< ယေဇကျေလ 25 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Mənə Rəbbin bu sözü nazil oldu:
2 ၂ ကိုယ်တော်က``အချင်းလူသား၊ အမ္မုန်ပြည် သို့လှည့်၍ပရောဖက်ပြုလျက်ရှုတ်ချလော့။-
«Ey bəşər oğlu, üzünü Ammon övladlarına tərəf çevir və onların əleyhinə peyğəmbərlik et.
3 ၃ ထိုပြည်သူတို့အားငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကိုနားထောင်ကြလော့၊ အရှင် ထာဝရဘုရားဤသို့မိန့်တော်မူ၏။ သင်တို့ သည်ငါ၏ဗိမာန်တော်ညစ်ညမ်းသွားသည် ကိုလည်းကောင်း၊ ဣသရေလပြည်ပျက်ပြုန်း သွားခြင်း၊ ယုဒအမျိုးသားတို့ပြည်နှင်ဒဏ် သင့်ကြခြင်းကိုမြင်သောအခါဝမ်းမြောက် ကြ၏။-
Ammon övladlarına söylə ki, Xudavənd Rəbbin sözünü dinləsinlər. Xudavənd Rəbb belə deyir: “Siz Müqəddəs məkanım ləkələnəndə, İsrail torpağı viran ediləndə və Yəhuda nəsli sürgünə gedəndə ‹nə yaxşı› dediniz.
4 ၄ ယင်းသို့သင်တို့ဝမ်းမြောက်မှုအတွက် ငါသည် ရှေ့အရပ်မှလူမျိုးနွယ်များလက်သို့သင်တို့ ကိုရောက်စေမည်။ သူတို့သည်သင်တို့၏ပြည် တွင်စခန်းများချ၍နေထိုင်ကြလိမ့်မည်။ သင်တို့စားရမည့်အသီးအနှံကိုစား၍ သင်တို့သောက်ရမည့်နို့ကိုသောက်ကြလိမ့် မည်။-
Buna görə də Mən icazə verəcəyəm ki, şərq xalqları sizin torpağınızı fəth etsin. Onlar torpağınızda yurd salacaq, çadır quracaq. Meyvələrinizi onlar yeyəcək, südünüzü onlar içəcək.
5 ၅ ရဗ္ဗာမြို့ကိုကုလားအုတ်တင်းကုတ်၊ အမ္မုန် ပြည်တစ်ခုလုံးကိုသိုးစားကျက်ဖြစ်စေ မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုသင်တို့သိရှိကြလိမ့်မည်။''
Rabbanı dəvələr üçün otlağa, Ammon övladlarının torpağını sürülər üçün ağıla çevirəcəyəm. Onda biləcəksiniz ki, Rəbb Mənəm”.
6 ၆ ``အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင်တို့သည်လက်ခုပ်တီး၍ဝမ်းမြောက်စွာ ခုန်ပေါက်ကြ၏။ ဣသရေလပြည်ကိုရွံရှာ စက်ဆုပ်ကြ၏။-
Xudavənd Rəbb belə deyir: “İndi ki siz əllərinizi bir-birinə vurub ayaqlarınızı yerə döydünüz və İsrail torpağını təhqir edib fəlakətinə bütün qəlbinizlə sevindiniz,
7 ၇ ထိုကြောင့်ငါ့လက်ကိုဆန့်လျက်သင်တို့အား လုယက်တိုက်ခိုက်ကြစေရန် အခြားလူမျိုး တို့၏လက်သို့ငါပေးအပ်မည်။ ငါသည်သင် တို့အားလုံးဝပျက်စီးအောင်စီရင်မည်ဖြစ်၍ သင်တို့သည်ကိုယ်ပိုင်ပြည်နှင့်နေရကြတော့ မည်မဟုတ်။ လူမျိုးတစ်မျိုးအနေဖြင့်လည်း ရပ်တည်နိုင်ကြတော့မည်မဟုတ်။ ထို အခါငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းသင်တို့သိရကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Mən də sizə qarşı əlimi uzadıb sizi qarət malı kimi millətlər arasında bölüşdürəcək, xalqlar sırasından silib-atacaq, ölkələr içindən yox edəcək və məhv edəcəyəm. Onda biləcəksiniz ki, Rəbb Mənəm”.
8 ၈ အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-
Xudavənd Rəbb belə deyir: “Moav və Seir xalqı deyir ki, budur, daha Yəhuda nəslinin başqa xalqlardan fərqi yoxdur.
9 ၉ ငါသည်ထိုပြည်၏ကျက်သရေဆောင်ဗက် ယေရှိမုတ်၊ ဗာလမောင်နှင့်ကိရယသိမ်မြို့ များအပါအဝင်နယ်ခြားခံတပ်မြို့တို့ ကိုရန်သူတို့အားတိုက်ခိုက်စေမည်။-
Buna görə də Mən Moavın sərhədini açıb ölkənin şöhrəti olan sərhəd şəhərlərini – Bet-Yeşimotu, Baal-Meonu, Qiryatayimi müdafiəsiz qoyacağam.
