< ယေဇကျေလ 27 >
1 ၁ ထာဝရဘုရားငါ့အားမိန့်တော်မူသည်ကား၊-
2 ၂ ``အချင်းလူသား၊ တုရုမြို့အတွက်ငိုချင်းကို ဖွင့်ဆိုလော့။-
3 ၃ ထိုမြို့သည်ပင်လယ်ကမ်းစပ်တွင်ရှိ၍ ပင်လယ် ကမ်းခြေပေါ်တွင်ရှိသမျှသောမြို့တို့နှင့်ကုန် သွယ်ဘက်ဖြစ်၏။ သူ့အားအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့်ဆို လော့။ ``အချင်းတုရုမြို့၊ သင်သည်အပြစ်ဆိုဖွယ် မရှိအောင်လှပတင့်တယ်သည့်အတွက်ဝါ ကြွားတတ်၏။
4 ၄ ပင်လယ်သည်သင်နေထိုင်ရာအရပ်ဖြစ်၏။ သင်၏ဗိသုကာတို့သည်သင့်အားလှပစွာ တည်ဆောက်ထားကြ၏။
5 ၅ သူတို့သည်ဟေရမုန်တောင်မှ ထင်းရှူးပင်များကိုပျဉ်အတွက်၊ လေဗနုန်တောမှအာရစ်ပင်ကို ရွက်တိုင်အတွက်အသုံးပြုကြ၏။
6 ၆ လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။ သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသော ထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။
7 ၇ သင်၏ရွက်များကိုအီဂျစ်ပြည်မှရသော ပန်းထိုးထည် ပိတ်ချောဖြင့်ပြုလုပ်ထားကြောင်းအဝေးကပင် အလံသဖွယ်အလွယ်တကူသိနိုင်၏။ သင်၏နေရောင်ကာများသည်ဧလိရှကျွန်း မှရရှိသော မရမ်းစေ့ရောင်အကောင်းစားပိတ်ချောဖြင့် ပြုလုပ်ထား၏။
8 ၈ သင်၏လှော်တက်ကိုင်သမားများမှာဇိဒုန် မြို့သားနှင့် အာဝဒ်မြို့သားများဖြစ်၏။ လေ့ကျင့်မှုရှိသူတုရုမြို့သားများက သင်္ဘောသားများဖြစ်ကြ၏။
9 ၉ သင်္ဘောကိုပြုပြင်ဖာထေးရန်လိုက်ပါသည့် ကျွမ်းကျင်သူလက်သမားဆရာများသည် ဂေဗလမြို့မှဖြစ်ကြ၏။ ပင်လယ်ကူးသင်္ဘောမှန်သမျှမှသင်္ဘောသားတို့သည် သင်နှင့်ရောင်းဝယ်ဖောက်ကားမှုကိုပြုကြ၏။
10 ၁၀ ``ပေရသိပြည်၊ လုဒပြည်၊ ဖုတပြည်တို့မှစစ် သူရဲများသည်သင်၏တပ်မတော်တွင်အမှု ထမ်းကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များနှင့်သံခမောက်များကိုသင်၏စစ်တန်း လျားများတွင်ဆွဲချိတ်ထားကြ၏။ သူတို့ သည်ကားသင်၏ဂုဏ်အသရေကိုတိုးစေ သူများဖြစ်ကြ၏။-
11 ၁၁ အာဝဒ်မြို့မှစစ်သူရဲများကသင်၏မြို့ရိုး များကိုလည်းကောင်း၊ ဂမ္မဒိမ်မြို့သားတို့က သင်၏ပြအိုးတို့ကိုလည်းကောင်းစောင့်ကြပ် ပေးကြ၏။ သူတို့သည်မိမိတို့၏ဒိုင်းလွှား များကိုသင်တို့၏မြို့ရိုးတွင်ဆွဲချိတ်ထား ကြ၏။ သင့်အားလှပတင့်တယ်စေသူများ ကားထိုသူတို့ပင်ဖြစ်သတည်း။
