< ယေဇကျေလ 24 >
1 ၁ ငါတို့ပြည်နှင်ဒဏ်ခံစဉ်ကိုးနှစ်မြောက်ဒသမ လ၊ လဆန်းဆယ်ရက်နေ့၌ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ထံသို့ရောက်လာ၏။-
九年十月十日,上主的話傳給我說:「
2 ၂ ကိုယ်တော်က``အချင်းလူသား၊ ယနေ့နေ့စွဲကို ရေးမှတ်လော့။ အဘယ်ကြောင့်ဆိုသော်ဤနေ့ သည်ယေရုရှလင်မြို့ကိုဗာဗုလုန်မင်းစတင် ဝိုင်းရံသည့်နေ့ဖြစ်သောကြောင့်တည်း။-
人子,你要記下今天的日期,就是在今天這一日,巴比倫王開始圍困耶路撒冷。
3 ၃ ပုန်ကန်တတ်သောငါ၏လူမျိုးတော်အားသူတို့ အတွက် ငါအရှင်ထာဝရဘုရားဖော်ပြသည့် ပုံဥပမာကိုပြောပြလော့။ ယင်းပုံဥပမာမှာ ``ကြေးအိုးကိုမီးဖိုပေါ်တွင်တင်၍ရေထည့် ပြီးလျှင်
你要向叛逆的家族講一個寓言,給他們說:吾主上主這樣說:你要安放一口鍋,安好後,裏面倒上水,
4 ၄ အသားတုံးများကိုအိုးထဲသို့ထည့်လော့။ လက်ရင်းပိုင်းနှင့်ပေါင်များမှအကောင်းဆုံးသော အသားတစ်များကိုလည်းကောင်း လက်ရွေးစင်အရိုးတို့ကိုလည်းကောင်း ကြေးအိုးပြည့်အောင်ထည့်လော့။
把肉塊、後腿和肩上的好肉放到鍋裏,用最好的骨頭填滿,
5 ၅ အဆူဖြိုးဆုံးသောသိုးကိုသာလျှင်အသုံး ပြုလော့။ ကြေးအိုးအောက်တွင်မီးထင်းထည့်ကာ ရေကိုပွက်ပွက်ဆူစေ၍အရိုးများကိုပြုတ်လော့'' ဟုမိန့်တော်မူပါ၏။
再放上最好的羊肉,然後在鍋下堆起木柴,烹煮肉塊,連其中的骨頭也煮爛。
6 ၆ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``လူ သတ်သမားတို့၏မြို့သည်အမင်္ဂလာရှိပါ သည်တကား။ ယင်းသည်အဘယ်အခါ၌မျှ မတိုက်မချွတ်ဘဲထားသဖြင့်ချေးတက်နေ သည့်ကြေးအိုးနှင့်တူ၏။ ကြေးအိုးထဲမှ အသားတစ်များကိုမဲချနေစရာမလို ဘဲ တစ်တုံးပြီးတစ်တုံးအကုန်အစင်ထုတ် လော့။-
因此吾主上主這樣說:負血債的城,有銹而銹不退的鍋,是有禍的! 從鍋中一塊一塊地取出來,不必拈鬮。
7 ၇ ထိုမြို့ထဲ၌လူသတ်မှုဖြစ်ပွားခဲ့၏။ သို့ ရာတွင်သွေးသည်မြေပေါ်သို့မကျ။ ရှင်း လင်းသောကျောက်သားပေါ်သို့ကျသဖြင့် မြေမှုန့်နှင့်ဖုံးအုပ်ထားရန်မဖြစ်နိုင်။-
因為在其中所流的血,是流在光滑的石崖上,而沒有流在土中,用塵土掩蓋;
8 ၈ ထိုသွေးကအမျက်နှင့်လက်စားချေစေရန် ငါ သည်ယင်းကိုဖုံးအုပ်၍မထားနိုင်သည့်နေရာ တွင်ကျစေခြင်းဖြစ်၏'' ဟူ၍တည်း။
為的是激起我的憤怒,施行報復,所以我也使她的血流在光滑的石頭上,不得掩蓋。
9 ၉ ထိုနောက်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား``လူသတ်သမားတို့၏မြို့သည် အမင်္ဂလာ ရှိပါသည်တကား။ ငါကိုယ်တိုင်ပင်ထင်းများ ကိုထည့်မည်။-
因此吾主上主這樣說:負血債的城是有禍的! 我要親自使火堆擴大。