10 ၁၀ ငါသည်မောဘပြည်ကိုအမ္မုန်ပြည်နှင့် အတူ အရှေ့အရပ်မှလူမျိုးအနွယ်တို့ လက်သို့အပိုင်ပေးအပ်မည်။ သို့ဖြစ်၍ မောဘပြည်သည်တိုင်းနိုင်ငံတစ်ခု အဖြစ်ဖြင့်ရပ်တည်နိုင်တော့မည်မဟုတ်။-
Ammonlular bir daha xalqlar arasında yada salınmasınlar deyə Moavı Ammonluların torpağı ilə birlikdə şərq xalqlarına verəcəyəm.
11 ၁၁ မောဘပြည်သားတို့ကိုငါအပြစ်ဒဏ်ပေး မည်။ ငါသည်ထာဝရဘုရားဖြစ်တော်မူ ကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
Beləcə Moav xalqını cəzalandıracağam. Onda biləcəklər ki, Rəbb Mənəm”.
12 ၁၂ အရှင်ထာဝရဘုရားက``ဧဒုံပြည်သည် ရက်စက်စွာယုဒပြည်ကိုလက်စားချေ ခြင်းအားဖြင့်ကြီးလေးသောအပြစ်ကို ကူးလွန်၏။-
Xudavənd Rəbb belə deyir: “Edom qisas alaraq Yəhuda nəsli ilə pis rəftar etdi, onlardan intiqam alaraq böyük təqsir etdi”.
13 ၁၃ သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် ဧဒုံပြည်ကိုဒဏ်ခတ်၍လူနှင့်တိရစ္ဆာန်ရှိ သမျှတို့ကို ပယ်ရှင်းမည်ဖြစ်ကြောင်းကြေ ညာ၏။ ငါသည်တေမာန်မြို့မှသည်ဒေဒန် မြို့တိုင်အောင် လူသူဆိတ်ညံရာအရပ်ဖြစ် စေမည်။ လူတို့သည်လည်းစစ်ပွဲတွင်ကျ ဆုံးကြလိမ့်မည်။-
Buna görə də Xudavənd Rəbb belə deyir: “Edom torpağına əlimi uzadıb insanı da, heyvanı da oradan silib-atacaq, ölkəni viran edəcəyəm. Temandan Dedana qədər Edomlular qılıncla vurulub həlak olacaq.
14 ၁၄ ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ငါ၏ကိုယ်စားဧဒုံပြည်သား တို့ကိုလက်စားချေလျက် ငါ၏ပြင်းထန်သော အမျက်ဒေါသဒဏ်ကိုခံစေလိမ့်မည်။ ငါ ၏လက်စားချေမှုကိုဧဒုံပြည်သားတို့ သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤ ကားအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
Mən xalqım İsrail vasitəsilə Edomdan Öz qisasımı alacağam. İsraillilər Edomda qəzəb və hiddətimə görə rəftar edəcək. Beləcə Edomlular Mənim qisasımın nə olduğunu anlayacaq” Xudavənd Rəbb belə bəyan edir.
15 ၁၅ အရှင်ထာဝရဘုရားက``ဖိလိတ္တိပြည်သား များသည် မိမိတို့၏ရာသက်ပန်ရန်သူယုဒ အားရက်စက်စွာလက်စားချေကာ မုန်းတီး စိတ်ဖြင့်ဖျက်ဆီးသုတ်သင်ပစ်ကြ၏။-
Xudavənd Rəbb belə deyir: “Filiştlilər Yəhudadan qisas alaraq pis rəftar etdi, ürəklərindəki əbədi ədavətlə onu yerlə yeksan edərək intiqam aldı”.
16 ၁၆ သို့ဖြစ်၍အရှင်ထာဝရဘုရားက ငါသည် လက်တော်ကိုဆန့်လျက်ဖိလိတ္တိပြည်သားတို့ အား တိုက်ခိုက်၍ခေရသိလူမျိုးတို့ကိုဖယ် ရှားပစ်မည်ဖြစ်ကြောင်းကြေညာ၏။ ပင်လယ် ကမ်းနားတွင်အသက်ရှင်လျက် ကျန်ရှိသမျှ သောသူတို့အားငါသုတ်သင်ပစ်မည်။-
Buna görə də Xudavənd Rəbb belə deyir: “Mən Filiştlilərə qarşı əlimi uzadıb Keretliləri silib-atacağam, dəniz sahilində yaşayanlardan salamat qalanları məhv edəcəyəm.
17 ၁၇ သူတို့အားပြင်းထန်စွာအပြစ်ပေး၍အ ပြည့်အဝလက်စားချေမည်။ သူတို့သည် ငါ၏အမျက်တော်ဒဏ်ကိုခံရကြလိမ့် မည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Onları şiddətlə məzəmmətləyib böyük qisaslar alacağam. Onlardan qisas alanda biləcəklər ki, Rəbb Mənəm”».