< ယေဇကျေလ 25 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
BOEIPA ol kai taengla ha pawk tih,
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အမ္မုန်​ပြည် သို့​လှည့်​၍​ပ​ရော​ဖက်​ပြု​လျက်​ရှုတ်​ချ​လော့။-
“Hlang capa aw, Ammon koca rhoek te na maelhmai khueh thil lamtah amih te tonghma thil.
3 ထို​ပြည်​သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့၊ အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ​၏။ သင်​တို့ သည်​ငါ​၏​ဗိ​မာန်​တော်​ညစ်​ညမ်း​သွား​သည် ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​ပြည်​ပျက်​ပြုန်း သွား​ခြင်း၊ ယု​ဒ​အ​မျိုး​သား​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​ခြင်း​ကို​မြင်​သော​အ​ခါ​ဝမ်း​မြောက် ကြ​၏။-
Ammon ca rhoek te thui pah lamtah ka Boeipa Yahovah ol te ya uh saeh. Ka Boeipa Yahovah loh he ni a thui. Ahuei, ka rhokso a poeih coeng tih Israel khohmuen te pong coeng, Judah imkhui te vangsawn la cet coeng,” na ti.
4 ယင်း​သို့​သင်​တို့​ဝမ်း​မြောက်​မှု​အ​တွက် ငါ​သည် ရှေ့​အ​ရပ်​မှ​လူ​မျိုး​နွယ်​များ​လက်​သို့​သင်​တို့ ကို​ရောက်​စေ​မည်။ သူ​တို့​သည်​သင်​တို့​၏​ပြည် တွင်​စ​ခန်း​များ​ချ​၍​နေ​ထိုင်​ကြ​လိမ့်​မည်။ သင်​တို့​စား​ရ​မည့်​အ​သီး​အ​နှံ​ကို​စား​၍ သင်​တို့​သောက်​ရ​မည့်​နို့​ကို​သောက်​ကြ​လိမ့် မည်။-
Te dongah nang te khothoeng koca taengah khoh la kam paek coeng ne. Nangmih lakli ah a lumim a ngol sak uh vetih a tolhmuen na taengah a khueh uh ni. Amih loh na thaih a caak vetih amih loh na suktui a ok uh ni.
5 ရဗ္ဗာ​မြို့​ကို​ကု​လား​အုတ်​တင်း​ကုတ်၊ အမ္မုန် ပြည်​တစ်​ခု​လုံး​ကို​သိုး​စား​ကျက်​ဖြစ်​စေ မည်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
Rabbah te kalauk tolkhoeng la, Ammon koca rhoek te boiva kah a kolhmuen la ka khueh vaengah BOEIPA kamah he nan ming uh bitni.
6 ``အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား သင်​တို့​သည်​လက်​ခုပ်​တီး​၍​ဝမ်း​မြောက်​စွာ ခုန်​ပေါက်​ကြ​၏။ ဣ​သ​ရေ​လ​ပြည်​ကို​ရွံ​ရှာ စက်​ဆုပ်​ကြ​၏။-
Te dongah ah ka Boeipa Yahovah loh he ni a thui. Kut na paeng tih kho neh na daep. Hinglu dongkah na uetnah cungkuem neh Israel khohmuen na kokhahnah thil.
7 ထို​ကြောင့်​ငါ့​လက်​ကို​ဆန့်​လျက်​သင်​တို့​အား လု​ယက်​တိုက်​ခိုက်​ကြ​စေ​ရန် အ​ခြား​လူ​မျိုး တို့​၏​လက်​သို့​ငါ​ပေး​အပ်​မည်။ ငါ​သည်​သင် တို့​အား​လုံး​ဝ​ပျက်​စီး​အောင်​စီ​ရင်​မည်​ဖြစ်​၍ သင်​တို့​သည်​ကိုယ်​ပိုင်​ပြည်​နှင့်​နေ​ရ​ကြ​တော့ မည်​မ​ဟုတ်။ လူ​မျိုး​တစ်​မျိုး​အ​နေ​ဖြင့်​လည်း ရပ်​တည်​နိုင်​ကြ​တော့​မည်​မ​ဟုတ်။ ထို အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​သင်​တို့​သိ​ရ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။
Te dongah ka kut he nang kan thueng thil vetih nang te namtom taengah maeh la kam mop ni ne. Nang pilnam lamloh kan saii vetih diklai lamloh nang kam milh sak ni. Nang kam mitmoeng sak vaengah BOEIPA kamah he nan ming bitni.
8 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး သား​တို့​သည် လူ​မျိုး​ခြား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​မော​ဘ​ပြည်​နှင့်​စိ​ရ​မြို့​သား တို့​ဆို​သ​ဖြင့်၊-
Ka Boeipa Yahovah loh he ni a thui. “Moab neh Seir khaw Judah im kah namtom cungkuem banghui ni ke,” na ti nama.
9 ငါ​သည်​ထို​ပြည်​၏​ကျက်​သ​ရေ​ဆောင်​ဗက် ယေ​ရှိ​မုတ်၊ ဗာ​လ​မောင်​နှင့်​ကိရ​ယ​သိမ်​မြို့ များ​အ​ပါ​အ​ဝင်​နယ်​ခြား​ခံ​တပ်​မြို့​တို့ ကို​ရန်​သူ​တို့​အား​တိုက်​ခိုက်​စေ​မည်။-
Te dongah Bethjeshimoth khohmuen kah kirhang, Moab tlanghlaep Baalmeon Kiriathaim neh Kiriathaim khaw khopuei lamloh a khopuei patoeng a khobawt duela ka lim coeng he.
