု အမူများသည်အဘယ်သို့မျှအပြစ်ဆို စရာမရှိ။-
၁၅ဘွား သောနေ့ မှစ၍ သင့် အပြစ် ထင်ရှား သောနေ့ တိုင်အောင် ၊ ပြု လေရာရာ၌ စုံလင် လျက်ရှိ၏။
16 ၁၆ သင်သည်ရောင်းဝယ်ဖောက်ကားမှုများပြား သည့်အတွက် အကြမ်းဖက်မှုနှင့်အပြစ်ကူး လွန်မှုများကိုပြုကျင့်လာလေသည်။ သို့ ဖြစ်၍ငါသည်ငါ၏သန့်ရှင်းမြင့်မြတ်သော တောင်ပေါ်မှသင့်ကိုထွက်စေခဲ့၏။ အို အစောင့် ကောင်းကင်တမန်၊ အရောင်လက်လျက်နေ သည့်ကျောက်မျက်ရတနာများရှိရာမှ သင့်ကိုငါနှင်ထုတ်ခဲ့၏။-
၁၆သို့ရာတွင်၊ ကုန်သွယ် ခြင်း များပြား သောအားဖြင့် ၊ အဓမ္မ အမှုတို့နှင့်ပြည့်စုံ ၍ ပြစ်မှား သောအပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင် ၏ တောင် တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုး သော ခေရုဗိမ် ၊ မီး တောက်သော ကျောက် တို့အထဲ က သင့် ကိုငါ ပယ်ရှင်း မည်။
17 ၁၇ သင်သည်မိမိ၏အဆင်းကြောင့်ဂုဏ်ယူဝါ ကြွားကာ မိမိ၏ဂုဏ်သတင်းကြောင့်လူမိုက် ကဲ့သို့ပြု၏။ သို့ဖြစ်၍ငါသည်သင့်ကိုမြေ တိုင်အောင်နှိမ့်ချ၍ အခြားဘုရင်များအား သတိပေးသည့်စံနမူနာဖြစ်စေမည်။-
၁၇သင် သည် ကိုယ်၌ တင့်တယ် ခြင်းအသရေကြောင့် ၊ ဝါကြွား သောစိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ပညာ သည် ဖေါက်ပြန် လျက်ရှိလေပြီ ။ ငါသည်သင့် ကို မြေ တိုင်အောင် နှိမ့်ချ မည်။ ရှင်ဘုရင် တို့သည် သင့် ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
18 ၁၈ သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
၁၈သင့် အပြစ် သည်များပြား ၍ ကုန်သွယ် ခြင်း အဓမ္မ အားဖြင့် ၊ သန့်ရှင်း ရာဌာနတို့ကို ညစ်ညူး စေသောကြောင့် ၊ သင့်ကိုမီးရှို့ဘို့ သင့် အလယ် ၌ မီး ကိုငါညှိ မည်။ သင့် ကိုမြင် သော သူအပေါင်း တို့ရှေ့မှာ ၊ သင်၏ ပြာ ကို မြေ ပေါ်သို့ ငါချထား မည်။
19 ၁၉ သင်သည်ဆုံးပါးလေပြီ။ ထာဝစဉ်ဆုံးပါး လေပြီ။ သင့်ကိုသိရှိခဲ့ကြသောလူမျိုး အပေါင်းတို့သည် သင်၏ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရကြမည်ကိုစိုးရိမ်ကြောက်လန့် လျက်နေကြ၏'' ဟုမိန့်တော်မူ၏။
၁၉သင့် ကိုသိ သောလူ အမျိုးမျိုး တို့သည် သင် ၏ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လိမ့်မည်။ နောက် တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
20 ၂၀ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
၂၀တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21 ၂၁ ``အချင်းလူသားဇိဒုန်မြို့ဘက်သို့လှည့်၍ ထိုမြို့ကိုရှုတ်ချလော့။-
၂၁အချင်းလူသား ၊ သင်သည် ဇိဒုန် မြို့တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
22 ၂၂ ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