12 ၁၂ ``သင်သည်မိမိ၏များမြောင်သောကုန်စည် တို့ကိုတာရှုမြို့တွင် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ နှင့်လဲလှယ်ကာကုန်သွယ်မှုကိုပြု၏။-
13 ၁၃ ယာဝန်မြို့၊ တုဗလမြို့နှင့်မေရှက်မြို့တို့ တွင်သင်၏ကုန်စည်များကိုကျွန်များ၊ ကြေး နီအိုးများနှင့်လဲလှယ်၏။-
14 ၁၄ တောဂါမမြို့မှလာသောခိုင်းမြင်း၊ စီးမြင်း နှင့်လားများကိုသင်သည်မိမိ၏ကုန်စည် များနှင့်လဲလှယ်၏။-
15 ၁၅ ဒေဒန်မြို့သားတို့သည်လည်းသင်နှင့်ကုန်သွယ် မှုကိုပြုကြ၏။ ပင်လယ်ကမ်းခြေအမြောက် အမြားမှလူတို့သည် ဆင်စွယ်နှင့်အနက်ရောင် ရှိသောသစ်သားများကိုသင်၏ကုန်ပစ္စည်း များနှင့်လဲလှယ်ကြ၏။-
16 ၁၆ ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။-
17 ၁၇ ယုဒပြည်နှင့်ဣသရေလပြည်တို့ကသင်၏ ကုန်စည်များကိုမင်းနစ်မြို့မှဂျုံစပါး၊ ပျား ရည်၊ သံလွင်ဆီ၊ အမွှေးအကြိုင်အမျိုးမျိုး ပေး၍ဝယ်ယူကြ၏။-
18 ၁၈ ဒမာသက်မြို့ကသင့်ကုန်စည်များနှင့်သင် ထုတ်လုပ်သည့်ပစ္စည်းအသုံးအဆောင်များ ကိုဝယ်ယူကာ ဥဇလမြို့အနီးရှိဝေဒန် မြို့နှင့်ယာဝန်မြို့တို့ကလည်း ပစ္စည်းအသုံး အဆောင်များအတွက်ဟေလဗုန်စပျစ်ရည်၊ စဟာရသိုးမွေးတို့ဖြင့်ပေးချေကြ၏။ သူ တို့သည်သံကြွတ်၊ အမွှေးအကြိုင်အမျိုး မျိုးနှင့်လည်း သင်၏ကုန်စည်များကိုလဲ လှယ်ကြ၏။-
19 ၁၉
20 ၂၀ ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။-
21 ၂၁ အာရပ်သားများနှင့်ကေဒါဘုရင်တို့ သည်သင်၏ကုန်စည်များကိုသိုးငယ်၊ သိုး ကြီးနှင့်ဆိတ်များကိုပေး၍ဝယ်ယူကြ၏။-
22 ၂၂ ရှေဘနှင့်ရာဂမမြို့များမှကုန်သည်တို့ သည်သင်၏ကုန်စည်များကိုအကောင်းဆုံး အမွှေးအကြိုင်များ၊ ကျောက်မျက်ရတနာ များနှင့်ရွှေတို့ဖြင့်ဝယ်ယူကြ၏။-
23 ၂၃ ခါရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့တို့သည်လည်း ကောင်း၊ ရှေဘမြို့၊ အာရှုရိမြို့နှင့်ခိလမဒ် မြို့များမှကုန်သည်တို့သည်လည်းကောင်း သင်နှင့်ကုန်သွယ်မှုကိုပြုကြ၏။-
24 ၂၄ သူတို့ကလှပသောအဝတ်တန်ဆာ၊ မရမ်း စေ့ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ အရောင် တောက်ပသောကော်ဇောနှင့်ခိုင်ခံ့အောင်ကျစ် ထားသောကြိုးအမျိုးမျိုးတို့ကိုရောင်းချ ကြ၏။-
