< ယေဇကျေလ 25 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Kisha neno la Yahwe likanijia, kusema,
2 ၂ ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။-
“Mwanadamu, weka uso wako juu ya watu wa Amoni na tabiri juu yao.
3 ၃ ထိုပြည်သူတို့အားငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့၊ အရှင် ထာဝရဘုရားဤသို့မိန့်တော်မူ၏။ သင်တို့ သည်ငါ၏ဗိမာန်တော်ညစ်ညမ်းသွားသည် ကိုလည်းကောင်း၊ ဣသရေလပြည်ပျက်ပြုန်း သွားခြင်း၊ ယုဒအမျိုးသားတို့ပြည်နှင်ဒဏ် သင့်ကြခြင်းကိုမြင်သောအခါဝမ်းမြောက် ကြ၏။-
Waambie watu wa Amoni, 'Sikiliza neno la Bwana Yahwe. Hivi ndivyo Bwana Yahwe asemavyo: Kwa sababu umesema, “Aha!” juu ya patakatifu pangu wakati palipotiwa unajisi, na juu ya nchi ya Israeli wakati ilipokuwa ukiwa, na juu ya nyumba ya Yuda wakati walipoenda utumwani,
4 ၄ ယင်းသို့သင်တို့ဝမ်းမြောက်မှုအတွက် ငါသည် ရှေ့အရပ်မှလူမျိုးနွယ်များလက်သို့သင်တို့ ကိုရောက်စေမည်။ သူတို့သည်သင်တို့၏ပြည် တွင်စခန်းများချ၍နေထိုင်ကြလိမ့်မည်။ သင်တို့စားရမည့်အသီးအနှံကိုစား၍ သင်တို့သောက်ရမည့်နို့ကိုသောက်ကြလိမ့် မည်။-
kwa hiyo, tazama, nitakupatia kwa watu katika mashariki kama milki yao. Watafanya kambi juu yako na kuweka mahema miongoni mwako. Watakula matunda yako na watakunywa maziwa yako.
5 ၅ ရဗ္ဗာမြို့ကိုကုလားအုတ်တင်းကုတ်၊ အမ္မုန် ပြည်တစ်ခုလုံးကိုသိုးစားကျက်ဖြစ်စေ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုသင်တို့သိရှိကြလိမ့်မည်။''
Nitamfanya Raba malisho ya ngamia na watu wa Amoni shamba la mifugo. Kisha utajua yakwamba mimi ni Yahwe.
6 ၆ ``အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင်တို့သည်လက်ခုပ်တီး၍ဝမ်းမြောက်စွာ ခုန်ပေါက်ကြ၏။ ဣသရေလပြည်ကိုရွံရှာ စက်ဆုပ်ကြ၏။-
Kwa kuwa Bwana Yahwe asema hivi: Umepigia makofi mikono yako na kupiga chapa miguu yako, na kufurahi pamoja na dharau ndani yako dhidi ya nchi ya Israeli.
7 ၇ ထိုကြောင့်ငါ့လက်ကိုဆန့်လျက်သင်တို့အား လုယက်တိုက်ခိုက်ကြစေရန် အခြားလူမျိုး တို့၏လက်သို့ငါပေးအပ်မည်။ ငါသည်သင် တို့အားလုံးဝပျက်စီးအောင်စီရင်မည်ဖြစ်၍ သင်တို့သည်ကိုယ်ပိုင်ပြည်နှင့်နေရကြတော့ မည်မဟုတ်။ လူမျိုးတစ်မျိုးအနေဖြင့်လည်း ရပ်တည်နိုင်ကြတော့မည်မဟုတ်။ ထို အခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသင်တို့သိရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Kwa hiyo, tazama! Nitanyoosha mkono wangu na kukupatia kama mateka kwa mataifa. Nitakukatilia mbali kutoka watu na kukuangamiza kutoka miongoni mwa nchi! Nitakuharibu, na utajua yakwamba mimi ni Yahwe.'
8 ၈ အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-
Bwana Yahwe asema hivi, 'Kwa sababu Moabu na Seiri husema “Tazama! Nyumba ya Yuda ni kama kila taifa jingine.”