10 ၁၀ ထင်းများကိုထပ်မံ၍ယူလာလော့။ မီးတောက် ကိုယပ်ခပ်ပေးလော့။ အသားများကိုချက်၍ ဟင်းခပ်အမွှေးအကြိုင်တို့ဖြင့် ဟင်းချိုကို ဆူအောင်ကျိုချက်လော့။ အရိုးတို့ကိုကျွမ်း လောင်စေလော့။-
你再加添木柴,點上火,把肉塊煮化,把湯熬乾,把骨頭烤焦;
11 ၁၁ ထိုနောက်အိုးလွတ်ကိုနီရဲလာအောင် မီးကျီး ခဲများအပေါ်တွင်တင်ထားလော့။ ထိုအခါ ချေးကိုမီးစားသဖြင့် အိုးသည်ဘာသာရေး ထုံးနည်းနှင့်အညီသန့်စင်လာလိမ့်မည်။-
然後把空鍋放在火炭上燒熱,把銅燒紅,把其中的污穢燒淨,把鍋銹燒盡。
12 ၁၂ သို့ရာတွင်ချေးညှိအားလုံးသည်မီးတောက် ထဲတွင်ပင်လောင်ကျွမ်းလိမ့်မည်မဟုတ်။-
但因鍋銹過多,雖用盡氣力,火也燒不掉。
13 ၁၃ အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
這就是你淫行的污穢,我原設法使你潔淨,你卻不願意潔淨;那麼,直到我在你身上來洩盡我的憤怒,你的污穢得不到潔淨。
14 ၁၄ ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
我上主言出必行,決不退縮,決不憐恤,決不翻悔。我必照你的行徑,照你的行為審判你──吾主上主的斷語。」
15 ၁၅ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ ထံသို့ရောက်လာ၏။-
上主的話傳給我說:「
16 ၁၆ ကိုယ်တော်က``အချင်းလူသား၊ သင်အချစ်ဆုံးသော သူကိုငါသည်ရုတ်တရက်ရုပ်သိမ်းမည်။ သင်သည် မညည်းညူရ။ မငိုရ။ မျက်ရည်မကျရ။-
人子,看,我要把你眼中所喜悅的猝然奪去,但你不可哀悼,不可哭泣,不可流淚,
17 ၁၇ သင်ရှိုက်သည့်အသံကိုလူတို့မကြားပါစေနှင့်။ ဝမ်းနည်းပူဆွေးသည့်လက္ခဏာဖြင့်ခေါင်းပေါင်း မပေါင်းဘဲ၊ ဖိနပ်မစီးဘဲမသွားမလာနှင့်။ သင်၏မျက်နှာကိုမဖုံးမအုပ်နှင့်။ ဝမ်းနည်း ပူဆွေးသူတို့စားသည့်အစားအစာကို လည်းမစားနှင့်'' ဟုမိန့်တော်မူ၏။
只可默默歎息,卻不可哀悼死者。頭上仍纏著頭巾,腳上仍穿著鞋,不可遮蓋鬍鬚,也不可吃喪食。」
18 ၁၈ ငါသည်နံနက်ပိုင်း၌လူတို့နှင့်စကားစမြည် ပြောဆိုနေခဲ့၏။ ထိုနေ့ညနေ၌ငါ၏ဇနီး သည်ကွယ်လွန်သွားသော်လည်း နောက်တစ်နေ့၌ ငါသည်ကိုယ်တော်မိန့်မှာတော်မူသည့်အတိုင်း ပြု၏။-
早晨我向百姓講了這事,晚上我的妻子便死了;次日早晨我便照吩咐給我的作了。
19 ၁၉ လူတို့က``သင်သည်အဘယ်ကြောင့်ဤသို့ပြု သနည်း။ အကျွန်ုပ်တို့နှင့်ဆိုင်သလော။ ပြော ပါလော့'' ဟုငါ့အားမေးကြ၏။
百姓問我說:「你能不能告訴我們:你這樣作對我們有什麼意思﹖」
20 ၂၀ ထို့ကြောင့်ငါက``ငါ့ထံသို့ထာဝရဘုရား နှုတ်ကပတ်တော်ရောက်လာ၏။-
我回答他們說:「上主的話傳給我說:
21 ၂၁ ကိုယ်တော်သည်မိမိ၏အမိန့်တော်ကို အသင် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရန် ငါ့ကိုစေခိုင်းတော်မူ၏။ သင်တို့သည်ဗိမာန် တော်ခိုင်ခံ့မှုကိုဂုဏ်ယူဝါကြွားကြ၏။ ဗိမာန် တော်ကိုကြည့်ရှုလိုကြ၏။ ဗိမာန်တော်သို့ သွားရောက်လိုကြ၏။ သို့ရာတွင်ထာဝရ ဘုရားသည်ထိုဗိမာန်တော်ကိုညစ်ညမ်းစေ တော်မူလိမ့်မည်။ ယေရုရှလင်မြို့တွင်ကျန် ရစ်ခဲ့သောသင်တို့၏အိမ်ထောင်စုသားလူ ငယ်များသည်လည်းစစ်ပွဲတွင်ကျဆုံးကြ လိမ့်မည်။-
你要告訴以色列家族:吾主上主這樣說:看,我要把我的聖所,即你們所誇耀的勢力,眼目所喜愛,心靈所繫戀的地方,加以褻瀆,你們所遺留下的子女要死於刀下。
22 ၂၂ ထိုအခါသင်တို့သည်ငါပြုခဲ့သည့်အတိုင်း ပြုကြလိမ့်မည်။ သင်တို့၏မျက်နှာများကိုဖုံး အုပ်လိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးသူတို့ သည်အစားအစာကိုစားလိမ့်မည်မဟုတ်။-
那時你們要作我所作的:不遮蓋你們的鬍鬚,不吃喪食,
23 ၂၃ သင်တို့သည်ခေါင်းပေါင်းမပေါင်းဘဲဖိနပ်မစီး ဘဲသွားလာကြလိမ့်မည်မဟုတ်။ မြည်တမ်းငို ကြွေးမှုကိုပြုကြလိမ့်မည်မဟုတ်။ မိမိတို့၏ အပြစ်များကြောင့်သင်တို့သည်ကြုံလှီသွားကာ တစ်ဦးရှေ့တွင်တစ်ဦးညည်းတွားကြလိမ့်မည်။-
你們的頭仍纏著頭巾,腳仍穿著鞋,不舉哀,不哭泣,但因你們的罪惡而消沉,而彼此傷歎。
24 ၂၄ ထိုအခါငါသည်သင်တို့၏ပုဗ္ဗနိမိတ်ဖြစ်၍ သင်တို့သည်ငါပြုခဲ့သမျှသောအမှုတို့ကို ပြုကြလိမ့်မည်။ ဤသို့ဖြစ်ပျက်လာသောအခါ ကိုယ်တော်သည်အရှင်ထာဝရဘုရားဖြစ်တော် မူကြောင်း သင်တို့သိရှိကြလိမ့်မည်ဟုထာဝရ ဘုရားမိန့်တော်မူ၏'' ဟုဆို၏။
厄則克耳為你們是一個預兆:當那事來到時,你們要照他所作的去作。那時你們必承認我是上主。」「
25 ၂၅ ထာဝရဘုရားက``အချင်းလူသား၊ ယခုငါ သည်သူတို့ဂုဏ်ယူဝါကြွားစရာ၊ စိတ်ကြည်နူး စရာဖြစ်သောခိုင်ခံ့လှသည့်ဗိမာန်တော်ကို ဖယ်ရှားမည်။ သူတို့သည်ထိုဗိမာန်တော်ကို ကြည့်ရှုလိုကြ၏။ ထိုဗိမာန်တော်သို့သွား ရောက်လိုကြ၏။ သူတို့၏သားသမီးများ ကိုလည်းငါသည်ရုပ်သိမ်းမည်။-
人子,在我從他們中取去他們的堡壘,即他們所誇耀的喜樂,眼目所喜愛,心靈所繫戀的子女的那一天,
26 ၂၆ ထိုသို့ငါပြုသောနေ့၌သေဘေးမှလွတ်မြောက် လာသူတစ်စုံတစ်ယောက်သည် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာတို့ကိုသင့်ထံသို့လာ၍ ပြောကြားလိမ့်မည်။-
那天必有一個逃難的來到你這裏,報告你這消息。
27 ၂၇ ထိုနေ့၌ပင်လျှင်သင့်နှုတ်သည်လည်းပွင့်လျက် ထိုသူနှင့်စကားပြောနိုင်လိမ့်မည်။ တိတ်ဆိတ် နေတော့မည်မဟုတ်။ ဤနည်းအားဖြင့်သင်သည် လူတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းကိုလည်း သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
在那一天你要向那逃難的開口說話,不再作啞吧。這樣,你為他們是一個預兆,那時他們將承認我是上主。」