25 ၂၅ သင်၏ထံမှကုန်စည်များကိုအကြီးမား ဆုံးကုန်သင်္ဘောကြီးများဖြင့်သယ်ဆောင် သွားကြ၏။ ``သင်သည်လေးလံသောကုန်စည်များကို တင်ဆောင်ကာပင်လယ်ထဲသို့ရောက်နေသော သင်္ဘောနှင့်တူ၏။
26 ၂၆ သင့်အားလှော်ခတ်သူတို့သည်ပင်လယ်ထဲသို့ ထုတ်ဆောင်လာသောအခါ၊ အရှေ့လေသည်ပင်လယ်ထဲ၌သင့်ကို ပျက်စီးသွားစေ၏။
27 ၂၇ သင်ချမ်းသာသမျှကုန်စည်များ၊ သင်၏သင်္ဘောသားအားလုံး၊သင်္ဘောပြုပြင်သူ လက်သမားဆရာများနှင့်ကုန်သည်များ၊ သင်္ဘောပေါ်ရှိစစ်သူရဲများနှင့်ရှိရှိသမျှ သော လူတို့သည် သင်၏သင်္ဘောပျက်သောအခါပင်လယ်ထဲ တွင် နစ်မြုပ်သေဆုံးကြကုန်၏။
28 ၂၈ ရေနစ်သေဆုံးကြသည့်သင်္ဘောသားတို့ ဟစ်အော်သံသည်ကမ်းခြေတွင်ပဲ့တင်ထပ် ၍သွား၏။
29 ၂၉ ``သင်္ဘောသားအပေါင်းတို့သည်မိမိတို့၏ သင်္ဘောများကိုစွန့်ကာကုန်းပေါ်သို့တက်ကြ လေပြီ။
30 ၃၀ သူတို့သည်မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့် များကို မြှောက်ကြဲ၍ပြာထဲတွင်လူးလှိမ့်လျက် သင်၏အတွက်ပြင်းပြစွာငိုကြွေးမြည် တမ်းကြ၏။
31 ၃၁ သူတို့သည်သင်၏အဖြစ်ကိုမြင်၍ ဦးခေါင်းများကိုရိတ်ကာဝမ်းနည်းပူဆွေး သည့် လက္ခဏာဖြင့်လျှော်တေကိုဝတ်ကြ၏။ သူတို့သည်ဝမ်းနည်းပက်လက်ဟစ်အော် ငိုကြွေးကြ၏။ သူတို့သည်ငိုကြွေးမြည်တမ်းလျက်သင်နှင့် ဆိုင်သော ငိုချင်းကိုသီဆိုကြလိမ့်မည်။
32 ၃၂ `ယခုအခါပင်လယ်ထဲ၌ဆိတ်ငြိမ်၍ နေသော တုရုမြို့နှင့်အဘယ်မြို့ကိုနှိုင်းယှဉ်နိုင်ပါ မည်နည်း။
33 ၃၃ သင်သည်မိမိ၏ကုန်စည်များကိုနိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင် လူမျိုးတကာတို့လိုနေသောအရာများကို ဖြည့်ဆည်းပေး၏။ သင်၏များပြားသောကုန်ပစ္စည်းများကဘုရင် တို့ကို ချမ်းသာကြွယ်ဝစေလေသည်။
34 ၃၄ ယခုမှာသင်သည်ပင်လယ်တွင်ပျက်ကာ သမုဒ္ဒရာနက်ထဲသို့နစ်မြုပ်သွားလေပြီ။ သင်၏ကုန်စည်များနှင့်သင်၏လုပ်သား အပေါင်းတို့သည်၊ သင်နှင့်အတူပင်လယ်တွင်ပျောက်ကွယ်သွား ကြ လေကုန်ပြီ' ဟုငိုချင်းကိုဆိုကြ၏။
35 ၃၅ ``ပင်လယ်ကမ်းခြေတွင်နေထိုင်သူအပေါင်း တို့သည်သင်၏ကံကြမ္မာကိုမြင်၍တအံ့တ သြဖြစ်ကြကုန်၏။ သူတို့၏ဘုရင်များပင် လျှင်ထိတ်လန့်တုန်လှုပ်ကြလျက် မျက်နှာတွင် သွေးမရှိကြတော့ပေ။-
36 ၃၆ သင်သည်ဆုံးပါးသွားလေပြီ။ ထာဝစဉ်ဆုံး ပါးသွားလေပြီ။ ကမ္ဘာတစ်ဝှမ်းလုံးရှိကုန် သည်တို့သည် သင့်ကိုကဲ့ရဲ့ဟစ်ကျွေးကြ လိမ့်မည်'' ဟူ၍တည်း။