9 ၉ ငါသည်ထိုပြည်၏ကျက်သရေဆောင်ဗက် ယေရှိမုတ်၊ ဗာလမောင်နှင့်ကိရယသိမ်မြို့ များအပါအဝင်နယ်ခြားခံတပ်မြို့တို့ ကိုရန်သူတို့အားတိုက်ခိုက်စေမည်။-
Kwa hiyo, tazama! ntafungua miteremko ya Moabu, kuanzia kwenye miji yake juu ya mpaka-uzuri wa Beth Yeshimothi, Baal Meoni, na Kiriathaimu-
10 ၁၀ ငါသည်မောဘပြည်ကိုအမ္မုန်ပြည်နှင့် အတူ အရှေ့အရပ်မှလူမျိုးအနွယ်တို့ လက်သို့အပိုင်ပေးအပ်မည်။ သို့ဖြစ်၍ မောဘပြည်သည်တိုင်းနိုင်ငံတစ်ခု အဖြစ်ဖြင့်ရပ်တည်နိုင်တော့မည်မဟုတ်။-
kwa watu wa mashariki waliokuwa juu ya watu wa Amoni. Nitawapatia kama milki ili kwamba watu wa Amoni hawatakumbukwa miongoni mwa mataifa.
11 ၁၁ မောဘပြည်သားတို့ကိုငါအပြစ်ဒဏ်ပေး မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
Hivyo nitafanya hukumu juu ya Moabu, na watajua yakwamba mimi ni Yahwe.'
12 ၁၂ အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။-
Bwana Yahwe asema hivi, Edomu amelipiza kisasi juu ya nyumba ya Yuda na amefanya makosa katika kufanya hivyo.
13 ၁၃ သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် ဧဒုံပြည်ကိုဒဏ်ခတ်၍လူနှင့်တိရစ္ဆာန်ရှိ သမျှတို့ကို ပယ်ရှင်းမည်ဖြစ်ကြောင်းကြေ ညာ၏။ ငါသည်တေမာန်မြို့မှသည်ဒေဒန် မြို့တိုင်အောင် လူသူဆိတ်ညံရာအရပ်ဖြစ် စေမည်။ လူတို့သည်လည်းစစ်ပွဲတွင်ကျ ဆုံးကြလိမ့်မည်။-
Kwa hiyo, Bwana Yahwe asema hivi: Nitaunyoosha mkono wangu juu ya Edomu na kumharibu kila mtu na wanyama huko. Nitawaharibu, sehemu ya ukiwa, kutoka Temani hata Dedani. Wataanguka kwa upanga.
14 ၁၄ ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ငါ၏ကိုယ်စားဧဒုံပြည်သား တို့ကိုလက်စားချေလျက် ငါ၏ပြင်းထန်သော အမျက်ဒေါသဒဏ်ကိုခံစေလိမ့်မည်။ ငါ ၏လက်စားချေမှုကိုဧဒုံပြည်သားတို့ သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤ ကားအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
Nitaweka kisasi changu juu ya Edomu kwa mkono wa watu wangu Israeli, na watafanya kwa Edomu kulingana na hasira yangu na ghadhabu yangu, na wakitajua kisasi changu-hivi ndivyo Bwana Yahwe asemavyo.'
15 ၁၅ အရှင်ထာဝရဘုရားက``ဖိလိတ္တိပြည်သား များသည် မိမိတို့၏ရာသက်ပန်ရန်သူယုဒ အားရက်စက်စွာလက်စားချေကာ မုန်းတီး စိတ်ဖြင့်ဖျက်ဆီးသုတ်သင်ပစ်ကြ၏။-
Bwana Yahwe asema hivi, 'Wafilisti wamelipiza kisasi pamoja na uovu na kutoka ndani yao wamejaribu kuiharibu Yuda tena na tena.
16 ၁၆ သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် လက်တော်ကိုဆန့်လျက်ဖိလိတ္တိပြည်သားတို့ အား တိုက်ခိုက်၍ခေရသိလူမျိုးတို့ကိုဖယ် ရှားပစ်မည်ဖြစ်ကြောင်းကြေညာ၏။ ပင်လယ် ကမ်းနားတွင်အသက်ရှင်လျက် ကျန်ရှိသမျှ သောသူတို့အားငါသုတ်သင်ပစ်မည်။-
Basi hivi ndivyo Bwana Yahwe asemavyo: Tazam! Nitanyoosha mkono wangu dhidi ya Wafilisti, na nitakalia mbali Wakerethi na kuwaharibu mabaki yaliyobaki karibu na pwani.
17 ၁၇ သူတို့အားပြင်းထန်စွာအပြစ်ပေး၍အ ပြည့်အဝလက်စားချေမည်။ သူတို့သည် ငါ၏အမျက်တော်ဒဏ်ကိုခံရကြလိမ့် မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Kwa kuwa nitalipiza kisasi kikubwa dhidi yao pamoja na matendo ya ghadhabu kubwa ya adhabu, hivyo watajua yakwamba mimi ni Yahwe, nitakapolipiza kisasi juu yao.”'