10 ၁၀ ငါ​သည်​မော​ဘ​ပြည်​ကို​အ​မ္မုန်​ပြည်​နှင့် အ​တူ အ​ရှေ့​အ​ရပ်​မှ​လူ​မျိုး​အ​နွယ်​တို့ လက်​သို့​အ​ပိုင်​ပေး​အပ်​မည်။ သို့​ဖြစ်​၍ မော​ဘ​ပြည်​သည်​တိုင်း​နိုင်​ငံ​တစ်​ခု အ​ဖြစ်​ဖြင့်​ရပ်​တည်​နိုင်​တော့​မည်​မ​ဟုတ်။-
Ammon koca te Khothoeng koca taengah khoh la ka paek van coeng. Te daengah ni Ammon koca rhoek te namtom lakli ah a poek pawt eh.
11 ၁၁ မော​ဘ​ပြည်​သား​တို့​ကို​ငါ​အ​ပြစ်​ဒဏ်​ပေး မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
Moab te tholhphu ka suk vaengah BOEIPA kamah he m'ming uh bitni.
12 ၁၂ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဧ​ဒုံ​ပြည်​သည် ရက်​စက်​စွာ​ယု​ဒ​ပြည်​ကို​လက်​စား​ချေ ခြင်း​အား​ဖြင့်​ကြီး​လေး​သော​အ​ပြစ်​ကို ကူး​လွန်​၏။-
Ka Boeipa Yahovah loh he ni a thui. Edom loh Judah imkhui ah phulohnah neh phu a loh. Tedae amih soah phu a loh khaw a boe lamni a boe coeng.
13 ၁၃ သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။-
Te dongah ka Boeipa loh Yahovah loh he ni a thui. Edom taengah ka kut ka thueng vetih a khui lamkah hlang neh rhamsa te ka saii ni. Te te imrhong la ka khueh vetih Teman lamloh Dedan due khaw cunghang dongah cungku uh ni.
14 ၁၄ ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ငါ​၏​ကိုယ်​စား​ဧ​ဒုံ​ပြည်​သား တို့​ကို​လက်​စား​ချေ​လျက် ငါ​၏​ပြင်း​ထန်​သော အ​မျက်​ဒေါ​သ​ဒဏ်​ကို​ခံ​စေ​လိမ့်​မည်။ ငါ ၏​လက်​စား​ချေ​မှု​ကို​ဧ​ဒုံ​ပြည်​သား​တို့ သိ​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ ကား​အ​ရှင်​ထာ​ဝ​ရ​ဘုရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။
Edom sokah ka tawnlohnah te ka pilnam Israel kut ah ka paek vetih ka thintoek tarhing neh ka kosi tarhing ah Edom te a saii uh ni. Te vaengah ka tawnlohnah te a ming uh bitni. He tah ka Boeipa Yahovah kah olphong ni.
15 ၁၅ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဖိ​လိတ္တိ​ပြည်​သား များ​သည် မိ​မိ​တို့​၏​ရာ​သက်​ပန်​ရန်​သူ​ယု​ဒ အား​ရက်​စက်​စွာ​လက်​စား​ချေ​ကာ မုန်း​တီး စိတ်​ဖြင့်​ဖျက်​ဆီး​သုတ်​သင်​ပစ်​ကြ​၏။-
Ka Boeipa Yahovah loh he ni a thui. Philisti te tawnlohnah neh saii ham coeng dongah a hinglu kah uetnah neh, khosuen kah thunkha thunhling kutcaihnah neh phulohnah te phu a loh uh.
16 ၁၆ သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် လက်​တော်​ကို​ဆန့်​လျက်​ဖိ​လိတ္တိ​ပြည်​သား​တို့ အား တိုက်​ခိုက်​၍​ခေ​ရ​သိ​လူ​မျိုး​တို့​ကို​ဖယ် ရှား​ပစ်​မည်​ဖြစ်​ကြောင်း​ကြေ​ညာ​၏။ ပင်​လယ် ကမ်း​နား​တွင်​အ​သက်​ရှင်​လျက် ကျန်​ရှိ​သ​မျှ သော​သူ​တို့​အား​ငါ​သုတ်​သင်​ပစ်​မည်။-
Te dongah ka Boeipa Yahovah loh he ni a thui. Kai loh Philisti soah ka kut ka thueng thil coeng. Kerethi te ka saii vetih tuipuei langkaeng kah a meet khaw ka milh sak ni.
17 ၁၇ သူ​တို့​အား​ပြင်း​ထန်​စွာ​အ​ပြစ်​ပေး​၍​အ ပြည့်​အ​ဝ​လက်​စား​ချေ​မည်။ သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လိမ့် မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Tawnlohnah tanglue te amih soah kosi kah toelthamnah neh ka saii vaengah BOEIPA kamah he m'ming uh bitni. Kai kah tawnlohnah he amih soah ka khueh ham om coeng,” a ti.

< ယေဇကျေလ 25 >