၂၂အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဇိဒုန် မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့် အလယ် ၌ ငါ့ဘုန်း တန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါ သည် အပြစ်ဒဏ် ပေး၍ ရိုသေ ခြင်းကိုခံရသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို လူများသိ ရကြလိမ့်မည်။
23 ၂၃ ငါသည်သင်၏ထံသို့ကပ်ရောဂါများကို စေလွှတ်မည်။ သင်၏လမ်းများတွင်သွေးချောင်း စီးစေမည်။ သင်သည်ဝိုင်းရံတိုက်ခိုက်ခြင်း ကိုခံရ၍ သင်၏လူတို့သည်သေကြေ ပျက်စီးကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
၂၃သင့်အပေါ်သို့ ကာလနာ ဘေးကို၎င်း၊ သင်၏ လမ်း တို့၌ ထား ဘေးကို၎င်း ငါစေလွှတ် ၍၊ ပတ်လည် ၌ တိုက်သော ထား ဖြင့်သူရဲတို့သည် သင့်အလယ် ၌ လဲ ၍ သေ ကြသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
24 ၂၄ ထာဝရဘုရားက``ဣသရေလအမျိုးသားတို့ အားမထီမဲ့မြင်ပြုသောပတ်ဝန်းကျင်ရှိလူမျိုး တို့သည် နောက်တစ်ဖန်နာကျင်စွာစူးသောငြောင့် သဖွယ်မဖြစ်ရ။ ငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းကိုသူတို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၂၄ထိုအခါ ဣသရေလ အမျိုး ၏ ပတ်လည် ၌နေ၍၊ မထီမဲ့မြင်ပြု သောသူတို့ တွင် စူး တတ်သော ဆူးပင် ၊ နှောက်ရှက် တတ်သောငြောင့် တစုံတခု မျှ မကျန်ကြွင်းရ။ ငါ သည် ထာဝရ ဘုရားဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
25 ၂၅ အရှင်ထာဝရဘုရားက``ကွဲလွင့်လျက် နေရာနိုင်ငံများမှ ဣသရေလအမျိုးသား တို့အားတစ်ဖန်ပြန်၍ငါစုသိမ်းမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူ မျိုးတကာတို့သိရှိကြလိမ့်မည်။ ဣသ ရေလအမျိုးသားတို့သည်မိမိတို့ကိုယ် ပိုင်ပြည်၊ ငါ၏အစေခံယာကုပ်အားငါ ပေးအပ်သည့်ပြည်၌နေရကြလိမ့်မည်။-
၂၅တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် ကွဲပြား လျက်နေသောလူ အမျိုးမျိုးထဲက ငါ ခေါ်၍စုဝေး သောအခါ ၊ သူ တို့အားဖြင့် လူမျိုး များရှေ့၌ ရိုသေ ခြင်းကိုငါခံ၍၊ ငါ့ ကျွန် ယာကုပ် အား ငါအရင်ပေး သော ပြည် ၌ သူတို့သည် နေ ကြလိမ့်မည်။
26 ၂၆ သူတို့သည်ထိုအရပ်တွင်ဘေးမဲ့လုံခြုံစွာ နေရကြလိမ့်မည်။ အိမ်များကိုဆောက်၍ စပျစ်ဥယျာဉ်များကိုစိုက်ပျိုးကြလိမ့်မည်။ သူတို့အားမထီမဲ့မြင်ပြုခဲ့သူအိမ်နီး ချင်းအပေါင်းတို့အားငါဒဏ်ပေးသော အခါဘေးမဲ့လုံခြုံလိမ့်မည်။ ဣသရေလ ပြည်သည်ဘေးကင်း၍နေလိမ့်မည်။ ထို အခါငါသည်သူတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူကြောင်း သူ တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၂၆ထိုပြည် ၌ စိုးရိမ် စရာမရှိ။ အိမ် ဆောက် ခြင်း၊ စပျစ် ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေ ကြလိမ့်မည်။ သူ တို့ ပတ်လည် ၌ နေ၍မထီမဲ့မြင်ပြု သောသူအပေါင်း တို့ကို ငါ သည် အပြစ်ဒဏ် စီရင် သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ ၍၊ ငါ သည် သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။